Author Topic:ံHellscream  (Read 134 times)

Offline forhorde

  • Special Jounin
  • *****
  • Posts: 543
  • Influence: +3/-0
  • xiaolongnu of ancient tomb
    • View Profile
ံHellscream
« on: July 07, 2018, 03:50:38 pm »

Gul’danရဲ့ပြဇာတ်ထဲ ကမ္ဘာအစိတ်စိတ် အမွှာမွှာကွဲမသွားခင်အချိန်ကလေး ညဉ့်တစ်ညဉ့်မှာ လူစိမ်းနှစ်ဦးသည် Draenorကမ္ဘာမြေပေါ်သို့ကျရောက်လာခဲ့၏။ သူတို့တွေရဲ့ လာရခြင်းအရင်းခံအကြောင်းတွေကလည်း လျှို့ဝှက်ဆန်းကြယ်ဝတ္ထုထဲက ပဟေဋိဆန်သောဇာတ်သွင်းထားသလို ပုံးကွယ်နေခဲ့၏။ Draenorသည် ယှဉ်ဘက်Azerothပေါ်ရှိ သက်ရှိသတ္တ၀ါတွေအားလုံးကို ဘီလူးဘေးထဲထားတော့မှာလား?



ငရဲထိန်း



By Robert Brooks


အပိုင်း ၁


Nagrandရဲ့ မြေညီရှုခင်းအား Garrosh သေချာစွာစစ်ဆေးကြည့်ရှုလိုက်၏။ Warsongကင်းထောက်ဝံပုလွေတပ်တွေ မြင်ကွင်းထဲရောက်မလာခဲ့သည်မှာ ရက်များစွာရှိခဲ့ပြီ။ ၀ံပုလွေစီးတပ်များသည် ကင်းထောက်တပ်များဖြစ်သကဲ့သို့ ရန်သူကို အချိန်မရွေးထိုးနှက်နိုင်သည်ဖြစ်ရာ တွေ့လို့ကတော့ ကိစ္စချောပြီမှတ်။ သူတို့တွေ ဘာတွေလုပ်နေကြလို့လဲ? ဒီတောင်ကုန်းထိပ်ကလေးကတော့ မျိုးစုရဲ့ပိုင်နက်နယ်မြေအစွန်အဖျားပေါ်မှာရှိပါ၏၊ ပြီးတော့ ငြိမ်းချမ်းရေးရနေသည့် ကာလအတွင်းမှာ ဒီနေရာကို တိုက်ကင်းလှည့်လည်ဖို့ကတော့ အကြောင်းပြချက်အနည်းငယ်သာရှိပါ၏။ ရုတ်တရက်ဝင်စီးတတ်သည့် Ogreတပ်တွေက အနောက်ဘက်တစ်လွှားမှလာကြ၏။ တခြား Orcမျိုးစုများကတော့ အရှေ့ဘက်တစ်ခိုမှနေ၍ ချဉ်းကပ်ထိပါးကြလိမ့်မည်။ ဒီလိုရာသီမျိုးမှာ တိုက်ပွဲမဆိုထားဘိ အမဲလိုက်ရရှိမှုတောင်မှပဲ ကျဲပါးလှ၏၊ Garrosh ပြန်လည်အမှတ်ရမိနေ၏။

ဒီတောင်ကုန်းထိပ်ကလေးပေါ်မှာ သူနောက်ဆုံးအကြိမ်ထိုင်ခဲ့သည့်အချိန်ကဆို တော်တော်လေးငယ်သေး၏၊ ပြီး ̵ ̵̵ ̵
 
   မဟုတ်ဘူး။ ဒီ တောင်ကုန်းထိပ်ကလေးပေါ်မှာ Garroshဘယ်တုန်းကမှမထိုင်ခဲ့ဖူးပေ ဒါမှမဟုတ် ဒီ  သစ်ပင်တွေကို ဘယ်တုန်းကမှတွယ်မတက်ခဲ့ဖူးပေ သို့မဟုတ် ဒီ  မြင်ပင်တွေကို သူ့လက်ချောင်းတွေက ဘယ်တုန်းကမှ ဖြတ်သန်းပွတ်သပ်မသွားခဲ့ဖူးပေ။ ဒီဟာက တစ်ခြားကမ္ဘာတစ်ခုသာဖြစ်ပါ၏။

   Kairozdormuက သူ့အားအစိမ်းသက်သက်ဖြစ်သော ရှာဖွေတွေ့ရှိမှုအချို့နှင့်ကြုံတွေ့ရဖို့ပြင်ဆင်ထားရန် အကြံပေးထား၏။ အချိန်ရဲ့လမ်းမတွေကို လေ့လာရင်းနဲ့ ငါ့ရဲ့ဘ၀ကို ငါကုန်ဆုံးခဲ့တယ်။ အကယ်၍ မင်းက မြင်ပင်တွေရဲ့ဓားသွားရွက်ချွန်းတွေကို ကြိုးစားရေတွက်ပြီး အတိတ်ကအရေအတွက်နဲ့ နှိုင်းယှဉ်ကြည့်ဖို့ကြိုးပမ်းရင် ကိုယ့်ဟာကိုယ် ရူးသွပ်သွားအောင်လုပ်တာနဲ့တူလိမ့်မယ်၊ ၄င်းကပြောခဲ့၏။ ငါ့ အစီအစဉ်က ကံကြမ္မာမျက်နှာသာပေးမယ့် အခြေအနေ. . .အနည်းငယ်တော့လိုတယ်၊ ပြီးတော့ အဲ့ဒီအခြေအနေကို ငါတို့ဒီမှာရှာတွေ့ပါလိမ့်မယ်။ ဒီဥစ္စာက ငါတို့အတွက် လုံးဝကွက်တိဖြစ်တဲ့ အချိန်ရေစီးပဲ။ ငါတို့လိုချင်တာနဲ့ အလုံးစုံတူညီနေတဲ့ ကြေးမုံပြင်ပုံရိပ်တစ်ခုလိုတော့မဟုတ်ဘူးပေါ့၊ အဲ့ဒီလိုဖြစ်ပေမယ့်လို့ ငါတို့လိုချင်တာနဲ့ ကွက်တိတော့ဖြစ်ပါတယ်။

   အဲ့ဒါကို မြင်တွေ့ရန်ကျန်ရှိနေသေး၏။ Garrosh သူ့ရဲ့မျက်လုံးတွေကိုလက်နဲ့အနည်းငယ်ကာလိုက်ပြီး မွန်းတည့်နေရောင်ခြည်အောက်ရှိဒေသလေးကို စိုက်ကြည့်နေလိုက်၏။ အနည်းဆုံးတော့ ဒီတောင်ကုန်းလေးက ခဏတဖြုတ်အနားယူဖို့ရန် စိတ်ချရသောနေရာမှန်းတော့ သူသိ၏။ ဖြန့်ကျက်ထားသော မြက်ခင်းရိုင်းတွေက လှပ၍ စိတ်ကိုရွှင်လန်းစရာ ထူထပ်စွာပေါက်ရောက်နေကြ၏၊ အလိုမရှိဘဲရောက်ရှိလာမည့်မည်သူကိုမဆို ဟိုးအဝေးကတည်းကပင် ထင်ရှားစေပြီး Garroshသတိပြုမိပေလိမ့်မည်။

   သူ့ရဲ့နောက်ဘက်မှာတော့ Kairozသည် သူ့ဟာသူသက်တောင့်သက်သာရှိနေ၏၊ မီးခိုးငွေ့တွေနဲ့ စခန်းချတဲမီးဖိုအနီး ကျောခင်းလဲလှောင်းနေ၏၊ ချွန်ထက်သောအစွန်းအသွားတွေရှိသည့် ဖန်ကွဲစအကွေးတစ်ခုကို သူ့မျက်လုံးတွေထက်မှာ ကိုင်မြှောက်ကြည့်နေ၏။ စခန်းချတဲမီးဖိုရဲ့အလင်းနဲ့ မွန်းတည့်နေတို့သည် ထိုအရာရဲ့မျက်နှာပြင်ပေါ်ဖြတ်သန်း၍ ကြေးဝါရောင်တလက်လက်တောက်ပနေ၏။ “ငါတို့ ဆွေးနွေးခဲ့တဲ့အကြောင်းအရာကို တွေးကြည့်နေတာမလား၊ Hellscream? အဲ့ဒါဆိုရင်တော့ မင်း အချိန်ဖြုန်းပြီးသွားပြီ ̵ ̵ ̵ ̵  ”

   Garroshဖြုန်းခနဲနောက်သို့လှည့်ကြည့်လိုက်၏၊ ၄င်းအားစူးရဲစွာစိုက်ကြည့်လိုက်၏။ “ငါ့ကို အဲ့ဒီနာမည်နောက်တစ်ခါ ထပ်မခေါ်နဲ့။ ဒီနေရာမှာ မခေါ်နဲ့။ နောက်လည်း ဘယ်တော့မှမခေါ်နဲ့ကွ။”

   Kairozအချိုးမကျစွာ ထထိုင်လိုက်၏။ ကြေးဝါနဂါးမှာ ၄င်းရဲ့အသစ်ဖန်ဆင်းလိုက်တဲ့ Orcပုံစံထဲမှာ ယဉ်ယဉ်ကျေးကျေးပြုမူလှုပ်ရှားလို့မရဖြစ်နေ၏။ “အဲ့ဒါမကောင်းဘူးလား? မင်းရဲ့မိသားစုအမည်က Warsongတွေရဲ့ အာရုံစူးစိုက်မှုကို ကျိန်းသေပေါက်ဖမ်းနိုင်လိမ့်မယ်။ အကြောင်းကိစ္စတွေကို အဆင်ချောသွားစေမှာပဲ။”

   “မင်း ဘာမှမသိဘဲပြောနေ၊ အဲ့ဒါက Gorehowlကို ငါ့လည်ပင်းကိုတောက်လျှောက်ဖြတ်သွားစေလိမ့်မယ်။ ပြီးတော့ မင်းလည်ပင်းကောပဲ၊” Garroshပြောလိုက်၏။

   Kairozကိုယ့်ကိုယ်ကိုကျေနပ်သည့် အတ္တပြုံးကိုပြုံးလိုက်၏။ သူ့ရဲ့ခံစားချက်ကိုပြသသည့်မျက်နှာအနေအထားမှာ quel’doreiတစ်ဦးမှန်း ကြားလွယ်မြင်လွယ်ပါ၏၊ ဒါပေမယ့် Orcမျက်နှာတစ်ခုအပေါ်မှာတော့ နေရာမကျဖြစ်နေ၏။ “မင်းရဲ့အဖေနဲ့ သူ့လက်နက်က ငါ့ကိုမထိနိုင်ပါဘူး။ သူလေထဲမပျံနိုင်ဘူး ဆိုရင်ပေါ့။”

   Garroshပြန်မတုံ့ပြန်တော့ပေ။ တေးထားလိုက်၏။ Grommash Hellscreamရဲ့ရှေ့မှောက်မှာ မင်းရဲ့ဖျောက်ဖျက်ထားတဲ့ နဂါးပုံစံကို ထင်ရှားပြဖို့ပဲငါမျှော်လင့်ပါတယ်။ ငါအဲ့လိုဖြစ်အောင် ကျိန်းသေပေါက်လုပ်လိမ့်မယ်။

What difference would it make to be living a day more or less?

Offline forhorde

  • Special Jounin
  • *****
  • Posts: 543
  • Influence: +3/-0
  • xiaolongnu of ancient tomb
    • View Profile
Re:ံHellscream
« Reply #1 on: July 07, 2018, 04:01:17 pm »
   Kairozဖန်ကွဲစအကွေးအား သူ့ရဲ့ပေါင်ခွင်ကြားထဲစိုက်ချထားလိုက်၏။ အဲ့ဒီရိုးရိုးလှုပ်ရှားမှုလေးတစ်ခုကတောင်မှ ဘီလူးတစ်ကောင်နဲ့အတူဘဲ သရုပ်ဆောင်မှားယွင်းနေ၏။ “အဲ့ဒီလိုဆိုတော့ မင်းမှာ ဆုံးဖြတ်ချက်တစ်ခု ရှိထားပြီပေါ့?”

   “ငါ ရွေးထားပြီးပြီ။”

   “အဲ့ဒီနောက်ဘယ်လိုလုပ်ဖို့ရှိလဲ?”

   Garroshသူ့ရဲ့လေသံကိုသာမန်မျှဖြစ်အောင်ထိန်းလိုက်၏။ “အခုချိန်က ငါတို့အတွက် အချိန်ရေစီးရဲ့အဖြစ်အပျက်တွေကနေ ခပ်ဝေးဝေးနေရမယ့်အချိန်ပဲ၊” သူပြောလိုက်၏။

   “အဲ့ဒီလိုလား?” Kairozသူ့အားရယ်စရာကဲ့သို့တညင်းညင်းရယ်လိုက်၏။ “အဲ့ဒီ ရွေးချယ်စရာကို ကမ်းလှမ်းခဲ့ဖူးလားဆိုတာ ငါမမှတ်မိတော့ဘူး။”

   “မင်းက Orcနဲ့အသွင်တူကောင်းတူလိမ့်မယ်၊ ဒါပေမယ့် Orcတစ်ကောင်လိုတော့ သရုပ်မဆောင်နိုင်ဘူး။ သူတို့တွေက မင်းကိုကျိန်းသေရိပ်မိမှာပဲ။ သူတို့တတွေကို ငါ့ဘာသာငါချဉ်းကပ်ဖို့လိုလိမ့်မယ်၊” Garroshပြောလိုက်၏။

   “ငါနားလည်ပြီ။ ပြီးတော့ ဘယ်အချိန်လောက်ငါမင်းနဲ့ ပြန်ပူးပေါင်းနိုင်မလဲ?” Kairozရဲ့ ကိုယ့်ကိုယ်ကိုကျေနပ်နေသည့် အတ္တပြုံးက ပို၍လေးနက်သွား၏။

   “ဘယ်သူပြောနိုင်မလဲ? ဘယ်အချိန်ကျပြန်ပူးပေါင်းဖို့ သင့်လျော်မယ်ဆိုတာ ̵ ̵ ̵ ̵ ”

   “ဘယ်တော့မှလို့ မင်းဆိုလိုလိုက်တာပဲ။” Kairoz သူ့ရဲ့ခေါင်းကိုခါလိုက်၏။ “အိုး၊ Garrosh GarroshGarrosh။ ပါးနပ်မှုက မင်းရဲ့အားသာချက်တစ်ခုမဟုတ်ပါလားနော်။ မင်းကိုယ်မင်း အရှက်ရအောင်မလုပ်နဲ့။”

   Garroshအနည်းငယ်ခက်ထန်သည့် ပြန်ကြားမှုတစ်ခုလုပ်လိုက်၏။ “ကောင်းပြီလေ။” သူ့အသံကို ထိန်းထားခဲ့၏။ “ငါရှင်းရှင်းပဲပြောပါ့မယ် :  ငါ့ရဲ့Hordeက နဂါးတစ်ကောင်ရဲ့အကူအညီမလိုဘူးကွာ။”

   “ဟမ်း။ မင်းရဲ့ Horde?” Kairozဖြည်းညင်းစွာမတ်တပ်ထရပ်လိုက်၏၊ ဖန်ကွဲစအကွေးအား ဟန်ချက်ညီအောင် လက်တစ်ဖက်တည်းနဲ့ ဂရုတစိုက်ထိန်းထားလိုက်၏။ “မင်းရဲ့ Hordeဆိုတာက မင်းရဲ့အုပ်စိုးမှုအာဏာကိုဖယ်ရှားလိုက်ကြပြီ။ ငါသာမပါရင်၊ အခုချိန်လောက်ဆို အကျဉ်းခန်းငယ်လေးတစ်ခုထဲမှာ မင်းသေပြီးတော့တောင်ပုပ်ဆွေးနေလောက်ပြီ။ ငါ့ကိုထွက်သွားလို့ပြောဖို့ မင်းမှာအခွင့်အရေးမရှိဘူး။ ”  တစ်ပါးသူဟန်ဆောင်၍ လိမ်ညာလှည့်စားထားသူOrcသည် ၄င်းရဲ့ဦးခေါင်းအား တစ်ဖက်သို့စောင်းပြလိုက်သေး၏။ “ပြီးတော့ အကယ်၍မင်း အနေအထိုင်ဆင်ခြင်ဖို့ ငြင်းပယ်ခဲ့ရင်၊ အာဏာပါးကွက်သားရဲ့ ပုဆိန်လက်ချက်က ညှာတာမှုကိုစောင့်ဆိုင်းနေရတဲ့အချိန်ကိုပြန်ရောက်အောင် ငါလုပ်နိုင်တယ်။”

   Kairozရဲ့နောက်လက်တစ်ဖက်က ၄င်းရဲ့ခါးကိုပတ်ထားသည့်အ၀တ်စထဲမှာ ရှိနေ၏၊ ၄င်းရဲ့high elfဆိုင်ရာအ၀တ်အစားမှ ဆက်လက်ဝတ်ဆင်ထားသည့် တစ်ခုတည်းသော အ၀တ်အပိုင်းအစဖြစ်၏။ အထဲတွင် သတ္တုရဲ့အဆက်မပြတ်ထွက်ပေါ်နေတဲ့ ခလောက်သံကို Garroshကြားနေရ၏။ လျှို့ဝှက်လက်နက်တစ်ခုများ ဖြစ်နေမလား?

   ကြိုတင်မျှော်လင့်ထားသည့် ကြမ်းကြုတ်ရက်စက်လိုမှုတစ်ခုက Garroshရဲ့စိတ်ပေါ်သို့ဖြုန်းခနဲကျရောက်လာ၏။ ကမ္ဘာက ပိုမိုရှင်းလင်းလာ၏၊ ဒေါသကြီးသမားရဲ့ အသံမပေးဘာမပေး တစ်ချက်တည်းပြေးသတ်တတ်တဲ့စရိုက်က ထက်မြက်လာ၏။ ထိုအမှတ်လက္ခဏာတွေကို အပြင်ထွက်အောင် သူခွင့်ပြုလိမ့်မည်မဟုတ်ပေ။ “ငါ့ရဲ့ပြည်သူတွေက သူတို့ကိုပေးထားတာထက် ပိုကောင်းတဲ့ကံကြမ္မာနဲ့ထိုက်တန်ပါတယ်။ ငါအဲ့ဒါကို ပြင်ဆင်ပေးလိမ့်မယ်။ မင်းမပါဘဲနဲ့ပေါ့၊” Garrishပြောလိုက်၏။

   “မင်းငါ့ကိုအမိန့်တွေလာမပေးနဲ့၊” Kairozပြောလိုက်၏။ “ငါက ̵ ̵ ̵ ̵  ”

   ရပြီ ။ ကြိုသတိပေးခြင်းမရှိဘဲနဲ့ Garroshအရှေ့သို့ခုန်လိုက်၏၊ သူ့ရဲ့စကားလုံးမဲ့ တိုက်ပွဲခေါ်သံက လေထဲမှာပြည့်နှက်သွား၏။ ခြေသုံးလမ်းနဲ့ စခန်းချတဲမီးပုံကိုခုန်ကျော်ပြီး Kairozရဲ့လည်ပင်းကို ဖမ်းညှစ်လိုက်၏၊ လည်ပင်းကိုဖျစ်ရင်းနဲ့အပေါ်သို့ဆွဲမြှောက်လိုက်၏။

   ဒီနေရာမှာ ကြေးဝါရောင်အလင်းတန်းတစ်ခုထတောက်သွား၏။ Kairozရဲ့လက်ထဲမှ ဖန်ကွဲပိုင်းအကွေးမှ အလင်းရောင်တလျှပ်လျှပ်တောက်ပသွား၏။

   Garrosh မျက်တောင်ခတ်လိုက်၏။ သူ့လက်သည်ဘာကိုမှ ဖျစ်ညှစ်မထားတော့ပေ၊ ဒါပေမယ့် လေကိုတော့ဖျစ်ညှစ်ထားပါ၏။ စခန်းချတဲမီးဖိုသည် သူ့ရှေ့မှာတစ်ဖန်ရောက်ရှိလာ၏၊ ခြေသုံးလှမ်းအကွာမှာဖြစ်၏၊ သူဘယ်တုန်းကမှမရွေ့ရှားခဲ့သလိုမျိုးဖြစ်၏။ Kairozထွက်ခွါသွားခဲ့ပြီဖြစ်၏။ နားလည်ရခက်သည့်အချိန်အနည်းငယ်ကျော်လွန်သွားပြီးနောက် လက်မောင်းတစ်ဖက်သည် Garroshရဲ့လည်ပင်းတစ်လျှောက် မြွေလိမ်မြွေကောက်ရောက်လာပြီး သူ့အားမြေကြီးနဲ့ခြေထောက်လွတ်သွားအောင် ဖမ်းချုပ်လိုက်၏။

   ကမ္ဘာကဇောက်ထိုးမိုးမျှော်ဖြစ်သွား၏။ အေးစက်စက်သတ္တုသား ̵ ̵ ̵ ̵  ရင်းနှီးကျွမ်းဝင်နေတဲ့ သတ္တုသား̵ ̵ ̵ ̵ သည် သူ့ရဲ့လက်ကောက်ဝတ်နှစ်ဖက်တစ်လျှောက် ချောက်ခနဲမြည်သံနဲ့ခတ်လိုက်၏။

    သူရွှံထဲမှာ ခက်ခက်ခဲခဲရုန်းကန်၏၊ Kairozရဲ့ဒူးက သူ့အားမြေကြီးထဲဖိသွင်းထား၏၊ ၄င်းရဲ့လက်ဖျံက Garroshရဲ့လည်ပင်းအား မြဲမြံစွာချုပ်ကိုင်ထား၏။

   “မင်းဘာကြောင့်အဲ့ဒီလိုတွေးသလဲဆိုတော့ ငါကအခုသက်တမ်းတိုမျိုးနွယ်ရဲ့ပုံနဲ့ရှိနေတဲ့အတွက်ကြောင့်ပေါ့၊ ငါကအခုပျော့ညံနေတယ်မလား? ” Kairozတရှစ်ရှစ်အသံရှည်ဆွဲလိုက်၏။ “မင်းဟာ စစ်အကြီးအကဲမဟုတ်တော့ဘူး၊ Hellscream ။ မင်းအခုလွတ်မြောက်နေတယ် ဘာဖြစ်လို့လဲဆိုတော့ ငါအဲ့လိုဖြစ်စေချင်လို့ပဲ။ မင်းအသက်ရှင်နေတယ် ဘာဖြစ်လို့လဲဆိုတော့ ငါအဲ့လိုဖြစ်စေချင်လို့ပဲ။ မင်းရဲ့အဖေနဲ့မင်းပူးပေါင်းပြီး ရှေးOrcမျိုးစုတွေရဲ့ အင်အားတွေကို စုဆောင်းနိုင်လိမ့်မယ် ဘာဖြစ်လို့လဲဆိုတော့ ငါအဲ့လိုဖြစ်စေချင်လို့ပဲ။” Kairozရဲ့ ရုပ်သွင်ပြောင်းလဲစေသည့်ဖန်ဆင်းမှုက လည်တိုင်ထက်မှနေ၍ ရုတ်တရက်ပျောက်ကွယ်သွား၏၊ ၄င်းရဲ့Orcဦးခေါင်းက အများကြီးပိုပြီးကြီးတဲ့ တိရစ္ဆာန်တစ်ကောင်ရဲ့ဦးခေါင်းအဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွား၏။ ကြေးဝါနဂါးရဲ့ကြီးမားတဲ့မျက်လုံးကြီးတွေက အောက်သို့ကြည့်လိုက်ပြီး Garroshရဲ့မျက်နှာနဲ့ လက်မအနည်းငယ်သာကွာတော့၏။ “မင်းက နယ်ရုပ်တစ်ရုပ်ပဲ။ မင်းထက်နိမ့်တာမရှိတော့ဘူး။ အဲ့ဒါကြောင့် အသုံးတည့်အောင်နေရင်နေ၊ ထင်ရာစိုင်းမယ်ဆိုရင်တော့ မင်း လွှင့်ပစ်ခံရလိမ့်မယ်။”

What difference would it make to be living a day more or less?

Offline forhorde

  • Special Jounin
  • *****
  • Posts: 543
  • Influence: +3/-0
  • xiaolongnu of ancient tomb
    • View Profile
Re:ံHellscream
« Reply #2 on: July 07, 2018, 04:03:02 pm »
   Garroshသူ့ရဲ့သွားတွေကိုလှပ်ပြလိုက်၏။ သူ့ရဲ့လက်ကောက်ဝတ်တွေက အတူတကွသံချိန်းခတ်ခံထားရပြီး Shado-panလမ်းစဉ်တစ်ခုရဲ့ရယ်စရာဖြစ်သော မိုက်မဲတွေဝေသည့်လုပ်ဆောင်မှုဆီမှ လွတ်မြောက်လာစဉ်အချိန်က ၀တ်ဆင်ထားခဲ့သည့် အချုပ်အနှောင်နဲ့အတူတူပင်ဖြစ်၏။ ထိုအချုပ်အနှောင်ကို ချိုးဖြတ်လိုက်ရုံအစား Kairozသည်ဘာလို့ အရမ်းဂရုတစိုက်နဲ့ဖယ်ရှားခဲ့တာကို သူယခုမှသဘောပေါက်သွားခဲ့၏။

   Kairozသည် ယင်းတို့အား မြင်ကွင်းမှပျောက်ကွယ်စေခဲ့ပြီး အသင့်အနေအထားဖြစ်နေဖို့ အလိုရှိခဲ့၏။ ထိပ်တိုက်ရင်ဆိုင်မှုတစ်ခုအတွက် ၄င်းက ကြိုတင်တွက်ဆပြီးဖြစ်၏။ မဟုတ်ဘူး၊ ၄င်းအတွက် အသုံးမ၀င်တော့သည့်အချိန်တွင် ၄င်းက ထိပ်တိုင်ရင်ဆိုင်မှုတစ်ခုအား တမင်သက်သက် ပြုလုပ်ဖို့ရန်ဖြစ်၏ ။

   ဖြည်းဖြည်းချင်း၊ တစ်စတစ်စနဲ့၊ Garroshသူ့ရဲ့အမျက်သည်းခြင်းကို ဇက်ကြိုးနဲ့ထိန်းထားလိုက်၏။ သူ့ရဲ့အသက်ရှူမှုကို သူထိန်းညှိလိုက်၏။ မှန်မှန်အသက်ရှူလိုက်၏။ အရူးပဲ။ သူကမင်းကို ငါးစာအဖြစ်ထားတာပဲ။ အဲ့ဒီလိုအမှားကို ထပ်အဖြစ်မခံနဲ့တော့။ သူ့အကြည့်တွင် ပါရှိသည့်ဒေါသနဲနဲပါးပါးက တဖြည်းဖြည်းပျောက်ကွယ်သွား၏။ သူ့အသံကိုထိန်းရန်အတတ်နိုင်ဆုံးကြိုးပမ်းလိုက်၏ ဒါပေမယ့် နောက်ဆုံးသူပြောလိုက်သည့်အချိန်မှာတော့ တည်ငြိမ်အေးဆေးနေပါ၏။

   “အကယ်၍ မင်းငါ့ကိုမလိုအပ်ဘူးဆိုရင် ၊ နဂါး၊ မင်းငါ့ကို Pandariaမှာတင်ထားခဲ့ပြီ၊” Orcပြောလိုက်၏။ “အဲ့ဒါကြောင့် ခြိမ်းခြောက်မှုတွေလုပ်ပြီး ဒုက္ခခံမနေနဲ့တော့။”

   Kairozရဲ့ဖွတ်နဂါးကဲ့သို့သော တိရစ္ဆာန်ပါးစပ်ကြီးက ပြုံးဖြီးဖြီးအပြုံးတစ်ခုသို့ပြောင်းလဲသွား၏။ “ငါတို့ တစ်ဦးနဲ့တစ်ဦး နားလည်ပြီးအဆင်ပြေပြေနေခဲ့ကြတာ ကြာပြီပဲကွာ။”  ၄င်းက Orcပုံစံသို့လုံးလုံးလျားလျားပြန်ပြောင်းလိုက်ပြီးနောက် မတ်တပ်ထရပ်လိုက်ကာ Garroshထံမှနောက်သို့ ပြန်လမ်းလျှောက်သွား၏။

   “အိုး၊ ငါလည်းသဘောတူတာပေါ့။” Garroshကိုယ်ကိုမှောက်လိုက်ပြီး ချည်နှောင်ခံထားရသည့်သူ့လက်တွေနဲ့ဖေးမ၍ သူ့ဟာသူမတ်တပ်ထလိုက်၏။ “အဲ့ဒါကိုယုံပါ။”

   သူမတ်တပ်ထရပ်လိုက်သကဲ့သို့ တဖျက်ဖျက်အလင်းတစ်ခုအားသူ့မျက်လုံးထဲဖမ်းမိလိုက်၏။ အနီးအပါး၌ ဖန်ကွဲစအကွေးသည် အောက်တွင်လဲကျနေ၏၊ ရုန်းကန်လှုပ်ရှားမှုအတွင်း ရွှံထဲသို့ပြုတ်ကျသွားခြင်းပင်ဖြစ်၏။ Kairozထိုအရာသို့ လက်ညှိုးထိုးပြလိုက်၏။ “အဲ့ဒါကို ကောက်လိုက်။”

   Garroshထိုအရာ၌တစ်ချက်ကြည့်လိုက်၏။ “မင်းရဲ့ ကစားစရာတွေကို ကိုယ့်ဘာသာကောက်။”

   “အဲ့ဒါ အခုမင်းရဲ့ဟာဖြစ်သွားပြီကွ။” kairozရဲ့ပြောပုံဆိုပုံက သူ့အားထိန်းချုပ်ရမလွယ်ကူသောကလေးတစ်ဦးကဲ့သို့ တွေးထားပုံရ၏။ “မင်းအဲ့ဒါကို လိုအပ်လိမ့်မယ်။”

   Garroshဖန်ကွဲစပေါ်မှာ မျက်လုံးကိုထားလိုက်ပေမယ့် ရွေ့ရှားမှုတော့မပြုပေ။ ကွေးနေသောဖန်ကွဲစသည် ဖျော့တော့တော့ကြေးဝါအလင်းရောင်တစ်ခုဖြင့် ပုံမှန်စီးဆင်းနေပြီး လင်းလက်နေ၏၊ သူ့ရဲ့လက်ဆုပ်ထဲမှ နဂါးလွတ်မြောက်သွားစဉ်အချိန်ကမြင်တွေ့ခဲ့ရသည့်အလင်းနဲ့ အတူတူပဲဖြစ်၏။ အစွန်းအသွားတွေကိုကြည့်ရတာချွန်မြပုံရ၏။ ချည်နှောင်ခံထားရသောလက်တွေနဲ့ ထိုအရာကို သူ့လက်ထဲမှချောထွက်မသွားအောင် ဆုပ်ကိုင်ထားဖို့ဆိုတာ လှည့်စားမှုတစ်ရပ်ပဲဖြစ်လိမ့်မည်။ “မင်းပြောပုံအရ အဲ့ဒါမှာ စွမ်းအင်မရှိနိုင်တော့ဘူးလို့ ငါထင်ထားတာ။”

   “တစ်ခါတုန်းကအဲ့ဒါမှာရှိခဲ့သလိုမျိုးစွမ်းအင်မရှိတော့ဘူးလို့ပဲ ငါပြောတာပါ။ စွမ်းအင် လုံးလုံးလျားလျား မရှိတော့ဘူးလို့ ငါမဆိုလိုပါဘူး၊ မင်းမျက်မြင်ကိုယ်တွေ့ပဲလေ၊” Kairozပြောလိုက်၏။ ၄င်းရဲ့ ကိုယ့်ကိုယ်ကိုကျေနပ်တဲ့အတ္တပြုံးကပြန်ရောက်လာ၏။

   Garroshသူ့ရဲ့လက်ထိတ်ခတ်ခံထားတဲ့လက်ကောက်ဝတ်တွေကိုမြှောက်ပြလိုက်၏။ “ပြီးတော့ ဒါကကော?”

   “အဲ့ဒါကတော့ အခုထက်ထိကို စွမ်းအင်တွေဖောခြင်းသောခြင်းရှိနေသေးတယ်၊ ဟုတ်တယ်မလား? သူတို့တွေက မင်းရဲ့နေရာကိုမင်းသဘောပေါက်သွားပြီလို့ ငါ့ကိုယုံကြည်စေမယ့်အချိန်ထိ မင်းလက်ပေါ်မှာရှိနေပါလိမ့်မယ်။” Kairozစခန်းချတဲမီးဖိုသို့ပြန်သွားလိုက်ပြီး  ရွှံတွေကိုသူ့ခြေထောက်နဲ့ညင်ညင်သာသာခတ်၍ မီးခိုထွက်နေသောထင်းချောင်းတွေပေါ်သို့ဖုံးလွှမ်းလိုက်၏။ “အဲ့ဒါကို။ပြန်။ကောက်လိုက်။”

   အသက်ရှူမှုကိုပုံမှန်ဖြစ်အောင်ထိန်းထား၏။ သူကမင်းကိုငါးစာအဖြစ်နောက်တစ်ကြိမ် အတပ်မခံနဲ့။  ဖန်ကွဲစကို Garroshသတိထား၍ပြန်ကောက်လိုက်၏၊ သူ့လက်တွေရဲ့လက်ဖ၀ါးတွေပေါ်မှာ အဲ့ဒါကိုဟန်ချက်ညီအောင်ထိန်းထားလိုက်၏။ Garroshရဲ့ထိုအရာအားစမ်းသပ်ကြည့်သည့်တစ်ချိန်လုံးမှာ ဖန်ကွဲစထဲတွင် ချွတ်စွပ်တူသည့် ကြေးဝါနဂါးနှစ်ကောင်ရဲ့ပုံရိပ်တွေ ဟိုဟိုသည်သည်ရွေ့လျားနေကြ၏။ ဒီဖန်ကွဲစက အခုထိတော့ ရောင်ပြန်ဟပ်နေသည့် အချိန်အပိုင်းနှစ်ခုရဲ့ ဦးခေါင်းနဲ့လည်တိုင်ပိုင်းတို့အား ၄င်းနဲ့အတူတွဲစပ်ထားပါသေး၏။ ထိုအရာသည် အချိန်အပိုင်းနှစ်ခုကို အဆင်ချောစွာ ဆုပ်ကိုင်ထားသည့်အရာတစ်ခုသာဖြစ်တော့၏။

   “ဒီဥစ္စာက ငါ့အတွက်ဘာစွမ်းအင်မှ သက်ရောက်မှုမရှိဘူးလို့ယူဆတယ်၊” Garroshပြောလိုက်၏၊ သူ့အသံကမာကျောနေ၏။ အဲ့လိုမှမဟုတ်ရင်လည်း မင်းငါ့ကို ဒီဥစ္စာကိုထိခွင့်တောင်မှပေးမှာမဟုတ်ဘူး။ အတွေးက Garroshရဲ့ဖုံးဝှက်ထားသောဒေါသကို အဖြူရောင်ဖြာထွက်သွားသည်အထိအပူချိန်မြင့်သွားစေ၏။

   “အဲ့ဒါရှင်းပါတယ်။ ဒါပေမယ့် အဲ့ဒါကိုတော့ပျောက်မသွားစေနဲ့။ အဲ့ဒါပျောက်သွားရင် ငါ့မှာမမျှော်လင့်တဲ့ ပြဿနာတွေတစ်ပြုံလုံးရောက်လာလိမ့်မယ်၊” Kairozပြောလိုက်၏။ သူကစခန်းချတဲမီးဖိုမှ ဝေးရာသို့ ဟိုနားသည်နားလျှောက်သွားလိုက်၏၊ အချိန်ဖြုန်းရင်း အောက်သို့ညွတ်နေသောကိုင်းတစ်ကိုင်းမှ သစ်ရွက်တစ်ရွက်ကိုခူးလိုက်ပြီး သူ့လက်ချောင်းတွေကြား အစိမ်းရောင်အသားနှစ်ဖြစ်သွားသည်အထိ ပွတ်ချေနေလိုက်၏။ “မင်း ကောင်းတဲ့အချက်တစ်ခုကို ထောက်ပြခဲ့တာပဲ၊ Garrosh။ မင်း။ ပြီးတော့ ငါ။ ငါတို့တွေက ဒီမှာ လူစိမ်းနှစ်ယောက်ပဲကွ။ Warsongတွေထံကို တစ်သီးတစ်ခြားစီချဉ်းကပ်တာက ငါတို့နှစ်ယောက်အတွက် အကောင်းဆုံးဖြစ်လိမ့်မယ်။ တတ်နိုင်ရင်၊ လအနည်းငယ်တောင်ခြားပြီးတော့မှပေါ့။ အဲ့ဒါက မင်းရဲ့လူတွေ ငါတို့နှစ်ယောက်ကို . . . လိမ်လည်လှည့်ဖြားဖို့ပူးပေါင်းဆောင်ရွက်သူတွေလို့ ယူဆနိုင်ချေကိုနည်းသွားစေလိမ့်မယ်။” ပွတ်ချေထားသောသစ်ရွက်အား မြေပေါ်သို့သူပစ်ချလိုက်ပြီး သူ့လက်တွေကို သူ့ပေါင်ပေါ်သို့ပွတ်၍သုတ်လိုက်၏။ အစိမ်းရောင်ဖျော့ဖျော့အစွန်းအထင်းက သူ့လက်ဖ၀ါးပေါ်မှာ ကျန်ရစ်ခဲ့၏။ “သူတို့တွေကိုဖန်ကွဲစကိုပြလိုက်ပါ။ ရှေးဆန်တဲ့ဒီကမ္ဘာပေါ်မှာ မင်းရဲ့မျိုးနွယ်ရှိခဲ့သလိုပဲ၊ သဘာဝလွန်ဖြစ်ရပ်အချို့ကို မင်းလဲအကြားအမြင်များခဲ့လိမ့်မယ်၊ ဟုတ်တယ်မလား? မင်းတို့ရဲ့ Shamanဆရာတွေနဲ့တင်လုံလောက်တယ်။ ပင်ကိုယ်စွမ်းရည်အနည်းငယ်လောက်ရှိတဲ့ အရူးတောင်မှ မင်းလက်ထဲမှာထိန်းထားတဲ့ဟာကို ရလဒ်ကောင်းကောင်းထွက်အောင်ကိုင်တွယ်နိုင်ပါလိမ့်မယ်။ အဲ့ဒါကပဲ ငါတို့Azerothကမ္ဘာရဲ့ ရိပ်ခနဲမြင်ကွင်းတစ်ချက်နဲ့ တခြားကမ္ဘာတွေရဲ့ ပျက်စီးမှုမြင်ကွင်းထွက်ပေါ်ဖို့အတွက် လုံလောက်ပါလိမ့်မယ်။ မင်းရဲ့အကြိုက်ဆုံးပုံစံHordeနဲ့ အောင်နိုင်မှုအလုံးစုံကို သူတို့မြင်တွေ့ပြီး မင်းကိုနားလည်လက်ခံလာတဲ့အခါကျ၊ ငါရောက်လာပါလိမ့်မယ်။ သူတို့ပြည်သူလူထုရဲ့ ဦးတည်ရပ်အသစ်နောက်ကို လိုက်ပါလာတဲ့တခြားOrcတစ်ဦးအနေနဲ့မျှသာပေါ့။” Kairoz၄င်းရဲ့ လက်တွေကိုလေထဲဖွင့်မြှောက်လိုက်၏။ “ငါက ဖန်ကွဲစအတွက် အသုံးပြုနည်းအသစ်တွေကို ကံကောင်းထောက်မပြီး ရှာဖွေတွေ့ရှိပါလိမ့်မယ်။ ငါတို့ကအဲ့ဒီနည်းအသစ်တွေကို သုံးပြီးတော့ ငါတို့သွားချင်ဘယ်ကမ္ဘာကိုမဆို ရောက်နိုင်ပါလိမ့်မယ်။”

What difference would it make to be living a day more or less?

Offline forhorde

  • Special Jounin
  • *****
  • Posts: 543
  • Influence: +3/-0
  • xiaolongnu of ancient tomb
    • View Profile
Re:ံHellscream
« Reply #3 on: July 07, 2018, 04:04:38 pm »
   “ငါက တစ်ခုကိုပဲ စိတ်ဝင်စားတယ်၊” Garrosh ပြောလိုက်၏။

   “ဘာဖြစ်လို့လဲဆိုတော့ မင်းကမြင်ကွင်းကြီးကြီး ပုံဖော်မကြည့်ဖူးသေးလို့ဘဲ။ မင်းက တစ်မျိုးတည်းသော Hordeကိုပဲအလိုရှိတယ်၊ နတ်မိစ္ဆာရဲ့သွေးရောနှောပျက်စီးခြင်းကလွတ်လပ်တဲ့ Hordeကိုပဲ။ ငါကတော့ အများကြီးပိုပြီး စိတ်ဝင်စားတယ်။ ငါတို့တွေ မရေတွက်နိုင်တဲ့ Hordeအမျိုးအစားတွေကို ချဉ်းကပ်စည်းရုံးနိုင်ပါလိမ့် ̵ ̵ ̵ ̵ ̵  ”

   Garroshရယ်မောလိုက်၏။

   Kairozလေထဲမြှောက်ထားသော သူ့ရဲ့လက်တွေကိုပြန်ချလိုက်၏။ သူ့ရဲ့ခံစားချက်ကိုဖော်ပြသည့် မျက်နှာအနေအထားက အန္တရာယ်ရှိသွား၏။ “မင်းငါ့အစွမ်းကို သံသယရှိလို့လား?”

   Garrosh၄င်းနဲ့ မျက်လုံးချင်း တည့်တည့်ဆုံကြည့်လိုက်၏။ “အချိန်ခေါင်းလောင်းဖန်ဘူးကို ဖျက်ဆီးလိုက်တာက ငါတို့ကိုဒီနေရာရောက်စေခဲ့တာပဲ။ Pandarenဘုန်းကြီးကျောင်းရဲ့ ကြမ်းပြင်ပေါ်မှာ အဲ့ဒါကျကွဲနေတာကိုငါမြင်ခဲ့တယ်။” သူကဖန်ကွဲစကို ကိုင်မြှောက်လိုက်၏။ “မင်း ဒီဥစ္စာနဲ့ လှည့်စားမှုအနည်းငယ်လောက်ပဲလုပ်လို့ရမယ်၊ ဒါပေမယ့် ဒီဥစ္စာက ယခုထိ Vision of Time အချိန်ရဲ့မြင်ကွင်း အဖြစ်ရှိသေးတယ်လို့ ဟန်မဆောင်နဲ့ကွ။”
(Vision of Time -  ဟုအမည်ပေးထားသော အချိန်ခေါင်းလောင်းဖန်ဘူးတစ်ခုအား Kairozdormuမှဖန်တီးခဲ့၏။ အချိန်မျက်ကန်းကျွန်းပေါ်တွင် တွေ့ရှိရသည့် အချိန်အမြုတွေလေးတွေကိုသိပ်သည်းအောင်ပြု၍ မူရင်းအချိန်ခေါင်းလောင်းဖန်ဘူးထဲရှိ အချိန်ရဲ့သဲမှုန့်တွေနဲ့အတူရောစပ်ကာ Vision of Timeထဲထည့်ထားခဲ့၏။ ထိုအရာကိုအသုံးပြု၍ တစ်စုံတစ်ဦးသည် အတိတ်နဲ့အနာဂါတ်ကာလတို့အား မျက်မြင်တွေ့ရှိနိုင်ပေသည်၊ ပြီးတော့ alternate timelines ပြောင်းလဲဖြစ်ပျက်သွားတဲ့အချိန်ရေစီးတွေကိုတောင်မှပဲ မြင်တွေ့နိုင်ပေသည်။

Alternate Timeline  -  နည်းလမ်းတစ်ခုအတွင်း ဟုတ်ပါ၏၊ ကြိုးကြောင်းဆက်စပ်မှုတွေမှာ အခြေခံပြီး ဖြစ်တဲ့ (Alternative)အရ ပြောင်းလဲဖြစ်ပျက်သွားတဲ့အချိန်ရေစီးသည် အဖြစ်အပျက်တွေရဲ့အစဉ်တစ်ခုရဲ့ အပြောင်းအလဲ ဒါမှမဟုတ် မဖြစ်ပေါ်အောင်တားမြစ်ခြင်းခံရသည့်အခါမှာ ပေါ်ထွက်လာတတ်၏။ ပမာအားဖြင့် - အကယ်၍ ဒုတိယစစ်တွင် Hordeအင်အားစုများက အနိုင်ရခဲ့လျှင် original timeline မူလအချိန်ရေစီးသည် ဘယ်တော့မှပေါ်ပေါက်လာတော့မည်မဟုတ်ပေ (တကယ့်လက်ရှိမှာ allianceတွေက အနိုင်ရသွားတာကိုး)။ ထို့ကြောင့် အကယ်၍သင်သည် အချိန်နောက်ပြန်သွားခဲ့ပြီး အရေးအကြီးဆုံးအဖြစ်အပျက်တွေရဲ့ တစ်စုံတစ်ခုကိုပြောင်းလဲခဲ့ပါက မူလအချိန်ရေစီးသည် တည်ရှိချင်မှတည်ရှိနိုင်တော့မည်။ )

   “အဲ့ဒါကို ဆုံးဖြတ်ချက်မစောပါနဲ့ဦး၊ Hellscream။” Kairozရဲ့အသံကပျော့ပြောင်းသွား၏။ “ဘာဖြစ်လို့လဲဆိုတော့ ခေါင်းလောင်းဖန်ဘူးတွေရဲ့အများစုက ယခုထိ ငါတို့Azerothမှာပဲ၊ ဒီဖန်ကွဲစကတော့ ငါတို့ရဲ့အချိန်ရေစီးနဲ့ ခွင်ကျကြိမ်နှုန်းတူတဲ့အတွက် ပေါင်းစည်းနိုင်တယ်။ အဲ့ဒါကို ရုတ်တရက် မြင်ကွင်းတစ်ခု. . . အချိန်ရဲ့ ရုတ်တရက် မြင်ကွင်းတစ်ခု  လို့ခေါ်လို့ရတယ်။ ငါ့ဘက်ပိုင်းက လုပ်စရာကိစ္စအနည်းငယ်နဲ့အတူ ̵ ̵ ̵ ̵ ”

   “ငါတို့ရဲ့ကမ္ဘာကိုပြန်သွားနိုင်ပါလိမ့်မယ်။” Garroshသူ့ရဲ့နှလုံးခုံမြန်လာပြီး သူ့ရဲ့အရေပြားကို အပ်ပေါင်းများစွာနဲ့ထိုးနေသလိုခံစားလာရ၏။ သူ့စိတ်ထဲမှာလည်း စတင်ပြီးတော့ အစီအစဉ်တွေဖြုန်းခနဲပွင့်လာခဲ့၏။ “ငါတို့Azerothကို ပြန်သွားနိုင်ရုံမျှသာပဲမဟုတ်ဘူး။ အဲ့ဒါက ငါတို့ကို ငါတို့ရဲ့ကိုယ်ပိုင်အချိန် ကိုပြန်ခေါ်သွားလိမ့်မယ်။”

   “ပြီးတော့ အဲ့ဒါက အစပဲရှိသေးတယ်၊” Kairozဆက်ပြော၏။ သူကကိုယ်ကိုလှည့်လိုက်၏၊ Nagrandရဲ့ မိုးကုပ်စက်ဝိုင်းပေါ်သို့ နိမ့်ဆင်းသွားသော နေလုံးကြီးဆီသို့ လက်ဟန်ခြေဟန်ပြလိုက်၏။ “အဦးဆုံးကတော့ Azerothပေါ့။ ပြီးနောက်မှာ တခြားကမ္ဘာတွေ။ ကမ္ဘာတွေအားလုံးပဲ။ ငါတို့လိုအပ်သလောက် များများကို သိမ်းယူနိုင်လိမ့်မယ်။” ကြေးဝါနဂါးက စတင်ပြီးတော့ ဟက်ဟက်ပက်ပက်ရယ်မောလိုက်၏။ “ငါတို့ကို ကန့်သတ်ထားနိုင်တာ ဘာမှမရှိတော့ဘူး။ အချိန်တောင်မှပဲပေါ့။ ဖြစ်တန်စွမ်းတွေက အနန္တနဲ့။ အဆုံးမရှိတဲ့ အချိန်မှာ ငါလည်း ဖြစ်ချင်တဲ့အရာအားလုံး ပြီးမြောက်နိုင်လိမ့်မယ် ̵ ̵ ̵ ̵  ”

   အသံမပေးဘာမပေး ခြေလှမ်းသုံးလှမ်းထဲနဲ့ Garroshဖန်ကွဲစကို Kairozရဲ့ကျောရိုးထဲအရှိန်ပြင်းစွာ တစ်ချက်တည်း ထိုးစိုက်ထည့်လိုက်၏။

   ဟက်ဟက်ပက်ပက်ရယ်သံက ကျယ်လောင်စူးရှသည့်အော်ဟစ်သံတွေသို့ပြောင်းလဲသွား၏။ ဖန်ကွဲစက အသားတွေကိုလွယ်ကူစွာဖြတ်ခွဲ၏၊ ထိုအရာကိုအားနဲ့လျှောတိုက်ဆွဲလိုက်သကဲ့သို့ ကြွက်သားတွေကိုမျှသာ ဖြတ်သွားသည်မဟုတ်ပေ အရိုးတွေကိုပါဖြတ်တောက်သွား၏။ Garrosh ကြေးဝါရောင် ဖန်ကွဲစအား သူ့ရဲ့သံကြိုးတစ်စုံနဲ့လက်တွေဖြင့် ကျစ်ကျစ်ဆုပ်ကိုင်ထား၏။


What difference would it make to be living a day more or less?

Offline forhorde

  • Special Jounin
  • *****
  • Posts: 543
  • Influence: +3/-0
  • xiaolongnu of ancient tomb
    • View Profile
Re:ံHellscream
« Reply #4 on: July 07, 2018, 04:07:28 pm »
   စွမ်းအင်တွေက ဖန်ကွဲစထဲသို့စီးဝင်ကုန်ကြ၏။ Kairozရဲ့အရေပြားတွေပေါ်မှာ ကြေးဝါရောင် အကြေးခွံတွေက ပေါ်လာလိုက်ပျောက်ကွယ်သွားလိုက်နဲ့ဖြစ်နေ၏။ ၄င်းက ဖန်ကွဲစကိုကြိုးစားအသုံးပြုဖို့လုပ်၏၊ ၄င်းရဲ့နဂါးအတ္တဘောသို့ ပြန်ပြောင်းဖို့ကြိုးစား၏။ အဲ့ဒါ အလုပ်မဖြစ်တော့ပေ။

   Garrosh၄င်းအားအရှေ့သို့ကြမ်းတမ်းစွာတွန်းထိုးလှဲပြီး မြေကြီးထက်ဖိထားလိုက်၏၊ ဖန်ကွဲစအသွားအား Kairozရဲ့ပခုံးရောက်သည်အထိအောင် ဟက်တက်ဆွဲခွဲလိုက်ပြီး ညှပ်ရိုးနဲ့ဆုံသွား၏၊ ပြီးတော့ ညှပ်ရိုးကိုအားနဲ့အတင်းဆွဲထုတ်ယူလိုက်၏။ ကျယ်လောင်စူးရှသည့်အော်ဟစ်သံတွေက အစွမ်းကုန်ကျယ်လောင်သွား၏။ အားအင်ကုန်ခမ်းသွားသော orcရဲ့လက်တွေက ပြင်ပသို့ဆန့်တန်းထွက်နေ၏၊ Garroshအားအဝေးသို့တွန်းထုတ်ဖို့ကြိုးစား၏။ သူက သူ့ရဲ့မျက်နှာကို ငုံ့လိုက်ပြီးနောက် ကြေးဝါနဂါးရဲ့မျက်လုံးတွေနဲ့ လက်မအနည်းငယ်မျှသာကွာတော့ပြီး ဖန်ကွဲစကို၎င်းရဲ့လည်မျိုထဲသို့ထိုးစိုက်သွင်းလိုက်၏။ ကျယ်လောင်စူးရှသည့်အော်သံတွေက ပလုံးပထွေးသံအဖြစ်သို့လျှော့ကျသွား၏။
   
   Garroshကဖန်ကွဲစကိုမြဲမြံစွာဆုပ်ထား၏၊ ဖန်ရဲ့ထွက်ချည်ဝင်ချည်ဖြစ်နေသော စွမ်းအင်ရဲ့ပြင်းထန်တဲ့အလျဉ်ကိုလျစ်လျူရှုထားလိုက်၏၊ ထိုအစား Kairozရဲ့မျက်လုံးတွေထဲရှိ အံ့သြမှုပေါ်သို့ လုံးလုံးလျားလျားအာရုံစိုက်ထားလိုက်၏။

   “ဒီ့ထက်မပိုတော့ဘူး၊” Garroshပြောလိုက်၏။ “သူတစ်ပါးကိုကြိုးဆွဲထိန်းချုပ်မယ့်သူတွေ မှောင်ရိပ်ထဲမှာ ဒီ့ထက်မရှိနိုင်တော့ဘူး။ အကျင့်ပျက်တန်ခိုးအာဏာက ဒီ့ထက်ပိုပြီးသွားရည်တမြားမြားမကျစေနိုင်တော့ဘူး။ မင်းလိုကောင်မျိုးတွေလည်း ဒီ့ထက်ပိုမရှိတော့နိုင်တော့ဘူး။ Orcတွေဟာ အရှင်သခင်တွေ အားလုံး လက်က လွတ်မြောက်ပြီ။”

   Garrosh ဖန်ကွဲစကိုဆွဲမွှေလှည့်လိုက်ပြီး ထိုအရာကို Kairozရဲ့ရင်ဘက်ထိ အောက်သို့ဒရွတ်ဆွဲပြီး ဟက်တက်ခွဲချလိုက်၏၊ တစ်ကြိမ်ပြီး နောက်တစ်ကြိမ် ထိုးသွင်း၏။ သွေးတွေက တောင်ကုန်းပေါ်မှာ လွင့်စင်ဖြန့်ဖြူးကျကုန်၏။ Orcရဲ့သွေးပုံစံမျိုးတော့မဟုတ်ပေ၊ ဒီကမ္ဘာပေါ်မှာ သွားလာခဲ့ဖူးသည့် တခြား ဘယ်သတ္တ၀ါရဲ့ သွေးပုံစံမျိုးနဲ့မှလဲမတူပေ၊ ဒါပေမယ့် မည်သို့ဖြစ်ပစေ မြေကြီးကတော့ အားလုံးကို အတူတူသာသောက်သုံးသွားလိမ့်မည်ဖြစ်၏။

   နောက်ဆုံးမှာတော့၊ ဖန်ကွဲစကို အပြင်သို့သူလွတ်လွတ်လပ်လပ်ဆွဲထုတ်လိုက်ပြီး မတ်တပ်ရပ်နေလိုက်၏။

   Kairozမြေပေါ်မှာ အကြောတွေတောင်ဆွဲမြောက်ဆွဲနဲ့အသက်ငင်နေ၏။ Garroshစောင့်ကြည့်နေလိုက်၏၊ သိချင်နေ၏။ သူ ယခင်က ကြေးဝါနဂါးတစ်ကောင်ကို ဘယ်တုန်းကမှမသတ်ဖူးပေ။ သူ့လက်ထဲကဖန်ကွဲစက တုန်လှုပ်နေ၏၊ နဂါးရဲ့နောက်ဆုံးနှလုံးခုံချက်နေတွနဲ့အတူ အချိန်ကိုက် တုန်ခါနေ၏။ နောက်ဆုံးထွက်သက်ဖြစ်သော ကြေးဝါရောင်မြူမှုန်တွေ၊ မြူမှုန်အသီးသီးက သဲမှုန်တစ်ခုစာလောက် ထူထဲ၏၊ Kairozမှဝေးရာသို့ လေနှင့်လွင့်ပါသွား၏။ ထိုအရာသည်မီးခိုးငွေ့ကဲ့သို့ လေနဲ့အတူ အရပ်မျက်နှာအသီးသီးပျံ့နှံ့သွားသည်မဟုတ်ပေ၊ ဒါပေမယ့် ပါးလွှလွှ ကြိုးလုံးတစ်ချောင်းပုံစံမျိုး ပတ်ခြာလှည့်လည်အမှုန်ထုထည်တစ်ခုအဖြစ်သို့ ဆွဲယူခံရပြီး လိမ်တွန့်လျှက်အဝေးသို့ကွယ်ပျောက်သွား၏၊ မောပန်းနွမ်းနွယ်နေသော ဖြာထွက်ရောင်ခြည်အဖြစ်နဲ့ ဒီကမ္ဘာအဝေးသို့ ထွက်သွားသလိုထင်ရ၏။

   ကြေးဝါရောင်မြူမှုန်တွေထွက်သွားကြပြီးသည့်အခါမှာတော့ ဖန်ကွဲစမှာလည်း ငြိမ်သက်သွားတော့၏။ Kairozရဲ့မျက်လုံးတွေလည်း ပြူးထွက်နေပြီး သူနောက်ထပ်လည်းအသက်ရှူတော့မည်မဟုတ်ပေ။ Garroshစောင့်နေလိုက်၏။ သူသေချာအောင်သိရဖို့အလိုရှိနေ၏။ မိနစ်တွေဖြတ်သန်းသွားပြီးသည့်နောက်မှာတော့ သူတစ်ချက်မာန်ဖီလိုက်ပြီး ဦးခေါင်းညိတ်လိုက်၏။

   “မင်းနဲ့ဂုဏ်ပုဒ်နဲ့ထိုက်တန်တဲ့ ဇာတ်သိမ်းထက် အများကြီးပိုလွယ်သွားခဲ့တယ်။”

   သူအလောင်းကို နေရာမှာသာ ဒီအတိုင်းထားသွားလိုက်၏။ ထိုနေရာသို့ရောက်လာသည့်မည်သူမဆို သူအမျက်မထွက်သင့်သည့် တစ်စုံတစ်ဦးကို အမျက်ထွက်ခဲ့သည့် orcတစ်ဦးမျှသာဟု ထင်မိကြလိမ့်မည်။

   ပြီးတော့လည်း အဲ့ဒါက တကယ့်အဖြစ်မှန်နဲ့ နီးစပ်နေသည် မဟုတ်ပါလော?   Garrosh ပြုံးလိုက်၏။

   အနီးဝန်းကျင်မှာ ချောင်းလက်တက်ငယ်တစ်ခုကို သူရှာတွေ့လိုက်ပြီး သူ့ကိုယ်ပေါ်မှနဲ့ ဖန်ကွဲစပေါ်မှ သွေးတွေကိုဆေးကြောလိုက်၏။ သူ့ရဲ့လက်ကောက်ဝတ်တွေက ယခုထိ သံကြိုးတစ်စုံနဲ့ခတ်ခံထားရပြီး ကြမ်းတမ်းစွာပွတ်ရှနေခဲ့၏။ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ အခုဘာမှမတတ်နိုင်တော့ပေ။ လက်ထိတ်ကိုဖွင့်တဲ့သော့နဲ့က ကမ္ဘာတွေခြားသွားခဲ့ပြီဖြစ်၏။

   သူတစ်ယောက်တည်းဘယ်လိုဆက်သွားရပါမည်နည်း? ရှုပ်ထွေးသောအကြံအစီတွေကလည်း ခေါင်းထဲလျှင်မြန်စွာပေါ်လာလိုက် အဖြစ်နိုင်ဘဲကျရှုံးသွားလိုက်ဖြစ်နေ၏။ Kairozပြောခဲ့တာမှန်ပါ၏ : ပါးနပ်မှုသည် Garroshရဲ့အားသာချက်မဟုတ်ပေ။ သူ့ရဲ့ ချဉ်းကပ်နည်းက မရိုးမသားလွန်းပေစွ၊ လျှို့ဝှက်လွန်းပေစွတကား၊ ကြိုတင်တွက်ဆထားမှုတွေကများပြားရှုပ်ထွေးလွန်းနေ၏၊ ပြီးတော့ သူ့ဖခင်သည် ခိုးကြောက်ခိုးဝှက်နည်းနဲ့ဝင်ရောက်လာသောသူ့ကို ရိပ်မိမည်သာဖြစ်ပြီး သူ၏ခေါင်းကိုဖြတ်လိုက်လိမ့်မည်။ Hellscreamသည် အရူးတစ်ယောက်မှမဟုတ်ဘဲ။

   သူသာရူးနေတာလား?

   ကြောက်စိတ်က Garroshရဲ့ဝမ်းထဲနည်းနည်းချင်းစီးကျလာ၏။ သူ့အဖေနဲ့သူနောက်ဆုံး ဆုံတွေ့ခဲ့ချိန်က သူအလွန်ငယ်သေး၏။ သူ့ဖခင်ကိုသူမှတ်မိရုံမျှသာဖြစ်၏။ အကယ်၍ သူက ငါ့စိတ်ထဲမှာမျှော်လင့်ထားတဲ့ orcလိုမျိုးမဟုတ်ခဲ့ရင် ဘယ်လိုလုပ်မလဲ?  Grommash Hellscreamသည် အလိမ်အညာခံခဲ့ရ၏၊ နတ်မိစ္ဆာတွေရဲ့ ကျွန်တစ်ဦးဖြစ်လာဖို့ လှည့်ဖြားခံခဲ့ရ၏။ အဆုံးမှာတော့ ပေါင်ထားသည့် သူ့သိက္ခာကိုပြန်ရွေးနိုင်ခဲ့ပါ၏၊ သူ့ရဲ့နှလုံးရည်ကိုသက်သေပြခဲ့၏၊ ဒါပေမယ့် ၄င်းသည် ဘယ်တုန်းကမှ အမှားမရှိခဲ့ပေ။

   ရက်များစွာအတွက်တော့ ထိုပြဿနာတွေသည် Garroshအားဖမ်းစားထားခဲ့ပြီး သူ့ကိုဖတ်ဖတ်မောစေ၊ ခြေကုန်လက်ပန်းကျစေခဲ့ကာ အခုထက်ထိတော့ အဖြေကို မသိပေ။ အားအကောင်းဆုံးorcတွေထဲက တစ်ယောက်ကို ၄င်းရဲ့ရှေ့မှောက်မှာ ၄င်းသည်အားနည်းသူဖြစ်ကြောင်း နားလည်လက်ခံဖို့ သူဘယ်လိုလုပ်ရပါမည်နည်း?


What difference would it make to be living a day more or less?

Offline forhorde

  • Special Jounin
  • *****
  • Posts: 543
  • Influence: +3/-0
  • xiaolongnu of ancient tomb
    • View Profile
Re:ံHellscream
« Reply #5 on: July 07, 2018, 04:10:13 pm »
   နေအလင်းရောင်ရဲ့ နောက်ဆုံးဖြစ်တဲ့ နောက်ခံဖြာထွက်ရောင်ခြည်တွေကွယ်ပျောက်သွားကြ၏။ ချောင်းလက်တက်နံဘေးမှာ Garroshတိတ်ဆိတ်စွာထိုင်နေခဲ့၏။ ဖြစ်တန်ရာသည်ကတော့ သူစောင့်ဆိုင်းသင့်ပါသည်။ Warsongတပ်စခန်းနေရာကိုရောက်ဖို့က ခြေကျင်ခရီးနဲ့နာရီများစွာကြာလိမ့်မည်၊ ပြီးတော့ အကျဉ်းခတ်သံကြိုးနဲ့ ဖန်ကွဲပိုင်းက သူ့အား ဤဒေသတွင်နေထိုင်ရင်းမဟုတ်ကြောင်းကို အမှတ်အသားပြုထား၏။ မနက်ဖြန် ဒါမှမဟုတ် သန်ဘက်ခါ ညသန်းခေါင်ယံအတွင်း ရောက်ရှိသွားခြင်းက ပိုမိုစိတ်ချနိုင်လောက်ကောင်း၏။

မဟုတ်ဘူး အဲ့လိုမလုပ်နိုင်ပေ၊ သူဆုံးဖြတ်လိုက်၏။ ဒီ့ထက်ပိုပြီးစောင့်ဆိုင်းမနေနိုင်တော့ပေ။ Kairozရဲ့ ခါးမှာပတ်တဲ့အ၀တ်စအတွင်း ဖန်ကွဲပိုင်းကိုထုပ်ပိုးလိုက်ပြီး သူ့ရဲ့ ခါးစည်းအတွင်းသပ်လျှိုထည့်ထားလိုက်၏။ Garroshရဲ့နှလုံးရည်ကို Grommashအသိအမှတ်ပြုလိမ့်မည်. . . ဒါမှမဟုတ် သူပြုလိမ့်မည်မဟုတ်ပေ။

   Garroshခြေကျင်ခရီးကိုစတင်လိုက်၏။ နေထွက်ပြုလာသည့်အချိန်ကျ သူ့ဖခင်ရဲ့နံဘေးမှာ သူနေထိုင်ရမည်လား ဒါမှမဟုတ် ၄င်းရဲ့လက်ချက်နဲ့သေဆုံးရမည်လားဆိုတာ သူသင်ကြားခံရလိမ့်မည်။

   “ Lok-tar ogar ၊” သူလေသံတိုးတိုးနဲ့ပြောလိုက်၏။







အပိုင်း ၂


   “Hellscream

   . . . ကျမ ဇာတ်သိမ်းပြီ . . .
   
“ခေါင်းဆောင်ကြီး Hellscream?”

. . . အဆုံးစီရင်ပေးတော့. . .

Grommash Hellscream၄င်းရဲ့မျက်လုံးတွေကိုဆတ်ခနဲဖွင့်လိုက်၏။ ယခင်က စိတ်ကြမ်းကိုယ်ကြမ်းရှိလှသော်လည်း သူ့ဇနီးတိုက်ပွဲကျသွားပြီးနောက်ပိုင်း ဟုတ်တိပတ်တိမရှိတော့ပေ။ တစ်ညလုံးအိပ် တစ်နေ့လုံးအိပ်ဆိုသလို ထုံထိုင်းသုန်မှုန်နေသည်။ သူ့ရဲ့ယာယီစခန်းချရန်သုံးသည့် ရွက်ဖျင်တဲက ဗလာကျင်းနေသည်ဟုထင်မိ၏၊ အဲ့ဒါတောင်မှ သူ့ရဲ့လက်က သူ့ရဲ့သားမွေးရေခင်းအိပ်ယာထက် ဖြန့်ကားထား၏၊ ဒီနေရာမှာနောက်တစ်ကြိမ်ဘယ်တော့မှလဲလျောင်းတော့မည်မဟုတ်သည့် တစ်စုံတစ်ယောက်အား ပွေ့ဖက်ဖို့ကြိုးစားနေ၏။ သူ့ကို အစဉ်ထာဝရအထီးကျန်စွာစွန့်ပစ်သွားခဲ့ပြီဟု ထင်ရသည်။ ဤသို့သော အခြေအနေကို သတိရစေခြင်းငှာ Warsongနောက်လိုက်များက ဤသို့ စီစဉ်ကြရပါတော့သတတ်။

   သူ့တဲရဲ့ပြင်ပမှနေ၍၊ တစ်ကြိမ်ပြီးတစ်ကြိမ်ခေါ်နေသံကိုကြားနေရ၏၊ “ခေါင်းဆောင်ကြီး Hellscream?”

   သူမာန်ဖီသံပြုလိုက်ပြီး အိပ်မက်ထဲနစ်မြောနေခဲ့သည့်စိတ်အား တော်တော်လေးဖြေလျှော့လိုက်ရ၏။ အဆုံးမှာတော့ ဒီခေါ်သံက သူ့အိပ်မက်ရဲ့ပြင်ပမှ စကားသံသာဖြစ်ခဲ့ပါ၏။ “၀င်ခဲ့ကွာ၊” သူပြောလိုက်၏။

   Warsong သံချပ်ဝတ်တွေပြုလုပ်သူ တစ်ဦးက အထဲသို့ ခြေလှမ်းဝင်ရောက်လာ၏။ “မျိုးစုခေါင်းဆောင်၊ ၀ံပုလွေစီးရဲမက် Rigloက ကျွန်တော့်ကိုရိုင်းပျစော်ကားနေပါတယ်။ ကျွန်တော်တို့တွေ ကျွန်တော်တို့ကိုယ်ကို mak’rogahnထဲမှာ သက်သေပြကြဖို့ မျှော်လင့်ထားကြပါတယ်။”

   Grommashမှိတ်တုတ် မှိတ်တုတ်ပွင့်သော မျက်လုံးတွေနဲ့ အငိုက်ပြေလိုက်ရ၏။ “အင်. .မင်းတို့နှစ်ယောက် မနေ့ညကပဲတိုက်ခိုက်ခဲ့တယ်လေ၊” သူပြောလိုက်၏။

   “တခြားသူတွေကိုဆန့်ကျင်ပြီးတော့ပါ။ ဒါပေမယ့် သူက ကျွန်တော့်ရဲ့ဂုဏ်ထူးကို မေးခွန်းထုတ်နေတယ်၊ ပြီးတော့ သူမှားကြောင်းကို ကျွန်တ်ာသက်သေပြရလိမ့်မယ်။ သူနောက်ထပ်ဘယ်တော့မှမပြောနိုင်တော့အောင်. . .”

   မရပ်နားဘဲတရစပ်ပြောနေ၏။ မိနစ်တွေဖြတ်သန်းသွား၏။

   Grommashသူ့နဖူးကိုပွတ်သက်လိုက်ပြီး နောက်ဆုံးမှာ ကြားဖြတ်ပြောလိုက်ရတော့၏။ “ကောင်းပြီ။ မင်းတိုက်ခိုက်ရမှာပါ။ နေအေးသွားတဲ့အချိန်ကျတော့မှ ̵ ̵ ̵ ̵ ” ပြောနေရင်းနဲ့ ယာယီတဲစခန်းရဲ့ ဖလပ်ဖလပ်မြည်သံနဲ့ လွင့်ဟသွားသော ရွက်ဖျင်စနှစ်ခုအကြားမှ ဖြတ်ပြီးပြင်ပသို့မြင်လိုက်ရ၏။ မိုးတောင်မှချုပ်သွားပြီဖြစ်ပါ၏။ သူတစ်နေ့လုံးအိပ်ပျော်ကာနေခဲ့၏။ “မဟုတ်ဘူး၊ မင်းတို့ဟာမင်းတို့ပြင်ဆင်ထားကြ။ ပွဲစဖို့ ငါရောက်လာတဲ့အထိစောင့်ကြ။”

   “ဟုတ်ကဲ့၊ အကြီးအကဲ Hellscream။” ချပ်ဝတ်တန်ဆာပြုလုပ်သူ ချန်ရစ်ထွက်ခွါသွား၏။

   ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်ဖို့အတွက် အဲ့ဒါက ပြဿနာပဲ၊ Grommash အသံမထွက်ဘဲတွေးတောနေခဲ့၏။ သူ့ရဲ့Warsongအမြောက်အမြားက မျိုးစုအတွင်းမှမွေးဖွါးလာသူတွေမဟုတ်ကြပေ။ သူတို့တွေက စစ်ပွဲနဲ့ ဂုဏ်ကျက်သရေကို လိုက်လံရှာဖွေမှုအတွင်း Hellscreamရဲ့ အလံတော်အောက်သို့ တစ်အုပ်ကြီးသွားခဲ့ကြ၏၊ ပြီးတော့ အချိန်တစ်ခုအတွက်တော့၊ သူတို့တွေနှစ်မျိုးစလုံးကိုရှာတွေ့ခဲ့ကြပါသည်။ အခုတော့ သူတို့ရဲ့ ရန်သူတွေကို ချေမှုန်းနိုင်ခဲ့ကြပြီ။ ပြိုင်ဘက်ဖြစ်တဲ့ orcမျိုးစုတွေတောင်မှပဲ တစ်ဦးအပေါ်တစ်ဦး ခပ်ဖြည်းဖြည်းသာတိုက်နေကြ၏။ Gul’danနဲ့ သူ့ရဲ့ ပြင်ပမှရောက်လာမည့်ခြိမ်းခြောက်မှုအကြောင်းသတိပေးချက်တွေကိုသာ ကျေးဇူးများစွာတင်ရမည်။ ထိုခြိမ်းခြောက်မှုအား မည်သို့ပြန်လည်တိုက်ခိုက်မည်ကို မျိုးစုအသီးသီးမှဆုံးဖြတ်ချက်မချခင်အထိ ဒီနေရာမှာ တိုက်ခိုက်စရာဘာမှမရှိတော့ပေ။ အချို့တွေကတော့ အချိန်ဖြုန်းဖို့ရန် ခက်ခက်ခဲခဲ ရှာတွေ့ခဲ့ကြပါ၏။


What difference would it make to be living a day more or less?

Offline forhorde

  • Special Jounin
  • *****
  • Posts: 543
  • Influence: +3/-0
  • xiaolongnu of ancient tomb
    • View Profile
Re:ံHellscream
« Reply #6 on: July 07, 2018, 04:12:33 pm »
   Mak’Rogahnမှာဖြစ်ပါ၏။ အဲ့ဒါက ရိုင်းပျစော်ကားမှုတွေလို အရေးမပါသည့်ကိစ္စတွေနဲ့ ပတ်သက်ပြီး စာရင်းရှင်းပေးဖို့အဖြစ် ဘယ်တုန်းကမှမရည်ရွယ်ခဲ့ဖူးပေ။ Grommashသက်ပြင်းရှည်ချလိုက်ပြီး မတ်တပ်ထရပ်လိုက်၏၊ သူ့ရဲ့သံလက်စွပ်အိတ်တွေပေါ်မှာ ခါးပတ်ချိပ်လိုက်၏။

   “အရူးတွေပဲ၊” သူတိုးတိုးရေရွတ်လိုက်၏၊ ပြီးတော့ ချက်ချင်းပင် ထိုအရာကိုနောင်တရသွား၏။ သူတို့တတွေက အရူးတွေမဟုတ်ကြပေ။ သူ့ထက်ပိုပြီးတော့ အဆင်အခြင်ကင်းမဲ့ မိုက်မဲရူးနှမ်းစွာစွန့်စားခဲ့သူတွေမဟုတ်ပေ။ ငြိမ်းချမ်းရေးရဲ့ ပရမ်းပတာတိတ်ဆိတ်ငြိမ်သက်မှုကို သူနားလည်၏၊ မလှုပ်ရှားမတက်ကြွသောစိတ်တစ်ခုကို အတိတ်ဖြစ်ရပ်ကဖိနှိပ်သည့်နည်းလမ်းကိုဖြစ်၏။ နောင်တတွေက စစ်သည်တော်တစ်ယောက်ရဲ့ စိတ်အင်အားကို လွမ်းဖျားလွမ်းနာကျစေနိုင်၏၊ အကယ်၍ နောင်တရဲ့ မကောင်းသောခံစားချက်များ အတွေးများ ကြာရှည်စွာကျန်ရှိနေရင်ဖြစ်၏။ နောင်တတွေက အားနည်းချက်တစ်ခုသာဖြစ်၏၊ Grommash ကိုယ့်အခြေအနေကို ပြန်လည်သတိထားစေလိုက်၏။ ဘ၀သည် အားနည်းချက်များကို ခွင့်မလွှတ်တတ်ပေ၊ အားနည်းချက်များသည့်မျိုးစုသည် အသက်ရှင်ကျန်ရေး ဘ၀တိုက်ပွဲတွင် ရှုံးနိမ့်ပြီး မျိုးသုဉ်းပျောက်ကွယ်ရ၏၊ ထို့အတွက်ကြောင့် ဒီနေရာမှာ Warsongအတွင်း အားနည်းချက်အဖို့ အကန့်မရှိပေ၊ ၄င်းမျိုးစုရဲ့ ခေါင်းဆောင်အတွက်တောင်မှပဲ ခြွင်းချက်မရှိပေ။ အဓိပ္ပါယ်မဲ့တိုက်ခိုက်ပွဲတစ်ခုပေမယ့် သူ့ဦးခေါင်းထဲရှိ နောင်တအတွေးတွေကိုတော့ ရှင်းထုတ်ပေးနိုင်လိမ့်မည်။

   . . . ကျမဆန္ဒရှိတဲ့. . . စစ်သည်တော်တစ်ဦးရဲ့သေခြင်းမျိုးနဲ့ ကျမကို သေခွင့်ပေးပါ. . .
   
   GorehowlHellscream မျိုးရိုးအဆက်အနွယ်ရဲ့ပုဆိန်လက်နက်၊ သူ့နံဘေးအိပ်ယာထက်မှာ လဲလှောင်းနေ၏။ အဲ့ဒါက ဘယ်သူရဲ့သွေးကိုမှမသောက်တော့သာ တော်တော်ကြာခဲ့ပြီ၊ အဲ့ဒါက ဒီကနေ့ညတော့ ခြားနားနိုင်ကောင်း၏။ Hellscreamအချိန်မရှိ၍ ထိုအရာကို ကမန်းကတန်းကောက်ယူကာ တဲစခန်းမှထွက်လာလိုက်ပြီး သတ်ပုတ်ပွဲမြေတွင်းချိုင့်သို့လျှောက်လာလိုက်၏။ သူရောက်တော့ လူအုပ်တောင်စုဝေးပြီးနေပြီဖြစ်၏ ̵ ̵ ̵ ̵ မျိုစုရဲ့လူအကုန်လုံးတော့မဟုတ်ပေ၊ ဟုတ်တာပေါ့။ အမဲလိုက်ရာသီကုန်ဆုံးမှုမှ ဆယ်ယောက်၊ အယောက်တစ်ယောက်လောက်သာ ပြန်ရောက်သေး၏၊ ပြီးတော့ အချို့ကပဲ မြေတွင်းချိုင့်ထဲဘာဖြစ်နေသည်ဆိုသည်ကို ဂရုစိုက်ကြလိမ့်မည်။ အခုထက်ထိတော့ ဒီနေရာမှာ မျိုးစုခေါင်းဆောင်ရဲ့ထိုင်စရာနေရာကိုသူရောက်ရှိသွားသည်အထိ ပတ်ပတ်လည်စင်တွေမှာ သူ့မြင်ကွင်းကိုပိတ်ဆို့ထားရလောက်အောင် အားပေးသူတွေရှိ၏။ သံချပ်ဝတ်ပြုလုပ်သူနဲ့ ၀ံပုလွေစီးရဲမက်တို့မှာ မြေတွင်းချိုင့်ထဲဆင်းထားကြ၏၊ တိုက်ခိုက်ဖို့ရန်အတွက် အသင့်ဖြစ်နေပြီ။ သူတို့တွေက သူ့အားဂါရ၀ပြုလိုက်ကြ၏။

   လူအုပ်ကြီးက တိတ်ဆိတ်သွား၏။ “ပုံမှန်အားဖြင့်တော့ ဒီနေရာမှာပြောစရာစကားတွေရှိတယ်၊ ဒါပေမယ့် အဲ့ဒါတွေအကုန်လုံးကို မင်းတို့အရင်ကလည်းကြားဖူးထားတာပဲ၊” Hellscreamပြောလိုက်၏၊ သူ့အသံအတွင်းသို့ ကျောချမ်းစရာ အစွန်းအဖျားသို့တွန်းပို့မှုအနည်းငယ်ကို ထည့်လိုက်၏။ “ စစ်မှန်တဲ့ သံမဏိစိတ်တစ်ခုနဲ့သူတွေမှပဲ သူတို့ကိုယ်သူတို့ Warsongပါလို့ ခေါ်နိုင်ကြလိမ့်မယ် ̵ ̵ ̵ ̵  ”

. . . အရမ်းနောက်ကျသွားပြီဆိုတာ ရှင် မမြင်ဘူးလား? . . .

   Hellscreamရဲ့အသံက မာန်ဖီသံတစ်ခုသို့ပြောင်းလဲသွား၏။ “ဒါပေမယ့် မင်းတို့နဲ့ထိုက်တန်ကြောင်းကို မင်းတို့အရင်ကတည်းက သက်သေပြနှင့်ပြီးပြီ။ နောက်တစ်ကြိမ် သက်သေထပ်ပြကြပေါ့။ စတော့!”

   Orcနှစ်ဦး တစ်ဦးကိုယ်တစ်ဦးခုန်အုပ်လိုက်ကြ၏၊ လုံးထွေးသတ်ပုတ်ကြ၏။

   လူအုပ်ကြီးက ကျယ်လောင်စွာအော်ဟစ်အားပေးပြီး ၄င်းတို့ရဲ့ ဒိုင်းတွေ လက်နက်တွေကို အချင်းချင်းခေါက်၍ ဂလောက်ဂလောက်မြည်သံထွက်ပေါ်စေ၏၊ ထိုအသံတွေအားလုံးကို ဖုံးလွှမ်းနှစ်မြှုပ်ပစ်နိုင်လောက်အောင် ကျယ်လောင်သည့် အသံတစ်ခုကိုတော့ တခြားဘယ်သူမှမကြားရပေမယ့် မျိုးစုခေါင်းဆောင်တစ်ဦးသာ ကြားရပါသည်၊ သူ့အတိတ်မှတ်ဉာဏ်တွေကနှိုးဆွနေသော အသံပင်ဖြစ်ပါသတတ်။

   Grommashထိုင်လိုက်ပြီး သူ့လက်တွေကိုပိုက်ထားလိုက်၏၊ သူ့ပုဆိန်ကို သူ့ပေါင်ခွင်ပေါ်ဖြတ်တင်ထားလိုက်၏။ မိနစ်အနည်းငယ်ကြာပြီးနောက်မှာတော့ ၀ံပုလွေစီးရဲမက်က သံချပ်ဝတ်ပြုလုပ်သူရဲ့ နားထင်ပေါ်သို့ သူ့လက်သီးကို တင်ထားလိုက်၏၊ ကြမ်းတမ်းခက်ထန်၏၊ ပြီးတော့ တိုက်ခိုက်မှုလည်းပြီးဆုံးသွား၏။ အောင်နိုင်သူက ဘ၀င်မြင့်သည့်ပုံစံဖြင့် မြေတွင်းချိုင့်တစ်လျှောက် လမ်းပတ်လျှောက်၏၊ သူ့မျိုးစုရဲ့ လွန်လွန်ကဲကဲမြှောက်စားခြင်းကို ခံယူနေ၏။ အခြားသူက သတိမေ့မြောနေ၏။

   အားလုံးခြုံကြည့်သော် တော်တော်လေးသာမန်မျှသာဖြစ်ပါ၏။ ဒါပေမယ့် သူတို့တွေ Warsongရဲ့စံသတ်မှတ်ချက်အတိုင်းမှီအောင်တော့ နေထိုင်နိုင်ကြ၏။ “ပွဲကောင်းတစ်ပွဲပဲ။ လက်နက်ချမသွားခဲ့ဘူး။ အောင်ပွဲရတဲ့ ၀ံပုလွေစီးရဲမက်အတွက် ဂုဏ်ပြုပါတယ်၊ ပြီးတော့ နောက်ဆုံးအချိန်ထိ ရပ်တည်တိုက်ခိုက်လိုစိတ်အတွက် သံချပ်ဝတ်ပြုလုပ်သူကို ဂုဏ်ပြုပါတယ်၊” Grommash ပြောလိုက်၏။ “ဒီနေ့ညတော့ မင်းအတွက်သောက်ဖွယ်ရာကို သောက်နိုင်သမျှသောက်နိုင်တယ်။ မင်းတို့နှစ်ဦးလုံးက မင်းတို့မှာ Warsongရဲ့နှလုံးသားတစ်ခုရှိတဲ့အကြောင်း သက်သေပြခဲ့ပြီ။” ငါသံသယရှိတာတော့ ၊ ရက်သတ္တနှစ်ပတ်အတွင်း ဒါရှစ်ကြိမ်မြောက်သက်သေပြခြင်းဖြစ်လိမ့်မယ်။ ဒင်းတို့ နဲနဲတော့များပြီ။

   Orcနှစ်ဦးက သံချပ်ဝတ်ပြုလုပ်သူကို မြေတွင်းချိုင့်မှလွတ်ရာသို့မသယ်သွားကြပြီး သူနိုးလာသည်အထိ ၄င်းရဲ့မျက်နှာအားခပ်ဖွဖွရိုက်လိုက်၏၊ သံချပ်ဝတ်ပြုလုပ်သူသည် အားနည်း၍ခြေလှမ်းများမမှန်သော်ငြား ပျော်ရွှင်ကောင်းမွန်သည့်စိတ်ခံစားချက်ထဲရှိနေ၏။ ကုသဖို့ရန်အတွက်နံရိုးတွေကျိုးခြင်းမရှိပေ၊ ဒီတစ်ကြိမ်မှာတော့ မရှိပေ။

   လူအုပ်က ပြွတ်ခဲနေ၏၊ နောက်ထပ် သတ်ပုတ်ပွဲအတွက် စိတ်အားထက်သန်နေကြပြီ။ Grommash သဘောတူပေးလိုက်၏။ သတ်ပုတ်ပွဲတစ်ပွဲနဲ့တော့ သူ့အတိတ်ကို ငြိမ်အောင်လုပ်ဖို့ ဘယ်တုန်းကမှမလုံလောက်ပေ။

   Grommashလက်သီးတစ်ခုကိုမြှောက်လိုက်၏၊ ပြီးတော့ လူအုပ်က သူ့ဘက်ကိုမျက်နှာချင်းဆိုင်လိုက်၏။ “တခြားဘယ်သူရှိသေးလဲ?” သူမေးလိုက်၏။ “ဒီနေ့ညအတွက် Warsongရဲ့နှလုံးသားတစ်ခုကို ငါ့ကိုပြမယ့်သူတခြားဘယ်သူရှိသေးလဲ?”

   လူအုပ်ထဲမှအများအပြားက လက်သီးနှစ်ဖက်လုံးကို မြှောက်ပြကြ၏၊ Grommashရဲ့အာရုံစိုက်ခံရမှုအတွက် နက်ရှိုင်းကျယ်လောင်စွာအော်ဟစ်နေကြ၏။ Orcတစ်ဦးကတော့ ပခုံးနှင့်တွန်း၍လမ်းထွင်ရင်း လူအုပ်ကိုဖြတ်လာကာ မြေတွင်းချိုင့်ထဲခုန်ဆင်းလိုက်၏။ “ကျုပ် ပြပါ့မယ်!” သူအော်ပြောလိုက်၏။

What difference would it make to be living a day more or less?

Offline forhorde

  • Special Jounin
  • *****
  • Posts: 543
  • Influence: +3/-0
  • xiaolongnu of ancient tomb
    • View Profile
Re:ံHellscream
« Reply #7 on: July 07, 2018, 04:13:46 pm »
   Grommashပြုံးလိုက်၏။ အခြားသူတွေက အချင်းချင်းမေးမြန်းနေကြ၏။ သူကတော့ သိဟန်ဆောင်နေလိုက်ရ၏။ မျိုးစုခေါင်းဆောင်က ဒီorcရဲ့အမည်ကို ဖြုန်းခနဲမမှတ်မိပေ၊ ပြီးတော့ သတ်ပုတ်ပွဲမြေတွင်းချိုင့်ရဲ့ပတ်လည်ရှိ မီးတိုင်အနည်းငယ်မှာလည်း ၄င်းအားသဲသဲကွဲကွဲမြင်ရသည်အထိ မထွန်းလင်းပေ။ Grommashမျက်စိကိုအနည်းငယ်မှေးကြည့်လိုက်၏၊  ၄င်းရဲ့မျက်နှာကိုရှာဖွေလိုက်၏။ ထူးဆန်းနေ၏။ ဒီနေရာမှာ ၄င်းအားရင်းနှီးကျွမ်းဝင်သည့်ပုံပန်းသဏ္ဌာန်ရ၏၊ ဒါပေမယ့် နာမည်က ပေါ်မလာခဲ့ပေ။

   လူအုပ်ထဲမှ ဘ၀င်မကျသောတီးတိုးပြောသံတွေ လှုပ်ရှားဖြတ်သန်းသွား၏။

   “သူကဘယ်သူလဲ?

   ဘယ်သူကမှ မသိပေ။ တတွတ်တွတ်ပြောသံတွေပျံ့နှံ့သွား၏။

   တစ်ခုခုတော့ မှားနေပြီ။ Grommashအရှေ့သို့ကိုယ်ကိုကိုင်းညွတ်လိုက်ပြီး သေချာစိုက်ကြည့်လိုက်၏။ အများကြီး မှားနေပြီ။ အကျဉ်းခတ်သံကြိုးတစ်စုံက လူစိမ်းorcရဲ့လက်ကောက်ဝတ်တွေကို အတူတကွခတ်နှောင်ထား၏။ ၄င်းရဲ့အ၀တ်အစားတွေကလည်း Grommashတစ်ခါမှမမြင်ခဲ့ဖူးသည့် ပုံစံတွေဖြစ်၏။ ၄င်းရဲ့မေးရိုးကိုဖုံးအုပ်ထားသည့် အမှောင်ရိပ်တွေက ခပ်ပါးပါးမုတ်ဆိတ်မွေးတွေမဟုတ်ပေ ဒါပေမဲ့ ဆေးမှင်ကြောင်တစ်ခုဖြစ်၏၊ မျိုးစုခေါင်းဆောင် တစ်ဦးပဲထိုးရသည့် ဆေးမှင်ကြောင်ဖြစ်၏၊ မယုံနိုင်စရာ အသေးစိတ်လက်ဝင်စွာစီစဉ်ထား၏။

   လူအုပ်ကဘ၀င်မကျစွာလှုပ်လှုပ်ရွရွဖြစ်လာ၏။ မကြာခင်မှာပင် Warsongစခန်းအပေါ်တိတ်ဆိတ်ငြိမ်သက်မှုကကျရောက်သွား၏၊ ပြီးတော့ လက်ထဲမှာလက်နက်အသင့်ရှိနေသူတွေက ယင်းတို့ကိုကျစ်ကျစ်ဆုပ်ကိုင်လိုက်ကြ၏။ Orcကတော့ မြေတွင်းချိုင့်ထဲ မြင့်မားစွာနဲ့ ဂုဏ်ယူစွာရပ်နေ၏၊ သူ့ရဲ့မျက်နှာပေါ်ပြုံးရိပ်အနည်းငယ်ကိုထားရှိထား၏၊ သူတို့တတွေရဲ့မဝေခွဲနိုင်မှုမှာ ကျေနပ်နေ၏။

   Grommashသူ့ရဲ့လက်ကို Gorehowlရဲ့လက်ကိုင်ပေါ်သို့နိမ့်ချလိုက်၏။ သူ့ရဲ့ကိုယ်တွင်းမှလာသော စကားသံကိုယုံကြည်ဖို့သူအသင်ကြားခံခဲ့ရ၏၊ ပြီးတော့ အဲ့ဒါကအခုမှာ ဒီorcသည်အန္တရာယ်ရှိကြောင်းကို အော်ပြောနေ၏၊ ပြင်ပမှာလာသူဖြစ်၏၊ ဒီနေရာနဲ့မပတ်သက်သည့်သူတစ်ယောက်ဖြစ်၏။ လုပ်ကြံမယ့်သူတစ်ယောက်များလား? အကယ်၍အဲ့လိုဆို၊ ယင်းက ရဲရင့်သူတစ်ဦးသာဖြစ်မည်၊ ဒါမှမဟုတ် ငတုံးတစ်ယောက်ဖြစ်မည်၊ လက်နက်ကိုင်Warsongတွေဝိုင်းရံထားတဲ့ မြေတွင်းချိုင့်ထဲ သူ့လက်တွေကိုအတူတကွသံကြိုးနှောင်၍ခုန်ချသွားခဲ့၏။

   ကြိုတင်မျှော်လင့်ထားတဲ့ ရက်စက်ကြမ်းကြုတ်လိုမှုတစ်ခုက Grommashရဲ့စိတ်ပေါ်သို့ကျရောက်သွား၏။ သူ့ပုဆိန်က နောက်ဆုံးတစ်ကြိမ်သွေးသောက်ခဲ့ရချိန်ကတည်းကဆို တော်တော်ကြာသွားခဲ့ပြီ။

   ဒီတူညီသောကိုယ်တွင်းအသံကပဲ. . .သူ့ရဲ့သိချင်စိတ်ပြင်းပြမှုကို အနှောင့်အယှက်ဖြစ်စေ၏။ သူ့ကိုကြည့်ရတာ ဘာလို့ ဒီလောက်ရင်းနှီးကျွမ်းဝင်နေရတာလဲ? Warsongရဲ့နှလုံးသားတစ်ခုကို ပိုင်ဆိုင်ခွင့်ရဖို့ မင်းတောင်းဆိုချင်တာလား?” Grommashမေးလိုက်၏။

   “ကျုပ်မှာအဲ့ဒါရှိပါတယ်၊” Orcကအားကောင်းသောအသံတစ်ခုအတွင်းပြောလိုက်၏၊ လူအုပ်ကိုပြောသည်ထက်ပို၍ Grommashပြောခြင်းပင်ဖြစ်၏။

   “ငါတို့ကို မင်းရဲ့နာမည်ပြောပြပါ။”

   Orcက၄င်းရဲ့မေးကိုမော့လိုက်၏။ “ကျုပ် သင့်ဆီကိုလူစိမ်းတစ်ယောက်အနေနဲ့ပဲရောက်လာတာပါ၊ အဲ့ဒီထက်ဘာမှမပိုဘူး။”

   Grommashယင်းအားတစ်ခဏတာမျှ ဘာမျှမပြောဘဲသုံးသပ်နေလိုက်၏။ “မင်းမှာ ဘာမျိုးစုမှမရှိဘူးလား လူစိမ်း? ဘာအမွေအနှစ်မှမရခဲ့ဘူးလား? မင်းရဲ့အံ့အားသင့်ဖွယ် စစ်မြေပြင်အောင်ပွဲ ပုံပြင်တွေကနေ ဘာနာမည်မှမယူခဲ့ဘူးလား?” သူကအနည်းငယ်ပမာမထားမှုတစ်ခုလောက်ကိုပြသလိုက်ပြီး လူအုပ်အား စိတ်ဖိစီးနေမှုအစား ရယ်မောသံတွေအဖြစ်နဲ့ ဖုံးလွှမ်းစေလိုက်၏။

   “ပုံပြင်တွေဆိုတာ စကားလုံးတွေပဲ၊ ပြီးတော့ စကားလုံးတွေဆိုတာ လေတွေပဲ၊” လူစိမ်းမှပြောလိုက်၏။ “အပြုအမူတွေကသာပဲ နှလုံးသားထဲဘာရှိတယ်ဆိုတာကို သက်သေပြနိုင်လိမ့်မယ်။”

   “ဒါပေမယ့် ပုံပြင်တိုတစ်ပုဒ် ဒါမှမဟုတ် နှစ်ပုဒ်ထဲကတောင်မှ မေးခွန်းတွေကိုအတန်ငယ်ဖြေကြားပေးနိုင်လိမ့်မယ်။” Grommashက လူစိမ်းရဲ့သံကြိုးတွေဆီသို့ လက်ဟန်ခြေဟန်နဲ့ရည်ညွှန်းပြောဆိုလိုက်၏။  “ဒီလိုဟာတွေကို ပေးအပ်လိုက်တဲ့ ဘယ်မျိုးစုကို မင်းမကျေနပ်ဘူးလဲ? ပြီးတော့ ဘယ်အချိန်မှာ မင်းလွတ်လာခဲ့လဲ? ဒီနေရာမှာ မင်းနောက်ကိုလိုက်လာနေတဲ့ စစ်တပ်မရှိဘူးလား၊ လူစိမ်း၊ ငါ့စခန်းကို ပြာကျအောင်လုပ်ဖို့ ပြင်ဆင်ထားတာလား?” သူက သူ့ရဲ့အကြည့်ကို လူအုပ်ဘက်လှည့်လိုက်ပြီး သူ့ရဲ့ဒေါသအားဖုံးကွယ်ထားဖို့ရန် မကြိုးပမ်းပေ။ “ပြီးတော့ သူကဘယ်လိုလုပ်ပြီး ငါစခန်းထဲက ရှေ့ဆုံးကိုရောက်လာတာလဲ? မင်းတို့တွေရဲ့အနက် ဘယ်သူတွေက ဒီနေ့ညအတွက် ကင်းစောင့်တာဝန်ယူရမယ့်အစား မြေတွင်းချိုင့်ကိုစောင့်ကြည့်နေတာလဲ? ကိုယ့်ကိုယ်ကို ထင်ရှားကြပေတော့! ”  သူ့ရဲ့လည်ချောင်းပြည့်အော်ဟစ်သံက Warsongရွက်ဖျင်တဲတန်းတွေကို ဖြတ်သန်းပဲ့တင်ထပ်သွား၏။ လူအုပ်ရဲ့ ရယ်မောသံတွေ ပျောက်ကွယ်ကုန်၏။

   Orcလေးဦးက ခြေထောက်တွေကိုကောင်းစွာမကြွဘဲ မြေတွင်းချိုင့်နှုတ်ခမ်းစွန်းသို့ ဖြည်းဖြည်းထွက်လာကြ၏၊ တိတ်ဆိတ်နေမှုအတွင်း သူတို့တွေရဲ့ညင်သာစွာရွေ့ရှားသံကတောင်မှ လွန်စွာကျယ်လောင်နေ၏။ သူတို့ရဲ့မျက်နှာတွေက စိုးရိမ်မှုနဲ့အတူ အလွန်အမင်းကျဉ်းကြပ်နေ၏၊ ဒါပေမယ့်လို့ သူတို့ရဲ့ဦးခေါင်းတွေကိုတော့ မော့ထားကြပြီး သူတို့ကိုယ်ကို နာမည်အားဖြင့်ထင်ရှားစေထားကြ၏။ Grommashယင်းတို့အား ထိုနေရာမှာရပ်နေစေလိုက်၏၊ စောင့်ဆိုင်းနေလိုက်၏၊ သူတို့တွေရဲ့နဖူးတွေပေါ်မှာ ချွေးသီးတွေထွက်လာသည့်တိုင်အောင်ဖြစ်၏။


What difference would it make to be living a day more or less?

Offline forhorde

  • Special Jounin
  • *****
  • Posts: 543
  • Influence: +3/-0
  • xiaolongnu of ancient tomb
    • View Profile
Re:ံHellscream
« Reply #8 on: July 07, 2018, 04:15:51 pm »
   “Ogreတွေရဲ့ ဦးနှောက်မျိုးတွေနဲ့ဆိုရင်တော့ Warsongတစ်ဦးရဲ့နှလုံးသားက ဘာပဲဖြစ်ဖြစ်အလကားပဲ၊” သူကပျော့ပြောင်းသောအသံတစ်ခုထဲမှာပြောလိုက်၏။ “မင်းတို့တွေ ဒီတစ်ယောက်ကိုငါတို့ရဲ့အလယ်ထဲ ၀င်ခွင့်ပြုခဲ့တယ်။ ဒီလူစိမ်းရဲ့ကံကြမ္မာကို မင်းတို့လဲမျှဝေခံစားမှပဲ တရားရာကျလိမ့်မယ်၊ သူ့ရဲ့ကံကြမ္မာကဘာပဲဖြစ်ဖြစ်ပေါ့။ မင်းတို့ကျေနပ်ကြလား?”

   သူတို့တွေတတွတ်တွတ်ရေရွတ်လိုက်ကြ၏၊ “ဟုတ်ကဲ့၊ ခေါင်းဆောင်ကြီး Hellscream။”

   Grommashသူ့အသံကိုခပ်နိမ့်နိမ့်သာထိန်းထား၏။ “အဲ့နောက်မှာ သူနဲ့အတူသွားပေါင်းလိုက်ကြ။” သူတို့ချီတုံချတုံဖြစ်နေပေမယ့်လို့ ကာကွယ်ပြောဆိုခြင်းမပြုကြတော့ဘဲ မြေတွင်းချိုင့်ထဲခုန်ဆင်းသွားကြ၏။ လူစိမ်းက ခြေလှမ်းနောက်ဆုတ်လိုက်၏၊ သူတို့တွေကို နေရာပေးလိုက်၏။ သူတို့တွေက သူ့အား မုန်းတီးရွံရှာသော အကြည့်တွေပစ်လွှတ်လိုက်ကြ၏။ သူက အကြည့်တွေကို မျက်တောင်မခတ်ဘဲ အကြည့်ခြင်း တုံ့ပြန်လိုက်၏။

   “လူစိမ်း၊ မင်းဘာမျိုးစုမှ မတောင်းဆိုဘူးလား?” Grommash မေးလိုက်၏။

   “ကျုပ်ပြောခဲ့သလိုပဲ၊ ကျုပ်နှလုံးသားက Warsongပဲ။ ဒါပေမယ့် ကျုပ်မှာမျိုးစုမရှိဘူး၊” သူပြောလိုက်၏။

   Grommashသူ့မေးစေ့ကိုသုံးသပ်လိုက်၏။ “အဲ့ဒါက ဆေးမှင်အမှတ်အသားတွေအတွက် ရှင်းလင်းချက်လား? မင်းမှာမျိုးစုမရှိဘူး; အဲ့ဒီအတွက်ကြောင့် မင်းကမင်းရဲ့မျိုးစုခေါင်းဆောင်ပေါ့?”

   ကျယ်လောင်စွာရယ်မောသံတွေက လူအုပ်မှာတစ်ဖန်ဖြတ်သန်းသွား၏။ လူစိမ်းက မပြုံးပေ။ “အဲ့ဒါက ခြားနားတဲ့အချိန်တစ်ခုက အမှတ်အသားတစ်ခုပါ။ အနာရွတ်တစ်ခုပေါ့။ အဲ့ဒီထက်မပိုပါဘူး။”

   “ငါရဲ့Warsongတွေက ငါ့မေးခွန်းတွေကို ပထုတ်တာနဲ့ရှောင်လွှဲတာတွေမလုပ်ကြဘူး၊ လူစိမ်း၊ ပြီးတော့ မင်းမှာ အဲ့ဒီနှစ်မျိုးလုံးနဲ့ ငါ့ကိုသဘောကျစေဖို့ လုံလောက်တဲ့ကျွမ်းကျင်မှုမရှိဘူး၊” Grommashဒေါသဖြင့်လျှင်မြန်စွာ ပြန်ပြောလိုက်၏။ “ငါ့ကို ရိုးရိုးရှင်းရှင်းပဲဖြေကွာ။ မင်းဘာလို့ဒီနေရာကို ရောက်လာတာလဲ?”

   လူစိမ်းကပြုံးလိုက်၏။ “ဒီနေ့မှာပဲ အဲ့ဒါကို ပြောခိုင်းတာ သင်ကဒုတိယမြောက်ပုဂ္ဂိုလ်ပဲ။”  သူက ဦးခေါင်းကို ခဏစိုက်ချလိုက်ပြီး သူ့အတွေးတွေကိုစုစည်းနေ၏။ သူ့မျက်လုံးတွေကို ပြန်မော့ကြည့်လိုက်တဲ့အခါမှာတော့ အပြုံးကပျောက်ကွယ်သွားပြီဖြစ်၏။ ထိုနေရာမှာ ခိုင်မာသောထင်မြင်ယူဆချက်က နေရာယူသွား၏။ “Grommash Hellscream ၊ ကျုပ်ခရီးအဝေးကြီးက လာခဲ့ရပြီးတော့ အများကြီးစွန့်လွှတ်ခဲ့ရတာက သင့်ရှေ့မှာရပ်တည်ဖို့အတွက်ပဲ။ ကျုပ်ဒီနေရာကို ရောက်လာရတာက သင်နဲ့orcတွေအားလုံးကို ထိန်းချုပ်သြဇာညောင်းတော့မယ့် ကံကြမ္မာကို အာခံဖီဆန်ဖို့အတွက်ပဲ။”

   “အဲ့ဒါကဘာလဲ?”

   “ကျွန်ဖြစ်ခြင်းပဲ။ ကျုပ်တို့ရဲ့ စိတ်နေစိတ်ထားသဘောသွားတွေနဲ့ ကျုပ်တို့ကို ကြီးကျယ်မြင့်မားစေခဲ့တဲ့အရာရာတိုင်းကို ဆုံးရှုံးစေမယ့်ကံကြမ္မာပဲ၊” လူစိမ်းက အပြတ်သေချာမှုနဲ့အတူ ပြောနေ၏။

   Warsongရဲ့လူအုပ်က Grommashထံကြည့်လိုက်၏၊ သူ့ရဲ့တုံ့ပြန်ချက်ကိုရှာဖွေနေ၏။ သူက သူတို့တွေကို ကြာရှည်စွာငံ့လင့်စေလိမ့်မည်မဟုတ်ပေ။

   သူရယ်လိုက်၏။ ဟက်ဟက်ပက်ပက်ရယ်လိုက်၏။ ပေါက်ပေါက်ကွဲကွဲရယ်လိုက်၏။ တောင့်တင်းနေမှုပြိုကွဲသွား၏၊ ပြီးတော့ Warsongအားလုံးက သူနဲ့အတူနက်ရှိုင်းကျယ်လောင်စွာ အော်ဟစ်လိုက်၏။ မြေတွင်းချိုင့်ထဲက orcတွေတောင်မှပဲ ပါဝင်လာ၏။ လူစိမ်းတစ်ဦးသာ မထုံတက်သေးကျန်ရစ်နေ၏။ ငါသူ့ကိုအန္တရာယ်ရှိသူလို့ တကယ်ပဲယုံကြည်မိခဲ့တယ်၊ Grommashနောင်တရစွာ တွေးမိ၏။ အပျော်အပြက်သံတွေငြိမ်သွားတဲ့အချိန်မှာတော့ Grommashမတ်တပ်ထရပ်လိုက်၏၊ Gorehowlကို သူ့ရဲ့လက်ထဲလျော့ရဲရဲသာဆွဲထား၏။

   “လူစိမ်း၊ ဒီလိုစကားလုံးတွေအတွက် တချို့ကတော့မင်းကိုသတ်ချင်မိမယ်။ ငါကိုယ်တိုင်ကတော့၊ ငမိုက်သားရူးတွေကို သတ်ဖြတ်မှုအတွင်းမှာ ဂုဏ်ကျက်သရေကိုမရှာဖွေဘူး၊” Grommashပြောလိုက်၏။ မြေတွင်းချိုင့်ထဲရှိ ကျိုးနွံ့အောင်ဆုံးမပြီးသော orcတွေသို့ သူပြောလိုက်၏၊ “သူ့ကို ပန်းပဲဖိုတဲထဲခေါ်သွားလိုက်။ သူ့သံချိန်းတွေကို ဖြုတ်ပေးလိုက်ကြ၊ သူ့ကိုစားဖွယ်အချို့နဲ့ ရေတစ်အိတ်ပေးလိုက်၊ ပြီးတော့ သူ့ကိုအဝေးကိုစောင့်ရှောက်ပြီးလိုက်ပို့လိုက်ကြ။ မင်းတို့ကို ဒီ့ထက်ပိုတဲ့ ပြစ်ဒဏ်မပေးတော့ဘူး။”  Orcလေးဦးစိတ်သက်သာရာရသွားကြ၏။ “ဖြစ်တန်ရာကတော့ မင်းတို့ကိုလည်း အပြည့်အ၀အမျက်မထွက်တန်သင့်ဘူး။ တကယ်လို့မင်းတို့ သူ့ကိုမြင်တွေ့ခဲ့မယ်ဆိုရင်၊ မင်းတို့သူ့ကိုသတ်မိမှာ ကျိန်းသေပေါက်ပဲ၊ ပြီးတော့ နတ်တွေက အရူးတွေကို စောင့်ရှောက်ပေးတတ်တယ်လေ။ သူ့ကိုအဝေးကို ပို့လိုက်ပြီးတော့ နှလုံးသားကို သင်ခန်းစာပေးလိုက်။ ဒီ့ထက်ပိုပြီး အမှားတွေနည်းနည်းမှမရှိစေနဲ့တော့။”

   မြေတွင်းချိုင့်ထဲရှိ orcလေးဦး လူစိမ်းထံသို့ချဉ်းကပ်သွားကြ၏။ “ကျုပ်လိမ်ပြောနေတယ် ထင်လို့လား?” ၄င်းကပြောလိုက်၏၊ အနောက်သို့ခြေလှမ်းဆုတ်သွား၏။

   “ဟင့်အင်း၊” Grommashသိမ်မွေ့စွာပြောလိုက်၏၊ “ငါထင်တာကတော့ မင်းရဲ့စိတ်မှာ ထိခိုက်ပျက်စီးမှုဖြစ်ထားတယ်လို့ပဲ။ Warsongတွေက ဘယ်တော့မှလက်နက်မချဘူးကွ။ ငါတို့အတွက်တော့၊ ကျွန်ဆိုတာ ငါတို့ဘယ်တော့မှမျက်နှာချင်းဆိုင်မှမဟုတ်တဲ့ ကံကြမ္မာ တစ်ခုမှန်း နားလည်ထားကြတယ်။ အချေမှုန်းခံရမှုအတွင်း ဖမ်းဆီခံရချိန်မှာတောင်မှပဲ ငါတို့တွေက ငါတို့ရဲ့ဂုဏ်ကျက်သရေနဲ့အတူ သေသည်အထိ ခုခံသွားကြမှာမို့လို့ပဲ။”

   မြေတွင်းချိုင့်အတွင်းရှိ အစောင့်တွေရဲ့တစ်ယောက်က လူစိမ်းရဲ့လက်မောင်းကိုဆုပ်ကိုင်လိုက်၏။ သံကြိုးခတ်ခံရသည့်orcကသူ့ခြေထောက်ကိုခိုင်စွာစိုက်ထူထား၏၊ လက်နှစ်ဖက်ကိုအချင်းချင်းအတူတကွဆုပ်ကိုင်လိုက်၏၊ ပြီးတော့ လွှဲယမ်းလိုက်၏။ သူ့ရဲ့လက်သီးဆုပ်တွေက အစောင့်ရဲ့မေးရိုးကိုရိုက်ခတ်သွား၏၊ ၄င်းအားအနောက်သို့ပစ်လဲကျသွားစေ၏။ အခြားသူတွေက အင်တိုက်အားတိုက် လှုပ်ရှားလာကြ၏။


What difference would it make to be living a day more or less?

Offline forhorde

  • Special Jounin
  • *****
  • Posts: 543
  • Influence: +3/-0
  • xiaolongnu of ancient tomb
    • View Profile
Re:ံHellscream
« Reply #9 on: July 07, 2018, 04:17:17 pm »
   “ရပ်လိုက်ကွ! Grommash နက်ရှိုင်းကျယ်လောင်စွာအော်ဟစ်လိုက်၏။ သူတို့တွေ ရပ်တန့်သွား၏။ “လူစိမ်း၊ မင်းငါ့စိတ်ရှည်မှုကိုစမ်းသပ်နေတာပဲ။ Warsongရဲ့ညှာတာထောက်ထားမှုက သိပ်ရှည်ရှည်ဝေးဝေးမရှိဘူး၊ အရူးတွေအတွက်တောင်မှပဲကွာ။”

   လူစိမ်းကပြန်လျှော့ချဖို့ ငြင်းဆိုနေ၏။ “Warsongရဲ့ကျွန်ဖြစ်လမ်းက စစ်ပွဲက ဒါမှမဟုတ် အချေမှုန်းခံရတာက လာလိမ့်မှာမဟုတ်ဘူး။ သင်တို့ရဲ့ကံကြမ္မာကို လွတ်လွတ်လပ်လပ်နဲ့ ဂုဏ်ယူဝမ်းသာ လက်ခံတာကနေလာမှာပဲ၊” သူပြောလိုက်၏၊ သူ့အသံကိုကျယ်လောင်လိုက်၏၊ “ပြီးတော့ သင်ပဲ ဖြစ်လိမ့်မယ်၊ Grommash Hellscream ၊ orcတွေရဲ့သခင်အသစ်တွေထံမှာ ကိုယ့်ကိုယ်ကိုချည်နှောင်ဖို့ ပထမဦးဆုံးတောင်းဆိုမယ့် သူပဲ။ ကျန်တဲ့သူတွေလည်း နောက်ကလိုက်ပါကြရလိမ့်မယ်။ ကျုပ်တို့ ဘယ်တော့မှ နာလန်ထူနိုင်မှာမဟုတ်တော့ဘူး။”

   သေစေနိုင်လောက်အောင် တိတ်ဆိတ်ငြိမ်သက်သွားမှုက သူ့ရဲ့စကားလုံးတွေကို နှုတ်ဆက်လိုက်၏။ Warsongရွက်ဖျင်တဲထိုးစခန်းတွေပေါ်သို့ တိုက်ခတ်လာသော လေပြေလေညင်းကြောင့် လွင့်သွားသောရွက်ဖျင်စတွေရဲ့ ဖလပ်ဖလပ်မြည်သံနဲ့ မြေတွင်းချိုင့်တစ်ဝိုက်ရှိ မီးလင်းတိုင်တွေရဲ့ တဖျစ်ဖျစ် တဖြောက်ဖြောက်မြည်သံတို့မှတစ်ပါး ဘာသံမှမကြားရတော့ပေ။

   Grommashရဲ့ တစ်စွန်းတစ်စကျန်ရှိသော နောက်ဆုံးကရုဏာသည်လည်း ကြာမြင့်စွာကပင်ထွက်ခွါသွားခဲ့ပြီဖြစ်၏။ “မင်းရဲ့အနာဂါတ်ဟောစာတမ်းက ဖြစ်နိုင်ချေမရှိဘူးကွ။ ပြီးတော့ အခုမှာမင်း ငါ့ရဲ့ဂုဏ်ကျက်သရေကိုစော်ကားလိုက်တာပဲ။” သူ့ရဲ့မျက်လုံးတွေက ခက်ထန်သွား၏။ “ဒါပေမယ့်လို့ မင်းပြောခဲ့သလိုပဲ၊ စကားလုံးတွေက လေတွေပါပဲ။ အပြုအမူတွေကသာပဲ အရေးကြီးတယ်။ Mak’rogahnကို မင်းကြားဖူးကဲ့လား၊ လူစိမ်း?”

   လက်ထိတ်ခတ်orcက ၄င်းရဲ့ဦးခေါင်းအား တစ်ဖက်သို့တိမ်းစောင်းပြလိုက်ပြီး ၄င်းရဲ့ပါးစပ်ကို လှုပ်ရှားလိုက်၏၊ စကားလုံးတွေကို ပြင်ပသို့ အသံမထွက်ဘဲရွတ်ဆိုပြနေသည်ထင်ရ၏။ စိတ်အင်အားရဲ့ နှစ်ယောက်ချင်းတိုက်ပွဲ ။ “ကျုပ် mak’goraကိုသိတယ်။ ကျုပ် အဲ့ဒါကို သိပ်သိတာပေါ့။ အဲ့ဒါနဲ့ ဘာများကွာခြားလို့လဲ?” သူပြောလိုက်၏။

   “Mak’Goraက အသက်ဆုံးတဲ့ထိတိုက်ပွဲတစ်ခုပဲ၊” Grommashပြောလိုက်၏။ “Mak’ Rogahnကတော့ Warsongတွေက သူတို့ရဲ့ထိုက်တန်မှုကို ဘယ်လိုပြသတယ်ဆိုတာပဲ။ မြေတွင်းချိုင့်ထဲဝင်ပြီး တိုက်ခိုက်ရတယ်၊ သူတို့တွေရဲ့ခန္ဓာကိုယ်တွေက မလုပ်နိုင်မကိုင်နိုင်တော့တဲ့တစ်ချက်တည်းအတွက်ပဲ ရပ်တန့်တယ်။ ဒီနေရာမှာ လက်နက်ချတာမရှိဘူး။ ညှာတာမှုမရှိဘူး။ ဘယ်လိုကြမ်းတမ်းခက်ခဲမှုမျိုးကိုမဆိုနဲ့ နာကျင်မှုဝေဒနာအားလုံးကိုသည်းခံပြီး အသက်ရှင်လိုတဲ့စိတ်အင်အားရဲ့ သဘောလက္ခဏာကို ပြသမှုသက်သက်တစ်ခုပဲ။ လက်လျှော့လိုက်တဲ့သူဆို ပြည်နှင်ဒဏ်ပေးတယ်။ အဲ့ဒါက မင်းမှာ Warsongရဲ့နှလုံးသားတစ်ခုရှိတယ်ဆိုတာ ဘယ်လိုနည်းနဲ့ သက်သေပြသနိုင်မယ်ဆိုတာပဲ။ ငါတို့မျိုးစုက အားနည်းချက်ကို ဘယ်တော့မှ နောက်တစ်ကြိမ်သည်းခံမှာမဟုတ်ဘူး။ မင်းဘာမှမသိဘဲ လျှောက်ပြောတာကိုး။”

   “နောက်တစ်ကြိမ် သည်းမခံဘူးလား?” လူစိမ်းကမေးလိုက်၏။

   . . . ကျမဆန္ဒရှိတဲ့. . . စစ်သည်တော်တစ်ဦးရဲ့သေခြင်းမျိုးနဲ့ ကျမကို သေခွင့်ပေးပါ. . .

   Grommash အတိတ်ကမှတ်ဉာဏ်အား ဆက်လက်၍မဖြစ်ရန် အတင်းဖိနှိပ်တားမြစ်လိုက်၏။ “အကယ်၍ မင်းရဲ့စကားလုံးတွေကအမှန်ဆိုရင်၊ တိုက်ခိုက်ပါ။ ငါတို့ကို မင်းရဲ့ဂုဏ်ထူးကိုပြသပါ။”

   လူစိမ်းက သူ့ရဲ့ ထိန်းချုပ်ကန့်သတ်ခံထားရသောလက်တွေကို တစ်ခဏမျှစဉ်းစားဆင်ခြင်လိုက်၏။ “ကျုပ် လက်ခံတယ်။”

   “အာဂလူပဲ။ Mak’Rogahnက အသက်ဆုံးဖို့ရည်ရွယ်တဲ့ တိုက်ခိုက်မှုတစ်ခုတော့မဟုတ်ဘူး၊ ဒါပေမယ့် မတော်တဆတွေတော့ ဖြစ်တတ်တယ်ကွ၊” Grommashပြောလိုက်၏။ “မင်းက ငါ့ကိုမျှသာ ရိုင်းပျစော်ကားတာမဟုတ်ဘူး ဒါပေမယ့် Warsongတွေအကုန်လုံးကိုပဲ။ ဖြစ်တန်ရာကတော့ မြေတွင်းထဲက မင်းတို့လေးဦးက ငါတို့ရဲ့ဂုဏ်ကျက်သရေကိုကာကွယ်ဖို့ အခွင့်အရေးကိုရတန်ကောင်းပါလိမ့်မယ်။”

   “ကျွန်တော်တို့ လက်ခံပါတယ်! ” ဒါကိုတော့ သူတို့တွေချီတုံချတုံဖြစ်ခြင်းမရှိဘဲ ကျယ်လောင်စွာပြန်အော်လိုက်ကြ၏။ လူစိမ်းရဲ့မျက်လုံးတွေ အနည်းငယ်ပြူးသွား၏။

   “စတော့၊” Grommash သိမ်မွေ့စွာပြောလိုက်၏၊ သူ့နေရာမှာပြန်ထိုင်နေလိုက်၏။

   သူတို့တွေ တိုက်ခိုက်ကြပြီ။





အပိုင်း ၃



   Warsong orcလေးဦးက Garroshထံသို့ သူတို့ကိုယ်တွေကို ပစ်လွှင့်လိုက်၏၊ အရှိန်နဲ့ဝင်တိုက်၏။ အောက်ကိုကျောပြင်နဲ့ဘိုင်းခနဲပစ်ကျသွား၏၊ လုံးထွေးသွားပြီး သူ့မျက်နှာအား သူ့ရဲ့သံချိန်းခတ်လက်တွေနဲ့ကာကွယ်ထားရ၏။ လက်သီးတွေနဲ့ ခြေထောက်တွေက သူ့ပေါ်သို့ မိုးရွာချလာ၏။ လူအုပ်က ကျယ်လောင်စွာအော်ဟစ်ခြင်းဖြင့် ထောက်ခံ၏။

   မတော်တဆတွေတော့ ဖြစ်တတ်တယ်ကွ၊ သူ့ဖခင်ကပြောခဲ့၏။ မတော်တဆဆိုတာ ယခုဖြစ်နေသည့်အရာကိုဆိုလိုမှန်း ရှင်းလင်းသွား၏။ ဖန်ကွဲစကွေးသည် ခါးစည်းရဲ့နောက်ဘက်မှာ Garroshလျှိုထည့်ထားပြီး အ၀တ်နဲ့အထပ်ထပ်သေချာပတ်ထားတာတောင်မှ သူ့အရေပြားထဲသို့ နာကျင်စွာထိုးဖောက်ဝင်နေပြီ။ အဲ့ဒါကို ဆွဲထုတ်ပစ်ချင်စိတ်ပေါက်လာ၏ . . .မဟုတ်ဘူး။ မဟုတ်ဘူး။ အဲ့ဒါက သူ့ကိုဘာမှရစေမှာမဟုတ်ဘူး။ ၀ှက်ထားသည့်လက်နက်တစ်ခုကို ထင်ရှားပြခြင်းက ဂုဏ်ကျက်သရေမဲ့စေပြီး သူ့အသက်ဆုံးဖို့တစ်ခုအတွက်သာ တာဝန်ယူလိမ့်မည်။

What difference would it make to be living a day more or less?

Offline forhorde

  • Special Jounin
  • *****
  • Posts: 543
  • Influence: +3/-0
  • xiaolongnu of ancient tomb
    • View Profile
Re:ံHellscream
« Reply #10 on: July 07, 2018, 04:18:48 pm »
   ဒီ ကြာမြင့်ပြီဖြစ်သော၊ ရင်းနှီးနေသည့်သွေးဆာမှုက သူ့စိတ်ထဲသို့စိမ့်ဝင်သွား၏၊ ဒါပေမယ့် ကမူးရှုးထိုးကြမ်းမှုဆီသို့ ပြင်းပြင်းပြပြဆန္ဒကို သူခုခံတားမြစ်ထားလိုက်၏။ လေးယောက်တစ်ယောက် ̵ ̵ ̵ ̵  အားခြင်းမမျှပေ၊ ဒီဟာက အရိုင်းခွန်အားရဲ့ကိစ္စတစ်ရပ်မဟုတ်ပေ။ သူကဟိုဘက်သည်ဘက်သို့လှိမ့်၏၊ ထိုးနှက်ကန်ကျောက်မှုအသီးသီးကို အရိုးပေါ်သို့အစား ကြွက်သားပေါ်သို့ ကျရောက်ဖို့်ကြိုးစား၏။ အဲ့ဒါအလုပ်ဖြစ်၏၊ ဒါပေမယ့် အဲ့လိုဖြစ်တာတောင်မှ နာကျင်မှုက မကြာခင်မှာ သူ့ခန္ဓာကိုယ်အနှံ့ပျံ့သွား၏။

   အခုထိတော့၊ ဘယ်နံရိုးမှမကျိုးသေး။ ဘယ်ထိုးနှက်ကန်ကျောက်ချက်ကမှ သူ့မေးရိုးပေါ်သို့ ဒါမှမဟုတ် နားသယ်ပေါ်သို့မကျရောက်သေး။

   သူ့တိုက်ခိုက်သူတွေက သူတို့ကိုယ်သူတို့ ဒေါသူပုန်ထခွင့်ပေးထား၏။ လက်သီးနဲ့ထိုး ခြေနဲ့ကန်မှုအသီးသီးတို့ကို ပွဲသိမ်းထိုးချက်ကဲ့သို့ အားထည့်ထား၏။ သူတို့တွေက ခွန်အားဖြုန်းတီးနေခြင်းဖြစ်၏။

   Garroshခန္ဓာကိုယ်ကို အဆက်မပြတ်လှုပ်ရှားထား၏၊ ခြေနဲ့အဆက်မပြတ်ကန်ထား၏၊ အဆက်မပြတ်တိုက်ခိုက်ထား၏၊ သူ့အား ဒဏ်ရာထားခဲ့ပြီး အကူအညီမဲ့စေမည့် ထိုးနှက်ချက်တွေကို အဆက်မပြတ်ရှောင်ထား၏။

   သူအခုသေဖို့ဆိုတာနဲ့ အဝေးကြီးရောက်သွားပြီ။

   Warsongတွေရဲ့တစ်ယောက်က သူ့ဦးခေါင်းကို ကန်ချက်တွေနဲ့ပစ်မှတ်ထားထား၏၊ စည်းချက်တစ်ခုအဖြစ်သို့ တည်ငြိမ်နေစေ၏။ ဘန်း။ ဘန်း။ ဘန်း။ ခန့်မှန်းနိုင်၏။ Garroshလက်ကိုဆတ်ခနဲဆန့်လိုက်၏။ သူ့လက်ကောက်ဝတ်နှစ်ခုအကြားက သံချိန်းကြိုးက orcရဲ့ခြေကျင်းဝတ်တစ်လျှောက်ရစ်ပတ်မိသွား၏။

   Garroshပြုံးလိုက်၏။



*      *      *




   Grommash ဦးခေါင်းကိုခါယမ်းလိုက်ပြီး သူ့ဘယ်ဘက်ခြမ်းမှာရပ်နေတဲ့ Warsongစစ်သည်တော်ရဲ့ တစ်ဦးဘက်သို့မျက်နှာလှည့်လိုက်၏။ “ဒီပွဲပြီးသွားရင်၊ သူ့ကိုမြန်မြန်သွားပစ်လိုက်။ သူကရူးနေတာဖြစ်မယ်၊ ဒါပေမယ့်လို့ တစ်စုံတစ်ဦးအတွက်တော့ သူကအရေးကြီးခဲ့ပုံရတယ်။ အကယ်၍ငါတို့တတ်နိုင်ရင် ဒီအရူးပေါ်မှာအရင်းတည်ပြီး သွေးကြွေးဟောင်းတစ်ခုပေါ်ပေါက်မလာဖို့ ရှောင်ရှားရမယ်ကွ၊” Grommashပြောလိုက်၏။

   စစ်သည်တော်ကရယ်လိုက်၏။ “အနည်းဆုံးတော့ ဒီတစ်ယောက်က ဘယ်လိုသေတယ်ဆိုတာ သိသွားတယ်၊” သူသုံးသပ်လိုက်၏။

   “ဟုတ်တာပေါ့၊ သူသိသွားမှာ။” မြေတွင်းချိုင့်ထဲ မိုးရွာကျနေသောတိုက်ခိုက်မှုတွေအား Grommashသဲသဲကွဲကွဲမမြင်ရပေ၊ ဒါပေမယ့် လူစိမ်းအားသူတစ်ချက်တစ်ချက် မြင်ကွင်းထဲဖြတ်ခနဲဖမ်းမိ၏၊ ယခုထိတော့ လှုပ်ရှားနေပြီး ပက်လက်လှန်မှုမှတိုက်ခိုက်နေ၏၊ လက်လျှော့လိုက်ဖို့ငြင်းဆန်နေ၏။ “သူက ငါ့ရဲ့ နှလုံးသားသို့သင်ကြားပို့ချမှုတွေကို လိုက်နာနေတာပဲ။” ဆိုးလွန်းသွားပြီ

   မြေတွင်းချိုင့်ထဲရှိ Warsongလေးဦးရဲ့တစ်ယောက်က ရုတ်တရက်နောက်သို့ပြန်ခုန်လိုက်၏၊ နာကျင်မှုနဲ့အတူကျယ်လောင်စွာအော်မြည်လိုက်၏။ သူ့ရဲ့ဘယ်ဘက်ခြေထောက်က ပုံစံမကျဘဲအဆစ်လွဲနေ၏။ Grommashနဲ့အခြားသူတွေရယ်လိုက်၏။ အရမ်းကာရောကန်ကျောက်ပြီး သူ့ကိုယ်သူနာကျင်စေခဲ့ပြီ။ ဒဏ်ရာရသွားသောorcကအံ့ကြိတ်လိုက်ပြီး ပြန်ခုန်ဝင်လိုက်၏၊ လုံးထွေးလိုက်၏၊ လူစိမ်းရဲ့ခေါင်းပေါ်သို့ လက်သီးတွေထိုးချလိုက်၏။ ခဏတာကြာပြီးနောက်၊ ဒီနေရာမှာ နာကျင်မှုရဲ့အခြားအော်သံထွက်ပေါ်လာ၏၊ ပြီးတော့ ထိုorcပင်အနောက်သို့လဲပြိုကျသွား၏၊ ဘယ်ဘက်လက်ကောက်ဝတ် ကျိုးသွားပြီး ကျေမွသွား၏။

   လူအုပ်ရဲ့အချို့အသံတိတ်သွား၏။ Grommashလည်း ထိုကဲ့သို့ဖြစ်၏။ သူတို့မြင်ခဲ့သည့်အရာကို သူမြင်လိုက်၍ဖြစ်၏ : လူစိမ်းက သူ့သံကြိုးအားလက်နက်တစ်ခုလိုအသုံးပြုသွားခဲ့၏။

   ပြီးတော့အဲ့ဒါကအစသာရှိသေး၏။ ကန်ချက်တစ်ခုက အခြားWarsongရဲ့ဒူးနဲ့မိတ်ဆက်သွား၏၊ ထိုအရာကိုကျိုးကြေသွားစေ၏။ အခြားကန်ချက်တစ်ခုက တတိယorcရဲ့ ခြေထောက်နှစ်ဖက်ကြားဝင်သွား၏၊ သူ့အားမြေသို့ကျသွားစေ၏။ ခဏအတွင်းမှာပဲ၊ လူစိမ်းက ပြိုင်ဘက်သုံးဦးအား ခြေကျိုးစေ ဒါမှမဟုတ် မလှုပ်မရှားနိုင်အောင်လုပ်ခဲ့၏။

   မြေတွင်းချိုင့်ပတ်လည်ရှိ သြဘာပေးသံများမှာ လျှင်မြန်စွာသေဆုံးသွား၏။

   နောက်ဆုံးWarsong orcက မာန်ဖီလိုက်ပြီး နောက်သို့ခြေလှမ်းပြန်ဆုတ်လိုက်၏၊ ခြေကန်ချက်ရဲ့ ပြင်ပရောက်သွား၏၊ လူစိမ်းအားခြေထောက်သုံးရခဲယဉ်းစေရန်ဖြစ်၏၊ အသက်ကိုနက်ရှိုင်းစွာရှုနေသော်လည်း ပုံမှန်ဖြစ်၏။ နောက်ဆုံးWarsongပြိုင်ဘက်ကို သူလက်ယပ်ခေါ်လိုက်သည်။ သူတို့တွေ တစ်ဦးကိုတစ်ဦး တစ်ဟုန်ထိုးဝင်ရောက်တိုက်ခိုက်လိုက်ကြ၏။

   Grommashမျက်တောင်မခတ်ပေ။ သူယခုမြင်တွေ့နေရသည့်အရာကို သူမယုံပေ။ ကြောက်ရွံ့မှုကင်း၏။ တွေဝေမှုကင်း၏။ ပကတိရက်စက်ကြမ်းကြုတ်၏။ သွေးဆာမှုကို မောင်းနှင်အားသက်သက်ဆီသို့ ဖော်ဆောင်နိုင်သည်။ စိတ်တစ်ခုကို အောင်ပွဲတစ်ခုတည်းသို့သာ လုံးလုံးလျားလျားပေးအပ်ထား၏၊ သူ့အား ဘာကမှစိတ်မထွေပြားစေပေ။

   အဲ့ဒါကငါဘယ်လိုတိုက်ခိုက်တယ်ဆိုတာပဲ Hellscream တွေးလိုက်မိ၏။

What difference would it make to be living a day more or less?

Offline forhorde

  • Special Jounin
  • *****
  • Posts: 543
  • Influence: +3/-0
  • xiaolongnu of ancient tomb
    • View Profile
Re:ံHellscream
« Reply #11 on: July 07, 2018, 04:20:55 pm »
   Warsong orcက လူစိမ်းရဲ့ဝမ်းဗိုက်ထဲသို့ လက်သီးနဲ့ တစ်ခါ၊ နှစ်ခါ၊ သုံးခါတိုင်အောင် ထိုးနှက်လိုက်၏၊ ထို့နောက်တွင်လည်မျိုတစ်လျှောက်ညှစ်ထား၏။ လူစိမ်းကလက်နှစ်ဖက်ကိုအချင်းချင်းဆုပ်ကိုင်လိုက်ပြီးနောက် ယင်းတို့အားတူတစ်လိုမျိုးပင့်မြှောက်လိုက်၏၊ ၄င်းအားမေ့စေ့အောက်ဘက်သို့ရိုက်မိသွား၏။ နောက်ဆုံးorcရဲ့ မေးရိုး ရွံ့မုန်းစရာကောင်းသော ကျွတ်ခနဲမြည်သံနဲ့အတူ ရုတ်တရက်ကျိုးပဲ့ကွဲသွား၏။ သွားနှစ်ချောင်းပျံထွက်သွား၏။ သူမြေပေါ်ပြုတ်ကျတော့ မျက်လုံးတွေက သူ့ရဲ့ဦးခေါင်းနောက်သို့လိမ့်သွား၏။

   အဲ့ဒါအတွက် ပွဲပြီးသွားပြီ။

   ဒဏ်ရာနဲ့Warsognသုံးဦးက မတ်တပ်ထဖို့စကြိုးစား၏၊ လူစိမ်းထံသို့ ဒရွတ်ဆွဲတွားသွား၏၊ လက်လျှော့ဖို့ငြင်းပယ်နေ၏၊ သူတို့တွေအားအင်ကုန်ပင်ပန်းနွမ်းနယ်နေတာ ရှင်းလင်းစွာမြင်ရ၏။ Mak’Rogahnက ထိုအရာကို တောင်းဆိုထား၏။ သူတို့တိုက်ခိုက်နိုင်သေးသမျှကြာရှည်စွာ၊ သူတို့တိုက်ကို တိုက်ခိုက်ရမည်။

   လူစိမ်းက သူတို့ရောက်ရှိနိုင်ချေမှ နောက်သို့ခြေလှမ်းပြန်ဆုတ်လိုက်၏။ “ကျုပ်ရဲ့ Warsongနှလုံးသားကို ကျုပ်သက်သေပြခဲ့ပြီမလား၊ Hellscream ? သူတို့လည်းပြခဲ့ပြီပဲ?” သူမေးလိုက်၏။ “ဒါမှမဟုတ် ကျုပ်သူတို့ကို သတ်ဖို့လိုအပ်သေးလား?”

   Grommash ပြန်မဖြေပေ။ သူစောင့်ကြည့်နေ၏။ နားထောင်နေ၏။ ပွဲကြည့်ပရိသတ်တွေက တိုးတိုးပြောနေကြ၏၊ “သူတိုက်ခိုက်ခဲ့တာက. . . သူတိုက်ခိုက်ခဲ့တာ Hellscreamလိုမျိုး ပဲ. . .”

   ဒူးကျိုးကျေသွားတဲ့orcက သူ့ကိုယ်သူဇွတ်အတင်းခိုင်း၍ လူစိမ်းထံသို့ သူ့လက်တွေနဲ့ခြေတစ်ဖက်ဒရွတ်ဆွဲလျှောက်လာ၏၊ ရွေ့ရှားမှုတိုင်းစီက နာကျင်မှုကြောင့်အသက်ရှုသွင်းမှုမြန်ဆန်နေ၏။ လူစိမ်းက နောက်သို့တစ်ဖန်ခြေလှမ်းဆုတ်လိုက်၏၊ မြေတွင်းချိုင့်ရဲ့အစွန်းအဖျားသို့ရောက်သွား၏။ “ခေါင်းဆောင်ကြီး Hellscream၊ သင့်ရဲ့ Warsongတွေကို သတ်ဖြတ်ဖို့ကျုပ်ရောက်လာတာမဟုတ်ပါဘူး။ သူတို့တွေကို ကျုပ်လာပြီးကာကွယ်တာပဲ၊” သူပြောလိုက်၏။

   “တော်လောက်ပြီ၊” Grommashပြောလိုက်၏။ “ပြိုင်ပွဲ ပြီးသွားပြီ။” ဒဏ်ရာနဲ့Warsongမြေပေါ်သို့ဗုန်းခနဲလဲပြိုကျသွား၏။

   Hellscreamမြေတွင်းချိုင့်ထဲသို့ ခြေလှမ်းချလိုက်၏၊ Gorehowlကိုသူ့လက်ထဲကိုင်ထား၏။ လူစိမ်းက မရွေ့ရှားဘဲရပ်တည်နေ၏။ လူမျိုးစုသည် အသက်မရှုနိုင်ကြပေ။

   Grommashက လူစိမ်းနဲ့ခြေတစ်လှမ်းအကွာအတွင်းသို့ဝင်ရောက်လာပြီး ယင်းအားအနီးကပ်သုံးသပ်ကြည့်၏။ မျက်နှာကဆေးမင်ကြောင်၊ အမာရွတ်တွေ၊ ကြမ်းကြုတ်ရက်စက်တဲ့ မျက်လုံးတွေ၊ ထူးခြားစွာရင်းနှီးကျွမ်းဝင်နေသည့် ပုံပန်းသဏ္ဌာန်တွေ၊ တိုက်ခိုက်သည့်ပုံစံတွေနဲ့ ဖြစ်၏။ သံချိန်းကြိုးတွေပေါ်မှာ Grommashတစ်ခါမှမမြင်ဖူးတဲ့ တိရစ္ဆာန်တစ်ကောင်ရဲ့ အမှတ်အသားလက္ခဏာတွေကို သိသာပေါ်လွင်အောင်ပြသထား၏။ “အဲ့ဒါဘာလဲ?” သူအေးအေးပင်မေးလိုက်၏။

   “အဲ့ဒါ Xuen ၊ ကျားဖြူပါ၊ Shado-panရဲ့သင်္ကေတတစ်ခုပါ၊” လူစိမ်းကဖြေလိုက်၏။

   “ဘယ်သူလဲ?”

   “ကျုပ် ခရီးဝေးကြီးတစ်ခုကိုလာခဲ့ရတယ်၊ Hellscream။” လူစိမ်းက ညင်သာစွာပြောနေ၏။ ဒီနေရာမှာ ၄င်းရဲ့မျက်လုံးအတွင်း သေမထူးနေမထူးလုပ်လိုမှုတွေပြသနေသော်လည်း ရူးသွပ်မှုကိုတော့မတွေ့ရပေ။ “ကျုပ်လာခဲ့တဲ့လမ်းက အခုအရေးမကြီးတော့ပါဘူး။ သင့်ရဲ့လမ်းကသာ အဲ့ဒါတွေအားလုံးရဲ့အကြောင်းကိစ္စပဲ၊ ပြီးတော့ အဲ့ဒီအတွက်ပဲကျုပ်ဒီကိုရောက်လာတာပါ။”

   လူအုပ်ထံမှတီးတိုးပြောသံတွေက ယခုချိန်ထိမြေတွင်းချိုင့်ထဲလွင့်မြောလာနေ၏။ “သူက Hellscreamပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တာ။”

   Gorehowlအား Grommashသူ့ရဲ့ဦးခေါင်းထက်သို့မြှောက်လိုက်ပြီး အောက်သို့ဆွဲချလိုက်၏။ ထိုအရာက လေကိုဖြတ်သန်း၍ ကျယ်လောင်စူးရှသည့်အော်သံထွက်ပေါ်သွား၏။

    ဂလောင်း။

   လူစိမ်းရဲ့လက်တွေ သူ့ရဲ့နံဘေးဘက်သို့ပြုတ်ကျသွား၏၊ သူ့လက်တွေအကြားရှိ သံချိန်းကြိုးကျိုးပြတ်သွား၏။

   “ငါမင်းလိုorcတစ်ယောက်ကို တွေ့ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မယုံကြည်ခဲ့ဘူး၊” Grommashပြောလိုက်၏။ “လာ။ ငါတို့စကားပြောကြတာပေါ့။ ဒါပေမယ့် ဒါကိုတော့သိထား၊” သူထပ်ပေါင်းပြောလိုက်၏၊ လူစိမ်းရဲ့လည်သို့ Gorehowlရဲ့အသွားကိုတင်ထားလိုက်၏။ “အကယ်၍ မင်းငါ့ရဲ့အချိန်ကိုဖြုန်းတာ၊ ငါ့မျိုးစုကို ဘေးအန္တရာယ်ပေးဖို့ ကြံရွယ်ထားတာဆိုရင်တော့၊ ငါမင်းရဲ့ခေါင်းကိုယူလိမ့်မယ်။”

   လူစိမ်းကကြောက်ရွံ့နောက်တွန့်ခြင်းမရှိပေ၊ မျက်တောင်လဲမခတ်ပေ။ “အကယ်၍ ကျုပ်ရဲ့စကားလုံးတွေက သင့်အချိန်ကိုဖြုန်းခဲ့တာဆိုရင်၊ ကျုပ် ဘာမှမကန့်ကွက်ပါဘူး။ တကယ်လို့ ဒီနေရာမှာ ကျုပ်ရှုံးနိမ့်ခဲ့ရင်၊ ကျုပ်ဘ၀က ဘာမှမဟုတ်တော့လို့ပဲ။”

   “အရမ်းကောင်းပါတယ်။” Grommashမြေတွင်းချိုင့်ထဲမှ အပြင်သို့ခြေလှမ်းထွက်သွားလိုက်ပြီး သူ့ရဲ့စခန်းချရွက်ဖျင်တဲဆီသို့ ပြန်လမ်းလျှောက်သွား၏။လူစိမ်းက နောက်ကလိုက်သွား၏။   
   


ဖတ်ရှုပေးသည့်အတွက်  ကျေးဇူးတင်ပါသည်။ ဇာတ်သိမ်းပိုင်းကို ဆက်လက်ရှုစားပေးပါရန်. . .
What difference would it make to be living a day more or less?