Author Topic: The Diary of a Young Girl Part Two  (Read 272 times)

Offline forhorde

  • Jounin
  • ****
  • Posts: 420
  • Influence: +3/-0
  • xiaolongnu of ancient tomb
    • View Profile
The Diary of a Young Girl Part Two
« on: October 22, 2016, 10:22:51 pm »

The Diary of a Young Girl
ကောင်မလေးတစ်ယောက်၏ နေ့စဉ်မှတ်တမ်း




ကုန်ဆုံးသွားတဲ့ အချိန်တွေထဲက စက်ဝန်းတွေထဲမှာပဲ ကျွန်မတို့ ပြေးလွှားရုန်းကန်နေရပါတယ်။ တခြားဘယ်သူမှ မရှိတော့ရင်လည်း ဘ၀ကိုဆက်ပြီး ရှင်သန်နေရဦးမှာပဲလေ။ သူတို့တွေရဲ့ အမှတ်တရတွေဟာလည်းပဲ ဖြည်းဖြည်းချင်းစီဘ၀ထဲကနေ ပျောက်ကွယ်သွားပါတော့တယ်။ အဲ့ဒီဝေးကွာမှုတွေနဲ့ ထိုစဉ်အခါက အချိန်တွေဟာ ညှိုးနွမ်းတဲ့အမှတ်တရတွေအဖြစ် ပြောင်းလဲမှေးမှိန်သွားပါတော့တယ်။. . . ဖြည်းဖြည်းချင်းစီပေါ့။



၆နှစ် ကျော်ဖြတ်ခဲ့ပြီ . . . Stormwindမြို့တော်ကြီး ပျက်စီးခဲ့သည့်အချိန်မှဖြစ်လေ၏။ မြို့ဟောင်းကြီး၏ သစ်ပင်စိမ်းသည်ကပင် အခြားအရပ်နှင့်မတူ မြစိမ်းအရင့်ရောင်သန်းလျှက် Elwynnသစ်တော၏ မြစ်ကြီးကလည်း သာမောဘွယ် စီးဆင်းနေဆဲပင်ဖြစ်သည်။ မြို့ရိုးဟောင်း ကျုံးဟောင်းတို့ကလည်း တံခါးဟောင်းများနှင့် ဘုရင်ကြီး Liane ခေတ်က ကြီးမားခန့်ညားလှသော အားမာန်တို့က လက်ငုတ်လက်ရင်း ကျန်နေပေသေးသည်။

နွေနှောင်းရက်၏ ဥသြတွန်သံသည် အနီးရှိ တောင်ကမ္ဘားယံမှ လွင့်လာပြီး ကြည်လင်သော စမ်းရေတို့၏ ကျောက်တုံးကျောက်တန်းများကို တိုးဝှေ့ စီးဆင်းနေသံများနှင့် ရောနှောသွားလေ၏။ ဘယ်ပြောင်းညာလှည့် တနွဲ့နွဲ့ တညင်းညင်း တိုက်ခတ်နေသော နွေနှောင်းဝသန်ဦး၏ လေပြေလေညင်းသည်လည်း တောရဂုံ အလယ်တွင် လွမ်းဆွတ်စဖွယ် နွဲ့ပျောင်းသာယာနေပါလေသည်။

၆နှစ်အတွင်းမှာ ကျွန်မတို့ရဲ့Horde စစ်တပ်ကြီးဟာ Stormwind မြို့ပျက်ကြီးနဲ့ အနီးတစ်ဝိုက်မှာရှိတဲ့ လူနေထိုင်ရာနေရာမှန်သမျှကို မြေလှန်သုတ်သင်နေခဲ့ချိန်မှာတော့ နောက်တစ်ယောက် အလှည့်ကျသည့် ဘုရင်ကြီး Terenasဟာ သူ့ရှေ့မှ ဘုရင်ကြီး Liane၏ ဓားရေးမလှသည့်အဖြစ်ကို သတိပြုမိသဖြင့် စိတ်ဓာတ်များချောက်ခြားနေပြီး အထူးသတိထားကာ အားယူ၍ Gilneas, Stormgarde, Dalaran, Altrac နဲ့ Kul Tiras နိုင်ငံများနဲ့ မဟာမိတ်ဖွဲ့နိုင်ခဲ့ပါသည်။ ဘုရင်ကြီး Terenasဟာ လူသားများနဲ့ တင်မကဘဲ ဟိုးအဝေးကြီးက Quel’Thalas မှာနေထိုင်ကြတဲ့ High Elves များထံပါ သူကိုယ်တိုင်သွားရောက်စည်းရုံးခဲ့ပါတယ်။ ဘုရင်ကြီးရဲ့ ရည်ရွယ်ချက်မှာ Horde၏အန္တရာယ်ကို အရှေ့နှင့်အနောက်မှ နှစ်ဖက်ညှပ်၍ ထိန်းချုပ်ထားရန်ဖြစ်၏။ Azerothမြောက်ပိုင်းသို့ ၀င်ရောက်လာမည့် Hordeတပ်ဖွဲ့ကြီးအား ဆန့်ကျင်တိုက်ခိုက်ရန်အတွက် အဖက်ဖက်မှ လှုံ့ဆော်သွေးထိုး ပေးခဲ့သည်။ ဒါပေမဲ့ Elvesများဟာ လူသားတွေသူတို့နယ်မြေသူတို့ကာကွယ်နေခြင်းသာဖြစ်သည်ဟု စစ်ပွဲကြီးအပေါ်မှာ သိပ်စိတ်ဝင်စားပုံမရဘဲလက်တစ်ဆုပ်စာ စစ်သည်လောက်ကိုသာ စေလွှတ်ပေးခဲ့ပါသည်။ ဘာပဲဖြစ်ဖြစ် “Alliance”ဟုခေါ်သော “Hordeဆန့်ကျင်ရေး တပ်ပေါင်းစုကြီး”ကတော့ မွေးဖွါးလာခဲ့ပြီဖြစ်၏။

ဒိုင်ယာရီကို အရင်ကလည်း ရေးဖူးပါရဲ့။ Orcများအနက် …ကျွန်မမှလွဲ၍ မည်သူမျှ နေ့စဉ်မှတ်တမ်းရေးလေ့ မရှိပေ။ ဤအချက်အတွက် ကျွန်မသည် ဂုဏ်ယူခဲ့ပြီး နောက်နောင်တစ်ချိန်၌ ကျွန်မသည် Draenorကမ္ဘာ၏ သမိုင်းသုတေသီ ဖြစ်လာမည်ဟု ယူဆခဲ့ပါသည်။ သို့ဖြစ်ရာ ကျွန်မသည် ထိုနေ့စဉ်မှတ်တမ်းများကို မည်သူ့ကိုမှ မပြဘဲ အစဉ်သိမ်းဆည်းထားပြီး ကိုယ်နှင့်မခွာဘဲ အမြဲဆောင်ထားခဲ့ပါသည်။ ဒီစာရေးနေတုန်းမှာ ကျွန်မလက်တွေ တုန်နေသေးရဲ့။ ကျွန်မရဲ့ သွေးသောက်ရဲဘော်ရဲဘက်တစ်ယောက် ပြန်သွားကတည်းက ကျွန်မလည်း ကျန်းမာရေးသိပ်မကောင်းတာကြာပြီ။ သူမက Hordeစစ်တပ်တွင် ဂုဏ်ထူးရယူရန် လုပ်နေခဲ့သူဖြစ်၏။

သို့သော် လပေါင်းများစွာ သူမ ဆက်မလုပ်တော့ပေ။ ကျွန်မ နားမလည်နိုင်။ တစ်ခါတော့ “ငါ Hordeက ထွက်တော့မယ်”ဟု ဆိုသည်။ သူမစိတ်ညစ်လျှင် ဤကဲ့သို့ မကြာမကြာ ပြောတတ်သဖြင့် ကျွန်မက အလေးအနက်မထားပေ။ ယခုမူ. . .“ငါ တကယ်ကို Hordeက ထွက်တော့မယ်” ဆို၏။ “ဒါဖြင့် ဘာလုပ်မှာလဲ” ဟုကျွန်မကမေးခဲ့၏။

Draenorကမ္ဘာပြန်ပြီးတော့ အသက်ရှင်ကျန်ဖို့ နည်းလမ်းရှာမယ်”ဟုဖြေခဲ့၏။ “မင်း တကယ်ပြောတာမဟုတ်ဘူး မလား” ဟုမေးသောအခါ “Zaela ငါ တကယ်ပြောတာပါ၊ ငါ ထွက်တော့မယ်”ဟုဆို၏။ ကျွန်မသည် လက်နက်ကို မြေကြီးထဲထိုးစိုက်လိုက်ပြီး မယုံနိုင်ဖြစ်နေခဲ့၏။ ကျွန်မတို့နှစ်ယောက်သည် စိတ်တူကိုယ်တူ Hordeထဲဝင်ခဲ့သူများဖြစ်၏။ သူမသည်လည်း ကျွန်မကဲ့သို့ပင် Hordeကိုချစ်သူဖြစ်၏။ သို့သော် ယခုတော့ ပြောင်းလဲသွားပြီ။ Stormwindမြို့ကြီးကို သိမ်းပိုက်သော နောက်ဆုံးတိုက်ပွဲတွင် ကျွန်မတို့၏တပ်စုမှ အားလုံးနီးပါး ကျဆုံးသောအခါ သူစစ်ထဲနေချင်စိတ်ပျောက်သွားသည်။ ကျွန်မတို့ရဲ့အခြားရဲဘော်တွေလိုပင် စစ်ကို စိတ်ပျက်သွားခဲ့ပြီ။ လောင်ကျွမ်းခဲ့ပြီ။

သူမပြန်မည့် ထိုညတစ်ညလုံး သူမ မအိပ်ကြောင်း အိပ်တစ်ဝက် နိုးတစ်ဝက် ရှိနေခဲ့သော ကျွန်မလည်း သတိထားမိခဲ့လေသည်။ သူမသည် အရုဏ်မတက်မီ မှောင်ထဲမှာရပ်စောင့်နေခဲ့၏။ မည်သို့ဆိုစေ ကျွန်မက လက်မလျှော့တမ်း စိတ်တင်းထားရင်း Lordaeron ထိုးစစ်အတွက် Allianceတွေကို တစ်ယောက်တည်း ရင်ဆိုင်ရန် ကျန်ရစ်ခဲ့၏။ ဒီနေ့ဒီရက်တွေက အထူးတလည် သိပ်ကို ဆိုးတာပေါ့။ ငရဲတွင်းထဲ ဆွဲချခံရသလိုပဲ။ ကျွန်မရဲ့ စိတ်ဓာတ်တွေ တက်လိုက်ကျလိုက် ဖြစ်နေခဲ့၏။ ကျွန်မ၏ခေါင်းထဲတွင်လည်း အတွေးတွေက ထိန်းမရသိမ်းမရ အပြေးပြိုင်နေခဲ့၏။

စစ်အကြီးအကဲDoomhammerသည် ဒီနေ့တွင် စင်မြင့်ပေါ်၌ ဒုတိယစစ်ကိုစတင်ပြီဖြစ်ကြောင်း မိန့်ခွန်းပြောခဲ့၏။ Hordeရဲ့တံခွန်များကို ဝှေ့ရမ်းရင်း သြဘာပေးနေကြသော စစ်သည်များသည် ၀မ်းသာမှုဖြင့် မြူးကြွနေကြ၏။ ည၏ကောင်းကင်တွင် မီးတုတ်ရောင်များက တလျှပ်လျှပ်ထင်နေကြသည်။ ကောင်းကင်သည် လင်းကျင်းနေလေ၏။ Doomhammerမိန့်ခွန်းဆက်လက်ပြောသည်။ ကျွန်မသည် ထိုနေရာတွင် တစ်ချိန်လုံးမတ်တပ်ရပ်နေခဲ့သော်လည်း စကားလုံးများကို မကြားတော့ပေ။ ဤနေ့ကို ကျွန်မစောင့်စားခဲ့သည်။ လိုလားခဲ့သည်။ အမှန်မှာ ဤအချိန်သည် ကျွန်မအဖို့ အပျော်ဆုံးအချိန်ဖြစ်ရန်ဖြစ်၏။ အားလုံး အကြောင်းညီညွတ်သင့်လျော်နေလေပြီ။ ယခုကား ထိုသို့မဟုတ်လေပြီ။ ကျွန်မသည် အထီးကျန်ခံစားရင်း အခြားသူများ အော်ဟစ်နေသည်ကို ကြည့်နေခဲ့၏။ နက်ဖြန် ထပ်ရေးဦးမယ်။

̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵

What difference would it make to be living a day more or less?

Offline forhorde

  • Jounin
  • ****
  • Posts: 420
  • Influence: +3/-0
  • xiaolongnu of ancient tomb
    • View Profile
Re: The Diary of a Young Girl Part Two
« Reply #1 on: October 22, 2016, 10:24:46 pm »
နောက်နေ့မနက်တွင် Allianceတပ်ပေါင်းစုကို ကျူးကျော်တိုက်ခိုက်မည့် Hordeရဲ့မြောက်ပိုင်းထိုးစစ်ကိုဤသို့စတင်ခဲ့လေပြီ။ မူလကပင် စစ်မျက်နှာ သုံးခုဖွင့်တိုက်ရန် စီမံချက်ရေးဆွဲထားကြပြီး ဖြစ်သည်။ Azerothစစ်မျက်နှာသည်  မဟူရာဝင်ပေါက်မှနေ၍ Burning Steppesအထိဖြစ်ပါသည်။ Khaz Modanစစ်မျက်နှာမှာ Blackrock တောင်ကုန်းကြီးများမှ Wetlandsဒေသများအထိ ကျယ်ဝန်းပါသည်။ Lordaeronစစ်မျက်နှာကတော့ Thandol Spanမှနေ၍အထက်ပိုင်းနယ်မြေတစ်ခုလုံးဖြစ်၏။ Lordaeronစစ်မျက်နှာသို့ သွားရောက်မည့် ပထမ စစ်ကြောင်းမှာ မြောက်ပိုင်းသို့ရေကြောင်းမှချီတက်ပြီး တိုက်ရန်ဖြစ်ပါသည်။ ရေကြောင်း မြစ်စဉ်တိုက်ပွဲကား အားရခမန်း ကြီးကျယ်လှပါသည်။ Stormwindမြို့ပျက်ကြီးရဲ့ ဆိတ်ကမ်းကနေ မြောက်စူးစူးကိုစတင်ချီတက်လို့ Lordaeronကိုသိမ်းပိုက်မယ့် ရေတပ်ကြီးပဲဖြစ်၏။ ရေတပ်ကြီးရဲ့ ရည်ရွယ်ချက်မှာအောက်ပါအတိုင်းဖြစ်သည်။
၁။ Zul’dare, TolBarad နဲ့ Crestfall ကျွန်းများကို တိုက်ခိုက်သိမ်းယူရန်။
၂။ အဲဒီသိမ်းပိုက်ရရှိလိုက်တဲ့ကျွန်းတွေကို Hordeတွေရဲ့ အဓိကရေတပ်အခြေစိုက်စခန်းတွေအဖြစ် အသုံးပြုပြီး Wetlands, ArathiHighlands စစ်မျက်နှာများမှ Alliance တပ်များကို တိုက်ခိုက်မောင်းထုတ်ရန်။
၃။ Alliance၏ ပင်လယ်ဆိပ်ကမ်းမြို့များဖြစ်တဲ့ Southshore, Tarren Millနဲ့ Hillsbrad နေရာတွေကို အဆင့်ဆင့်တိုက်ခိုက်သိမ်းယူပြီး ကမ်းရိုးတစ်လျှောက်သာမက လုံလောက်တဲ့အင်အားရရှိတဲ့အခါမှာ အရေးကြီးဆုံးနေရာတစ်နေရာဖြစ်တဲ့ Lordaeronရဲ့ တောင်ဘက်ကမ်းခြေကို ၀င်ရောက်တိုက်ခိုက်ဖျက်ဆီးပြီး ခြေကုပ်ယူရန်ဖြစ်ပါသည်။ ကုန်းလမ်းခရီးမှ Lordaeronသို့ချီတက်လာပြီး Horde၏ကြည်းကြောင်းချီတပ်ဖြင့် လာရောက်ပူးပေါင်းရန်ဖြစ်သည်။

Hordeတွေရဲ့ ဒုတိယစစ်ကြောင်းကတော့ မြောက်ယွန်းယွန်းကိုချီတက်လို့ Dwarf ဂျပုများနေထိုင်အခြေစိုက်ရာ Khaz Modan အထိသွားရောက်မယ့် မြေပြင်တပ်ဖွဲ့များပင်ဖြစ်ကြပါသည်။ စစ်အကြီးအကဲ Doomhammerသည် ဤစစ်မျက်နှာကို အဓိကထားဟန်ရှိပါသည်။ ထိုစစ်မျက်နှာသို့ရှိသမျှ အင်အားအကုန်အောမည်ဟု ယူဆရပါသည်။



̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵



ကျွန်မတို့သည် အတိတ်တွင် Ogreများအား စစ်ပွဲပေါင်းများစွာ ဆင်နွဲခဲ့ပါသည်။ ထိုကြိုးပမ်းမှု၏ မမျှော်လင့်သော နိဂုံးအဖြစ် သူတို့၏အချို့အား ယခုအခါ မဟာမိတ်အဖြစ်တွေ့ရှိကြရသည်။ Ogreများသည် Orcများအား သက်မဲ့စ္စည်းဖြစ်သည့် တိုက်ခိုက်ရေးလေ့ကျင့်ရာတွင် အသုံးပြုရသည့် ကိရိယာများကဲ့သို့ သဘောထားလေ့ရှိခဲ့သည်။ သူတို့၏ကြောက်မက်ဖွယ်ရာ ကိုင်တွယ်မှုမှာ သူတို့၏ ငယ်ရွယ်သော Ogreများပေါ်တွင်လည်း အတူတူပင်ဖြစ်၏။ ပြိုင်ကွင်းထဲတွင် ငယ်ရွယ်သော Ogreတိုက်ခိုက်ရေးသမားက ငယ်ရွယ်သော Orcပြိုင်ဘက်များအား သတ်ဖြတ်နိုင်ခဲ့သည်ရှိသလို Orcတိုက်ခိုက်ရေးသမားကလည်း Ogreပြိုင်ဘက်အများအပြားအား သတ်ဖြတ်အနိုင်ယူခဲ့သည်လည်းရှိ၏။

Ogreများ၏ ပြိုင်ဘက်ဖြစ်ခဲ့သော Shattered Hand Clanသည် မိမိကိုယ်ကို ကိုယ်လက်အင်္ဂါဖြတ်တောက်ခြင်းဖြင့် မျိုးနွယ်စုပေါ်သို့ သူတို့သစ္စာစောင့်သိကြောင်းကို ထင်ရှားစေ၏။ မျိုးနွယ်စုအတွင်း စစ်သည်တော်တစ်ဦး၏အဆင့်သို့ တက်ချင်သူသည် သူတို့၏ဘယ်ဘက်လက်အား ချိုးပစ်ခြင်း သို့မဟုတ် လုံးဝဖြတ်တောက်ခြင်းကိုလုပ်ဆောင်ရ၏။ သူတို့၏ငုတ်တိုဖြစ်သွားသောလက်အား မကြာခဏဆိုသလို အကြမ်းထည်ဖြစ်သော လက်နက်အမျိုးအစားတစ်ခုဖြင့် အစားထိုးလေ့ရှိ၏။ လက်ကျိုးမျိုးနွယ်စုအား အခြားမျိုးနွယ်စုများက အရူုးတွေအဖြစ် မကြာခဏမြင်လေ့ရှိ၏။ သူတို့တွေ၏ မိမိကိုယ်ကို ကိုယ်လက်အင်္ဂါဖြတ်တောက်ခြင်းဓလေ့ကို လက်တွေ့လုပ်ဆောင်ခြင်းအတွက်ဖြစ်၏။

Ogreများ၏ဆန့်ကျင်ဘက်သည် Orcများသာဖြစ်ပြီး Orcများ၏ရန်သူသည်လည်း ဤOgreများသာဖြစ်သဖြင့် …“လက်ဦးသူအနိုင်ရမည့် သတ်ပွဲကြီးပင် ဖြစ်ချေ၏”။



Kargath


Kargath . . .မှာ ဘာမျိုးနွယ်စုမရှိပေ။ သူကကျွန်တစ်ယောက်အဖြစ်သာ ကြီးပြင်းလာခဲ့ရ၏။ Ogreများ၏ အကြင်နာတရားခေါင်းပါးသော နှိပ်စက်မှုမှာ သည်းမခံနိုင်လောက်အောင်ပင် ဆိုးဝါး၏။ ထို့အတွက်ကြောင့်ပင် အပြင်သို့လွတ်လမ်းတစ်ခုကို သူရှာဖွေခဲ့၏ :  စိန်ခေါ်တိုက်ခိုက်ရာ ပြိုင်ကွင်းကြီးတစ်ခုမှာဖြစ်၏။

ထို့အတွက် ပေးဆပ်ရမည့် တန်ဖိုးကတော့ကြီးမား၏။ Orcအယောက်တစ်ရာ၏အသက်အား ထိုလွတ်လပ်မှုအတွက် ပေးချေရမည့် အဖိုးအခအဖြစ် သတ်မှတ်၏။ နောက်ဆုံးကျန်ရစ်သူအား လွတ်လပ်စွာ အပြင်ထွက်ခွင့်ပေးမည်တဲ့။

“တိုက်ခိုက်ကြ! သတ်ဖြတ်ကြ! ဂုဏ်ပြုဆုကိုရယူကြ!” Ogreအရှင်သခင်သည် ဗိုလ်ရှုခံလိုလို ပွဲကြည့်စင်လိုလို စင်တစ်ခုပေါ်မှနေ၍ ပြိုင်ကွင်းကြီးကိုဖွင့်လှစ်ပေးလိုက်၏။

Kargathသည်ပြိုင်ကွင်းအတွင်းမှာ သူ၏ပြိုင်ဘက်Orcများအား တိုက်ခိုက်သတ်ဖြတ်ခဲ့၏။ Kargathကိုရော သူ၏လွတ်လပ်လိုသည့်ဆန္ဒကိုပါ သူတို့ကမရပ်တန့်နိုင်ခဲ့ရှာပေ။ ပြီးနောက်တွင် သူ၏နောက်ဆုံးအဖြစ် တိုက်ခိုက်ရမည့်ရက်သည်ရောက်လာခဲ့ပေပြီ။ ဒီနောက်ဆုံးတစ်ပွဲပြီးလျှင် သူလွတ်လပ်ပြီဖြစ်ပြီး ဒီ့ထက်ပိုပြီးတိုက်ခိုက်စရာတွေမလိုအပ်တော့ပေ။ သူလွတ်လပ်စွာ အနားယူနိုင်တော့မည်။

ချပ်ဝတ်တန်ဆာများ ၀တ်ဆင်ထားပြီး လက်နက်အပြည့်အစုံဖြင့် Orcတစ်ယောက်သည် ပြိုင်ကွင်းထဲသို့ ၀င်ရောက်လာခဲ့၏။ Ogreအရှင်သခင်က Kargathဆီသို့ ဓားတစ်လက်ကို အပေါ်မှပစ်ချပေးလိုက်၏။ ဒါပေမဲ့ ဓားအိမ်မှဆွဲထုတ်လိုက်တော့ ဓားကအကောင်းမဟုတ်ဘဲ ဓားကျိုးကြီးဖြစ်၏။ အကြမ်းထည်ဓားကျိုးဖြင့်ပင် Kargathသည် သူ၏နောက်ဆုံးပြိုင်ဘက်ကို သတ်လိုက်နိုင်ပြီ။

Orcများ၏အသက်ပေါင်းတစ်ရာကို ဆုံးရှုံးပြီးနောက်တွင်တော့ သူ့ရဲ့ လွတ်လပ်ရေးရွှေတံခါးကြီးကို Ogreများက ဖွင့်ပေးကြပေတော့မည်။ Kargathသည် သူ့အရင်က ဗိုလ်စွဲခဲ့သူတိုင်းကဲ့သို့ပင် သူ၏ဆုလာဘ်ကို ချီးမြှင့်ခြင်းခံရတော့မည်ဖြစ်၏ . . .အမှန်တကယ် ဆုလဒ်ကား ပြိုင်ကွင်း၏အောက်ထဲတွင် သံချိန်းကြိုးခတ်၍ ဖုံးဝှက်မြှုပ်နှံထားလိုက်ခြင်းပင် ဖြစ်၏။ လွတ်လပ်ရေးကတိက၀တ်မှာ ဘာမှမဟုတ်ပေ ဒါပေမဲ့ လိမ်ပြောခဲ့သည့် စကားတစ်ခွန်းတော့ ဟုတ်၏။

What difference would it make to be living a day more or less?

Offline forhorde

  • Jounin
  • ****
  • Posts: 420
  • Influence: +3/-0
  • xiaolongnu of ancient tomb
    • View Profile
Re: The Diary of a Young Girl Part Two
« Reply #2 on: October 22, 2016, 10:25:49 pm »
မီးကင်ထားသော သံပြားဖြင့် သူ၏ခန္ဓာကိုယ် အစိတ်အပိုင်းများပေါ်တွင် ကျွန်တံဆိပ်ကို ဖိနှိပ်ခဲ့၏။ ကြာပွတ်ဖြင့် ရိုက်နှက်ခဲ့၏။ဒါပေမဲ့ Kargathသည် သံချိန်းကြိုးထဲတွင် မကြာခဲ့ပေ။ သူက မမှီမကမ်းဖြစ်နေသော ကျောက်ချွန်းတစ်ခုကို လက်သည်းဖြင့်ထောက်၍ ဆွဲလှန်ယူခဲ့၏။ ဒါပေမဲ့လို့ ကျောက်ချွန်းက ထောက်နေလေတော့ သူ့ရဲ့လက်သည်းခွံတစ်ချောင်းကျွတ်ထွက်သွား၏။ နောက်လက်ချောင်းတစ်ချောင်းဖြင့် ဆွဲလှန်ယူပြီး ကျောက်ချွန်းအား လက်ဝယ်ပိုင်ပိုင်ရရှိပြီးနောက်တွင်တော့ Kargathသည် သူ၏သံချိန်းကြိုးခတ်ခံထားရသော ကျွန်တံဆိပ်ဖြင့်လက်တစ်ဖက်ကို ကျောက်ချွန်းဖြင့် ထုနှက်၍ ချိုးဖဲ့ဖြတ်တောက်လိုက်၏။

သူ၏အရင် ဗိုလ်စွဲခဲ့သူများသည် သူ့အားအမှောင်ထဲမှ တိတ်တဆိတ် စောင့်ကြည့်နေခဲ့ကြပြီး လေထွက်ပေါက်မှဖြာကျနေသော လရောင်မှတစ်ဆင့် သံချိန်းတန်းလန်းဖြင့် သူ့တို့ကိုယ်သူတို့ကိုယ်ထင်ပြခဲ့၏။ သူက ကျောက်ချွန်းကို သူ၏အရင် ဗိုလ်စွဲသူများထံသို့ ပစ်ပေးလိုက်၏။

“သင်တို့ရဲ့ ကလဲ့စားကိုရယူဖို့ ဒုက္ခခံကြပေတော့!”။ သူတို့အားလုံးလည်း သူတို့၏ လက်များကို ဖြတ်တောက်ပစ်လိုက်၏။ တွေ့ကရာလက်နက်ကြမ်းတစ်ခုဖြင့် အစားထိုးလိုက်၏။

ပြီးနောက်တွင်တော့ Orcများသည် ပြိုင်ကွင်းကြီးတစ်ခုလုံးကို ကမူးရှုးထိုးဖြင့် ခုန်ပေါက်ပြေးလွှားဖုံးလွမ်းလိုက်ပြီး ရှိရှိသမျှ Ogreများအား ရက်စက်စွာသတ်ဖြတ်လိုက်၏။ Kargathကတော့ Ogreအရှင်သခင်အား တိုက်ခိုက်၍ ဦးခေါင်းကိုဖြတ်ယူလိုက်၏။

ထိုနေ့ ထိုရက် ထိုအချိန်က လက်တစ်ဖက်ပျောက်ဆုံးကာ သွေးသံရဲရဲဖြင့် အစုလိုက်အပြုံလိုက် သတ်ပွဲကို ဆင်နွှဲသွားကြသော သူတို့တွေ၏ အောင်ပွဲကို တစ်သက်တွင် မေ့မရအောင် ရှိနေကြတော့သည်။ လူတကာ ထိတ်လန့်ကြောက်ရွံ့စရာ၊ လူတကာ တုန်လှုပ်ချောက်ချားစရာ သင်္ကေတတစ်ခု ဖြစ်ခဲ့ရသည်။ ကလဲ့စားချေလိုသည့်နတ်ဖုရား၏ ပူးဝင်နှောင့်ယှက်ခံနေရသည့် သူတို့၏ အမည်ကို သွေးပျက်ထိတ်လန့်မှုအတွင်း ကြောက်လန့်တကြားပြောကြားခဲ့ကြ၏။ လက်ကျိုးတူလူစုတွေတဲ့။ ထိုအရာသည်ပင် Shattered Hand Clan မွေးဖွားလားခြင်း အကြောင်းရင်းဖြစ်၏။



̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵



Hordeရဲ့ထိုးစစ်က မြောက်ဘက်ပိုင်းမှာရှိတဲ့ Allianceနယ်ထဲသို့ လျှင်မြန်စွာ ထိုးဖောက်ဝင်ရောက်ခဲ့၏။ Horde ခြေလျင်တပ်မကြီးရဲ့ တိုက်ခိုက်မှုဟာ Dun Morogh အထိ လမ်းတစ်လျှောက်ရှိသမျှ Burning Steppes, Blackrock Mountain, Searing Gorge နဲ့ Badlands ဒေသတွေကို မီးဟုန်းဟုန်းတောက်လောင်ပျက်စီးစေခဲ့ပါတယ်။ ဒါဟာစစ်ကြီးရဲ့ နိဂုံးမဟုတ်သေးဘူး။ ဒါပေမဲ့ စစ်ကြီးရဲ့နိဂုံးကို မျှော်လင့်လို့တော့ဖြင့်ရနေပြီပေါ့။ မကြာခင်မှာ စစ်ကြီးဟာ သမိုင်းဖြစ်သွားတော့မှာ။ ကျွန်မတို့ တစ်တောင်တက်တစ်တောင်ဆင်းကာ Allianceစစ်သည်များနှင့် တိုက်ပွဲများဆင်နွှဲခဲ့ရလေသည်။ ကျွန်မတို့တွေ ကုန်းမြင့်တွေပေါ်မှာ တိုက်ခိုက်ခဲ့၏။ ကျွန်မတို့တွေ ချိုင့်ဝှမ်းတွေထဲမှာ တိုက်ခိုက်ခဲ့၏။ ကျွန်မတို့တွေ ကျွန်းတွေထက်မှာ တိုက်ခိုက်ခဲ့၏။  တောင်တန်းတွေကို မရေမတွက်နိုင်အောင် အကြိမ်ပေါင်းများစွာ တက်ခဲ့၏။

ကျွန်မတို့Dun Moroghကိုရောက်ရှိသောအခါမှာ ရာသီဥတုက တောင်ကုန်းတွေကို နှင်းများဖုံးထားချိန်ပင်ဖြစ်သည်။ နှင်းစက်များကြောင့် ကျွန်မ၏ သံခမောက်တိုလည်း ရွှဲရွှဲစိုနေသည်။ ကျွန်မ၏ ကိုယ်ပေါ်တွင်လည်း နှင်းစက်များ ရွှဲနေသည်။ Dun Morogh မှာတောင်တန်းနယ်မြေဖြစ်ပြီး အရက်ချက်ရုံများရှိသည်။ ကွင်းများရှိပြီး ဂီတပွဲတော်များကစပြီး ချီစ်ထုတ်လုပ်သူများ၏ ပွဲအထိ ပွဲတွေက စုံအောင်ကျင်းပသည်။ တောင်စွယ်တောင်တန်းများပေါ်တွင် တည်ရှိသော ဂျပုလူမျိုးတို့ နေထိုင်ရာIronforgeမြို့တော်ကြီးကို ရောက်ရန်သာ ရှိပေတော့သည်။ ကျွန်မက နှင်းတောင်တန်းများ၏ ဆင်ခြေလျှောတွေဆီ စိတ်ရောက်သွားပြီး အော်ဟစ်လိုက်သည် “သဲပြင်တွေ . . .ဂွတ်ဘိုင်. . . နှင်းတောင်ခြေတွေ. . . ငါလာပြီ”။

ကျွန်မတို့၏ ထိုးစစ်အဟုန်သည် မြန်သည်ထက်မြန်လာသောကြောင့် ဒေသခံဖြစ်တဲ့ ဂျပုနဲ့ gnome တပ်တွေဟာ ဖရိုဖရဲ ဆုတ်ခွါထွက်ပြေးကြရပါသည်။ dwarf နဲ့ gnome တွေဟာ ဆုတ်ရင်း ပြေးရင်းနဲ့ အဲဒီတောင်ကြီးရဲ့ အတွင်းဘက်ကျကျထဲကIronforge မြို့ကြီးထဲထိဝင်ပြေးကာ ဂိတ်တံခါးမကြီးကို ပိတ်ချလိုက်ရတဲ့ အခြေအနေထိ ရှုံးနိမ့်ခဲ့ရပါတယ်။ သူတို့ရဲ့မဟာမြို့ကြီးထဲမှာ ဘေးကင်းစိတ်ချရသော်လည်း အချိန်အတန်ကြာသည်အထိ dwarfများနဲ့ gnomeများဟာ Ironforge မြို့ကြီးထဲမှာ အပြင်လောကနဲ့အဆက်အသွယ်ပြတ်ပြီး ပိတ်မိနေကြပါတယ်။ ဂျပုများသည် ဒီလိုမျိုးမှောင်မိုက်နေသည့်နေရက်များကို အလုံပိတ်မြို့ကြီးထဲမှာ ဖြတ်သန်းနေရသော်လည်း. . .သူတို့ရဲ့အသက်ရှင်ကျန်ရေးယုံကြည်ချက်ကတော့ အလင်းရောင်ထဲမှာရှိနေခဲ့ပါ၏။ အဲ့ဒီအခြေအနေကို အခွင့်ကောင်းယူပြီး မျိုးနွယ်စုတစ်ခု. . .  The BAAAding Hollow မျက်လုံးအိမ်သွေးစက်မျိုးနွယ်စုဟာ dwarfတွေရဲ့ မဟာမြို့တော်ကြီး Ironforgeကို အကြိမ်ပေါင်းများစွာ တိုက်ခိုက်သိမ်းယူဖို့ ကြိုးစားခဲ့ပေမယ့်လည်း အခေါက်တိုင်းအချည်းနှီးပါပဲ။ BAAAding Hollow မျိုးနွယ်စုသည် ဒဏ္ဍာရီဆန်သော Orcမျိုးနွယ်စုများအနက်မှ တစ်ခုပင်ဖြစ်ပါသည်။ ဂျပုများကိုတိုက်ခိုက်နေသော ဒီမျိုးနွယ်စုရဲ့ခေါင်းဆောင်သည်လည်း တစ်ခါတုန်းက ၄င်း၏အမှောင်မိုက်ဆုံးနာရီများကို ရင်ဆိုင်ရန် ယုံကြည်ချက်ကိုပြင်ဆင်ခဲ့ဖူးပါသည်။



Kilrogg



Kilrogg၏မျိုးနွယ်စုသည် တစ်ချိန်တုန်းက တိတ်ဆိတ်ငြိမ်သက်ပြီး ပိန်းပိတ်မှောင်နေသည့် ထူထပ်သော တောကြီးမျက်မည်းတွေအပေါ် စိုးမိုးထားခဲ့၏။ သူတို့တွေက တောကြီး တောင်ကြီးချောက်ကြီး ကမ္ဘားကြီး လျှိုကြီးတွေထဲမှာ နေကြသူများဖြစ်၏။ Arrakoaတွေ ရောက်လာချိန်အထိ ဖြစ်ပါသည်။

What difference would it make to be living a day more or less?

Offline forhorde

  • Jounin
  • ****
  • Posts: 420
  • Influence: +3/-0
  • xiaolongnu of ancient tomb
    • View Profile
Re: The Diary of a Young Girl Part Two
« Reply #3 on: October 22, 2016, 10:26:38 pm »
Arrakoaတွေက Draenor၏ ဒေသခံ ရှေးကျသောမျိုးနွယ်စုတစ်စုဖြစ်ပြီး ငှက်လူသားတွေဖြစ်၏။ သူတို့တွင် သက်တန့်ရောင်စစ်စစ် တောက်တောက်ပပ အမွှေးအတောင်များဖြင့် ခန္ဓာကိုယ်တွေရှိကြပြီး ကွေ့ကောက်သောငှက်နှုတ်သီးများ၊ ကုတ်ခြစ်နိုင်သည့် လက်သည်းများ၊ လင်းယုန်ငှက်၏ကောက်ကွေ့သော ခြေသဲများနှင့် သူတို့၏ဦးခေါင်းများပေါ်တွင် ထောင်မတ်နေသော ငှက်အမောက်တောင်များရှိ၏…

Arrakoaတွေရဲ့အသိုက်ကြီးများဆီမှ တွဲလောင်းချိတ်ဆွဲထားသော အရိုးများ၏အချင်းချင်းထိခတ်ပြီး ထွက်ပေါ်လာသည့်အသံသည် တိတ်ဆိတ်တဲ့ တောအုပ်ကြီးထဲ တသွင်သွင် ဖြတ်သန်းလို့တိုးဝင်နေဆဲပင်ဖြစ်၏။

သစ်တောများထဲမှ တစ်စုံတစ်ရာက မာန်ဖီလိုက်၏။ အကိုင်းနုများ၊အခက်အညွန့်များ ရုတ်တရက် စူးရှစွာကျိုးပဲ့သွားပြီး ခြေသံ တဖြတ်ဖြတ်မြည်သွား၏။

ခြောက်ခြားမှုကြောင့် သူ၏လက်ထဲမှ ရေအင်တုံကိုလွှတ်ချလိုက်ပြီး ဓားမြှောင်ကိုဆွဲထုတ်လိုက်၏။ သားကောင်တောတိုးသံ၊ စိမ်းရွှေရွှေ၊ မွှေးမှိုင်းမှိုင်း၊ ညဉ့်ရိုင်းရိုင်းတို့၏ အနံ့အသက်၊ အသံဗလံတို့ကိုနားထောင်ရင်း အတန်ကြာမှ Kilrogg စိတ်အေးသွားရသည်။ ဘာမှမဟုတ်ပေ။ Kilrogg တဲထိုးစခန်းချရာနေရာသို့ ပြန်လာခဲ့၏။

မျိုးနွယ်စုသည် အသက်ရှင်ကျန်ရေးအတွက် ပြေးလွှားပုန်းအောင်းနေရ၏။ အသက်ရှင်နေရသည့်ရက်တိုင်းကို ခြောက်ခြားမှုက ၀ါးမျိုးစားသောက်သွားခဲ့၏။ သူတို့ရဲ့မျိုးနွယ်ခေါင်းဆောင်သည်ပင် သူတို့အား သူတို့၏သစ်တောတွင်းခိုလှုံရာနေရာ၏ နယ်နိမိတ်စည်းရိုးများမှ သွေဖီ၍တခြားမသွားကြရန် အမိန့်ပေးတားမြစ်ထား၏။

အားအင်ကြီးမားသော စစ်သည်တော်များ၏ အသားလွှာများကို အနာရောဂါများသည် နှစ်များစွာအတွက် တဖြည်းဖြည်းစီ ဖျက်ဆီးလာသကဲ့သို့ Kilrogg၏ယုံကြည်ချက်သည်လည်း ဖျော့တော့လာပြီး အရောင်မှေးမှိန်လာခဲ့၏။ ထို့အတွက်ကြောင့်ပင် အနာဂါတ်အတွက် မျိုးနွယ်စု၏ မျှော်လင့်ချက်အား ကြီးကြီးမားမားပြုလုပ်လိုခဲ့ပါ၏။

Kilrogg ယာယီစခန်းချတဲကြီးအတွင်းသို့ ၀င်ရောက်လာ၏။ အလင်းရောင်နည်းပါးသော စခန်းချတဲကြီးအတွင်းရှိ သူ၏ဖခင်ရှေ့တွင် ဒူးထောက်လိုက်၏။

“ဖခင်. . . စမ်းချောင်းက တစ်နေ့ကျရင်ခမ်းခြောက်သွားလိမ့်မယ်။”

“အဲ့ဒီနောက် ငါတို့တွေ နောက်လမ်းတစ်ခုကို ရှာဖွေပြီးတော့ ဆက်လက်ပြောင်းရွေ့ရလိမ့်မယ်ကွ။”

“ဒီလို အခြေအနေနဲ့လား?! ကျွန်တော်တို့ကိုကြည့်ပါအုံး၊ ဒီလိုနည်းလမ်းနဲ့ အသက်ရှင်ဖို့ ကျွန်တော်တို့ ဘယ်တုန်းကမှမရည်ရွယ်ခဲ့ဘူး”

“မျိုးနွယ်စုခေါင်းဆောင်တိုင်းကတော့ ခက်ခဲတဲ့ရွေးချယ်မှုတွေကို လုပ်ကြရမှာပဲကွယ့်၊ မျိုးနွယ်စုရဲ့ ကောင်းကျိုးအတွက်ပဲ။”

Kilroggသည် မျိုးနွယ်စု၏အနာဂါတ်နှင့်ပတ်သက်၍ သံသယ၀င်နေခြင်းကို မအောင့်အည်းနိုင်တော့ပေ။“သင်ဘယ်ပုံဘယ်နည်းနဲ့ သေဆုံးမှာလဲ၊ဒီသေဆုံးခြင်းကို သင်မြင်တွြေ့ပီးတဲ့နောက်ကော ဘာတွေဆက်မြင်သေးလဲ?”။

“မဟုတ်ဘူးကွယ့်။ ငါမြင်ခဲ့တာ သေခြင်းကိုမဟုတ်ဘူး။ဒါပေမဲ့ ဖြစ်တန်ရာကတော့ အခုချိန်က နောက်ဆုံးမှာ မင်းရဲ့ ကိုယ်ပိုင် မြင်ကွင်းကို မင်းကိုယ်တိုင် မျက်မြင်တွေ့ရတော့မယ့် အချိန်ပဲကွယ့်”

 သူကပြောဆိုလိုက်သကဲ့သို့ သူ၏ဓားမြှောင်ကို Kilrogg၏လက်ထဲ လွှဲပေးလိုက်၏။ Kilrogg စိတ်လှုပ်ရှားစွာဖြင့် ပြေးထွက်သွားခဲ့ပြီး ကြီးမားနက်ရှိုင်းသည့် မြေတွင်းကြီးအတွင်းသို့ နွယ်ကြိုးများမှတစ်ဆင့် တွယ်ဆင်းခဲ့၏။ Kilroggသည် သူ့ဖခင်၏ အရိုက်အရာဆက်ခံမှုအရပြုလုပ်ရသော ရှေးကျသောဓလေ့ထုံးစံ၏ စည်းမျဉ်းကို လိုက်နာရ၏။

Kilroggသည် မြေတွင်းအောက်ခြေရှိ စက်ဝိုင်းအတွင်း ထိုင်ချလိုက်၏။ ထို့နောက်တွင် တစ်နေ့မှာ မျိုးနွယ်စုအကြီးအကဲဖြစ်လာမည့်သူများ ပြုလုပ်ရသည့် အရေးအပါဆုံးသော ရိုးရာဓလေ့များကို ပြုလုပ်ရတော့မည်။ သူတို့တတွေက မျက်လုံးတစ်လုံးကို မျိုးနွယ်စုရဲ့အနာဂါတ်မြင်ကွင်းအတွက် စွန့်လွှတ်အနစ်နာခံပေးရ၏ !ထို့အတွက် သူတို့ကိုယ်တိုင်သေဆုံးမည့်အချိန်၏ မြင်ကွင်းကိုမြင်တွေ့ရလေ့ရှိ၏။ သူက မျက်လုံးတစ်လုံးကို ထွင်းထုတ်လိုက်သကဲ့သို့ Kilrogg သည်နာကျင်မှုအတွင်း ကျယ်လောင်နက်ရှိုင်းစွာအော်ဟစ်ခဲ့၏။

သူတို့၏ကိုယ်တိုင်သေဆုံးခြင်း၏ မြင်ကွင်းတစ်ခုအတွက်ဖြစ်၏ . . .

တစ်ခါတစ်ရံတော့ အနာဂါတ်အချိန်၏ မြင်ကွင်းက ပိုမိုများပြားစွာပြသလေ့ရှိပါသည်! Kilrogg သူ၏မျိုးနွယ်စုတွေကို မြင်တွေ့နေရ၏၊ ယခုလက်ရှိ သူတို့နှင့်တော့ သိပ်မတူပေ . . .ဒါပေမဲ့. . .အဲ့ဒီလိုမျိုး သူတို့ဖြစ်လာလိမ့်မည်!

ရိုင်းစိုင်းကြမ်းကြုတ်သည့် သွေးမျိုသောက်လိုဇောဖြင့် သူ၏မျိုးနွယ်စုလူများ၏ ဒီရေလှိုင်းလုံးကြီးတစ်ခုအတွင်း သူတို့၏ရန်သူOgreတွေကို ဆူးတင်းပုတ်များဖြင့်ထုနှက်နေပြီး Kilroggလည်းသူတို့ထဲပါဝင်၏။ မြင်ကွင်းက တဖြည်းဖြည်းအရောင်လွင့်ပျောက်ကွယ်သွားပြီး နောက်ထပ်မြင်ကွင်းတစ်ခုမှာတော့ သူသည် အနီရောင်နောက်ခံနှင့် အပြာရောင်နောက်ခံ အလံများရှေ့မှာ ဒူးထောက်ကျနေပြီး သူ၏ခန္ဓာကိုယ်ပတ်ပတ်လည်၌ မှိန်းအလက်ပေါင်းများစွာ စိုက်ဝင်နေခဲ့၏။ ဒါပေမဲ့ သူက ဟက်ဟက်ပက်ပက် ရယ်ပစ်လိုက်၏။ သူကထိုအဖြစ်ကို ပျော်ရွှင်စွာပင် ကြိုဆိုခဲ့၏။ သူ၏ စိတ်ဓာတ်ကြံ့ခိုင်ခြင်းသည်လည်း ဘယ်တော့မှ ယိမ်းယိုင်အားနည်းလာခြင်းမရှိတော့ပေ . . . !

Kilrogg ယာယီစခန်းချတဲကြီးအတွင်းသို့ ပြန်ဝင်ရောက်လာပြီး သူ၏ဖခင်ရှေ့တွင် ဒူးထောက်လိုက်၏။ သူ့ဖခင်၏ ပန်းနာရင်ကျပ်ရောဂါက ဆိုးဆိုးဝါးဝါးဖြစ်လာခဲ့၏။ သူချောင်းတစ်ချက်ဆိုးပြီဆိုလျှင် အရပ်အနားမရှိတော့။

“ကိုင်း. . .  မင်းရဲ့မြင်ကွင်းကို ငါ့ကိုပြောပေတော့၊ ငါ့သားတော်။”

What difference would it make to be living a day more or less?

Offline forhorde

  • Jounin
  • ****
  • Posts: 420
  • Influence: +3/-0
  • xiaolongnu of ancient tomb
    • View Profile
Re: The Diary of a Young Girl Part Two
« Reply #4 on: October 22, 2016, 10:27:50 pm »
“ကျွန်တော် မြင်တွေ့ခဲ့တယ်. . . ကျွန်တော်တို့ရဲ့မျိုးနွယ်စုကို၊ အင်အားတောင့်တင့်ပြီး ဂုဏ်ယူဖို့ကောင်းတယ်။ ကျွန်တော်တို့ရဲ့ ရန်သူတွေကိုဆန့်ကျင်တိုက်ခိုက်ပြီး အောင်ပွဲဆင်နေတယ်။ အနာဂါတ်အချိန်ရဲ့ ဂုဏ်ကျက်သရေနဲ့ထိုက်တန်တဲ့ မြင်ကွင်းတစ်ခုပဲ။”

“ဘာ့ကြောင့်လဲ အဲ့ဒီနောက်ကော. . . မျိုးနွယ်စုအတွက် ပူပန်စရာ အကြောင်းတစ်ခုခုများ မင်းမမြင်ဘူးလားကွယ့်?”

“ပူပန်စရာ အကြောင်းကတော့သင့်ကြောင့်ပဲ၊ သင်က အဲ့ဒီမြင်ကွင်းရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ်မပါဝင်ခဲ့ဘူး။”

Kilrogg သူ၏ဖခင်၏ရင်ဘတ်ထဲသို့ ဓားမြှောင်ကို ထိုးထည့်လိုက်၏။ “သင်ပြောတာမှန်ပါတယ်။ မျိုးနွယ်စုခေါင်းဆောင်တိုင်းက ခက်ခဲတဲ့ရွေးချယ်မှုတွေကို ပြုလုပ်ရလိမ့်မယ်။ မျိုးနွယ်စုရဲ့ ကောင်းကျိုးအတွက်ပဲ”

သူ့ဖခင်၏ မျိုးနွယ်စုခေါင်းဆောင်နေရာကို အသက်ကြီးမှ ဆက်ခံရမည်ဆိုလျှင် သူ့အတွက်အလကားသာဖြစ်၏။ အချိန်နှောင်းသွားပေပြီ။ Kilroggမှာဤသို့တွေးမိသောကြောင့် သူ့ဖခင်ကို လုပ်ကြံလိုက်ခြင်းဖြစ်၏။ သူ့မျိုးနွယ်စု၏ ဂုဏ်ကျက်သရေနဲ့ထိုက်တန်တဲ့ မြင်ကွင်းထဲတွင် ဦးဆောင်နေသူမှာ သူ၏ဖခင်မဟုတ်ခဲ့ပေ။

“နောက်ဆုံးမှာ . . .ငါမြင်တွေ့ခဲ့တဲ့ ဒီသေဆုံးခြင်းကို . . .ရင်ဆိုင်နိုင်ခဲ့ပြီပဲ. . .”။သူ၏ဖခင် ကြမ်းပြင်ပေါ်သို့ လဲပြိုကျသွား၏။

ထို့နောက်တွင်တော့ Kilroggသည် ထပ်၍အချိန်ဆိုင်းမနေတော့ဘဲ သူ၏မျိုးနွယ်စုအား ပိန်းပိတ်မှောင်နေသည့် ထူထပ်သော တောကြီးမျက်မည်းတွေအပေါ် ချက်ချင်းပင်ဝင်ရောက်တိုက်ခိုက်ခိုင်းလိုက်၏။ တစ်ချိန်တုန်းကလိုပဲ သူတို့ရဲ့ တောနက်ကြီးတွေမှာ သူတို့ ပြန်မင်းမူနိုင်ရန် အော်ဟစ်ပြေးထွက်သွားကြလေတော့သည်။




̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵


 
Lock Modanပြိုကွဲသွားပြီးနောက် ကျွန်မတို့Hordeတွေဟာ  မြောက်ဘက်ဆီလှံဦးလှည့်လို့ Wetlands ဆီချီတက်လာခဲ့ပါတယ်။ အကြားမှာ ကျွန်မတို့တွေ Dun Algazကို သိမ်းယူနိုင်ခဲ့ပါသည်။ Dun Algazသည် Lock Modanနှင့် Wetlandsဒေသများ နှစ်ခုအကြားနယ်နိမိတ်ကို ဖောက်လုပ်ထားသည့် တောင်ဖြတ်လမ်းဥမင်လှိုက်ခေါင်းကြီးပင်ဖြစ်၏။ Lock Modan၏ အနောက်မြောက်ယွန်းယွန်းတွင် Dun Algaz၏ ၀င်ပေါက်တည်ရှိ၏။ Dun Algazသည် ဒုတိယစစ်ပွဲ၏ ကြီးကျယ်ခမ်းနားသည့် တောင်ကြားခံတပ်ကြီးတစ်ခုလည်းဖြစ်ပါသည်။ဆက်ချီတက်လာရာ ခြေကျင်းဝတ် အထက်အထိ ရေမြုတ်နေသော ကွင်းပြင်ကြီးထဲတွင်ရောဂါပိုးသယ်ဆောင်သည့် ခြင်များနှင့် တကွအခြားအမျိုးမျိုးသော မှက်၊ခြင်၊ယင်၊မျှော့ တို့နှင့် ပြည့်နှက်လျက်ရှိသော တောအုပ်များနှင့် မြစ်များ၊ ပြီးတော့ ရေစီးသန်သော တောင်ကျချောင်းများသည် ရှေ့သို့တက်လှမ်းလာသည့် ခြေလှမ်းတိုင်းကို တုံ့နှေးသွားအောင် ဆန့်ကျင်တားဆီး နှောင့်ယှက်လျက်ရှိသည်။ ကျွန်မတို့တွေ တောက်လျှောက်လာရသောလမ်းမှာ ဗျိုက်တော ဖြစ်၏။ ခြင်ပေါသည်။ တွားသွားသတ္တ၀ါပေါများသည်။ ခရုခွံတွေနှင့် ပြည့်နေသည်။ ထိုတောကိုလွန်ပြီး လူနေအိမ်များသို့ရောက်သောအခါ မျက်စိတစ်ဆုံး ရေစပ်စပ်ကွင်းပြင်ကျယ်ကြီးကိုဖြတ်ရ၏။

လမ်းတစ်လျှောက်မှာရှိတဲ့ Dun Algaz, Dun Modrနဲ့ Grim Batolရဲတိုက်ကြီးများကို တိုက်ခိုက်သိမ်းယူခဲ့ပြီးနောက်တွင် Grim Batolရဲတိုက်ကြီးကို Horde ခြေလျင်တပ်မကြီးရဲ့ အဓိကအခြေစိုက်စခန်းအဖြစ် ခြေကုပ်ယူလိုက်ပါတယ်။ Wildhammer ဂျပုလူမျိုးစုများဟာ ဒုတိယစစ်ကြီးရဲ့သူရဲကောင်းတွေပါပဲ။ သူတို့သည် သူတို့၏ gryphonငှက်ကြီးများအား စီးနင်းစရာအဖြစ် သို့မဟုတ် အိမ်မွေးတိရစ္ဆာန်အဖြစ်ထက် မြင့်မြတ်သော သတ္တ၀ါကြီးတွေအဖြစ် တန်ဖိုးထားဆက်ဆံကြပါသည်။ ဒီဆက်ဆံရေးက သူတို့အား ဒုတိယစစ်ကြီး၏ အထင်ရှားဆုံးသော ငှက်သူရဲတွေအဖြစ် များစွာထင်ရှားစေခဲ့ပါတယ်။ Wildhammer တွေရဲ့မြို့တော်ဖြစ်တဲ့ Grim Batol ရဲတိုက်ကြီးကို ကာကွယ်စောင့်ရှောက်ရာမှာ အဓိကဦးဆောင်တာကတော့ကျွန်မရဲ့ မျိုးနွယ်စုပါပဲ။

ကျွန်မတို့Dragonmaw မျိုးနွယ်စုသည် အနက်ရောင်နဂါးအကြီးအမှူး ဖန်တီးခဲ့သော စွမ်းအားအလွန်ကြီးမားသည့် Demon Soul နတ်ဆိုးလိပ်ပြာ ဟုခေါ်သောနဂါးလုပ်ပစ္စည်းတစ်ခုကို ရရှိခဲ့သည်။ ထိုအရာဝတ္ထုကို Nekros Skullcrusherဆိုတဲ့ ကျွန်မတို့မျိုးနွယ်စုရဲ့ စုန်းဆရာတစ်ဦးအားပေးအပ်၍ နဂါးတို့ရဲ့ဘုရင်မ Alexstraszaအား စွန့်စားဖမ်းဆီးနိုင်ခဲ့၏။ ကျွန်မတို့သည် အနီရောင်နဂါးများကို ကျွန်မတို့မျိုးနွယ်စုရဲ့ စစ်ပွဲတွင်းစီးနင်းစရာအဖြစ် အသုံးပြုနိုင်ခဲ့သည်။ ထိုစီမံကိန်းကြီးကို Grim Batolရဲတိုက်ကြီးမှာပင် ဆောင်ရွက်ပါသည်။ သူတို့ကိုစီးနင်းအသုံးပြု၍ Wetlands ကိုပတ်ပတ်လည်မှဝိုင်းရံထားသော တပ်ပေါင်းစုဆိပ်ကမ်းမြို့ကြီးများအား အလစ်ဝင်ရောက်တိုက်ခိုက်တော့မည်ဖြစ်သည်။ ထို့ပြင် လေပေါ်ကင်းထောက်ခြင်းကိုလည်း လုပ်ဆောင်နိုင်တော့မည်။ အခုအခါမှာ တပ်ပေါင်းစု၏ နယ်မြေတိုင်းသည် ကျွန်မတို့Dragonmaw၏ လက်တစ်ကမ်းအတွင်းမှာပင် တည်ရှိတော့၏။ မည်သည့်နေရာတွင်မှ မလုံခြုံတော့ပေ။ Azerothကမ္ဘာသည်လည်း Dragonmawရဲ့လက်အတွင်း မကြာမီကျရောက်တော့မည်ဖြစ်ပေတော့သည်။



̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵

What difference would it make to be living a day more or less?

Offline forhorde

  • Jounin
  • ****
  • Posts: 420
  • Influence: +3/-0
  • xiaolongnu of ancient tomb
    • View Profile
Re: The Diary of a Young Girl Part Two
« Reply #5 on: October 22, 2016, 10:29:54 pm »
Thandol Spanဟာ  ဒုတိယစစ်ကြီးမှာ အချက်အချာအလွန်ကျတဲ့ စစ်မြေပြင်ဖြစ်ပြီး ကျွန်မတို့Hordeတစ်လှည့် .. Alliance တစ်လှည့်  အလှည့်ကျသိမ်းပိုက်နေခဲ့ပါတယ်။ Thandol Spanတံတားကြီး၏ အခြေအနေမှာ မြစ်၏ ခေါင်းပေါ်တည့်တည့်တွင်တည်ရှိပြီး မြင့်မားသော ချောက်ကမ်းပါးများဖြင့် ခြားနားထားပါသည်။ ထို့ပြင်ထိုတစ်ဝိုက်တွင် တောအုပ်များလည်း ထူထပ်ပါသည်။ ဒါပေမဲ့ အဆုံးမှာ Hordeရဲ့ခြေလျင်တပ်ကြီးသည် မူလရည်ရွယ်ရင်းဖြစ်သော dwarfလူမျိုးစု အသီးသီးရဲ့ မြို့နိုင်ငံများကိုသာမက စစ်ရေးအရ မချိုးဖောက်နိုင်ဟု နာမည်ကြီးနေသော Thandol Spanကိုပါ ဖြတ်ကျော်နိုင်ခဲ့ကာ Lotharရဲ့ တပ်မကြီးကို Aerie တောင်ထိပ်ဆီ စစ်မြှူခေါ်ဆောင်သွားပြီး  Quel’Thalas ထဲကို တောင်ကြားများမှတဆင့် လူမသိသူမသိဝင်ရောက်နိုင်ခဲ့ပါသည်။
ဤသို့အားဖြင့် Lothar၏စစ်သည်များ Aerieတောင်ထိပ်ရှိတိုက်ပွဲများကို အာရုံစူးစိုက်နေခိုက် Elves တွေရဲ့ Quel’Thalasနိုင်ငံကြီးဆီကို အတိုဆုံးလမ်းမှ ချီတက်တိုက်ခိုက်ရန် ရည်ရွယ်ခြင်းဖြစ်ပေသည်။ ဒါပေမဲ့ ထိုတိုက်ခိုက်မှုက စစ်ရေးအရကာလကြာမြင့်စွာကပင် အိပ်မောကျနေသော Elvesမျိုးနွယ်စုတွေကို ရှေးဦးစွာတပ်လှန့်၍ နှိုးလိုက်သလိုဖြစ်လာခဲ့သည်။ကျွန်မတို့သည် မိတ်ဆွေသစ် Zul’Jinရဲ့ အမိန့်ပေးမှုအောက်မှာ Amani Trollမျိုးနွယ်စုကြီးတစ်ခုကို စုစည်းပြီး Horde၏ လက်က်ျာစစ်ကြောင်းမှတပ်ဖွဲ့များနှင့် ပူးပေါင်းကာ Alliance စစ်ကူများရောက်မလာနိုင်ခင်မှာပင် လမ်းတစ်လျှောက် သစ်တောများကို ခုတ်ထွင်ရှင်းလင်းလမ်းထွင်ကာ Eversong သစ်တောအထိ တိုးဝင်အရောက်လာခဲ့ကြပါတယ်။ အိပ်မောကျနေတဲ့ Quel’Thalasနိုင်ငံတော်ကြီးဟာ ထိုအခါမှ လန့်နိုးလာခဲ့ပြီး High Elves တွေဟာ သူတို့ရဲ့အိမ်တံခါးဝခေါက်လာပြီဖြစ်တဲ့ စစ်ပွဲထဲမှာ ပါဝင်ဖို့ မီးကုန်ယမ်းကုန်ပြင်ဆင်ကြပါတယ်။ 

ထိုအချိန်မှာ အခြားတစ်ဖက်တွင် Alteracတိုင်းပြည်မှာ Hordeခြေလျင်တပ်ကြီး၏ လက်ဝဲစစ်ကြောင်းရဲ့ ထိုးနှက်ချက်ကို မခံနိုင်တော့ဘဲ လက်နက်ချရန်တကဲကဲဖြစ်နေကြပြီဖြစ်သည်။ Alteracသည် မူလကတည်းက Alliance of Lordaeronဟုခေါ်ကြသည့် Lordaeron ရဲ့တပ်ပေါင်းစုသို့ ၀င်ရန်မလိုလားပေ။ ဒါပေမယ့် အခြားတိုင်းပြည်များအားလုံးဝင်ရောက်သွားချိန်တွင် Hordeအား သူတစ်ဦးတည်းဆန့်ကျင်တိုက်ခိုက်ရမည်ကို စိုးရွံ့သဖြင့် နောက်ဆုံးမှဝင်ရောက်လိုက်ရ၏။ တိုင်းပြည်၏ အသက်ရှင်ရပ်တည်မှုအတွက် Hordeအား သတင်းအချက်အလက်ထောက်ပံ့ခြင်းဖြင့် အပေးအယူလုပ်ခဲ့၏။ Doomhammerသည် Alterac တိုင်းပြည်ကပေးသည့် မြေပုံတွေ. . . လျှို့ဝှက်လမ်းကြောင်းတွေ ကနေတစ်ဆင့်Lordaeron မြို့ကြီးထဲကို တပ်သားမြောက်များစွာ တိတ်တဆိတ်ပို့ထားနိုင်တဲ့ လမ်းကြောင်းကို သိရှိခဲ့ပါတယ်။

High Elvesတွေဟာ ကျွန်မတို့ရဲ့ စစ်ကြောင်းကြီး နှစ်ကြောင်းအနက် တစ်ကြောင်းကို အပြတ်ခြေမှုန်းရန် ကြံစည်နေပါသည်။ ကျွန်မတို့ တိုက်ပွဲဖြစ်နေစဉ်အတွင်း ရေတပ်ဖွဲ့များကို တိုက်ခိုက်ရန် High Elvesတို့၏ လှေတပ်ကြီး စုန်ဆင်းလာပါသည်။Elven Destroyer အမည်ရှိ စစ်သင်္ဘောများကို Hinterlands တောင်ဘက်ကမ်းခြေကနေတစ်ဆင့် Lordaeron ကမ်းခြေရောက်အောင် စေလွှတ်ခဲ့ကြပါတယ်။ Lordaeronမြို့တ်ာသို့စုံဆင်းလာကြပါသည်။ စစ်လက်နက်ပစ္စည်းများနှင့် ရိက္ခာများလည်းသယ်ဆောင်လာသည့် ရေတပ်မကြီးဖြစ်ပါသည်။ Anduin Lotharဟာ Hordeများကို မျက်ခြည်ဖြတ်ဖို့အတွက် တပ်ကို နှစ်ဖွဲ့ခွဲရန် ဆုံးဖြတ်လိုက်ပါတယ်။ တစ်ဝက်ကို ဗိုလ်ချုပ်ကြီး Turalvonထံအပ်နှံပြီး  Elvenသစ်တောများအတွင်းမှ Hordeများကို  သုတ်သင်ရှင်းလင်းဖို့ ပြောပြီးနောက် သူကိုယ်တိုင်ဦးဆောင်တဲ့ ကျန်တစ်ဝက်ကတော့ Hinterlandsမှာ ကျန်နေသေးတဲ့ မြောက်များစွာသော Hordeများကို သုတ်သင်ရန်အတွက် ခရီးဆက်လာခဲ့ကြပါတယ်။Lordaeronခေါင်းဆောင်တဲ့ လူသားတွေ နဲ့ Quel’Thalas ရဲ့High Elvesတပ်များပေါင်းစည်းတိုက်ခိုက်မှုအောက်မှာ Hordeရဲ့ရေကြောင်းတပ်ဖွဲ့အများအပြားဟာ Hillsbrad ကမ်းခြေအထိဆုတ်ခွါသွားကြရပါတယ်။ ယခုအခါ စစ်မျက်နှာ အသီးသီးမှာ ကျွန်မတို့အရေးနိမ့်လျှက်ရှိပါတယ်။ Humanနဲ့ High Elvesစစ်မျက်နှာ နှစ်ရပ် တိုက်ခိုက်နေရသည့် စစ်ပွဲကြီးကို ကျွန်မတို့သည် မည်သည့်အခါမျှ နိုင်လိမ့်မည် မဟုတ်ချေ။ ဤစစ်မျက်နှာ နှစ်ရပ် စစ်ပွဲကြီးကို ရေရှည် တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ချေ။



̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵



တွေ့ကြုံသမျှတွေ နေ့စဉ်မှတ်တမ်းရေးတတ်၍ အလွန်အဖိုးတန်ပါတယ်။ ဒါတွေဟာသမိုင်းရဲ့ စိတ်ဝင်စားစရာ အစိတ်အပိုင်းတစ်ခု ဖြစ်လာလိမ့်မယ်တဲ့။ ကျွန်မအတွက် ကျွန်မအချိန်မရွေး ရေးနိုင်သားပဲ။
Elves စစ်သင်္ဘောများ၏ အကူအညီဖြင့် လူသားတပ်ပေါင်းစုကြီးဟာ Zul’dareကို ၀င်ရောက်တိုက်ခိုက်ပြီး Lordaeronကို ၀င်ရောက်တိုက်ခိုက်ကြမယ့် Hordeရေတပ်များကို တားဆီးလိုက်နိုင်ပါတယ်။ Zul’dareသည် ပင်လယ်အော်ရဲ့ ရေလက်ကြားကျွန်းတန်းများ၏ တောင်ဘက်စွန်းရှိ ကျွန်းတစ်ခုပင်ဖြစ်သည်။ ကျွန်မတို့သည် Zul’dareကျွန်းပေါ်တွင် ရေတပ်အခြေစိုက်စခန်းတစ်ခုကိုတည်ဆောက်ထားခဲ့ပြီး Lordaeronဒေသကြီး၏ ကမ်းခြေများကို တိုက်ခိုက်ဖို့ရန်ဖြစ်၏။ ထိုအတော်အတန်ကြီးမားသောကျွန်းကို Gilneasနိုင်ငံက သူတို့ပိုင်ဆိုင်သောနယ်မြေ၏ အစိတ်အပိုင်းတစ်ခုအဖြစ် စဉ်းစားထားပါသည်။ Gilneasသည် Silverpine သစ်တောကြီး၏ တောင်ဘက်ကျွန်းဆွယ်ပေါ်ရှိ နိုင်ငံကြီးပင်ဖြစ်၏။Gilneasနိုင်ငံသည် စစ်အတွင်းတွင် နယ်မြေအသာစီးရမှုဖြင့် မည်သည့်ရန်သူမျှမတိုက်ခိုက်နိုင်အောင် ကျန်ရစ်နေခဲ့၏။ ကျွန်မတို့ Hordeတွေအတွက် စတင်ရှင်းလင်းလာသည်မှာ Gilneasက Allianceကိုလိုအပ်သည်ထက်များစွာပို၍ Allianceက Gilneasကိုအလွန်အမင်းလိုအပ်နေသည့်အချက်ပင်ဖြစ်၏။ Crestfallကတော့ Kul Tiras၏ အရှေ့မြောက်ကမ်းရိုးတန်းအနီးရှိ ကြီးမားသောကျွန်းကြီးဖြစ်၏။ Kul Tirasနိုင်ငံမှသင်္ဘောများလည်း ကျွန်း၏ကျောက်ထရံကြီးများနားသို့ သွားရောက်လေ့ရှိ၏။ Kul Tirasနိုင်ငံသည် ဧရာမကျွန်းကြီးပေါ်တွင် တည်ထောင်ထားသည့် မြို့နိုင်ငံဖြစ်ပြီး Lordaeron၏ အနောက်တောင်ဘက်နှင့် Khaz Modan၏အနောက်ဘက်တွင်တည်ရှိပါသည်။

Hillsbrad Foothillsနှင့် Southshoreဒေသများ မြေပေါ်မှာ ပျောက်ကွယ်ပြားပြားဝပ်လုမတတ် ပျက်သုဉ်းခဲ့ကြရ၏။ ရေတပ်ဗိုလ်ချုပ်ကြီး၏ Hordeရေတပ်ကြီးမှာလည်း High Elvesစစ်သင်္ဘောများနှင့် တပ်ပေါင်းစုကို မတိုက်ခိုက်နိုင်ခဲ့ချေ။ Doomhammerသည် အကြီးအကျယ် စိတ်ပျက်ခဲ့သည်။ Hordeရေတပ်ကြီးကတော့ Wetlands, Crestfallကမ်းခြေတစ်လျှောက် ရွက်လွှင့်ကာ Stormwind မြို့ပျက်ရောက်သည်အထိ ပြန်လည်ဆုတ်ခွါသွားခဲ့ကြပါသည်။

ရေကြောင်းတိုက်ပွဲမှာ အနိုင်ရလိုက်ကြတဲ့ တပ်ပေါင်းစုတွေဟာ Arathi Highlandsနယ်စပ်မှာရှိတဲ့  Thandol Spanထိ တပ်စွဲထားတဲ့ Horde ခြေလျင်တပ်ကြီးကို ပြန်လည်ဆုတ်ခွါသည်အထိ တိုက်ထုတ်ဖို့အရေး ဆွေးနွေးကြပါတော့တယ်။ Allianceရဲ့ပထမဆုံးခြေလှမ်းကတော့ Hordeရဲတိုက်ကြီးဖြစ်နေပြီဖြစ်တဲ့ Tol Barad ရဲတိုက်ကြီးကို သွေးချွေးပေါင်းများစွာရင်းနှီးပြီး ပြန်လည် ရယူဖို့ပါပဲ။ Allianceတွေဟာ Tol Baradအား သူတို့လမ်းကြောင်းအတွင်းရှိ အတားအဆီးအနှောင့်အယှက်တစ်ခုအဖြစ်ယူဆပြီး Tol Baradကျွန်းပေါ်သို့ ရုတ်တရက်ကမ်းတပ်တိုက်ခိုက်ခဲ့၏။ သို့မှသာ Thandol Span အားထိန်းချုပ်ထားတဲ့ Hordeတပ်များရဲ့ အဓိက အခြေစိုက်စခန်း Dun Modrကို တိုက်ခိုက်ဖို့ရာ ရဲတိုက်ကြီးအတွင်းမှာ လူသူလက်နက်ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။ Tol Baradကို ကာကွယ်ရန်လာသည့် ရေတပ်ဗိုလ်ချုပ်ကြီး၏ စစ်သင်္ဘောများမှာလည်း ရေစီးသန်ခြင်း၊ မြောက်လေထန်နေခြင်းတို့ကြောင့် ရည်မှန်းချက်နေရာကို နောက်ကျပြီးမှ ရောက်ခဲ့ပါသည်။ Allianceများရဲ့ Tol Baradကိုသိမ်းပိုက်နိုင်မှုဖြင့် ပထမခြေလှမ်းအောင်မြင်ခဲ့ပါတယ်။

Allianceမြေပြင်တပ်များအား အထောက်အကူအဖြစ် ထိုနေရာမှနေ၍ ကျွန်မတို့၏ ခံတပ်များဆီသို့ အမြောက်ကြီးများဖြင့် ပစ်ခတ်ပေးခဲ့လေသည်။ High Elvesများ၏ ရေတပ်သင်္ဘောများမှလည်း အမြောက်ကြီးများဖြင့် ပစ်ကူပေးပါသည်။ Tol Baradမှ ရေတပ်အင်အား၏ ထောက်ပံ့ပေးမှုဖြင့် တပ်ပေါင်းစု၏ မြေပြင်တပ်ဖွဲ့များသည် နောက်ဆုံးတွင် Thandol Spanကို ဖိအားပေးတိုက်ခိုက်ကျော်ဖြတ်ခဲ့ပြီး Dun Modrကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့၏။ တပ်ပေါင်းစုသည် ကျွန်မတို့Orcများကို တောင်ဘက်သို့ ဆက်လက်တွန်းထုတ်ခဲ့ပြီး Dun Algaz ဥမင်ခံတပ်ကြီးကို ပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။ Anduin Lotharသည် Orcများအား Khaz Modanစစ်မျက်နှာအထိ ပိုမို၍ပင် နောက်သို့တွန်းထုတ်ရန် မျှော်လင့်ပြီး Hordeတပ်စခန်းများကို အဓိကပစ်မှတ်ထားကာ လိုက်လံဖျက်ဆီးစေခဲ့၏။ ထိုအတောအတွင်း တပ်ပေါင်းစု၏ Dalaranမြို့နိုင်ငံရဲ့ကူညီမှုဖြင့် ကျွန်မတို့ဖမ်းဆီးထားသော အနီရောင်နဂါးများအား လွတ်မြောက်အောင်ပြုလုပ်ကြပြီး အမျက်ထွက်နေသောနဂါးများသည် ရဲတိုက်အတွင်းရှိ ကျွန်မရဲ့Dragonmaw အများအပြားကို သတ်ဖြတ်ခဲ့၏။ ကျွန်မကတော့ Khaz Modanစစ်မျက်နှာမှာ ရောက်နေခဲ့၏။  ဒါပေမဲ့  ကျိန်စာသင့်ရဲတိုက်ကြီး Grim Batolကို အပြီးအပိုင်သိမ်းယူဖို့မဖြစ်နိုင်ကြောင်းတွေးမိ၍ တပ်ပေါင်းစုသည် ထိုနေရာမှခပ်ခွါခွါသာ နေခဲ့ကြ၏။     



̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵

What difference would it make to be living a day more or less?

Offline forhorde

  • Jounin
  • ****
  • Posts: 420
  • Influence: +3/-0
  • xiaolongnu of ancient tomb
    • View Profile
Re: The Diary of a Young Girl Part Two
« Reply #6 on: October 22, 2016, 10:30:58 pm »
စစ်ကြီး၏ အစပိုင်း၌ အောင်ပွဲခံခဲ့သည့် ကျွန်မတို့၏ စစ်ဆေးအခြေအနေသည်လည်း ပြောင်းလဲစ ပြုလာပြီ ဖြစ်သည်။ တပ်ပေါင်းစုနှင့် ပြည်သူ့စစ်များ၏ ထိုးစစ်ကြောင့် ကျွန်မတို့၏တပ်များသည် နောက်သို့ တအိအိ ဆုတ်နေရပြီဖြစ်သည်။ ဒါပေမယ့် ရိက္ခာအခြေအနေကတော့ ကောင်းနေတုန်းပဲ။ ကျွန်မတို့ ရိက္ခာခွဲတမ်းအကြောင်း ပြောပြမယ်၊ ဒီနေ့ နေ့လယ်စာက ကျွန်မတို့တတ်နိုင်သမျှ ကြိတ်မှိတ်ပြီး ဟင်းသီးဟင်းရွက်အနွမ်းတွေကို အာလူးနဲ့ စားကြရတယ်။ ကျွန်မတို့ ဟင်းချိုတည်ကြတယ်။ စိတ်ပါလက်ပါအရှိဆုံး အခိုက်အတန့်ကတော့ နည်းနည်းလေးလောက် စိတ်ဝင်စားဖို့ကောင်းတဲ့ ဟင်းလျာကို စီစဉ်နိုင်တဲ့ အချိန်ပါပဲ။အခုတော့ စားရတာတွေက စိတ်ပျက်ဖို့ ကောင်းလိုက်တာ။ တကယ်ပြောတာ။ ကျွန်မတို့မှာ စားစရာပေါင်မုန့်တစ်လုံးတောင်မှ မရှိရတဲ့အထဲ။ ထောပတ်ကို ဘယ်လိုဝေစုခွဲပြီး စားရမယ်ဆိုတာ ညှိလို့မရနိုင်ဘူး။

Allianceအကြောင်းပြောရရင် Stromgradeသည် Arathi Highlandsအတွင်း အခြေချနေထိုင်သော တိုင်းပြည်တစ်ခုပင်ဖြစ်ပြီး Allianceသို့ တင်းကျပ်သောစစ်မှုရေးရာအတွေးအခေါ်ကို အားရုံစူးစိုက်ထား၏။ Stormgradeသည် Orcများထိန်းချုပ်ထားသည့် Khaz Modan၏နယ်နိမိတ်များမှ ဖြတ်ကျော်လာသည့် မည်သည့်ကျူးကျော်မှုကိုဆန့်ကျင်တိုက်ခိုက်မည့် အစောင့်စစ်သားတာဝန်ယူခဲ့ပါသည်။ Stormgradeသည် ကျွန်းခံတပ်ကြီးဖြစ်သည့် Tol Baradကိုလည်း ထိန်းချုပ်ထားသည်။ ဒုတိယစစ်ကြီးစတင်ခဲ့သောအခါ Stormgradeသည် သူ့စစ်တပ်များရဲ့ ထက်ဝက်ကို Allianceပင်မတပ်ပေါင်းစုကြီးသို့ ပူးပေါင်းစေခဲ့၏။ ကျန်ရစ်သောထက်ဝက်ကတော့ ဂျပုမျိုးနွယ်စုများ၏ ပိုင်နက်နယ်မြေဖြစ်သော Khaz Modanဒေသကြီးကို ဖြတ်ကျော်လာမည့် Orcကျူးကျော်မှုများမှ မြောက်ဘက်ဒေသများကို ကာကွယ်ရန် ခံစစ်အနေအထားယူထားခဲ့၏။

သူတို့သည် အိမ်နီးချင်းဖြစ်သော Alterac၏ သစ္စာစောင့်သိမှုကို အရင်ဆုံးသံသယ၀င်ခဲ့သူများဖြစ်ပြီး အိမ်နီးချင်းနိုင်ငံအတွင်း ဘာတွေဖြစ်နေသည်ကို စုံစမ်းထောက်လှမ်းရန် တပ်ဖွဲ့တစ်ခုကိုစေလွှတ်ခဲ့၏။ Alteracသည် Orcများအား အစောင့်အရှောက်မရှိသော အချို့တောင်ဖြတ်လမ်းများကို ဖြတ်သန်းရန်ခွင့်ပြုခဲ့ပြီး Lordaeronအတွင်းသို့ ရှင်းလင်းသည့် ဖြတ်လမ်းကို ပေးခဲ့ကြောင်းတွေ့ရှိသွား၏။ Stormgradeသည် Orcတပ်ကူများထို့ထက်ပို၍ ဖြတ်ကျော်မှုကို တားမြစ်ပိတ်ပင်နိုင်ခဲ့၏။

Alliance တပ်တွေKhaz Modan စစ်မြေပြင်မှာ အရေးသာနေပြီးနောက်တွင် Lordaeronရဲ့ UtherLightbringer ဦးဆောင်တဲ့ အဖွဲ့ကြီးဟာ စစ်ပွဲမှာ မြေစာပင်များဖြစ်နေရှာတဲ့ သူတွေကို ကူညီဖို့ရန် မြောက်ဘက်ကိုထွက်သွားခဲ့ကြပြီး Alteracရဲ့ အကြံအစည်ကို သိခွင့်ရလိုက်ပါတယ်။ထိုအချိန်ကာလတွင် Alteracမှ Lordaeronသို့ လျှို့ဝှက်စွာ ဖောက်လုပ်ထားသော စစ်ချီလမ်းမကြီး၌ Alteracအတွင်းပုန်းအောင်းကျန်ရစ်ခဲ့သည့် စစ်သည်အင်အားများစွာပါရှိသော Hordeတပ်မကြီးတစ်ခုသည် တရွေ့ရွေ့ချီတက်နေပြီဖြစ်သည်။ Hordeတပ်မကြီးတစ်ခုလုံးဟာ  လျှို့ဝှက်လမ်းကြောင်းတွေတဆင့် Lordaeronကိုကာရံထားသည့်အတားအဆီးများထဲကို ၀င်ရောက်လာနိုင်ခဲ့ပြီး မြို့တော်ကို ၀ိုင်းရံပိတ်ဆို့ထားပြီးလောက်လွှဲများဖြင့် ပစ်ခတ်ကြသော်လည်း မြို့တော်ကိုမသိမ်းယူနိုင်ခဲ့ပေ။ အဲဒီအချိန်မှာ Alliance တပ်များအားလုံးဟာ စိုးရိမ်တကြီး Lordaeron သို့ပြန်လာကာ ၀ိုင်းဝန်းတိုက်ခိုက်ကြသည့်တိုင်အောင် အလွယ်တကူ မနှိမ်နင်းနိုင်သည်အထိ Hordeများဟာ  Lordaeronကိုကာရံထားသည့် သဘာဝ အတားအဆီးများထဲမှာ ခြေကုပ်မြဲနေခဲ့ပါတယ်။ Hordeတပ်မကြီးတစ်ခုဟာ Lordaeronထဲမှာ အချိန်ကြာမြင့်စွာ လုံးဝပိတ်မိနေခဲ့ကြပါတယ်။



̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵



ကျွန်မတို့ တွေဟာ ကမ္ဘာကြီးပေါ်မှာ သဲကြီးမဲကြီး ရုန်းကန်တိုက်ခိုက်နေပါတယ်။ အဲဒီအချိန်မှာ Gul’danဟာ Hordeကိုစွန့်ပယ်ချန်ရစ်သွားခဲ့ပြီး Stormweaver နဲ့ Twilight Hammer မျိုးနွယ်စုတို့ကိုခေါ်ဆောင်ပြီး Sargeras ၏ဂူသင်္ချီုင်းတည်ရှိရှာ မဟာပင်လယ်ကြီးဆီခရီးထွက်ခဲ့ကြပါတယ်။ Gul’danသည် Black Tooth Clanနှင့် Shadowmoon Clan၏လူအချို့ ကိုပါ သူနှင့်ခေါ်ဆောင်သွား၏။ Gul’danရည်ရွယ်တာဟာ Sargerasရဲ့ဂူကို ပင်လယ်ထဲမှ နုတ်ယူဖွင့်လှစ်ပြီး မကောင်းဆိုးဝါးစွမ်းအင်များကို သူ့စွမ်းအင်အဖြစ် စုပ်ယူရန်ဖြစ်ပါတယ်။ဤသို့ Gul’danသည် အာဏာပါဝါများ ငမ်းငမ်းတက်နေသည့် အချိန်၌ ကျွန်မတို့Hordeတပ်များသည် စစ်မျက်နှာတိုင်း၌ ရှုံးနိမ့်နေခဲ့သည်။ Khaz Modanစစ်မျက်နှာ၌ တပ်ပေါင်းစုသည် Hordeတပ်များအား နယ်နိမိတ်အတွင်းမှ တစ်ဟုန်ထိုး မောင်းနှင်ထုတ်နေပြီ ဖြစ်သည်။ Lordaeronစစ်မျက်နှာ၌လည်း ပိတ်မိကာ အရေးနိမ့်နေပြီ ဖြစ်သည်။ အဲဒီအချိန်မှာ Doomhammerသည် တိုက်ပွဲပြင်းထန်နေချိန်မှာတောင် Blackrock အဖွဲ့နှင့် ၄င်း၏ခိုင်မာသော ရင်းနှီးမှုရှိသည့် မျိုးနွယ်စုများကို တိုက်ပွဲထဲမှနှုတ်ယူပြီး Hordeရဲ့တောက်တောက်ပြောင်နေသော ဂုဏ်ကျက်သရေကိုညှိုးနွမ်းအောင် လုပ်ဆောင်မည့် Gul’danအား  ရှင်းလင်းရန်နောက်မှလိုက်လံသွားခဲ့ပါတယ်။

Gul’danStormweaver နှင့် Cho’gall Twilight Hammer တို့ကို Stormwindမြို့ပျက်ကြီး၌ Horde၏နေရာကို ကာကွယ်ရန် တာဝန်ပေးအပ်ခဲ့ထားသော်လည်း Doomhammerကိုသစ္စာဖောက်သွားခဲ့၏။ ပျောက်ဆုံးနေသောသင်္ချိုင်းကို ရှာဖွေရန်Gul’danသည် Cho’gallကိုခေါ်၍ မဟာပင်လယ်ပြင်ကြီးထဲသို့ ထွက်သွားခဲ့၏။ ဒါပေမယ့်လို့ ပင်လယ်ပြင်ကြီးထဲရှိထိုသင်္ချိုင်းဂူကြီးထဲတွင် သူတို့တတွေအား စောင့်စားနေခဲ့သည့်အရာမှာလည်း သေဆုံးခြင်းသာဖြစ်၏။ ထိုနေရာမှာ ရုတ်တရက်ကျရောက်သည့်အန္တရာယ်ကြီးဖြစ်ပွါးခဲ့ပြီး Gul’danကိုယ်တိုင်ရော သူနှင့်တကွ အတူတူပါလာသူများမှာ ဂူသင်္ချိုင်း အတွင်းမှာရှိတဲ့ အစောင့်အကြပ်မိစ္ဆာများ၏လက်သီးဆုပ်များထဲတွင် တစ်စစီအဆုံးသတ်ခဲ့ရ၏။ Stormwindပတ်ဝန်းကျင်တွင်စခန်းချထားသည့် Stormweaver နဲ့ Twilight Hammer မျိုးနွယ်စုများကတော့ Doomhammer၏ ချေမှုန်းမှုအောက်တွင် လက်စတုံးပျောက်ကွယ်သွားခဲ့ပါတယ်။

ထိုအခြေအနေများကို Allianceများက  အခွင့်ကောင်းယူပြီး Lordaeronတွင် ကူညီအားကိုးမဲ့ ကျန်ရှိနေသော Hordeများကို ရှင်းလင်းလိုက်နိုင်ပါတယ်။ Lordaeron တွင်ရှုံးနိမ့်ခဲ့သော တိုက်ပွဲကြီးသည် Hordeနှင့် တပ်ပေါင်းစုတို့ Khaz Modanစစ်ဒေသ၌ တိုက်ခဲ့သော တိုက်ပွဲပေါင်းများစွာကိုပါ အရှုံးအနိုင်အဆုံးဖြတ်ပေးခဲ့သော တိုက်ပွဲကြီးဖြစ်သည်ဟု ဆိုရပေမည်။ Allianceသည် Hordeကိုထိရောက်စွာဖြိုခွဲနိုင်ခဲ့ပြီး အကျိုးရလဒ်အဖြစ် ကျွန်မတို့သည် Lordaeronမှ တပ်ပေါင်းစုတွေရောက်ရှိမလာမီ Khaz Modanစစ်မျက်နှာမှ လုံးဝ ဆုတ်ခွါပေးခဲ့ရ၏။ Doomhammer၏ အမိန့်စာရသည်နှင့် ချက်ခြင်း Orcတပ်များ ရုတ်သိမ်း၍ ပြန်ခဲ့ရ၏။ ကျဆုံးခြင်းမရှိသေးသော ဒေသတွေကို ကျောခိုင်းစွန့်ခွါရပေတော့မည်တဲ့။ သစ္စာဖောက်များကြောင့် အင်အားအလွန်ချိနဲ့လာတဲ့ Hordeတပ်များသည် ထိုးစစ်များအားလုံးကိုရပ်တန့်ပြီး နောက်နေ့တွင် နေထွက်ချိန်၌ တောင်ဘက်သို့ စစ်ဌာနချုပ်ရှိရာ Blackrock Spireအထိဆုတ်ခွါခဲ့ကြရပါတယ်။ နီရင့်ရင့်ရောင်သမ်းသော တောင်ကုန်းရှုခင်းတွေသည် ရင်ဆိုင်တိုက်ပွဲတွင် ရှုံးနိမ့်ခြင်းမရှိပါဘဲနှင့် ရန်သူလက်သို့ ကျန်ခဲ့ရပါတော့သည်။


̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵

What difference would it make to be living a day more or less?

Offline forhorde

  • Jounin
  • ****
  • Posts: 420
  • Influence: +3/-0
  • xiaolongnu of ancient tomb
    • View Profile
Re: The Diary of a Young Girl Part Two
« Reply #7 on: October 22, 2016, 10:33:34 pm »
သွေးထွက်သံယိုတိုက်ပွဲများ ခေတ္တရပ်စဲသွားပြီးနောက်မှာတော့ ကျွန်မတို့သည် ရှေ့တန်းလိုင်း၏အနောက်ဘက်တွင် တိုတောင်းသောကာလတစ်ခုမျှ အနားယူခွင့်ရနေခဲ့၏။ Allianceများကြန့်ကြာနေသည်မှာ ကြောက်၍လော သို့မဟုတ် အပြီးသတ်ချေမှုန်းရန် အကောင်းဆုံးလုပ်ဆောင်နေခြင်းကြောင့်လော မပြောတတ်ပေ။ ကျွန်မတို့ Orcများသည် အရေးနိမ့်နေမှန်း သိလျက်နှင့် မျက်စိစုံမှိတ်ကာ ဒုတိယစစ်ကြီးတွင် ဆက်လက်ပါဝင် တိုက်ပွဲဝင်ခဲ့ကြပါသည်။

သို့ပေမယ့် အချို့မျိုးနွယ်စုတွေကတော့ အစားထိုးလဲလှယ်ရန် သိမ်းဆည်းထားမှုအဖြစ် Draenorပေါ်မှာသာ ကျန်နေခဲ့၏။ Bonechewer မျိုးနွယ်စုသည် တိုက်ပွဲအတွင်း သူတို့ကိုယ်သူတို့ အရိုးများနှင့် အခြားသောခန္ဓာကိုယ်အစိတ်အပိုင်းအင်္ဂါများဖြင့်အလှဆင်ယင်မှုထပ်ဖြည့်ခြင်း၊ ပြီးတော့ သူတို့၏ ဇာတ်တူသားစားသည့် ဓလေ့အတွက် လူသိရှိကြ၏။

Stormreaver Clanသဘောတူလူစုသည် လူနည်းစုတစ်ခုဖြစ်သော်လည်း Azerothပေါ်သို့ Horde၏ရောက်ရှိမှုမတိုင်ခင်ကတည်းက အားကောင်းသော လူစုပင်ဖြစ်၏။ Stormreaverများ၏ အုပ်ချုပ်သူမှာ စုန်းဆရာတစ်ယောက်ဖြစ်သော Gul’danပင်တည်း။ Gul’danသည် Hordeအား မရိုးသားသောနည်းဖြင့် ထိန်းချုပ်ရန်ကြိုးပမ်းခဲ့ပြီး Stormreaverများသည် သူ့၏သက်တော်စောင့်သဖွယ်တာဝန်ထမ်းဆောင်ခဲ့၏။ အခုတော့ သူတို့၏အနည်းငယ်သောအသက်ရှင်ကျန်ရစ်သူ အောက်လမ်းဆရာများသည် ကမ္ဘာအနှံ့ခြေဦးတည့်ရာလှည့်လည်သွားလာလျှက်ရှိပါသည်။ သူတို့ကို အဖော်ပြုပေးသည့်တစ်ဦးတည်းသောသူမှာ သူတို့၏ကျဆုံးသွားသော ရဲဘော်ရဲဘက်များ၏ သရဲတစ္ဆေများသာရှိကြပါသည်။

Shadow Moon Clanမဟူရာလမင်း မျိုးနွယ်စုသည် Draenor၏ ပြန့်ကျဲနေသော Orcမျိုးနွယ်စုများအပေါ်တွင် စိုးမိုးထားခဲ့၏။ သူတို့သည် ရှေးကျသော Shaman နတ်ဆရာ အခြေခံသဘောတရားများ၏ ကြီးကျယ်စွာလွှမ်းမိုးမှုကိုခံရ၏။ အခြားOrcမျိုးနွယ်စုအားလုံးကဲ့သို့ပင် နတ်ကိုးကွယ်မှုဓလေ့ထုံးစံကို စံအဖြစ်သတ်မှတ်ထား၏။ ရှေးကျသော နတ်ဆရာ Ner’zhul၏ ဦးဆောင်မှုဖြင့် Shadow Moonသည် Draenorပေါ်တွင် အင်အားအကြီးဆုံး မျိုးနွယ်စုဖြစ်ခဲ့၏။ သူတို့ရဲ့ခေါင်းဆောင် Ner’zhulသည် မူရင်းShaman အလေ့အကျင့်နှင့်အနည်းငယ်ကွဲပြားပြီး ပိုမို၍ပင် မှောင်မိုက်သော ကျင့်စဉ်တစ်ခုကိုကျင့်လျက်ရှိ၏။ ထိုအရာက နတ်မိစ္ဆာတွေကို ခြေရာခံမိသွားစေခြင်းဖြင့် ကျိန်စာကိုဖိတ်ခေါ်ခဲ့ပြီး ကျွန်မတို့ဘီလူးများအား သွေးကျိန်စာသင့်ကာ သွေးဆာနေသောသတ္တ၀ါကြီးတွေအဖြစ်ဖြင့် သူတို့ရဲ့နောက်လိုက်ဖြစ်ရန်ကြိုးပမ်းခဲ့၏။ Ner’zhulသည် ထိုသို့ပြုလုပ်ရန် ငြင်းပယ်ခဲ့သော်လည်း သူ၏ပညာသင်တပည့်အဖြစ်လက်ခံထားသော Gul’danက လက်ခံခဲ့သောအခါ အကြီးအကျယ်စိတ်ပျက်ခဲ့၏။
 
Black Tooth Grin Clanသည် ၄င်း၏နာမည်ကို ဓလေ့ထုံးတမ်းတစ်ခုမှရရှိခဲ့၏။ သူတို့၏အဖွဲ့ဝင်သစ်တိုင်းသည် သူတို့၏သစ္စာစောင့်သိမှုကို ပြသရန် သူတို့၏သွားတစ်ချောင်းအား ဆွဲနှုတ်ပြရ၏။ သူတို့သည်မူလအားဖြင့် Blackrockမျိုးနွယ်စု၏အစိတ်အပိုင်းတစ်ခုပင်ဖြစ်သော်လည်း Blackhand သေဆုံးသွားသောအခါ သူ၏သား Rend Blackhandသည် Hordeအတွင်းသူတို့၏ ကိုယ်ပိုင်အာဏာကိုထူထောင်ပြီး Black Tooth Grinကိုဖွဲ့စည်းခဲ့၏။ သူတို့၏ယူရသည့်တာဝန်မှာ မဟူရာဝင်ပေါက်ကိုစောင့်ရှောက်ရန်ဖြစ်ပြီး Khaz Modanရှေ့တန်းလိုင်းများပေါ်တွင်လည်း တိုက်ခိုက်ခဲ့၏။

Twilight’s Hammer နေ၀င်ဆည်းဆာရဲ့တူ မျိုးနွယ်စုသည် အခြေခံအားဖြင့် ကမ္ဘာပျက်ကိန်းအတွက် ရပ်တည်နေသူများဖြစ်၏။ သူတို့တွေက ကမ္ဘာကိုဖျက်ဆီးမည့်မည်သူနှင့်မဆို ပူးပေါင်းဖွဲ့စည်းထားခြင်းဖြစ်၏။ ထို့ကြောင့်သူတို့သည် ကမ္ဘာ၏အဆုံးသတ်ကို ဆောင်ကျဉ်းပေးမည့်Old Godများအား ဆည်းကပ်လေ့ရှိ၏။ ယခင်ကသူတို့လူတူစုသည် Gul’dan၏အာဏာပါဝါအတွက် ရူးသွပ်သောကြိုးပမ်းမှုကို လိုက်နာဆောင်ရွက်ပေးရန်ငြင်းဆန်သည့်အတွက် Gul’danက အခြားသူများအတွက်ပါနမူနာပြသည့်အနေဖြင့် ထိုလူစု၏ခေါင်းဆောင်အား တစ်စစီစုတ်ဖြဲပြခဲ့၏။ထို့နောက်တွင် Cho’gallသည် ခေါင်းဆောင်ဖြစ်လာ၏။

The Thunderlord Clan မိုးကြိုးအရှင်သခင်မျိုးနွယ်စုသည် Draenorပေါ်တွင် အချိန်ကာလကြာမြင့်စွာကပင် တည်ရှိခဲ့ပြီး Blackrockနှင့် Lightning’s Blade မျိုးနွယ်စုနှစ်ခုလုံးနှင့် ခိုင်မာသောဆက်သွယ်မှုရှိ၏။ Thunderlordမျိုးနွယ်စုသည် ၀ံပုလွေစီးနင်းတိုက်ပွဲဝင်ရာတွင်အတော်ဆုံးဖြစ်သည့် ၀ံပုလွေသူရဲတွေရဲ့မျိုးနွယ်စုဖြစ်၏။

Lightning’s Blade လျှပ်စီးအလင်းတန်းဓား မျိုးနွယ်စုသည် Blackrockနှင့် Thunderlordမျိုးနွယ်စုများနှင့် ခိုင်မာသော ဆက်သွယ်မှုရှိပြီး သူတို့၏ဓားဆရာများကြောင့် လူသိကြ၏။ ထိုကျွမ်းကျင်လိမ္မာသည့် ဓားသမားများသည် အရေအတွက်နည်းပါးသော်လည်း Hordeအတွင်းရှိ အထူးတိုက်ခိုက်ရေးသမားများဖြစ်၏။ ဓားမိစ္ဆာ၏ပူးဝင်နှောက်ယှက်ခံနေရသော ဓားဆရာများသည် သူတို့၏အဆုံးမဲ့ လေ့ကျင့်မှုများအတွင်း သွေးကျိန်စာဒေါသကို အခြားသူများထက်ပိုမိုခံစားရဖွယ်ရှိ၏။ ရက်စက်၍ သူတစ်ပါးအပေါ်သံသယစိတ်လွန်ကဲနေသာ ဓားဆရာများသည် သူတို့ကိုယ်တိုင်နှင့် သူတို့ရဲ့ဂိုဏ်းတူညီအစ်ကိုများကို နတ်မိစ္ဆာ၏သွေးကျိန်စာအောက်မှ ဒီတစ်ခါနောက်ဆုံးအဖြစ်ဖြင့်လွတ်မြောက်အောင်လုပ်ရန် ကျမ်းကျိန်ထားကြ၏။ The Blade Wind မျိုးနွယ်စုသည်လည်း Draenorပေါ်တွင် နတ်မိစ္ဆာ၏လွှမ်းမိုးမှုအား ခုခံခဲ့ပြီး ဆန့်ကျင်တိုက်ခိုက်ခဲ့သည့် Orcမျိုးနွယ်စုတစ်ခုပင်ဖြစ်၏။ သူတို့သည် Warsongမျိုးနွယ်စုနှင့်အဓိကရုဏ်းအချို့ဖြစ်ပွါးခဲ့၏။ Draenorပေါ်တွင်ပင် Frostwolfမျိုးနွယ်စုသည် The Dark Scarမျိုးနွယ်စုကို အနိုင်ယူချေမှုန်းခဲ့၏။ ထိုမျိုးနွယ်စု ပျောက်ကွယ်သွား၏။ ဒါပေမယ့် Flowerpickerလိုအချို့မျိုးနွယ်စုတွေကတော့ တိုက်ပွဲများနှင့်စည်ကားနေသောနေရာများမှ လူသူအရောက်အပေါက်နည်းသည့်ဒေသများသို့ထွက်ခွါသွားခဲ့ပြီး ကျွန်မကြားဖူးရုံမျှသာရှိပါသည်။ ထိုOrcမျိုးနွယ်စုသည် ဆေးဖက်ဝင်အပင်များကို ခူးယူစုဆောင်းပြီး ဆေးဝါးအသစ်များကို သုတေသနပြုနေသူတွေများလားဟု တွေးကြည့်ဖို့ရန် ဆွဲဆောင်အားကောင်းလှပါသည်။ ကျွန်မသိသမျှသည် အနည်းအကျဉ်းမျှသာဖြစ်ပြီး မသိသေးသည့် အခြားမျိုးနွယ်စုတွေများစွာ ရှိပါဦးမည်။



̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵

What difference would it make to be living a day more or less?

Offline forhorde

  • Jounin
  • ****
  • Posts: 420
  • Influence: +3/-0
  • xiaolongnu of ancient tomb
    • View Profile
Re: The Diary of a Young Girl Part Two
« Reply #8 on: October 22, 2016, 10:36:23 pm »
အရှုံးပေါင်းများစွာနဲ့ ကျွန်မတို့Hordeတပ်ကြီးဟာ အားနည်းလာခဲ့ပြီဖြစ်ပါတယ်။ စစ်ကြီးအခြေအနေသည် အရှုံးဘက်သို့ ပြလာသကဲ့သို့ Allianceများသည် Hordeတပ်ဖွဲ့များအား အဆုံးသတ်ရန်အတွက် Blackrockမျိုးနွယ်စု အခြေချရာ Blackrock ရဲတိုက်ကိုချေမှုန်းရန် ချီတက်လာခဲ့ကြပါတယ်။
ကျွန်မတို့သည် စိတ်ဓာတ်ရေးရာပျက်ပြားနေပြီဖြစ်ပြီး ကောလဟလပေါင်းစုံကို ၀ိုင်းဖွဲ့ပြောဆိုကြ၏။ ကျွန်မတို့သည် စိတ်ပိုင်းဆိုင်ရာကုထုံးကို အသုံးပြုကြ၏။စိတ်ပိုင်းဆိုင်ရာကုသနည်းကား လုံးဝပျောက်ကင်းရန်မဟုတ်။ ကုသမှုတစ်ခုမျှသာဖြစ်၏။ တစ်ဦး၏ပြဿနာကို တစ်မျိုးစီကြားရခြင်းဖြင့် ငါတော့ သူ့လောက်မဆိုးဘူးဟု ဖြေနိုင်ပေသည်။

စစ်ရေးအခြေအနေ အပြောင်းအလဲ တွေ့ရလေမလားဟုလည်း အချို့က မျှော်လင့်ကြသည်။ စစ်ကြီး(ပထမစစ်)အတွင်းက ဘုရင်ကြီး Laineသေဆုံးသွားခဲ့ခြင်းဖြင့် စစ်ရေးအခြေအနေမှာ တစ်မျိုးတစ်ဖုံ ပြောင်းလဲခဲ့သည်။ ထိုအချိန်ကကဲ့သို့ပင် ယခုလည်း စစ်ပွဲကိုနိုင်ပါလိမ့်မည်ဟု ကျွန်မပြောခဲ့၏။ ကျွန်မပြော၍ ပြီးဆုံးသွားသည့်အခါ မြေပုံအခန်း၏ နောက်နားတွင် ထိုင်နေသော အသက်အရွယ်ကြီးသူ Orc စစ်သည်တော်ကြီးတစ်ဦးကကျွန်မအားငေါ့သည့် မေးခွန်းတစ်ခုကို မေးခဲ့သည်။ ထိုမေးခွန်းမှာ ဘုရင်ကြီး Laineသေဆုံးမှုဖြင့် အခြေအနေမှာ တစ်မျိုးတစ်ဖုံ ပြောင်းလဲလာသကဲ့သို့ ယခုအချိန်၌ Horde၏ ရန်သူနိုင်ငံ ခေါင်းဆောင်များအနက်မှ မည်သူသည် ဒုတိယစစ်ကြီး၏ စစ်ရေးအခြေအနေ တစ်နည်းတစ်ဖုံ ပြောင်းလဲရန်အတွက် သေဆုံးပါမည်နည်း ဟူ၍ ဖြစ်သည်။ “ဒါကတော့ ကံကြမ္မာက ဖန်တီးလာပါလိမ့်မယ်”ဟူ၍သာ ကျွန်မသည် ထိုသူအား အဖြေပေးခဲ့သည်။ ထိုနေ့ည၌ပင် Blackrock ရဲတိုက်အား မဟာမိတ်တပ်များ ထိုးစစ်ဆင်နေစဉ်အတွင်း အပြင်းအထန် ရေကုန်ရေခမ်း တစ်ယောက်ချင်းတိုက်ခိုက်ပြီး အဆုံးမှာ Doomhammerဟာ Lortharကို အဆုံးသတ်လိုက်နိုင်ပါတယ်။ Lotharကွယ်လွန်ကြောင်း သတင်းရရှိခဲ့သည်။ တိုက်ဆိုင်ထူးခြားပြီး မယုံကြည်နိုင်လောက်သည့် ဤသတင်းကြောင့် ကျွန်မသည် လွန်စွာ ၀မ်းသာအားရဖြစ်ကာ “Lothar သေဆုံးသွားပါပြီ။ Hordeတပ်ဖွဲ့ကြီးရဲ့ အကြီးမားဆုံးသော ရန်သူတော်ကြီးကို ကံကြမ္မာနတ်သမီးက စီရင်သွားပါပြီ။ ဒါဟာအပြောင်းအလဲကြီး တစ်ခုပါပဲ။” ဟူ၍ ကျွန်မအား ထေ့ငေါ့ခဲ့သည့် ထိုသူအား ဤအကြောင်းကို ပြောကြားခဲ့သည်။



̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵


သို့သော် Lothar သေဆုံးသော်လည်း အခြေအနေမှာ လုံးဝပြောင်းလဲခြင်း မရှိချေ။ Allianceတပ်များသည် ထုံးစံအတိုင်း တိုက်စစ်ဆင်ရင်း ရှေ့သို့ ချီတက်မြဲပင်ဖြစ်ရာ ၊နောက်တစ်နေ့ညနေ၌ Doomhammerသည် အဖမ်းဆီးခံရပြီး အကျဉ်းသားအဖြစ်ဖြင့် Lordaeronသို့ ခေါ်ဆောင်သွားကြောင်းကြားသိရ၏။ Lortharသေဆုံးသွားတဲ့နောက်မှာ ဗိုလ်ချုပ်ကြီး Turalvonက တပ်မှူးနေရာယူ၍Doomhammerအား အကျဉ်းသားအဖြစ်ဖမ်းဆီးလိုက်ပြီး ဆုတ်ခွာနေကြသော Hordeများကို မဟူရာဝင်ပေါက်ကြီးအထိ လိုက်လံတိုက်ခိုက်ကြမည်တဲ့။

Horde၏ဗဟိုစစ်ဌာနချုပ်ဖြစ်သော Blockrock Spire ခံတပ်ကြီးကို Allianceစစ်သည်များ ဟစ်အော်ကြွေးကြော်ကာ တစ်ခဲနက်တိုက်ပွဲဝင်နေသံများကို မိုင်အနည်းငယ်မျှဝေးသော ကုန်းပေါ်ရှိ ကျွန်မ၏တပ်စု စခန်းချရာနေရာမှပင် ကြားနေရသည်ဖြစ်ရာ ကျွန်မသည် အောက်ပါအတိုင်း စိတ်ပျက်စွာ ထုတ်ဖော်ပြောကြားခဲ့ပါသည်။“အို..ကံကြမ္မာနတ်သမီး… ကျွန်ုပ်သင့်ကို ယုံကြည်ကိုးစားခဲ့ပါ၏။ ဒါပေမဲ့… နောက်ဆုံးမှာ သင်ဟာ ကျွန်ုပ်တို့ တစ်တွေကို ရက်စက်ရုံသာမက အရူးဖြစ်အောင်ပါ လုပ်ခဲ့ပြီ။”



̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵



Alliance၏ အကောင်းဆုံးစစ်သည်တော်များမှာ Blackrockတောင်ကုန်းကြီး၏ ဆင်ခြေလျှောများအတွင်း ကျဆုံးခဲ့ရသော်လည်း နောက်ဆုံးတွင် တောင်ကုန်းကြီးကိုသိမ်းယူနိုင်ခဲ့ကြ၏။ ရှေ့ဆုံးမှ တပ်ဦး အောင်လံတော်နှင့်အတကွ စစ်တံခွန်များကို လွှင့်ထူသွားသော Alliance ရှေ့ပြေး မြင်းတပ်ကြီး ချီလာ၏။ မြင်းတပ်မှ မြင်းများသည် ကဆုန်ပေါက်ပြေးသွားသည့်အခါ မြင်းခွာသံများ မြေကြီး တုန်လုမတတ် မြည်ဟီးထွက်ပေါ်လာပြီးလျှင် မြင်းစစ်သည်တို့၏ စစ်ညာသံများနှင့် ရောနှောကာ မြည်ဟိန်းနေလေ၏။ 

ဆုတ်ခွါနေသော Hordeတပ်များတွင်းသို့ Allianceမှမြင်းတပ်ဖြင့်ဝင်နင်းပါက Hordeသည် ထိုနေ့တွင်ကျဆုံးသွားမည်ဖြစ်၏။ Orcအချို့သည် ရှေ့သို့တက်လာသည့်Allianceတပ်များကို အားနည်းစွာ ခုခံဆဲဖြစ်ပါသည်။ သို့ဖြစ်၍ ကျွန်မသည် ခြေလျင်စစ်သည် ငါးရာကိုယူ၍ မြင်းသူရဲနှစ်သိန်းကို သွားရောက်ခုခံထားရန်အမိန့်ရရှိခဲ့၏။ အနောက်မှ တစ်ဟုန်ထိုး ချီတက်လာသည့် မဟာမိတ်များမှာလည်း ကျွန်မတို့နှင့် နီးကပ်သထက် နီးကပ်လာပြီ ဖြစ်ရာ အချိန်များစွာမကျန်တော့ပေ။ ကျွန်မသည် လောင်စာလှည်း ဆယ်စီးတိုက်တို့ ပြင်ဆင်ပြီးသော် မိုးချုပ်သည်နှင့် ရန်သူ့ရှေ့တော်ပြေးမြင်းတပ်စခန်းချရာဘက်သို့ တရွေ့ချင်း တွန်းသွားကြသည်။ အရောက်တွင် ကျွန်မ၏နားထဲ၌ တောင်ဂျောက်ကြီးထဲမှ အသံများ သဲ့သဲ့ကြားလိုက်၍ လက်ဝါးကာ၍ ပြလိုက်ရင်း အားလုံးသတိအနေအထားပုံစံသို့ ပြင်လိုက်ကြသည်။ ကျွန်မတို့သည် လောင်စာလှည်းများအား မီးရှို့ပြီး လူကအကာအကွယ်ဖြင့် အနောက်မှလိုက်ပါပြီး Allianceမြင်းတပ်များကို ရစ်ပတ်ပြီးမီးလောင်စေရန် လုပ်ရမည်ဖြစ်၏။ လေညာမှ မီးလှည်းများဖြင့် မီးလောင်ပျက်စီးအောင် ဆောင်ရွက်ရမည်။ ကျွန်မက နောက်မှလူများကို လက်တစ်ဖက်မြှောက်ပြလိုက်သည်နှင့် မီးများရှို့၍ မြေချိုင့်ခွက်ထဲတွင် ကတုတ်ကျင်းသဖွယ် တပ်စွဲထားသော စခန်းထဲသို့ မီးလှည်းကြီးများ ထိုး၍ ကျသွားလေတော့သည်။ ကျွန်မသည် လက်ထဲရှိပုဆိန်ကို ပတ်ခြာလှည့်ဝှေ့ယမ်းပြီး Allianceစစ်သည်များ ကြားထဲသို့ ဇွတ်ပြေးဝင်ရောက်သွားလိုက်၏။ မီးရောင်သည် ကောင်းကင်တစ်ခုလုံး လင်းထိန်သွားပါသည်။ ည၀က်နီးနီးလောင်နေသော မီးလျှံတွင် ရှေ့ပြေးမြင်းတပ်တစ်ခုကို မီးလောင်ပျက်စီးသွားစေနိုင်ခဲ့၏။ထိုသို့ မီးလှည်းများဖြင့်တိုက်ခြင်းကို အဆက်မပြတ် Allianceရှေ့တော်ပြေးမြင်းတပ်အားလုံး မီးလောင်ပျက်စီးသည်အထိ ဦးစားပေးပြီး ဆက်လက်လုပ်ဆောင်နေကြရမည်ဖြစ်၏။ သို့သော် ယခုအခါ Doomhammerအကျဉ်းသားဖြစ်ရုံမက၊ Hordeနယ်မြေအားလုံးနီးပါးပါ Allianceတို့၏ လက်အောက်တွင် ရောက်ရှိနေပြီဖြစ်ပါ၍ ထိုသို့ ဆက်လက်တိုက်ခိုက်ရန် လုံးဝမလိုတော့ပေ။ Orcများသည် သူတို့၏နောက်ဆုံးဖြစ်သော ခုခံကာကွယ်ရေးစွမ်းအားရှိရာ မဟူရာဝင်ပေါက်ကြီးဆီသို့ ဆုတ်ခွါသွားနေကြပြီဖြစ်၏။
 

̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵

What difference would it make to be living a day more or less?

Offline forhorde

  • Jounin
  • ****
  • Posts: 420
  • Influence: +3/-0
  • xiaolongnu of ancient tomb
    • View Profile
Re: The Diary of a Young Girl Part Two
« Reply #9 on: October 22, 2016, 10:41:30 pm »
ပတ်ပတ်လည်မှာ မည်းမှောင်တဲ့ တိမ်တိုက်တွေရှိနေသလို ကျွန်မတို့ကိုလည်း အန္တရာယ်တွေ ၀ိုင်းနေကြတယ်လေ။ အမှောင်ထုက နီးကပ်သည်ထက် နီးကပ်လာတယ်။ စစ်ရေးအခြေအနေမှာ ဆိုးဝါးသည်ထက် ဆိုးဝါးလာခဲ့ရာ တပ်ပေါင်းစုသည် Orcများအား ပတ်ပတ်လည်မှ ၀ိုင်းရံပြီး ဖြစ်နေသည်။ စိတ်ညစ်ညူးပေါက်ကွဲစွာနဲ့ပဲ ကျန်ရှိနေတဲ့ Hordeတပ်ဖွဲ့များဟာ မဟူရာဝင်ပေါက်ကြီးတွင် နောက်ဆုံးခံစစ် အဖြစ်တိုက်ခိုက်ရန်ပြင်ဆင်ခဲ့ကြပါတယ်။ Horde၏ ဂုဏ်ကျက်သရေကိုပြန်လည်ရယူမည့် အဆုံးအဖြတ်ပေးမည့် နောက်ဆုံးတိုက်ပွဲကြီးတစ်ပွဲကိုတော့ Allianceများကို ဆင်နွှဲလိုကြပါသည်။ အဲဒီ တိုက်ပွဲကြီးကတော့ ဒုတိယစစ်ပွဲကြီးရဲ့ အကြမ်းတမ်းဆုံးတိုက်ပွဲကြီးလို့ ခေါ်ဆိုကြရမည်ဖြစ်၏။ ကျွန်မတို့သည် အပြီးသတ်ချေမှုန်းမခံလိုပါက Allianceများအား မဟူရာဝင်ပေါက်ကြီးမှ တားဆီးထားရန်လိုအပ်၏။ မဟူရာဝင်ပေါက်ကြီးမှာလည်း Allianceလက်ထဲသို့ နေ့ပဲ ကျမလား၊ ညပဲ ကျမလား ဟူသည့် အနေအထားသို့ ရောက်ရှိနေပြီဖြစ်သည်။

Allianceတပ်ပေါင်းစုသည် Blasted Lands ၏လေထန်လွင်ပြင်ဒေသများထဲသို့ အသီးသီးရောက်ရှိလာနေကြပြီဖြစ်၏။ ထိုနေ့၌ အနီရောင်နဂါးတစ်ကောင်သည် Allianceများဝိုင်းရံပိတ်ဆို့ထားသည့် အလယ်မှ ရုတ်တရက် ထ ပျံသွားခဲ့သည်။ Allianceတပ်သားများသည် ထိုနဂါးအား လက်နက်မျိုးစုံဖြင့် ၀ိုင်းဝန်းပစ်ခတ်ကြသော်လည်း ဘေးမသီရန်မခဘဲ လိုရာ အရပ်သို့ ပျံသွားနိုင်ခဲ့သည်။ လွတ်မြောက်သွားသည့် ထိုနဂါးကို စီးနင်းသွားသူမှာ ကျွန်မ၏ အမျိုးသမီးငှက်သူရဲပင် ဖြစ်သည်။ သူမသည် ကျွန်မအပါအ၀င် အားလုံးနှင့်အတူ အသေခံရန် ဆန္ဒရှိသော်လည်း၊ တိုက်တွန်းချက်အရ သူမသည် အရပ်မျက်နှာ အသီးသီးမှ ၀ိုင်းရံပိတ်ဆို့ထားခံထားရသော ကျွန်မတို့၏ အခြေအနေနှင့် အခြားသူများ၏ ကိုယ်ရေးကိုယ်တာစာများကို ပို့ဆောင်ပေးရန် ယခုကဲ့သို့ ဖောက်ထွက်လာခဲ့ခြင်း ဖြစ်သည်။ ဤသမိုင်းဝင် စာလိပ်များကို သက်ဆိုင်ရာ နေရာသို့ အသက်စွန့်ကာ ပို့ဆောင်ပေးမည့်သူသည် မြောက်ဘက်အရပ်ဆီသို့ လယ်ကွင်းနဲ့ တောအုပ်များကို ဖြတ်ကျော်ပြီး တောက်လျှောက် ခရီးပြင်း နှင်ခဲ့၏။ ထို့နောက် အနောက်ဘက်သို့ မြစ်ရိုးများတစ်လျှောက် ရေလမ်းခရီးအတိုင်း ဦးတည်သွားခဲ့၏ ။

ထိုစာလိပ်၏ထိပ်၌ မဟူရာဝင်ပေါက် ရှေ့၌ ရေးသည် ဟူသောခေါင်းစဉ်ကို အထင်အရှားတပ်ထားသည်။ ထိုစာမှာ အောက်ပါအတိုင်းဖြစ်သည်။

      
ထိပ်တန်းလျှို့ဝှက်. . . အမြန်. . .ရေကြောင်းဗိုလ်ချုပ်ကြီး တစ်ဦးတည်းသာ ဖတ်ရှုရန်. . .။



သင်သည် တောက်ပသည့် နေမင်းကြီးပမာ ကျွန်ုပ်တို့အားလုံးရှေ့မှောက်၌ ပေါ်ထွက်လာခဲ့သည်။ သင်သည် သံမဏိစိတ်ဓာတ်ဖြင့် မျှော်စင်ကြီးပမာ ကျွန်ုပ်တို့အားလုံးရှေ့၌ မားမားမတ်မတ် ရပ်တည်ခဲ့သည်။ သင်သည် တွေဝေမနေခဲ့ဘဲ တိုက်ပွဲဝင်ခဲ့သည်။ ဖောက်ပြန်တွေဝေနေမှုကို ရင်ဝယ်ပိုက်ပြီး သူရဲဘောကြောင်နေမည့်အစား၊ တိုက်ပွဲဝင်ရေးဝါဒကို ညျွန်ပြခဲ့သည်။

 မကြာတော့မယ့် ကာလမှာ ရန်သူတွေဟာ အရပ်မျက်နှာ အဖက်ဖက်မှ ထိုးစစ်ကြီးတွေ ဆင်လိမ့်မယ်။ အဆုံးအဖြတ်ပေးမယ့် တိုက်ပွဲကြီးတွေဟာလည်း ပေါ်ပေါက်လာတော့မယ်။ ရန်သူဘက်က အဲဒီလို ခြေလှမ်း လှမ်းလာခဲ့ရင် ကျွန်မတို့ဘက်ကလည်း အဲဒီလို လှမ်းလာမယ့် ခြေထောက်ကို တစ်စစီရိုက်ချိုးပစ်ပြီး ချေမှုန်းပစ်ရလိမ့်မယ်။

ကျွန်မတို့ဟာ ဂုဏ်သိက္ခာရှိစွာနဲ့ သူရဲကောင်းပီသစွာ ဘ၀နိဂုံးချုပ်ဖို့ ဆုံးဖြတ်ပြီးပါပြီ။ သူရဲဘောကြောင်တဲ့ ရွေးချယ်မှုမျိုးတွေကိုလည်း မရွေးချယ်ဘူး။ ကျွန်မတို့ အားလုံးဟာ ဂုဏ်သရေရှိရှိနဲ့ သူရဲကောင်းပီသစွာ အသေခံကြတော့မယ်။ ဒီလို သေရမှာကိုလည်း ဂုဏ်အယူရဆုံးပါပဲ။ ဤအချက်ကြောင့်ပင် Orcများသည် သူတို့၏ ဂုဏ်ကျက်သရေနှင့်အတူ နောက်ဆုံးအချိန်အထိ ရပ်တည်သည့် သူများ ဖြစ်သည်ဟု သမိုင်းစာမျက်နှာများ၌ တင်ကျန်နေမည် ဖြစ်သည်။


      
Hordeအတွက် တိုက်ပွဲဝင်ပါ။

ကျွန်မသည် Doomhammerအကျဉ်းသားအဖြစ်ဖမ်းဆီးခံရသည့် အကြောင်းကိုမူ စာထဲတွင် လုံးဝ အသိမပေးခဲ့ချေ။ ဤသည်ကို လုံးဝ မသိရှာခဲ့သော ရေတပ်ဗိုလ်ချုပ်ကြီးသည် Doomhammerအား အမြဲ သစ္စာစောင့်သိမည့် အကြောင်းကို ပြန်လည်ပေးပို့ခဲ့သည်။



̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵


ကျွန်မသည် ကုန်းမြင့်ငယ်တစ်ခုပေါ်သို့ တက်လာလိုက်ပြီး Horde၏ အောင်လံတံခွန်ကို အနီးတွင် ထိုးစိုက် ချိတ်ဆွဲထားလိုက်ပါသည်။ အရှေ့ဘက်စစ်မျက်နှာမှ လွင်ပြင်ကိုဖြတ်ပြီး ချီတက်လာမည့် Alliance တပ်များကို တွေ့ရမလားဟုကြည့်ရင်း ထိုကုန်းမြင့်လေးပေါ်မှာပင်ရပ်နားနေလိုက်ပါသည်။ တစ်ခါတစ်ခါ လေဝှေ့သဖြင့် တရွေ့ရွေ့ ပြေးနေသော တိမ်ဂွမ်းတိမ်စိုင်ကြီးများဆီသို့ လည်းကောင်း၊ ငေးကာ ကြည့်နေလိုက်၏။ ကောင်းကင်ယံ၌ မိုးသား တိမ်တောင်တို့သည် လေတိုက်ရာသို့ တရွေ့ရွေ့ လွင့်ပါလျက် ရှိလေ၏။ ထိုအချိန်၌ ကျယ်ပြန့်သော ကောင်းကင်ကြီးထဲတွင် တိမ်တိုက်ကြီးများသည် မီးတောင်ကြီးပေါက်ကွဲတော့မည့်ပုံများ၊ မီးများ၊ မီးခိုးများ၊ ချော်ရည်များထွက်နေသကဲ့သို့ ပုံနှင့် ခပ်ဆင်ဆင် ဖြစ်နေပါသည်။ ထိုနေ့က ကောင်းကင်တစ်ခုလုံး သွေးချင်းချင်းနီသော နိမိတ်ဆိုးကြီး ဖြစ်ခဲ့ရပေတော့သတည်း။ကောင်းကင်ပြင်ကပင် စကားပြောနေပေသည်။ ဤသည်မှာ စစ်ပွဲနိမိတ်ပြခြင်းပင် မဟုတ်ပါလော။ သို့သော်လည်း ထိုနေ့က မျှော်လင့်ထားသော တိုက်ပွဲကြီးမဖြစ်ခဲ့ပါ။ တိုက်ပွဲကြီးဖြစ်ပွါးသည့်နေ့ရက်သည် ဘ၀မှာ အရှည်ကြာဆုံး နေ့ဖြစ်လာလိမ့်မည်ဖြစ်သည်။




̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵

What difference would it make to be living a day more or less?

Offline forhorde

  • Jounin
  • ****
  • Posts: 420
  • Influence: +3/-0
  • xiaolongnu of ancient tomb
    • View Profile
Re: The Diary of a Young Girl Part Two
« Reply #10 on: October 22, 2016, 10:57:06 pm »
Final Battle  မဟူရာဝင်ပေါက်ဒေသ တိုက်ပွဲကြီး

ဘေးပတ်လည် တောင်တန်းများတွင်ကား တောနှင့် တောင်ခိုး မိုးငွေ့ပျိုးလျက် ရီဝေအုံ့မှိုင်းကာ နေလေသည်။ Alliance တပ်များစခန်းချရာနေရာများဆီမှ ထွက်ပေါ်လာသောမီးခိုးများမှာ ကောက်ကွေးနေသည်ကို ကျွန်မတို့စခန်းချရာနေရာများမှ အထင်အရှားမြင်တွေ့ရသည်။ နောက်ကျောဘက်တွင်ရှိ ဧရာမ မြေပြန့်လွင်ပြင်ကြီးဆီသို့… ကွင်းပြင်တွင် တပ်ချနေသော Hordeတပ်ကိုစတင်၍၀ိုင်းဝန်းတိုက်ခိုက်လေသည်။ တစ်ဖက်ရှိ တောင်ကုန်းများတွင် နေရာအနှံ့အပြား တပ်စွဲထားသော Allianceတပ်မှ အဝေးပစ် အမြောက်ကြီးများသည် နံနက် နေထွက်ပြူစအချိန်မှ စ၍ ဤမှာဘက်လွင်ပြင်မှ Hordeများရှိရာဆီသို့ မရပ်မစဲ ပစ်ခတ်လျက်ရှိနေ၏။ “For the Alliance!” ဟူသည့် တစ်ခဲနက်သော ဟစ်ကြွေးသံသည်လည်းကောင်း၊ အမြောက်ဆံများ၏ ပေါက်ကွဲသံသည်လည်းကောင်း ဆူညံစွာ ပဲ့တင်မြည်ဟီးလျက် ကောင်းကင်နဘံဝယ် မြည်ဟိန်းပဲ့တင်ထပ်လျက် ရှိလေ၏။

Hordeကင်းတဲမျှော်စင်များမှာ ပေါက်ကွဲ၍ အစိတ်စိတ်အမြွာမြွာ လွင့်စင်ပျက်စီးခဲ့ရသည်။ မီးလောင်ပေါက်ကွဲကာ အပိုင်းပိုင်းအစစ ဖြစ်ကုန်ကြသည်။ အပိုင်းအစများမှာ ကောင်းကင်တွင် ပြန့်ကျဲဝဲပျံလျက်ရှိသည်။ စစ်မြေပြင်တစ်ခုလုံးမှာ နားကွဲလုမတတ် မြည်ဟီးပေါက်ကွဲနေပြီဖြစ်သည်။ Alliance စစ်သည်များမှာ အံ့သြစွာဖြင့် ရှေ့သို့ချီတက်လာကြပါသည်။ အဘယ်ကြောင့်ဆိုသော် တဖက်မှ လုံးဝငြိမ်သက်သောကြောင့် ဖြစ်ပါသည်။ သို့တစေ ကောင်းသောငြိမ်ခြင်း မဟုတ်မှန်း ရိပ်စားမိသောကြောင့်ပါတည်း။ ရှေ့သို့တစ်ဟုန်ထိုးချီတက်လာသော Allianceစစ်သည်များ၏ အားပေးတိုက်တွန်းသံများနှင့်အတူ၊ အော်သံ၊ ပြေးသံ၊ လွှားသံများဖြင့် အရပ်ရှစ်မျက်နှာလုံးကမ္ဘာပျက်သလို ပွက်ပွက်ညံနေတော့သည်။ ဤကြားထဲမှပင် မြေကတုတ် နှုတ်ခမ်းဘောင်များတွင် မေးတင်နေရာယူထားသော အလွန်များပြားတဲ့ Orcလူအုပ်ကြီးဟာ အပေါ်တက်လာပါပြီ။ ခံတပ်မရှိဘဲ မြေပြန့်လွင်ပြင်တွင် Orcစစ်သည်များကို ထုဖြင့်ထည်ဖြင့် အလွန်များပြားစွာတွေ့လိုက်ရသောကြောင့်Allianceတပ်များ အံ့သြနေကြပါသည်။ ကျွန်မတို့သည် Allianceတပ်များထဲသို့ဝင်ရောက်ပြီး အပြင်းအထန်တိုက်ခိုက်ကြပါသည်။ ရုတ်တရက်တိုက်ခိုက်ခံလိုက်ရသော Allianceများအသေအလဲ ခုခံကာကွယ်နေပါသည်။နှစ်ဘက်သောအမြောက်ကြီးများကလည်း တစ်ဘက်ကိုတစ်ဘက် ပစ်ခတ်နေကြပါသည်။ထိုတိုက်ပွဲကြီး၏ စစ်တလင်းမှာ မိုင်ပေါင်းများစွာကျယ်ပြီး တစ်နေ့လုံး အပြင်းအထန်တိုက်ခိုက်ကြပါသည်။ ဧရာမမီးခိုးလုံးကြီးများက နေရာတိုင်းတွင် တလိပ်လိပ်တက်နေသည်။ မဲနက်ညိုမှိုင်းနေသော မီးခိုးလုံးကြီးများမှာ ကောင်းကင်တစ်ခုလုံး ဖုံးအုပ်လျက်ရှိသည်။

Orcစစ်သည်များသည် အပြင်းအထန်ခုခံကြသော်လည်း နောက်ဆုံးတွင် ရှုံးနိမ့်သွားကာ ခံစစ်လိုင်းနောက်သို့ ဆုတ်ခွါပေးလိုက်ရသည်။ ဤမဟူရာဝင်ပေါက်တိုက်ပွဲကြီးသည် ဒုတိယစစ်ကြီး၏ နောက်ဆုံးတိုက်ပွဲကြီးပင်ဖြစ်ပါသည်။မည်သို့ပင် ခုခံတိုက်ခိုက်ကြသော်လည်း နောက်ဆုံးမှာ ကျွန်မတို့Orcတွေအရေးနိမ့်သွားခဲ့ရပါပြီ။ ဒီတစ်ခါတော့ ကျွန်မ ပေါက်ကွဲသွားပါတယ်။“ဟင်. . .သည်လို လွယ်လွယ်ကူကူ ရှုံးသွားရအောင် Hordeထဲက အသက်ရှင်ကျန်တဲ့ရဲမက်တွေက မတိုက်ကြတော့ဘူးလား၊ မခုခံကြတော့ဘူးလား၊ မကာကွယ်ကြတော့ဘူးလား၊” ။ကြီးမားသော ပေါက်ကွဲသံက ကျွန်မ၏နားများအား ဖုံးအုပ်လိုက်သည်။ ဗြုန်းဆို. . . အားလုံး မည်းမှောင်သွားလေသည်။ ပေါက်ကွဲမှုက ကျွန်မ၏ ခြေထောက်တွင် လေပင့်၍မှုတ်သွား၏။ ကျွန်မ မတ်တပ်မထနိုင်ချေ။ ပေါက်ကွဲမှုထဲ၌ ဖုန်များရော၍ ဘာမျှ မမြင်ရချေ။ကျွန်မရဲ့ခန္ဓာကိုယ်က မြေမှုန်ကြား၌ သွေးလူးသော အရုပ်တစ်ခုကဲ့သို့ လဲကျနေသည်။ အသက်မရှုမိတော့ချေ။ သွေးဆုတ်၍ ဖြူလျော်နေလေပြီ။  ဒီ…ဝေဒနာ! ကျွန်မ အဲ့ဒါကို …မထိန်းချုပ်နိုင်တော့ဘူး! …ကျွန်မရဲ့ အလောင်းက မြေမှာလဲလျောင်းအေးစက်နေပြီးနောက်မှာ… ကျွန်မရဲ့သရဲတစ္ဆေက ဘယ်သွားရမှာလဲ? ကျွန်မ… သေခြင်းကို. . . ကြောက်ရွံ့တယ်။

ကျွန်မ. . .သေပြီးနောက်အထိ ရှင်သန်နေချင်တာရှင့် ။



̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵ ̵ ̵ ̵ ̵̵ ̵ ̵ ̵ ̵ ̵̵̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵ ̵̵̵̵




Two Worlds, One Home

လဲပြိုနေသော မီးကျွမ်းနေသည့် ၀က်သစ်ချပင်ကြီး နောက်ဘက်၌ Orcများသည် တန်းစီထိုင်နေကြသည်။ အစီအရီပေါက်နေကြသော သစ်ပင်ကြီးငယ်များမှာလည်း မီးကျွမ်းလောင်ပြီး မြေပေါ်သို့လဲကျနေခဲ့၏။ တပ်ဖွဲ့ခေါင်းဆောင်ရောက်လာသောအခါ စစ်သားများက ကွင်းထဲတွင် ပြန်တန်းစီကြ၏။တပ်သားများက နှစ်လိုင်းပုံသဏ္ဍာန် လမ်းမတစ်ဖက်စီမှာ လျှောက်ကြပြီး မဟူရာဝင်ပေါက်ကြီးဆီသို့ဖြစ်သည်။ ရှေ့ဆုံးမှ တပ်ဖွဲ့ခေါင်းဆောင်က လျှောက်၏။ ပါးလွှာလှသော နှုတ်ခမ်းများမှာ စကားတစ်လုံးတစ်လေ ထုတ်ဖော်ရန် ခဲယဉ်းသည့်အလား တင်းတင်းစေ့နေသည်။  ဤနည်းသည် သူတို့လိုချင်သော အိမ်အပြန်နည်းလမ်း ဖြစ်သည်တော့မဟုတ်ပေ။

ကြာသော် တပ်ဖွဲ့သည် ၀က်သစ်ချပင်များကြားမှ ဖြတ်လျှောက်ကြသည်။ ထို့နောက် ကွင်းပြင်ကို ဖြတ်၍ Orcများရဲ့မွေးရပ်မြေဖြစ်သော Draenorကမ္ဘာရှိဘီလူးမျိုးနွယ်မိသားစုများထံ ချီတက်ကြလေသည်။ တပ်ဖွဲ့သည် ကွင်းပြင်တစ်ခုကို ဖြတ်ကျော်ခဲ့ပြီးပြီ။ နေမင်းသည် အနောက်ဘက် ကောင်းကင်ယံသို့ တိမ်းယိမ်းစပြုနေလေ၏။ ကျွန်မ၏ စွန့်စားခန်းများ အဆုံးမသတ်သေးပါ။ “ မမ ” ဟု ခေါ်ရင်း ကောင်မလေးတစ်ယောက်က . . .အပြုံးတစ်ခုကို ကြိုးစား၍ ပြုံးပြနေ၏။ သူမသည် ဘယ်ဘက်ခြေထောက်ကပတ်တီးချည်ထားရကား ၃ဆခန့် ယောင်ရမ်းနေ၏။ညာဘက်အောက်ပိုင်း မျက်နှာက ယောင်ကိုင်းနေသည်။ မေးစေ့နားမှာလည်း ခရမ်းရောင်အ၀ိုင်းတစ်ခုကို ချုပ်ရိုးများနှင့် မြင်ရသည်။ ကျွန်မ၏ မျက်စိထဲတွင် တစ်စုံတစ်ခုကို လှမ်းမြင်လိုက်၏။ ထိုအရာကား ဖြူဖြူပစ္စည်းတစ်ခုဖြစ်သည်။ သူမ၏ မေးစေ့ကို သုတ်နေခဲ့သော ပတ်တီးစကို လေတိုက်လိုက်သဖြင့် သဲတောင်ပူစာခုံတစ်ခုတွင် သွားတင်ခြင်းဖြစ်ပေသည်။

 “ကျွန်မ ဒုက္ခတွေ့နေပြီ။ မီအောင်မလိုက်နိုင်ဘူး”သူမကပြော၏။

“ကွင်းဖြတ်ဖို့ တွဲသွားမှာပေါ့”

ကျွန်မက သူမ၏ ချိုင်းထောက်ကို ယူလိုက်၏။ သူမက ကျွန်မကိုမှီပြီး ဧရာမစစ်တလင်းပြင်ကြီးကို ဖြတ်ကူးကြလေသည်။ ယခုတော့ သူမ. . .စိတ်မပူတော့ပါ။ စိတ်လှုပ်ရှားမှုကို ထိန်းနိုင်ပြီ။ ဤသည်မှာ သူမ နောက်ဆုံးလိုချင်သောကိစ္စ ဖြစ်၏။ ကျွန်မတို့ ဧရာမကွင်းပြင်ကြီးကို ဖြတ်ကူးကြလေသည်။ တစ်ခဏမျှ နှစ်ယောက်သား တိတ်ဆိတ်နေပြီး ကောင်းကင်ကို မော့ကြည့်နေကြသည်။ကောင်းကင်ယံတွင် ရောင်စုံ တိမ်တိုက်များသည် အစုလိုက် အခဲလိုက် ရွေ့လျားနေ၏။ တိမ်ညို၊ တိမ်ဝါနှင့် တိမ်ပြာရောယှက်နေသည့် တိမ်တိုက်များတို့သည်လည်း ညနေခင်း နေမင်း၏ ရောင်ရှိန်ဖြင့် တထိန်ထိန် တောက်ပလျက်ရှိကြ၏။ အချို့ အချို့သော တိမ်တိုက်များမှာလည်း နဂါးရုပ်၊ ဂဠုန်ရုပ် ပုံသဏာန်များ ဖြစ်ပေါ်ကာ ကောင်းကင် ၀ဠာပြင်တွင် ပြေးတမ်းလိုက်တမ်း ကစားနေကြသကဲ့သို့ ရှိနေလေ၏။ ကျွန်မက တိမ်တွေကို စိုက်ကြည့်နေသော်လည်း အမှန်တော့ တိမ်တွေကိုဖောက်၍ အာကာသထဲရှိDraenorကမ္ဘာသို့ ကြည့်နေခြင်းဖြစ်သည်။ တစ်ချိန်တုန်းကလိုပဲ ကျွန်မတို့ရဲ့ ဗိမ္မာန်မှာ ကျွန်မတို့ ပြန်မင်းမူနိုင်ပြီလေ။ ကျွန်မတို့မှာ ဘာမှန်းမသိ ညာမှန်းမသိနှင့်  Azerothသို့ ရောက်နေသည်မှာ နှစ်များစွာရှိခဲ့ပြီ။ သို့သော်. . .
ယခုအချိန်ကျမှသာ “အိမ်”ဟု ခံစားလိုက်ရလေသည်။ ညနေခင်း နေချိုချမ်းတွင် လေပျိုဖြန်းသည် တညင်းညင်း တိုက်ခတ်လျက်ရှိ၏။

“ မင်း တိမ်တွေကို ဘယ်လိုပုံစံ မြင်သလဲ”ဟု ကျွန်မက မေးလိုက်သည်။

“ကျွန်မတော့ မျက်မှောင်ကြုတ်နေတဲ့ လူတစ်ယောက်နောက် နွားတစ်ကောင် လိုက်နေတဲ့ပုံ မြင်တယ် မမ. . . ”

“မင်းက လက်တွေ့သမားပဲကွယ့်၊ ” 

သူမ ရယ်၏။ သူမရယ်သံနှင့်အတူ တိမ်တွေကလည်း ရှေ့နောက် ယိမ်းယိုင်လေသည်။

---- Zaela



ဖတ်ရှုပေးသည့်အတွက် ကျေးဇူးအထူးတင်ရှိပါသည်။

Warlords of Draenor တွင် Garrosh Hellscream သည်အချိန်နောက်ကြောင်းပြန်သွားခဲ့ပြီး အတိတ်ကာလကိုပြန်ရောက်သွားခဲ့ပါသည်။ သူ၏လုပ်ရပ်ကြောင့် ဇာတ်ကောင်တစ်ဦးတွင် အတိတ်သမိုင်းနှစ်မျိုးဖြစ်နေခြင်းများ၊ မူရင်း timeline တစ်ခုလုံးပြောင်းလဲသွားခြင်းများ ပါဝင်လာတော့မည်ဖြစ်သောကြောင့် ရှင်းပြနိုင်ရန်အတွက် အချိန်ယန္တရားနှင့်ပတ်သက်သောသဘောကို ရူပဗေဒဘာသာပြန် စာအုပ်များမှ ရှာဖွေ၍ကြားညှပ်ဖော်ပြပေးခြင်းဖြစ်ပါသည်။

What difference would it make to be living a day more or less?

Offline forhorde

  • Jounin
  • ****
  • Posts: 420
  • Influence: +3/-0
  • xiaolongnu of ancient tomb
    • View Profile
Re: The Diary of a Young Girl Part Two
« Reply #11 on: October 22, 2016, 11:01:35 pm »
ကြားညှပ်

၂၂     အောက်တိုဘာ   ၂၀၁၆


ညနေ ဖြစ်သည်။ လင်မယားနှစ်တွဲသည် အပန်းဖြေမြို့က ဟိုတယ်၏ စားသောက်ခန်းထဲ သူတို့ထိုင်နေကျ စားပွဲမှာ ထိုင်နေကြသည်။ စားပွဲထိုးက သစ်သားကြမ်းပြင်ပေါ် ဖြတ်လျှောက်လာ၍ သူတို့မှာတာတွေကို မှတ်သည်။



*   *   *


“ကျွန်မတော့ နက်ဖြန် ရာသီဥတု သာယာမယ်ထင်တာပဲ”ဟု ခေါင်းမှာ ပိုးစ စည်းထားသည့် မိန်းမက ပြောသည်။ “သည်လိုဆို သိပ်ကောင်းတာပေါ့” ကျန်လူတွေက ခေါင်းညိတ်သည်။“နေသာမှ ရေချိုးရတာ ပိုပြီးဇိမ်ရှိတာနော်။ ဒါပေမဲ့ ကိစ္စတော့ မရှိပါဘူးလေ”။


“လေးလေး-တစ်လေး ပေါက်တယ်ဗျ” ။ “ပိုက်ဆံပေါလို့ကတော့ ကျုပ် သည်ကောင့်ကို အောတယ်ဗျာ” ရေတပ်ဗိုလ်ချုပ်ကြီးက ပြောသည်။ “ခင်ဗျား သွေးရှိရင် ကျုပ် ငါးလေး တစ်လေး ပေးမယ်ဗျာ” ဟု အခြားယောက်ျားက ပြောသည်။


မိန်းမတွေက ပေါင်မုန့်တွေကို ဖဲ့၍ ထောပတ်သုတ်ကြပြီးနောက် ဓားတွေကို ထောပတ်ပန်းကန်ပြားဘေးမှာ ဂရုတစိုက် ပြန်ထားလိုက်ကြသည်။ “ဒီလက်သုတ်ပ၀ါတွေရဲ့ အနားလေးတွေကို ကျွန်မ သိပ်သဘောကျတာပဲ” ဟု ခေါင်းမှာ ပိုးစ စည်းထားသည့် မိန်းမက ပြောသည်။ သူမက လက်သုတ်ပ၀ါကို ယူ၍ ဖြန့်၏။ ပြီးတော့ ပြန်ခေါက်သည်။ ညစာ ရောက်လာပြီ။ သည်နေ့ညအဖို့ ကျောက်ပုစွန်၊ ကညွတ်၊ အမဲကင်နှင့် ၀ိုင်တို့ဖြင့် ညစာ တည်ကြသည်။ “အမဲသားကိုတော့ ကျုပ် ဘယ်လောက်စားစား မမုန်းဘူးဗျို့”ဟု ရေတပ်ဗိုလ်ချုပ်ကြီးက ကျေနပ်အားရစွာ ပြောသည်။ “ခင်ဗျား နှစ်တိုင်း ဒီလိုပဲ ပြောတယ်နော်။ အိုဗျာ လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းကလည်း ဒီတိုင်းပဲ။” ဟု အခြားယောက်ျားက ပြောပြီး ပြုံးသည်။


“ကျွန်မပဲ အထင်မှားနေတာလား မသိဘူး။ ဒီအခန်းထဲမှာ ဒီနှစ်ကျမှ လေနည်းနည်း ပိုတိုးနေသလိုပဲ”ဟု ရေတပ်ဗိုလ်ချုပ်ကြီးကတော်က ပြောသည်။ ကျန်သူတွေ ခေါင်းညိတ်ကြ၏။ “ကျွန်မက အခန်းအေးအေးထဲမှာ အိပ်လို့ အပျော်ဆုံးပဲ။ ဒါပေမဲ့ လေတိုးရင်တော့ ချောင်းဆိုးပြီး လန့်နိုးလာတတ်တယ်”။ ကော်ဖီ ရောက်လာပြီ။ ယောက်ျားတွေက ဆေးလိပ်သောက်ခန်းဆီ ထွက်သွားကြ၏။ မိန်းမတွေကမူ အပြင်ထွက်ပြီး ၀ရန်တာကြီးပေါ်မှာ ကြိမ်ဒန်းစီးကြသည်။ “ကလေးတွေကာ”။ “တစ်နှစ်ကြီးလာတယ်”။


ဟိုတယ်တိုင်း၊ မြို့တိုင်း၊ အိမ်တိုင်း၊ ရွာတိုင်းမှာ သည်လိုပုံစံတွေပဲဖြစ်သည်။ သည်ကမ္ဘာမှာ အချိန်သာ လွန်သွား၏။ ဘာမျှ သိပ်ပြီးမဖြစ်ပျက်ပေ။ တစ်ရက်ပြီး တစ်ရက်၊ တစ်လပြီး တစ်လ၊ တစ်နှစ်ပြီး တစ်နှစ်သာ ကုန်သွား၏။ ဘာမျှ သိပ်ပြီးမဖြစ်ပျက်သလိုပင်။ အကယ်၍ အချိန်နှင့် ဖြစ်ရပ်တွေသာ အတူတူဖြစ်ခဲ့လျှင် အချိန်သည် လုံးလုံးမရွေ့လျားပေ။ အကယ်၍ မတူခဲ့ပါက လူတွေသာ လုံးလုံး မရွေ့လျားခြင်း ဖြစ်မည်။ သည်ကမ္ဘာမှာ ရည်မှန်းချက် မရှိသူသည် နာ၍ နာမှန်းမသိ။ ရည်မှန်းချက် ရှိသူကျတော့ နာ၍ နာမှန်း သိ၏။ တမြည့်မြည့်နှင့် ခံစားရလေသည်။



What difference would it make to be living a day more or less?