Author Topic: Apocrypha Part Two  (Read 32 times)
Offline forhorde
  • Special Jounin
  • *****
  • Posts: 574
  • Influence: +3/-0
  • xiaolongnu of ancient tomb
    • View Profile
Apocrypha Part Two
« on: March 26, 2019, 11:18:25 pm »
Apocrypha
ပုထုဇ္ဇန အလင်းပြကျမ်း
ဒု.တွဲ
By
Matt Burns
         နောက်နှစ်ရက်အတွက်တော့၊ Iskarသည် Viryxရဲ့အရိပ်ဖြစ်လာ၏။ သူမရဲ့ လမ်းကြောင်းကို သူနောက်ယောင်ခံလိုက်ခဲ့၏၊ သူမရဲ့ လှုပ်ရှားမှုတိုင်းအား သူစေ့စေ့စပ်စပ်ကြည့်ရှုခဲ့၏။ သူမသည် မဟာမော်ကွန်းတိုက်ကြီးသို့ ဘယ်တော့မှပြန်မလာတော့ပေ။ သူမ မလာတော့ပေမယ့်လို့ သူမရဲ့အိပ်တန်းတက်သည့်နေရာအတွင်းမှာတော့ တစ်ဦးတည်းနာရီပေါင်းများစွာကုန်ဆုံးခဲ့၏။ သူ့အား သံသယရှိပုံပေါ်သွားမည်ကို သူကြောက်ရွံ့နေခဲ့၏၊ ထိုကဲ့သို့သောအချိန်တွေအတွင်းမှာတော့ သူမအပေါ်သူလျှိုလုပ်ဖို့ သူမကြိုးစားတော့ပေ။ သူမရဲ့သုတေသနအကြောင်း သူသိထားသည့်အနည်းငယ်မှနေ၍ Viryxသည် ပြီးခဲ့သည့်အချိန်ကဘုရင်ကြီးTerokkနဲ့ ၄င်းရဲ့ အနှင်ခံရသည့်ပုံပြင်အကြောင်း ရှာဖွေနေခဲ့သည်ဆိုတာတော့ သူရိပ်မိ၏။
         အဲ့ဒီတစ်ချက်တည်းနဲ့တော့ သတိပေးချက်အတွက် အကြောင်းရင်းမဟုတ်ပေ။ arakkoaတွေအကောင်ပေါက်လာတဲ့အချိန်ကစပြီး Terokkအကြောင်းကိုသူတို့သင်ခဲ့ရပါ၏။ ဒါပေမယ့် သူမသုတေသနရဲ့ အပြုအမူက သဘောမှန်ကို ရှာဖွေရခက်ခဲပြီး လျှို့ဝှက်ချက်ဆန်သည့်သဘာဝရှိ၏၊ အဲ့ဒါကသာ ထူးဆန်းပါ၏။ Viryxသည် တတ်နိုင်သည့်ဘယ်အချိန်မှာမဆို အခြားarakkoaတွေနဲ့တွေ့ဆုံဆက်ဆံမှုအား ရှောင်ရှားပုံပေါ်၏၊ ညဉ့်နက်သည့်အချိန်တစ်ခုတည်းမှာသာ ထွက်ပေါ်လာလေ့ရှိ၏။
         အဲ့ဒီဟာတွေက ကျိန်စာရဲ့လက္ခဏာတွေမဟုတ်ဘူးလား? Iskarအဲ့ဒီလိုမျိုး မယုံကြည်ချင်ပေ။ Rukhmarက Viryxအား ချစ်စရာကောင်းအောင် တန်ဆာဆင်ထား၏။ သူမက ကောင်းချီးပေးခံထားရ၏။ Viryxကဲ့သို့ နတ်ဘုရားမကပေးတဲ့လက်ဆောင်တွေရရှိထားရသူတစ်ဦးကို ကျိန်စာမှလည်းကာကွယ်စောင့်ရှောက်ပေးလိမ့်မည်မဟုတ်ပါလော?
         အဆင့်မြင့်ပညာရှိနှင့်သူ့ရဲ့အစည်းအဝေးအတွက် ပင်မကြောင်လိမ်ရစ်ကြီးရဲ့ အမြင့်ဆုံးအပိုင်းတွေရှိရာလေထဲ သူအမြင့်ကြီးပျံတက်နေသကဲ့သို့ မေးခွန်းတွေက Iskarရဲ့အပေါ်မှာလေးလံလာနေ၏။ မနေ့ညကတော့ သူသတိထားပြီးလိမ်ပြောခဲ့၏၊ Zelkyrအား သူဘာတွေပြောလိမ့်မည်ကို သူသိချင်နေမိ၏။
         အဖြစ်မှန်ကလွဲလို့ ကျန်တာပြောရုံအပြင် သူကကော ဘာများတတ်နိုင်ပါဦးမည်နည်း?
         Iskar ကြောင်လိမ်ရစ်ရဲ့အမြင့်ဆုံးရှိအခန်းရှည်တန်းပေါ်မှာ အဆင့်မြင့်ပညာရှိကို ရှာလိုက်၏၊ အရောင်သွင်းထားသည့်မှန်တွေကို ဧရာမငှက်မွှေးတောင်ကြီးတစ်ချောင်းရဲ့ရောင်စဉ်များလိုပုံဖော်ထားသည့် စင်မြင့်တစ်ခုဖြစ်၏။ ဦးခေါင်းထက်မှာတော့ ကြောင်လိမ်ရစ်ရဲ့ကျောက်ဆောင်မျက်နှာပြင်အတွင်း ခိုင်မြဲစွာထိုးစိုက်ထားတဲ့ ရှည်လျားသောသစ်သားတန်းတွေမှတွဲလွဲချိတ်ဆွဲထားသည့် အလှဆင်ယင်မှုတွေများပြားသော တံခွန်တွေနဲ့ ခပ်မှိန်မှိန်လင်းနေတဲ့ နေကျောက်ခဲတွေရှိကြ၏။
         ပြင်ဆင်ခြယ်သထားမှုတွေကတော့ လှပပါ၏၊ သို့ရာတွင် ၄င်းတို့အားမြင်တွေ့ရခြင်း၌ ပျော်ရွှင်ခြင်းကိုIskarရှာမရပေ။ သူ့ရဲ့အာရုံစိုက်မှုက အရာဝတ္ထုတစ်ခုတည်းမှာသာဖြစ်၏ :  သံလှောင်ချိုင့်ကြီးတစ်လုံး၊ အနက်ရောင်အ၀တ်ထည်တွေအတွင်းဖုံးအုပ်ထား၏၊ သစ်သားဝင်ရိုးတိုင်တစ်ခုမှနေ၍ အခန်းရှည်တန်းပေါ် တွဲလောင်းဆွဲချထား၏။
         အဲ့ဒီထဲမှာ Ikissရှိလိမ့်မည်။ သူ့အားဖမ်းမိကတည်းက သူအဲ့ဒီမှာဖြစ်၏။ ပြီးတော့ အဲ့ဒီမှာပဲ သူကျန်ရစ်နေဦးမည်၊ တစ်ဦးတည်းနဲ့ ပကတိအမှောင်ထဲမှာဖြစ်၏၊ သူ့ရဲ့နယ်နှင်ဒဏ်ပေးမည့်နေ့တိုင်အောင်ပေါ့။ အသက်အရွယ်ကြီးရင့်သူ နေပညာရှိသူတစ်ဦးက လှောင်ချိုင့်ကိုဖုံးအုပ်ထားတဲ့ အနက်ထည်ကို အပူနဲ့အလင်း ၀င်ရောက်မှုမှကာကွယ်ပထုတ်ပစ်ဖို့အတွက် မှော်ကျိန်စာတိုက်ထား၏။ အဲ့ဒါက သူ့အပြစ်ဒဏ်ရဲ့အစိတ်အပိုင်းဖြစ်၏ :  Rukhmar’s embrace နတ်ဘုရားရဲ့ထွေးပွေ့မှုသို့ နီးကပ်လွန်းမလောက်၊ မြင့်မားလွန်းမလောက်ရှိပေမယ့်လို့ အဲ့ဒါတွေရဲ့ဘယ်အရာကိုမှ တွေ့ကြုံရမည်မဟုတ်ပေ။
         နေရောင်ခြည်မှထိုကဲ့သို့ဖြတ်တောက်ခံထားရမှုအတွေးမှာ Iskarပခုံးတွန့်သွား၏။ လှောင်ချိုင့်အတွင်း သော့ခတ်ခံထားရမှုမှရူးသွပ်သွားသည့် arakkoaတွေအကြောင်း သူကြားဖူးပါ၏။ သူတို့တွေက သူတို့ရဲ့ကိုယ်ပိုင်ငှက်တောင်တွေကိုပြန်နှုတ်ယူကြလိမ့်မည်။
         တစ်ခဏတာအတွက်တော့၊ Viryxအား ထိုလှောင်ချိုင့်ထဲမှာမြင်ယောင်ကြည့်မိ၏၊ ထိုထဲကိုဘာကြောင့်ထည့်ထားသလဲဆိုတော့ သူမက ကျိန်စာရဲ့လက္ခဏာတွေကိုပြသခဲ့သည်ကိုး။ အဖော်မဲ့အထီးကျန်ခြင်းရဲ့ ကြောက်ရွံ့စရာအာရုံခံစားမှုတစ်ခုနဲ့အတူ Iskarရဲ့နှလုံးသားဆို့နင့်သွား၏။
         “Adherent Iskar ၊”  အဆင့်မြင့်ပညာရှိ Zelkyrသူ့အားလှမ်းခေါ်လိုက်၏။
         Iskarသူ့ရဲ့မျက်လုံးတွေကို လှောင်ချိုင့်မှမနဲခွါယူလိုက်ရ၏။ သူဒူးထောက်လိုက်၏၊ သူ့ရဲ့ဦးခေါင်းကိုညွတ်လိုက်၏။
         “ထပါ။” အဆင့်မြင့်ပညာရှိက သူ့အား အနီးသို့လာရန်လက်ယပ်ခေါ်လိုက်၏။ “မင်းဘာတွေ သင်ယူခဲ့ရလဲ?”
         “ကျွန်တော် သူ့ကို စောင့်ကြည့်ထားခဲ့ပါတယ်၊” Iskarပြန်ဖြေလိုက်၏။
         “ပြီးတော့ကော?”
         “ပြီးတော့ သူမပြောင်းလဲသွားခဲ့တယ်။”
         အဆင့်မြင့်ပညာရှိက အံ့အားသင့်သည့်လက္ခဏာရဲ့ဘာကိုမှမပြသပေ။ သူကအမြဲဆိုသလို စိတ်ရှည်လက်ရှည်သာရှိနေတတ်၏။ “ဘယ်လို နည်းလမ်းထဲမှာလဲကွ?”
         “သူမက၊ ကောင်းပြီ. . .” Iskar တွေဝေသွား၏။ “သူမက ကိုယ့်ကိုယ်ကိုပြုပြင်သွားပါပြီ။ အရင်ဘယ်တုန်းကထက်မဆို တာဝန်ကျေပွန်ပြီး နာခံတတ်သွားပါပြီ။”
         လိမ်ညာမှုမှာထွက်သည်ဆိုရုံမျှဖြစ်၏၊ တစ်စုံတစ်ဦးက သူ့စိတ်နဲ့ခန္ဓာကိုယ်ကို ထိန်းချုပ်ထားသလိုမျိုးဖြစ်နေ၏၊ သူ မသိသည့်တစ်စုံတစ်ဦးဖြစ်၏။ သို့ရာတွင် သူစကားပြောရင်းတောင်မှ ခြောက်ခြားတုန်လှုပ်မှုနဲ့ ဖမ်းမိသွားမှာစိုးရိမ်မှုတို့မှ Iskarမိမိကိုယ်ကိုပြန်လည်ရစ်ယူနေရ၏၊ သူစကားတော့ရပ်မသွားပေ။ “သူမက Rukhmarထံဆုတောင်းတွေကိုရွတ်ဆိုရင်းနဲ့ အချိန်တွေကို ကုန်ဆုံးစေခဲ့ပါတယ်။ ကျွန်တော်အဲ့ဒါကို ကျွန်တော့်မျက်စိနဲ့ပဲ တပ်အပ်မြင်တွေ့ခဲ့ရပါတယ်။”
         “မင်းဟာက သေချာရဲ့လားကွာ?” Zelkyrမေးလိုက်၏၊ သူ့ရဲ့မျက်လုံးကို Iskarပေါ်မှာ အသေထားထား၏။
         အခြားမည်သည့်အချိန်မျိုးမှာမဆို၊ ထိုကဲ့သို့သောစိုက်ကြည့်မှုက Iskarအား တဖြည်းဖြည်းအားလျော့လာစေမည်ဖြစ်ပြီး ခွင့်လွှတ်မှုအတွက်အနူးအညွတ်တောင်းပန်ဖို့ သူ့အားစေခိုင်းလိမ့်မည်။
         ဒါပေမယ့်လို့ ရင်းနှီးကျွမ်းဝင်မထားတဲ့တစ်စုံတစ်ခု၊ ရင်ဖို၍ပျော်စရာကောင်းတဲ့တစ်စုံတစ်ခုက သူ့ရဲ့အတွေးတွေကို အုပ်မိုးထားသည့် မိမိကိုယ်ကိုစက်ဆုပ်ရွံ့ရှာမှုနဲ့ ကိုယ့်အခြေအနေကိုရှက်ရွှံ့မှုတို့အောက်မှ ထိုးထွက်လာနေ၏။ သူ့ရဲ့ဘ၀အတွင်း ပထမဦးဆုံးအကြိမ်အဖြစ်၊ သန်မာအားကောင်းမှုကို သူအသေအချာပင်ခံစားမိလိုက်ပါ၏။ အဆင့်မြင့်ပညာရှိ၊ ကမ္ဘာမှာ စွမ်းအားအရှိဆုံးarakkoaကပင်၊ သူ့အား ယုံကြည်သွား၏။ Iskar ၊ ၄င်းရဲ့သက်တူရွယ်တူများအနက် အထင်သေးမှုရဲ့ဦးတည်ချက်ဖြစ်ခဲ့သူ၊ သူ့ရဲ့လူကြီးသူမများရဲ့ နေရာပေးခြင်းမခံရသူသည် Rukhmarရဲ့အသံပေါ် လွှမ်းမိုးနိုင်တဲ့ စွမ်းအားရှိသွားခဲ့ပြီ။
         “ကျွန်တော် ကျိန်းသေပါတယ်ခင်ဗျာ။” Iskarရဲ့စကားလုံးတွေက ယိမ်းယိုင်မှုပင်မရှိပေ။
         အဆင့်မြင့်ပညာရှိ အဝေးသို့လှည့်ထွက်သွား၏၊ kaliriတစ်ကောင်အား ပြုလုပ်သကဲ့သို့ သူ့အားထွက်ခွါခွင့်ပြုရန် လက်ပင်ခါပြသွားသေး၏။ “မင်းရဲ့စောင့်ကြည့်မှုကို ဆက်လုပ်ပါ။”
         အခန်းရှည်တန်းမှ အဝေးသို့သူရောက်သွားသည့်အခါမှာ Iskarရဲ့ သန်မာအားကောင်းမှုတွေ ပျောက်ကွယ်ကုန်၏။ မထိန်းနိုင်အောင်တုန်ရီကြောက်ရွံ့မှုက သူ့အားလွှမ်းခြုံသွား၏။
         ငါဘာတွေလုပ်ခဲ့တာလဲ? Rukhmar ကျွန်ုပ်အားခွင့်လွှတ်ပေးပါ. . .
         သူအသက်၀၀ရှုနိုင်ရန် ပင်မကြောင်လိမ်ရစ်ကြီးပေါ်ရှိ အနိမ့်ပိုင်းစင်္ကြံတစ်ခုပေါ်သို့ ဆင်းသက်လိုက်၏။ သူ့ရဲ့အစာအိမ်လိမ်တွန့်နေပြီ။ သူ့ရဲ့မနက်စာကိုပြန်ယူဖို့ရန် ခဏတာအတွက်တော့ သူကြောက်ရွံ့နေခဲ့၏။
         အဲ့ဒီလိမ်ညာမှုက မှန်ကန်ကောင်းမွန်တဲ့ရည်ရွယ်ချက်တစ်ခုအတွက်ပဲလေ၊ သူ့ဟာသူပြောလိုက်၏။
         လိမ်ညာမှုအား သူနောက်ပြန်လှည့်စေလိမ့်မည်မဟုတ်ပေ။ သို့ရာတွင် Viryxအတွက် ဒုတိယအခွင့်အရေးတစ်ခုကိုတော့ သူအောင်မြင်အောင်လုပ်ဆောင်ပေးနိုင်သွားပြီဖြစ်၏။ သူမလျှောက်လှမ်းနေသည့် မည်ကဲ့သို့သော မိုက်ရူးရဲပြုမူသည့်လမ်းပေါ်မှမဆို ဝေးရာသို့ သူမအားသူဆွဲထုတ်နိုင်လိမ့်မည်ဆိုပါလျှင်၊ သူကသာ သူမအားကယ်ဆယ်နိုင်ခဲ့မည်ဆိုပါက၊ အဲ့ဒီနောက်မှာ အားလုံးကို ပေးချေပစ်လိုက်ဖို့ရန် ၀န်မလေးသူပင်ဖြစ်ပြီး ထိုသို့ ပြုလုပ်ဖို့ရန်လည်း ထိုက်တန်သည်ဟု ခံယူထားသူပင်ဖြစ်ပါ၏။
*      *      *
         လေသံစုံခေါင်းလောင်းလေးတွေရဲ့ တိုးညှင်းသောတေးသံလေးတွေက Skyreachမိုးမြင့်အိပ်တန်းရဲ့အနှံ့အပြားမှာ လွင့်မြောနေ၏။ Viryxအဲ့ဒါကို သူမရဲ့အိပ်တန်းတက်ရာနေရာအတွင်းမှ နားထောင်နိုင်ပေ၏။ အဲ့ဒါရဲ့ ဆိုလိုချက်ကိုလည်း သူမနားလည်ပါ၏ : မနက်ဖြန်မိုးသောက်ချိန်လွန်သည်နှင့် မိစ္ဆာယုံကြည်သူကို နယ်နှင်ဒဏ်ပေးကြတော့ပေမည်။
         အဲ့ဒါအခုကိုပဲဖြစ်နေပြီကို Viryxအံ့အားသင့်မိ၏။ နေ့ရက်တွေနဲ့ သူမ မျက်ခြေပြတ်သွားခဲ့၏၊ ပြီးတော့ အဲ့ဒီနေ့ရက်တွေအတွက် သူမမှာထင်ရှားစရာဘာမှများများစားစားမရှိပေ။ သူမရဲ့သုတေသနက သူမကို ဘယ်အရာကိုမှရှာတွေ့အောင် ဦးမဆောင်ခဲ့ပေ။ Adherentမော်ကွန်းတိုက်တွေအား အမြန်ခိုးယူရှာဖွေရာတွင် အတော်ဆုံးဖြစ်သည့်သူမရဲ့စွမ်းရည်သည်လည်း Terokkအကြောင်းပျောက်ဆုံးနေသည့်စာရွက်များရဲ့အကိုးအကားမျှကိုသာရရှိနိုင်ခဲ့၏။ သူတို့တွေက Skyreachရဲ့တစ်နေရာရာမှာပဲရှိနေသည်လားဆိုသည်ကို Viryxမသိပေ။
         သူမရဲ့အိပ်တန်းတက်နေရာကျဉ်းလေးထဲမှာ သူမခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေ၏၊ နောက်ထပ်ဘာလုပ်ရမည်ကို သိချင်နေ၏။ သူမရဲ့နေရာကတော့ ကစဉ့်ကလျားဖြစ်နေ၏။ အိပ်ယာခင်းစတွေက ပိုးအိမ်ရဲ့နှုတ်ခမ်းမှ အပြင်သို့တွဲလျားကျနေ၏ -  မျက်နှာကြက်မှ တွဲလောင်းချထားသော ပိုးအိမ်ပုံဖော် အသိုက်တစ်ခုပင်ဖြစ်၏။ ဖွင့်ဟထားတဲ့စာအုပ်တွေနဲ့ လုံးချေထားတဲ့စက္ကူတွေက ကြမ်းပြင်မှာအမှိုက်ပွထနေ၏။ သူမရဲ့စာကြည့်စားပွဲကတော့ Apexisရှေးဟောင်းပစ္စည်းတွေ၊ ကိရိယာတန်ဆာပလာတွေ၊ ပြီးတော့ တစ်ဝက်တစ်ပျက်သာစားထားတဲ့ ပန်းကန်လုံးတွေနဲ့ သိုးနေတဲ့အစာတွေကနေရာယူထားကြ၏။
         ဒါပေမယ့် ထိုသို့ဖြစ်ရခြင်းရဲ့ အကြောင်းမှန်ကတော့ သူမအဲ့ဒါတွေကိုသတိမထားမိရုံသက်သက်မျှသာဖြစ်ပါ၏။ ရှေ့ဆက်တိုးစရာမရှိသည့်လမ်းဆုံးရောက်သွားမှုက သူမအားဒေါသထွက်စေခဲ့၏။ အဲ့ဒါက မဖြေရှင်းနိုင်သည့်လျှို့ဝှက်ဆန်းကြယ်မှုရဲ့ သူမအပေါ်သြဇာသက်ရောက်မှုကို ပိုလို့သာအားကောင်းလာစေပါ၏။ ဒီနေရာမှာ နောက်ထပ်လုပ်နိုင်တာမရှိတော့ဘူး ̵ ̵ ̵ ̵  ဘာမှမရှိတော့ဘူး ̵ ̵ ̵ ̵  တိုးတိုးရေရွတ်လိုက်၏။
         “Viryx! ” ငှက်သံတစ်သံက အပြင်ဘက်ကနေပြီး သူမအသိုက်ထံသို့အော်ခေါ်နေ၏။
         “Iskar ။” သူမအနည်းငယ်ကွဲပြားသည့်ဆင်ခြေတချို့ကိုစဉ်းစားလိုက်၏၊ သူမကိုယ်သူမ အကြာကြီးဘာလို့သီးသန့်ရှိနေသည်ကို ရှင်းပြဖို့ အန္တရာယ်ကင်းသည့်အလိမ်အညာတချို့ကိုဖြစ်၏။ “ အစ်ကို့ကို ကျမထွက်မတွေ့ဖြစ်တာအတွက်တောင်းပန်ပါတယ်။ နေရသေ့က ̵ ̵ ̵ ̵  ”
         “ကရိရိရိရိ။  မလိမ်နဲ့!” Iskerကသူမရဲ့စကားကိုကြားဝင်ဖြတ်တောက်လိုက်၏။ ၄င်းက အသိုက်ထဲသို့ ကိုးရိုးကားရားဟိုတိုက်ဒီတိုက်နဲ့ဝင်လာ၏။ “နင်ဘာလုပ်နေတယ်ဆိုတာ ငါသိတယ်။”
         Viryxတစ်ခဏအတွက်တိတ်ဆိတ်သွား၏။ ဘယ်လိုပြောရမယ်ဆိုတာ သူမအတွက်မသေချာသေးပေ။ နောက်ဆုံးမှာ၊ သူမမေးလိုက်၏၊ “ဘယ်လိုသိတာလဲ?”
         “ဘယ်လိုသိတာလဲ? ဘယ်လိုသိတာလဲဆိုတော့ အဆင့်မြင့်ပညာရှိက ငါ့ကို လေ့လာခိုင်းထားလို့ပဲ။ နင့်ကိုလေ့လာစောင့်ကြည့်ဖို့ပေါ့။ သူထင်တာက ̵ ̵ ̵ ̵  ”
         “ကျမကိုစောင့်ကြည့်ဖို့လား?” Viryxရဲ့စကားလုံးတွေ ဒီတစ်ကြိမ်မှာအမုန်းစွက်သွား၏။ “ပြီးတော့ အစ်ကိုကျမကိုဘာမှမပြောဘူးပေါ့?”
         “နင်ကရောနားထောင်ဖူးလို့လား?” Iskar အနားသို့ကပ်လာ၏၊ သူ့ရဲ့အသံကိုတိုးလိုက်၏။ “သူက နင်ကျိန်စာမိမှာကိုကြောက်နေတယ်။”
         “ကျိန်စာမိမှာ?” Viryxမြူးကြွမှုနဲ့ရယ်မောလိုက်၏။ “အရူးမထချင်စမ်းပါနဲ့ အစ်ကိုရယ်။”
         “သူပြောတာကိုငါမယုံပါဘူး။ အဲ့ဒါကြောင့် Terokkအကြောင်းနင့်ရဲ့ သုတေသနကို ငါလျှို့ဝှက်ပေးထားတယ်။ ငါ. . .” Viryx ထံမှအဝေးသို့ Iskar မျက်နှာမူလိုက်၏။ ၄င်းက ရှည်လျားမောပန်းနေသော သက်ပြင်းတစ်ချက်ကိုချလိုက်၏။ “အဆင့်မြင့်ပညာရှိကို ငါ ညာပြောလိုက်တယ်။”
         အဲ့ဒါ Viryxအတွက် အံ့အားသင့်စရာပင်ဖြစ်ပါ၏။ Iskarအား ထိုကဲ့သို့ ရဲတင်းလွန်းသည့်ကိစ္စတစ်ခုကိုပြုလုပ်ဖို့ သတ္တိရှိလိမ့်မည်ဟု သူမဘယ်တုန်းကမှမမြင်ယောင်ခဲ့ဖူးပေ။
         “အဲ့ဒါ ကောင်းတဲ့ကိစ္စတစ်ခုတော့မဟုတ်ဘူး၊” Iskarပြောလိုက်၏၊ သူမရဲ့အတွေးတွေကို သူအဓိပ္ပါယ်ပြန်နေသကဲ့သို့ဖြစ်၏။ “နင်ဘာလို့ Terokkအကြောင်းသုတေသနပြုနေတယ်ဆိုတာ ငါ့ကိုအခုပြောပြတော့။”
         Viryxအဲ့ဒါကိုပြောပြဖို့အတွက်ဆင်ခြင်လိုက်၏။ Iskarအား အမှန်ကိုပြောပြဖို့ထိုက်တန်သည်ဟု သူမဆုံးဖြတ်လိုက်၏။ Veil Akrazထဲမှာ Ikissနဲ့အတူဘာတွေဖြစ်ပျက်ခဲ့သည်ကို Viryxရှင်းပြလိုက်၏၊ Outcastနဲ့အတူ ၄င်းရဲ့တွေ့ဆုံမှုနဲ့ ၄င်းအားမဖမ်းမိခင် ၄င်းပြောကြားခဲ့သည့် လျှို့ဝှက်ဖုံးကွယ်သောစကားတွေကိုပါဖြစ်၏။ ထို့နောက်မှာတော့ Terokkရဲ့ကျဆုံးခန်းအကြောင်း အချက်အလက်တိုင်းမှာ ဆင်တူဖြစ်နေသည့်အကြောင်း သူမရှာတွေ့ခဲ့ပုံတွေအား ပြန်ပြောပြလိုက်၏။
         “သူတို့တွေအကုန်လုံးတူနေတာ မထူးဆန်းဘူးလား?” သူမပြောပြီးသွားသည့်အခါမှာတော့ Viryxမေးခွန်းထုတ်လိုက်၏။
         “ဖြစ်နိုင်ပါ့မလား?” Iskarက စာကြည့်စားပွဲကိုလှည့်ပတ်လိုက်၏။ ရက်ကြာနေပြီဖြစ်သော အစားအသောက်ပန်းကန်လုံးတွေကို သူကအနံ့ခံကြည့်လိုက်ပြီး ယိမ်းယိုင်သွား၏၊ ပခုံးတွန့်ပြလိုက်၏။ “ဒါပေမယ့် အဖြစ်အပျက်က ရှင်းရှင်းလင်းလင်းဖြစ်သွားရင်တော့၊ သမိုင်းအချက်အလက်တွေက အဲ့ဒါကို မလွဲတမ်းပုံဖော်ပြနိုင်ပါလိမ့်မယ်။”
         “ဒီနေရာမှာ ကွဲလွဲမှုတစ်ခုရှိနေတယ်ဆိုတာက မှန်ကန်မှုနဲ့. . .” Viryxစကားပြတ်သွား၏၊ သူမရဲ့အတွေးကို ဘယ်လိုပြောရမလဲဆိုတာ မသေချာ၍ဖြစ်၏။
         “ပြီးတော့ ဘာလဲ?” Iskar မပြောချင်သည်ကိုအတင်းပြောခိုင်းလိုက်၏။
         “ပြီးတော့ လိမ်ညာလုပ်ဇာတ်ခင်းမှုကြားမှာပဲ။”
         Iskarသူ့ရဲ့ဦးခေါင်းကိုခါယမ်းလိုက်၏။ “အဲ့ဒါက ကောင်းမွန်တဲ့မှတ်တမ်းထိန်းသိမ်းမှုတွေရဲ့ အထောက်အထားပဲ။ အဲ့ဒီအပြင် နင်ကဘာကိုသေချာစေဖို့အတွက်ရှာနေရတာလဲ?”
         “ကျမ သေချာမသိဘူး၊” Viryxပြောလိုက်၏။ “ဖြစ်နိုင်တာကတော့ Ikissလိုက်နေတဲ့ အဲ့ဒီစာလိပ်. . .အဖြေတွေကအဲ့ဒီထဲမှာဖြစ်နိုင်ကောင်းရဲ့။”
         Iskarရဲ့ငှက်လက်သည်းတွေက သူ့ခေါင်းပေါ်ရှိငှက်အမွေးတွေကို တဗျင်းဗျင်းကုတ်လိုက်၏။ “နင်ဘာလို့ မိစ္ဆာအယူရှိသူရဲ့စကားကို ဦးစားပေးယုံကြည်ရတာလဲ? သူက နင့်ကိုကြိုးကိုင်ချင်နေတယ်၊ နင့်ရဲ့အတွေးတွေထဲကို သံသယသွင်းချင်နေတယ်။” သူက သူ့ရဲ့လက်တွေကိုဖြန့်ကြီး သူမရဲ့မနှစ်မြို့ဖွယ်အခန်းအား ပြလိုက်၏။ “နင့်ရဲ့စိတ်ထဲမှာ စွဲလမ်းနေပြီ။ ရူးသွပ်နေပြီ ။ နင့်ရဲ့ခေါင်းကိုရှင်းထားပြီးတော့ မနက်ဖြန် နယ်နှင်ပွဲအတွက် ကိုယ့်ဟာကိုယ်ပြင်ဆင်ထားတော့။”
         “ဟေ့က်က်က်က်. . .ကျွန်မအပေါ်ကို စောင့်ကြည့်ဖို့အတွက်တော့ ကျွန်မအစ်ကို့ကိုမလိုအပ်ဘူး။” Viryx သူမရဲ့မခံမရပ်နိုင်ဖြစ်ခြင်းကို သူမရဲ့အတတ်နိုင်ဆုံးထိန်းချုပ်မှုနဲ့ ချက်ချင်းပြန်ပြောလိုက်၏၊ ပြီးတော့ စကားလုံးတွေက သူမရည်ရွယ်ထားသည်ထက် ပိုမိုပြင်းထန်စွာနှုတ်ကထွက်သွား၏။  ဒါပေမယ့် ဒီစကားပြောမှုမှာ မောပန်းမှုကြီးထွားလာနေသော သူမကိုယ်သူမတွေ့ရှိလိုက်၏။ သူမအချိန်ဖြုန်းတီးမိခဲ့ပြီ ̵ ̵ ̵ ̵ သူမရဲ့သုတေသနအပေါ်မှာ ကုန်ဆုံးသင့်ခဲ့သည့်အချိန်ကိုဖြစ်၏။
         Iskarရဲ့မျက်လုံးတွေ မယုံကြည်နိုင်မှုအတွင်း ပြူးကြောင်ကြည့်နေ၏။ “ အဲ့ဒါ အဆင်ပြေပါလိမ့်မယ်၊ နင်လုပ်နေတာရဲ့ဖြစ်ပေါ်လာမယ့်အကျိုးဆက်တွေအကြောင်းကို တကယ်လို့ နင်တစ်ခါလောက်တွေးကြည့်မယ်ဆိုရင်ပေါ့။ အဲ့ဒါတွေက တခြားသူတွေကို ဘယ်လိုအကျိုးခံစားရစေတယ်ဆိုတာ နင်စဉ်းစားမိမယ်ဆိုရင်ပေါ့။”
         Viryxရဲ့ကိုယ်ထဲဒေါသအခိုးကမြင့်တက်လာနေ၏၊ ပြီးတော့ သူမရဲ့အသံက စူးရှသောအာခေါင်ခြစ်သံတစ်ခုအဖြစ်ရောက်ရှိသွား၏။ “ကျမ ဘယ်တုန်းကမှ ကျမအတွက်လိမ်ပြောပါလို့ အစ်ကို့ကို မတောင်းဆိုခဲ့ဘူး။”
         “ငါ. . .” Iskarသူမအားစိုက်ကြည့်နေ၏၊ ပြီးတော့ ၄င်းရဲ့မျက်လုံးတွေအတွင်းနာကျင်မှုကို သူမတွေ့လိုက်ရ၏။
         စကားတစ်လုံးမှမပြောဘဲ၊ အခန်းထဲမှသူကြမ်းကြမ်းတမ်းတမ်းလှည့်ထွက်သွား၏။
         “Iskar ̵ ̵ ̵ ̵ ” Viryx သူ့အားအနောက်မှလှမ်းခေါ်လိုက်၏၊ ဒါပေမယ့် မမှီတော့ပေ။
         လေထုထဲတွင်ဝိုင်းပတ်ပျံနေသည့် တစ်ဒါဇင်မျှလောက်သော အနီရောင်kaliriတွေကိုဖြတ်ပြီး သူအဝေးကိုပျံထွက်သွားသကဲ့သို့ သူမပြတင်းပေါက်ဆီလျှောက်သွားပြီးတော့ စောင့်ကြည့်ရင်းနေခဲ့၏။ သူမ ကျေးဇူးတင်သင့်ကြောင်းကို Viryxနားလည်ပါ၏။ သူမကျေးဇူးလည်းတင်ခဲ့ပါ၏။ သူမအတွက်နဲ့ အနာဂါတ်မှာကြီးမားသောအန္တရာယ်ကြီးတစ်ခုကို သူကယူခဲ့ပြီ။
         သို့ရာတွင် ရပ်တန့်ဖို့တော့ သူမပြုလုပ်လိမ့်မည်မဟုတ်ပေ။ အဖြေတွေကို ရှာတွေ့ဖို့ အခွင့်အရေးတစ်ခုကျန်ရှိနေသေးသည့်ဒီလိုအချိန်မျိုးမှာဖြစ်ပါ၏၊ သို့ပေမယ့် အခွင့်အရေးကတော့အလွန်တရာနည်းပါးလှ၏။
*      *      *
What difference would it make to be living a day more or less?
Offline forhorde
  • Special Jounin
  • *****
  • Posts: 574
  • Influence: +3/-0
  • xiaolongnu of ancient tomb
    • View Profile
Re: Apocrypha Part Two
« Reply #1 on: March 26, 2019, 11:20:19 pm »
အရုဏ်မတက်မီမှာ Rukhmarရဲ့နောက်လိုက်အဖွဲ့ဝင်အားလုံးနီးပါးသည် ဗဟိုကြောင်လိမ်ရစ်ကြီးရဲ့ အခမ်းအနားဆိုင်ရာ ခန်းမကြီးအတွင်း ကြီးကျယ်သောနယ်နှင်ပွဲကြီးကို မျက်မြင်တွေ့ရဖို့စုရုံးရောက်ရှိနေကြပြီ။ ထုံးတမ်းစဉ်လာအတိုင်း၊ အသက်အရွယ်ကြီးAdherentတွေက ခန်းမကြီးရဲ့အစွန်းရှိ ကျောက်တုံးနဲ့သလင်းကျောက်ခင်း စင်္ကြံလမ်းတစ်လျှောက်သူတို့ရဲ့နေရာတွေကို ယူထားကြ၏၊ အဲ့ဒီနေရာမှာ ရိုးရာဓလေ့ကိုကျင်းပလိမ့်မည်။ သူတို့တွေက အတန်းလိုက်ညီညာစွာမတ်တပ်ရပ်ထားကြ၏၊ ခြေသည်းဓားသမားတစ်စုံက ထိန်းချုပ်ထားပြီးတော့ ၄င်းရဲ့လက်ကောက်ဝတ်တွေသို့သံချိန်းချည်နှောင်ခံထားရသည့် မိစ္ဆာယုံကြည်သူထံသို့ အရှေ့ကိုစိုက်ကြည့်နေကြ၏။ ကြီးမားလေးလံသော arakkoaကျောက်တုံးရုပ်တုကြီးနှစ်ခု၊ နေစက်လုံးတွေနဲ့တန်ဆာဆင်ထားသည့်လခြမ်းကွေးဓားသွားလက်နက်တွေကိုကိုင်စွဲထား၏၊ စီရင်ချက်ချရာနေရာပေါ်သို့ ငုံ့ကြည့်နေကြ၏။
         ကျန်ရှိတဲ့ Adherentတွေကတော့ စင်္ကြံထက်ရှိ အခန်းရှည်တန်းတွေတစ်လျှောက်မှာ နားနေကြ၏။ ကိုယ်နှင့်သင့်လျော်သည့် အဖွဲ့အလိုက် စုဝေးထားကြ၏။ ရိုးရာဓလေ့ကျင်းပမည့်ကြမ်းပြင်ရဲ့ အရှေ့ဘက်စွန်းပေါ်ရှိ နေပညာရှိတွေရဲ့အစုအဝေးတစ်ခုအနက်သူ့ရဲ့နေရာကို Iskarယူလိုက်၏။ သူတို့တွေရဲ့ညာဘက်မှာတော့ နေလက်ရေးလှသမားတွေရှိကြ၏။ ဘယ်ဘက်မှာတော့ စစ်ရေးဆိုင်ရာ ခြေသည်းဓားသမားတွေရှိကြ၏။
         လူစုကွဲသွားတဲ့အသွားနှေးသူတွေက နည်းနည်းစီဝင်ရောက်လာကြ၏၊ တစ်ဦးဦးသတိပြုမိစေရန် ခုန်ဆွခုန်ဆွလုပ်နေကြ၏။ သူတို့တွေကနေရာပျောက်နေရင်တော့ နယ်နှင်ပွဲအပြီးမှာ Rukhmarအမြီးရဲ့ လောင်ကျွမ်းမှုအရသာကိုမြည်းစမ်းကြရလိမ့်မည်။
         Iskarလူအုပ်ထဲမှာ Viryxရဲ့အရိပ်အယောင်တွေ့လို့တွေ့ငြားရှာဖွေကြည့်မိသော်လည်း ဘာမှမတွေ့ခဲ့ပေ။ သူမအား သူယခုချိန်ထိဒေါသမပြေသေးပေ၊ သူမရဲ့တစ်ကိုယ်ကောင်းဆန်မှုအတွက် ယခုချိန်ထိ ပြင်းစွာဒေါသဖြစ်မိ၏ . . . ဒါပေမယ့် စိတ်လည်းပူပန်မိ၏။ နယ်နှင်ပွဲကို မတက်ရလောက်အောင် သူမဘယ်လောက်များရူးသွပ်နေခဲ့ပါသနည်း? သူမရဲ့စိတ်မှာစွဲထင်နေမှုကို ယခုလောက်လွန်ကဲပြင်းထန်လိမ့်မည်ဟု သူတွေးမထားခဲ့မိပေ။ သူမအပေါ်မှာ သေချာအောင်ကြည့်မထားမိခဲ့သည့်အတွက် သူစတင်နောင်တရမိနေပြီ။
         အဆင့်မြင့်ပညာရှိ High Sage Zelkyrရောက်ရှိလာသကဲ့သို့ နတ်ဘုရားရဲ့နောက်လိုက်Adherentတွေတိတ်ဆိတ်သွားကြ၏။ ၄င်းကအခမ်းအနားဆိုင်ရာ တောက်ပသော အ၀တ်အစား၊ ထက်တဲ့အစွန်းအသွားတွေရဲ့အရစ်တွေကို တပ်ဆင်ထားတဲ့ပခုံးကာတွေနဲ့အတူ တန်ဆာဆင်ထား၏။ သူ့ရဲ့ဦးခေါင်းပေါ်မှာက၊ ရှည်လျားသောငှက်ခြေသည်းတွေပုံစံပြုထားတဲ့ ချွန်ထက်တဲ့သတ္တုသရဖူတစ်ခုကိုဆောင်းထား၏။
         Zelkyrအရှေ့သို့ခြေလှမ်းလာ၏၊ Rukhmarရဲ့ခြေသည်းအား သူ့ရဲ့ညာဘက်လက်အတွင်းမှာဆုပ်ကိုင်ထား၏။ ရှည်လျားသောတောင်ဝှေးရဲ့ရိုးတံပတ်ပတ်လည်မှာ ရွှေချည်မျှင်တွေနဲ့စည်းထား၏၊ အဲ့ဒါကို ကြည်လင်သောကောင်းကင်ပြာရဲ့အရောင်ရှိတဲ့ ကျောက်မျက်တွေနဲ့လည်း အလှဆင်ထားပါ၏။ လက်နက်ရဲ့ထိပ်မှာကတော့ သွေးထားတဲ့ကျောက်အသွားတစ်လက်ရှိ၏။ အဲ့ဒါက ရှေ့ခေတ်ကာလတွေက မြင့်မြတ်သောအသုံးအဆောင်တစ်ခုဖြစ်၏၊ Rukhmarကိုယ်တိုင်ရဲ့ ခြေသည်းတွေနဲ့ ငှက်မွှေးတောင်တွေမှပြုလုပ်ထားသည်ဆို၏။
         မိစ္ဆာယုံကြည်သူရဲ့ရှေ့မှောက်မှာ အဆင့်မြင့်ပညာရှိရပ်တန့်လိုက်၏။ Ikiss၊ ယခုချိန်ထိသူ့ရဲ့မျက်လုံးပိတ်ခေါင်းစွပ်ကိုဝတ်ထား၏၊ ယင်းအားIskarနောက်ဆုံးအကြိမ်မြင်ရစဉ်ကထက် များစွာပို၍ပိန်လှီသွား၏။ ယင်းရဲ့ငှက်မွေးနုအကွက်တွေမရှိတော့ပေ၊ သူတို့အားသူနုတ်ယူပစ်ခဲ့သလိုဖြစ်၏။ အရင်ကနီရဲနေခဲ့သော ၄င်းရဲ့ကိုယ်ပေါ်မှကြီးမားသောငှက်မွှေးတောင်တွေကတော့ မကြည်လင်သောကြက်သွေးရောင်တစ်ခုသို့ဖျော့တော့သွားခဲ့၏။
         “ကြည့်ကြလော့!” အဆင့်မြင့်မညာရှိက ၄င်းရဲ့လက်တွေကိုမြှောက်လိုက်၏။
         အပြင်ဘက်မှာကတော့၊ နေမင်းက ထွက်ပေါ်ရန်စတင်နေ၏။ အလင်းရောင်တွေအား ပင်မကြောင်လိမ်ရစ်ရဲ့ထိပ်ပေါ်မှာတည်ဆောက်ထားသည့် အ၀ါရောင်ဖျော့ဖျော့ သလင်းကျောက်အမိုးခုံးကိုဖြတ်သန်းပစ်လွှတ်နေ၏။ ရွှေရောင်အလင်းတန်းတွေက ခန်းမအတွင်းရှိ ပြောင်လက်အောင်ပွတ်တိုက်ထားတဲ့ ကြေးဝါနဲ့ ကြေးနီမျက်နှာပြင်တွေကို ဖြတ်သန်းပြီးတလက်လက်တောက်ပနေကြ၏။ မြင်ကွင်းထဲရှိအရာအားလုံးကို Rukhmarရဲ့အလင်းနဲ့အတူ လင်းလက်တောက်ပနေသလိုထင်ရစေ၏။
         “အရုဏ်တက်ပြီ။” အဆင့်မြင့်ပညာရှိဆက်လက်ပြောကြား၏။ “Rukhmarက တစ်နေ့မှာပြန်လာလိမ့်မယ်၊သူမအမြဲတမ်းကတိတော်ထားရှိခဲ့သလို သူမလုပ်လိမ့်မယ်။ သူမရဲ့အလင်းက မိုးကောင်းကင်ကိုတင့်တယ်စေခဲ့ပြီးတော့ ကျုပ်တို့တွေကို အမှောင်ထုကနေကာကွယ်ပေးထားခဲ့တယ်။ အပြန်အလှန်အနေနဲ့သူမတောင်းဆိုသမျှအားလုံးက၊ သူမအမြဲတောင်းဆိုခဲ့သမျှအားလုံးက၊ သူမရဲ့ဆန္ဒကို ကျုပ်တို့တွေလိုလိုလားလားလက်ခံယုံကြည်ဖို့ပဲ။ ပြီးတော့ အခုထက်ထိတော့၊ ဒီနေရာမှာရပ်နေတဲ့တစ်ယောက်က သူမကိုကျောပေးထားခဲ့တယ်။ သူကခင်ဗျားတို့တွေအချို့ရဲ့ မိတ်ဆွေတစ်ဦးဖြစ်ခဲ့လိမ့်မယ်။ အချို့သူတွေရဲ့ ဆရာတစ်ဦးလည်းဖြစ်ခဲ့လိမ့်မယ်။ ကျုပ်တို့ကိုယ်တိုင်အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ခဲ့ဖူးတယ်။ သူ့ရဲ့နာမည်ကတော့ Ikissပဲ၊ ပြီးတော့ သူက Outcastတွေရဲ့ ကျိန်စာရှိကြောင်းကိုပြသခဲ့တယ်။”
         အခြားသော Adherentတွေထံမှ တီးတိုးပြောသံတစ်ခုထွက်ပေါ်လာ၏။ Viryxအတွက် Iskarလူအုပ်ထဲသို့နောက်တစ်ကြိမ်မွှေနှောက်ကြည့်ရှုလိုက်၏။
         နင်ဘယ်နေရာရောက်နေတာလဲဟာ?
         Adherentတွေကို အသံတိတ်သွားစေရန် အဆင့်မြင့်ပညာရှိက သူ့ရဲ့အသံကိုမြှင့်လိုက်၏။ “ကျုပ်တို့တွေအန္တရာယ်ကိုနိုးနိုးကြားကြားသတိနဲ့ကျန်ရစ်နေစေဖို့အတွက် ဒီဥစ္စာကို သတိပေးချက်တစ်ခုအနေနဲ့သိထားလိုက်ပါ၊ ကျိန်စာကသူ့ရဲ့ခြေသည်းတွေကို ကျုပ်တို့တွေရဲ့အနက် အကြီးကျယ်ဆုံးသူရဲ့ကိုယ်ထဲကိုတောင်မှ နှစ်မြှုပ်လိုက်နိုင်တယ်ဆိုတာကိုပဲ။ Ikiss ၊ တစ်ချိန်က များပြားလှတဲ့ကတိတွေထားရှိခဲ့သူက အကြဉ်ခံတွေနဲ့အတူပူးပေါင်းကြံစည်ပြီးတော့ Rukhmarရဲ့လက်ဆောင်တွေကို ကျုပ်တို့ထံကဆွဲထုတ်ပစ်ပြီး သူ့ရဲ့အောင်မြင်မှုအတွင်းမှာ အရိပ်တွေနဲ့ စိတ်ပျက်အားလျော့စရာတွေပဲချန်ရစ်ခဲ့လိမ့်မယ်။ ကျုပ်သိချင်မိတယ်၊အဲ့ဒီနောက်မှာ . . .တကယ်လို့ သူ့မျက်လုံးတွေက အကြဉ်ခံတွေရဲ့အမှောင်တောထဲမှာ Rukhmarရဲ့အလင်းရောင်အတွက်ပိတ်ထားလိုက်ပြီဆိုရင် သူ့မှာရှိတဲ့အတောင်တွေက ဘာအတွက်လိုအပ်ဦးမှာလဲ? တကယ်လို့ သူ့ရဲ့မြေကြီးပေါ်နေ မဟာမိတ်တွေအကြား ရွှံ့တောထဲမှာ လမ်းလျှောက်ရတာကို သူမရဲ့ဂုဏ်ကျက်သရေဆောင်မိုးကောင်းကင်ထဲဝဲပျံရတာထက်ပိုပြီး သူနှစ်သက်နေပြီဆိုမှတော့ သူ့မှာရှိတဲ့တောင်ပံတွေကဘာများအသုံးကျဦးမှာတဲ့လဲ?”
         အဆင့်မြင့်ပညာရှိက မိစ္ဆာယုံကြည်သူထံချဉ်းကပ်လာခဲ့၏၊ အနီးရှိ ခြေသည်းဓားသမားတွေသို့ အချက်ပြလိုက်၏။ သူတို့တွေက ခြေလှမ်းတွေနောက်ဆုတ်လိုက်ကြ၏၊ Ikissသို့ ချည်နှောင်ထားတဲ့သံကြိုးတွေကိုတင်းတင်းဆွဲလိုက်၏၊ ၄င်းရဲ့လက်တွေကို ဘေးဘက်တွေသို့ ဖြန့်ထွက်နေစေဖို့အတင်းအကြပ်ပြုလိုက်၏၊ လက်ဖ၀ါးတွေပြန့်သွား၏။ Ikissရဲ့ကြက်သွေးရောင်တောင်ပံတွေက သူ့ရဲ့လက်တွေအောက်ဘက်မှ ဖြန့်ကားထွက်ပြုလာ၏၊ သူ့ရဲ့ငှက်မွှေးတောင်တွေက မြေပြင်သို့ထိလုမတတ်ရှိနေ၏။
         “သူ့ရဲ့တောင်ပံတွေကိုသူ မလိုအပ်တော့ဘူး၊ သူက ကျုပ်တို့ရဲ့အဖိုးထိုက်တန်ဆုံးနဲ့ အကျိုးပြုဆုံးနတ်ဘုရားမရဲ့သားသမီးတစ်ဦးအဖြစ် ဆက်လက်ရှိတော့မှာမဟုတ်တော့လို့ပဲ။” အဆင့်မြင့်ပညာရှိ Zelkyrက Rukhmarရဲ့ခြေသည်းအားကိုင်မြှောက်လိုက်၏။ ၄င်းက လက်နက်ရဲ့အသွားကွေးအား မိစ္ဆာယုံကြည်သူရဲ့ ချိုင်းကြားနားသို့ နေရာယူလိုက်၏။ ဖြည်းဖြည်းချင်း၊ Rukhmarရဲ့ခြေသည်းအား Ikissရဲ့လက်အောက်ဘက်တစ်လျှောက် Zelkyr ညက်ညောစွာလျှောသွားလိုက်၏၊ အတောင်ရဲ့အတွင်းဘက်စွန်းအရောက်မှာရပ်တန့်လိုက်၏။
         ထို့နောက်တွင် သေချာလေ့ကျင့်ထားသည့် တစ်ချက်တည်းသောလှုပ်ရှားမှုဖြင့် လက်နက်သွားအား Ikissရဲ့လက်တစ်လျှောက်အလျားလိုက်ဆွဲချသွားလိုက်၏။ ခြေသည်းက ငှက်တောင်မွှေးတွေ၊အရေပြားတွေနဲ့ အရိုးနုတွေအားလုံးကိုဖြတ်တောက်သွား၏။ ကြမ်းပြင်ထက်သို့ သွေးတွေပန်းထွက်သွားပြီး သလင်းတုံးနဲ့ကျောက်အလှဆင်ပုံစံတွေပေါ်အိုင်ထွန်းသွားစေ၏။ မိစ္ဆာယုံကြည်သူရဲ့အတောင်မြေပေါ်သို့ကျသွား၏။
         သတ္တုကွင်းအား မိစ္ဆာယုံကြည်သူရဲ့နှုတ်သီးမှာစွပ်ပြီးပိတ်ထားသည့်တိုင်အောင် မသဲကွဲသောစူးရှသည့်အော်မြည်သံအချို့ကို Iskarကြားလိုက်ရ၏။
         အဆင့်မြင့်ပညာရှိရဲ့မျက်လုံးများက Adherentတွေပေါ်သို့ တဖြည်းဖြည်းရွေ့သွား၏၊ ပြီးတော့ တစ်ခဏတာအတွက်၊ သူတို့တွေက Iskarပေါ်မှာရပ်တန့်သွား၏။
         “ဒီကံကြမ္မာက Rukhmarရဲ့အဝေးကိုလှည့်ထွက်သွားမယ့်သူအားလုံးအတွက် စောင့်ဆိုင်းနေလိမ့်မယ်၊” Zelkyrပြောလိုက်၏။
         ထို့နောက်တွင် ၄င်းက မိစ္ဆာယုံကြည်သူရဲ့ကျန်ရှိနေသေးသောအတောင်အတွက် သူ့ရဲ့အလုပ်ကိုစတင်လိုက်၏။
*      *      *
         Veil Akraz
         ရွာကို ပတ်ပတ်လည်မှဝိုင်းရံထားသည့်တောအုပ်ကို Viryx တွားသွားဖြတ်ကျော်ခဲ့၏။ သူမက ထူထဲသော မီးခိုးရောင်ဝတ်ရုံရှည်တစ်ခုအားဝတ်ဆင်ထား၏၊ Skyreachမှသူမယူလာသည့်တစ်ခုဖြစ်၏။ လိုအပ်သောကြိုတင်ကာကွယ်မှုတစ်ခုဖြစ်၏၊ သူမကိုယ်တိုင်ကြုံတွေ့မှုမှလက်ခံခဲ့၏။ သူမလိုက်လံနေခဲ့တာက ̵ ̵ ̵ ̵  အနည်းဆုံးတော့ သူမရဲ့ဗဟုသုတတိုးပွါးမှုအတွက်မဟုတ်ပေ။
         အဲ့ဒါကြောင့်ပင် နယ်နှင်အခမ်းအနားဆောင်ရွက်နေတုန်းမှာ Veil Akrazသို့လည်ပတ်ဖို့ကို သူမရွေးချယ်လိုက်ခြင်းဖြစ်၏။ အခုချိန်လောက်ဆို အဆင့်မြင့်ပညာရှိသည် Ikissရဲ့အတောင်ပံတွေကိုဖြတ်နေလောက်ပြီ။ များမကြာမီမှာ ခြေသည်းဓားသမားတွေက Skyreachကနေသူ့အားသယ်ဆောင်လာပြီး မြေပေါ်သို့သူ့အားပစ်ခဲ့လိမ့်မည်၊ အဲ့ဒီနေရာမှာ အကြဉ်ခံတွေအကြားသူရှင်သန်နေထိုင်နိုင်ကောင်းသည်။ Adherentတွေက ပင်မကြောင်လိမ်ရစ်ချွန်ထဲမှာကျန်ရစ်ခဲ့လိမ့်မည်၊ ညမှာ Rukhmarရဲ့ဂုဏ်သတင်းအတွက်ပွဲကျင်းပကြလိမ့်မည်။
         တောအုပ်ကိုဆက်လက်ဖြတ်သန်းလာသလို Viryxသူမရဲ့ဦးခေါင်းအားငုံ့ထား၏။ သူမက အရိပ်မှတစ်ခုသို့ဖြတ်ခနဲရွေ့ရှား၏၊ ပတ်ဝန်းကျင်မှာကျင်လည်နေတဲ့ အကြဉ်ခံတွေရဲ့ လက်ထဲမရောက်အောင်ရှောင်ရှားရင်းဖြစ်၏။ ရွာသို့ပထမဆုံးတစ်ခေါက်သူမလာခဲ့သည့်အကြိမ်ကထက် များစွာပိုမို၍သူမမြင်တွေ့ခဲ့ရ၏။ အရင်အခေါက်တုန်းက Ikissနောက်သို့နောက်ယောင်ခံမှုအပေါ်မှာသူမစိတ်စုစည်းထားခဲ့၏။ သူမရဲ့ပတ်ပတ်လည်ကအရာအတော်များများကို သူမလျစ်လျူရှုထားခဲ့၏။
         အခုတော့ သူမအရာအားလုံးကိုဖမ်းယူနိုင်ခဲ့၏။ မှိုတက်သည့်အနံ့အသက်လိုလို ပုပ်စော်လိုလို ပြင်းထန်သည့်အနံ့တစ်ခုက ရွာထဲရှိလေထုအတွင်းမွန်းကြပ်နေ၏။ အကြဉ်ခံတွေက ပတ်ဝန်းကျင်မှာ ထော့နင်းထော့နင်းသွားလာနေကြ၏၊ ကျိန်စာသင့်မှုအားဖြင့် ခန္ဓာကိုယ်တွေက ပုံပန်းပျက်ယွင်းနေကြ၏။ သူတို့နဲ့ပတ်သက်သမျှအရာအားလုံးက တစ်နည်းနည်းနဲ့တော့ အကောင်းမှအဆိုးသို့ပြောင်းလဲနေပုံရ၏။ ညစ်ညမ်းနေ၏။သူတို့တွေရဲ့နေ့စဉ်ရှင်သန်လှုပ်ရှားမှုတွေကိုစောင့်ကြည့်ရခြင်းမှ Viryx အော်ဂလီဆန်လာပြီး ဖျားနာချင်သလိုပင်ဖြစ်လာ၏။
         Ikissကိုခြေရာခံမိခဲ့သည့် တဲပုတ်လေးကိုသူမရှာတွေ့သွား၏၊ ၀င်ပေါက်မှာ စာလိပ်လေးတွေတွဲလွဲချိတ်ဆွဲထားသည့် တစ်လုံးဖြစ်၏။ အကြဉ်ခံတွေရဲ့ မည်သည့်အရိပ်အယောင်ကိုမဆိုသူမစောင့်ကြည့်နေလိုက်၏။ ဘာအရိပ်အယောင်မှမတွေ့ရတော့မှ အိုမင်း၍တစ်စစီပြိုပျက်နေသောအဆောက်အအုံထဲသို့ သူမ၀င်ရောက်လိုက်၏။
         အဲ့ဒီနေရာမှာဘယ်သူမှရှိမနေပေ။ ယက်လုပ်ထားသည့်ခြင်းတောင်းတွေက မျက်ရည်စက်ကျသည့်ပုံစံနဲ့တူ၏၊ မှိုတက်နေသောကျမ်းတွေနဲ့စာလိပ်များဖြင့်ပြည့်နှက်နေ၏၊ သစ်သားဒိုင်းတန်းများမှ ဘယ်ညာယိမ်းနေ၏။
         “ဒီမယ်ရှင့်?” Viryxပြောလိုက်၏။
         ဘာမှပြန်မကြားရပေ။
         သူမကြားခဲ့ရသည့် Ikissပြောလိုက်တာကဘာလဲ? အရိပ်တွေအနားလာခဲ့ . . . အရိပ်တွေ ပြည့်နှက်. . .
         “အရိပ်တွေစုစည်း. . .” သူမ ဟောင်းလောင်းဖြစ်နေသည့်တဲပုတ်ထဲသို့ ဖြည်းညင်းစွာပြောလိုက်၏။
         ထူထဲသောမီးခိုးငွေ့တွေက သူမရဲ့အရှေ့လေထုထဲမှာ ရစ်ခွေသွားကြ၏၊ အရောင်ခပ်မှိုင်းမှိုင်း အကြဉ်ခံတစ်ဦးရဲ့ပုံစံသို့ပေါင်းစည်းသွားကြ၏။ အရိပ်တွေနဲ့ပြည့်နှက်နေတဲ့ပုံစံက တဖြည်းဖြည်းရှင်းလင်းလာ၏၊ ထင်ရှားစွာတွေ့မြင်လာရ၏။ သူမရဲ့မျက်လုံးတွေရှေ့မှာ၊ Reshadပေါ်ထွက်လာ၏၊ ၄င်းရဲ့ပခုံးပေါ်မှာ အနီရောင်kaliriအကောင်ပေါက်လေးနားနေ၏။
         “. . .ကျီးနက်တွေက နေမင်းကိုဝါးမျိုသွားတဲ့အခါ၊” Reshadပြောလိုက်၏။ “ဒီ့နောက် မင်းကဘယ်သူလဲ?”
         “ကျမနဲ့အမျိုးတူတစ်ဦး စာလိပ်တစ်ခုကိုယူဖို့ဒီနေရာကိုရောက်လာခဲ့တယ်လေ။ ကျမအခုဒီနေရာမှာ သူ့ကိုယ်စားလာခဲ့တာ။” Viryx အကြံဆိုးနဲ့arakkoaထံသို့ချဉ်းကပ်လာလိုက်၏၊ သူမရဲ့ခေါင်းစွပ်ကိုနောက်သို့ဆွဲချွတ်လိုက်ပြီး သူမရဲ့ခေါင်းပေါ်ရှိ အမွှေးတောင်တွေကိုထောင်ထကာ သူ့အားခြိမ်းခြောက်လိုက်၏။ “အဲ့ဒါဘယ်မှာလဲ?”
         “အား၊ မင်းက သူ့နောက်ကိုလိုက်ခဲ့တဲ့တစ်ယောက်ပဲ၊” Reshadပြန်ဖြေလိုက်၏။ တမင်လုပ်ခြင်းမဟုတ်ဘဲ ပုံမှန်အတိုင်းဖြစ်နေသည့် သူ့ရဲ့လှောင်ပြောင်သလိုအသံနေအသံထားက Viryxအားနားကလောစေ၏။ “မင်းကို ငါကစာလိပ်ပေးလိမ့်မယ်လို့ ဘာကြောင့်မင်းတွေးထားတာလဲ?”
         အသက်တစ်ချက်ရှုချိန်အတွင်းမှာပင် Viryxအရိုးဓားမြှောင်ကို သူမရဲ့ခါးပတ်မှဆွဲထုတ်လိုက်ပြီး အဲ့ဒါကို အကြဉ်ခံရဲ့လည်မျိုသို့ထောက်ထားလိုက်ပြီးဖြစ်၏။ “ကျမ တော်တော်လေးဖျောင့်ဖျနိုင်ပါတယ်။ ပြီးတော့ ကျမ ̵ ̵ ̵ ̵ ”
         သူမစကားရပ်သွား၏၊ သူမရဲ့ရင်ဘတ်ထဲကို ချွန်ထက်သည့်တစ်စုံတစ်ခုကတိုးဝင်နေသလိုခံစားမိလိုက်၏။ Viryxအောက်သို့ကြည့်လိုက်၏။ Reshadမှာ ဓားမြှောင်နက်တစ်စင်းရှိနေ၏၊ kaliriတစ်ကောင်ရဲ့ခြေသည်းတစ်ချောင်းလို ထိုးသွင်းထား၏၊ သူမပေါ်ဓားနဲ့ဖိထား၏။
         “ငါကပညာရှင်ဆန်သူတစ်ဦးဖြစ်ကောင်းဖြစ်လိမ့်မယ်၊ ဒါပေမယ့် အဲ့ဒါကငါ့ကို အရူးတစ်ယောက်လို့ပြောတာတော့ မဟုတ်ဘူးနော်၊” Reshadပြောလိုက်၏။
         “အဲ့လိုမဟုတ်မှာလည်း ဖြစ်တန်ကောင်းပါတယ်။” Viryx သူမရဲ့လွတ်လပ်တဲ့လက်တစ်ဖက်ကို kaliriငှက်ပေါက်ဆီသို့ဖြည်းဖြည်းချင်းလှမ်းလိုက်၏။ အဲ့ဒါကို သူမဖမ်းဆုပ်ထားလိုက်ပြီး ဓားစာခံလုပ်လိုက်၏။ “ဒါပေမယ့် ကျမ ရှင့်ကို ရှင့်ရဲ့ဓားမြှောင်ချထားပြီး ကျမလိုချင်တာကို ထုတ်ပေးဖို့ တောင်းဆိုရလိမ့်မယ်။”
         Kaliriအား Viryxအားနဲ့ညှစ်လိုက်၏။ ငှက်ကနာကျင်မှုအတွင်း ကျည်ကျည်ကျာကျာအော်မြည်လိုက်၏၊ သူမရဲ့လက်ထဲမှာ အကူအညီမဲ့စွာ ရုန်းကန်နေ၏။
         “ရပြီ! ရပြီဟေ့!” Reshadသူ့ရဲ့ဓားမြှောင်ကိုပြန်ရုပ်သိမ်းလိုက်၏။ “ငါက မင်းရဲ့ရည်ရွယ်ချက်တွေကို သေချာစေရုံတင်ပါ။ မင်းကိုရန်သူတစ်ဦးလို့ ငါတွေးထားခဲ့ရင်၊ ငါ့ကိုယ်ငါ ကိုယ်ထင်ရှားပြလိမ့်မှာမဟုတ်ဘူး။ မင်းမှန်ကန်တဲ့စကားလုံးတွေကိုပြောနိုင်ခဲ့ပါတယ်။”
         Kaliriကို Viryxဖြေလွှတ်ပေးလိုက်၏။ သူမကဓားမြှောင်ကိုဖယ်ပေးလိုက်ပေမယ့်လို့ လက်ထဲမှာတော့ကိုင်ထားသေး၏။ “စကားလုံးတွေက ဘာအဓိပ္ပါယ်လဲ?”
         “သူတို့တွေက ကလေးချော့တေးLullabyတစ်ပုဒ်ရဲ့ အပိုဒ်ပဲ၊ နှစ်စုကွဲမသွားမီ. . .အချိန်တစ်ခုကဆိုပါတော့ ။” Reshadသူ့ရဲ့လက်တွေကိုဖြန့်ကားလိုက်၏၊ သူ့ရဲ့ပတ်ပတ်လည်ကအရာတွေသို့ ငေးကြည့်လိုက်၏။ “ ကျိန်စာမတိုင်မီက၊ arakkoaတွေ အခုထက်ပိုမိုတဲ့တစ်စုံတစ်ခုဖြစ်ခဲ့ချိန်ကပဲ။ သူတို့တွေ အဲ့ဒီတုန်းက ပိုပြီးဉာဏ်ပညာရှိခဲ့ကြတယ်။” သူက သူ့ရဲ့စုတ်ပြတ်နေတဲ့ဝတ်ရုံတွင်းသို့ လက်ကိုနှိုက်လိုက်ပြီး အိုမင်းနေသောစက္ကူလိပ်တစ်ခုအားထုတ်ယူလိုက်၏။ ခရမ်းနုရောင်ဆိုးထားသည့် သားရေအိမ်တစ်ခုနဲ့ စာလိပ်ကိုဖုံးထား၏။ “ဒီဥစ္စာနဲ့အတူ အဲ့ဒီအချိန်ကနောက်တစ်ဖန်ပြန်ရောက်နိုင်ကောင်းရဲ့။”
         Viryxစာလိပ်ကိုယူလိုက်၏။ သူမကအဲ့ဒါကိုလက်ထဲမှာလှည့်လိုက်၏၊ သားရေအိမ်ပေါ်မှာရေးခြစ်ထားတဲ့ မှိန်ဖျော့ဖျော့ရှေးအက္ခရာတွေကို အသေအချာစစ်ဆေးကြည့်ရှုလိုက်၏။
         “မင်းက ဒီနေရာကိုရောက်လာတဲ့အခြားarakkoaရဲ့ မိတ်ဆွေတစ်ဦး အမှန်တကယ်ဖြစ်ရဲ့လားဆိုတာကိုငါသံသယဖြစ်မိပါတယ်။ ဒါပေမယ့် မင်းဒီမှာရှိနေတဲ့အကြောင်းကိစ္စနဲ့တင် နယ်နှင်ဒဏ်ခံရမယ့် အန္တရာယ်ကြီးကိုမင်းစွန့်စားခဲ့တယ်ဆိုတာကို ငါ့ကိုလုံလောက်အောင်ပြောကြားပြီးနေပါပြီ။ မင်းက အမှန်တရားကိုရှာဖွေနေသူတစ်ဦးပဲ။ ဒီအချိန်တွေထဲမှာ၊ ကြောင်လိမ်ရစ်တွေထဲကတစ်ဦးဦးကို ရှာတွေ့ဖို့ဆိုတာ တော်တော်ခက်ခဲခဲ့တယ်ကွ၊” Reshadပြောလိုက်၏။ “ဒီစာလိပ်က အရာအားလုံးကိုပြောင်းလဲသွားစေနိုင်တယ်ကွယ့်။ ငါတို့တွေကို နောက်တစ်ကြိမ် အတူတူဖြစ်စေနိုင်တယ်လေ။”
         “ကျမတို့တွေကို နောက်တစ်ကြိမ် အတူတူဖြစ်စေနိုင်တယ်။”  ဒီအရူးကြီးက တကယ်ပဲ အဲ့လိုထင်နေတာလား ̵̵ ̵ ̵ ̵
         Viryxရဲ့အတွေးစာကြောင်းက စူးရှသောအာခေါင်ခြစ်သံတွေရဲ့ သံပြိုင်သီဆိုသံတစ်ခုအဖြစ်နဲ့ ပြင်ပမှာထွက်ပေါ်လာ၏။ သူမထိတ်လန့်တကြားနဲ့ တဲပုတ်ကိုချန်ရစ်ပြီးထွက်ပြေးလိုက်၏၊ သူမရဲ့ခါးပတ်ထဲသို့စာလိပ်ကိုသပ်လျှိုထားလိုက်၏။ အကြဉ်ခံတွေကလည်း ဦးတည်ရပ်ပေါင်းစုံမှာ ထွက်ပြေးနေကြ၏။ ဦးခေါင်းထက်မှာတော့ ကြီးမားသည့်တစ်စုံတစ်ခုသည် ကြက်သွေးရောင်နဲ့အစိမ်းရောင်သစ်ရွက်တွေနဲ့တောအုပ်အမိုးကိုဖြတ်ကျော်ဖို့ ခဲယဉ်းစွာလှုပ်ရှားနေ၏။
         တောင်ပံတွေနဲ့တစ်စုံတစ်ခုဖြစ်၏။
         Viryxကျိန်ဆဲလိုက်၏၊ ရုပ်ဖျက်ရာတွင်သုံးသည့်အ၀တ်အစားကိုခါချလိုက်ပြီး ထို့အတွက်ကြောင့် သူမရဲ့တောင်ပံတွေကိုဆန့်ထုတ်လိုက်နိုင်၏။ Veil Akrazရဲ့တဲပုတ်လေးတွေအထက်သို့ သူမပျံတက်လိုက်၏။ ရွာရဲ့အစွန်အဖျားနားရှိ သစ်ပင်တစ်ပင်ထက်အရောက်မှာ သူမ မနားချင်ဘဲနားလိုက်ရ၏၊ သစ်ကိုင်းတွေထက်မှာ အမွေးအတောင်တွေသနေသည့် တစ်ဒါဇင်မျှလောက်သောkaliriတွေကို အရပ်မျက်နှာပေါင်းစုံတို့သို့ပြန့်ကုန်စေ၏။
         Viryxနောက်တစ်ကြိမ်တောင်ပံမဖြန့်မီ၊ သူမရဲ့လက်မောင်းကို တစ်စုံတစ်ဦးက လက်သည်းနဲ့အသာအယာလာကုတ်၏။ သူမလျှင်မြန်စွာပတ်ခြာလှည့်လိုက်ပြီး သူမအားတိုက်ခိုက်သူအား အဝေးသို့ကွာသွားအောင်ထိုးလိုက်သည့်တစ်ချိန်တည်းမှာ Rukhmarရဲ့မီးလုံးတစ်ခုကို သူမရဲ့လက်ဖ၀ါးထဲမှာ ဆင့်ခေါ်ပြီးဖြစ်၏။
         ထို့နောက်မှာတော့ ၄င်းကိုသူမမြင်လိုက်ရ၏။ Iskar ဖြစ်၏။
         သူမရဲ့ဝပ်ကျင်းတူအစ်ကိုက သူမအားစိုက်ကြည့်နေ၏၊ သူ့ဟာသူပြုတ်ကျမသွားရအောင် လက်ကားယားနဲ့ သစ်ကိုင်းတွေကိုဆုပ်ကိုင်ထား၏။ “နင်ဒီမှာ ရှိမနေသင့်ဘူး!” သူ့ရဲ့အာရုံစိုက်မှုက သူမရဲ့ခါးပတ်ထဲသပ်လျှိုထားသည့် စာလိပ်ထံသို့ရောက်သွား၏။ “နင်ဒီလောက် အန္တရာယ်အဖြစ်ခံပြီးကြိုးစားနေခဲ့တာ ဒီဥစ္စာအတွက်လား?  အဲ့ဒီနောက်မှာ၊ အဲ့ဒါကဘာလဲ?”
         “ကျမ. . .ကျမလည်း အခုထိတော့ သေချာမသိသေးပါဘူး။” Viryxပြောလိုက်သကဲ့သို့၊ သူမခံစားနေခဲ့ရသည့် ပြင်းထန်သော စိတ်လှုပ်ရှားမှုတွေ ယုတ်လျော့သွားခဲ့၏။ အဲ့ဒီနေရာမှာ ကြောက်ရွံ့မှုနဲ့ မိမိကိုယ်ကို စက်ဆုပ်ရွံ့ရှာမှုတို့က ၀င်ရောက်နေရာယူလိုက်၏။ သူမရဲ့လေသံက ဘယ်လောက်တောင်ရူးကြောင်ကြောင်နိုင်နေပြီဆိုသည်ကို ̵ ̵ ̵ ̵̵  သူမအပြုအမူတွေက ဘယ်လောက်တောင် ကိုယ့်ကိုယ်ကိုအထင်ကြီးနေခဲ့သည်ကို သူမနားလည်လိုက်၏။
*      *      *
What difference would it make to be living a day more or less?
Offline forhorde
  • Special Jounin
  • *****
  • Posts: 574
  • Influence: +3/-0
  • xiaolongnu of ancient tomb
    • View Profile
Re: Apocrypha Part Two
« Reply #2 on: March 26, 2019, 11:21:44 pm »
         သူတို့တတွေ Skyreachသို့ပြန်ရောက်ပြီး Viryxရဲ့အိပ်တန်းတက်သည့်နေရာရဲ့ လုံခြုံမှုထဲရှိနေသည့်အခါကျတော့မှသာ စာလိပ်ကိုဖြည်ရဲကြတော့၏။ နေစွမ်းအင်လုံးတစ်လုံးရဲ့အလင်းရောင်ထဲမှာ အိုမင်းသောစာလိပ်ကိုသူတို့တတွေဖတ်ကြည့်ကြ၏။ အဲ့ဒါက များပြားသောရှေးခေတ်မှတ်တမ်းများကို တပေါင်းတည်းစုစည်း၍ကျမ်းပြုထားခြင်းဖြစ်၏။ အများဆုံးအပိုင်းက Terokkနဲ့ သူ့ရဲ့သမီးတော် Lithicနဲ့ဆက်စပ်ပတ်သက်နေ၏။
         အဲ့ဒါက Iskarနဲ့ သူရဲ့အသွင်သူတွေသင်ကြားခဲ့ကြရသည့် မော်ကွန်းတွေထဲမှာ ပုံဖော်ထားသည်နှင့်အခြားသောတရားဝင်ရေးသားခြင်းတွေနဲ့ မတူကွဲပြားခြားနားတဲ့ မှတ်တမ်းမှတ်ရာတစ်ခုပင်ဖြစ်၏။ ရှေးဦးစွာ၊ သူဖတ်ခဲ့ဖူးသည့်မည်သည့်သမိုင်းထဲမှာမှ Terokkမှာသမီးတော်တစ်ပါးရှိသည်ဟု ရည်ညွန်းထားချက်မရှိခဲ့ပေ။ ဒီပြောပြထားခြင်းထဲမှာတော့၊ ၄င်းက မတရားသဖြင့်ရက်စက်စွာအာဏာကိုသုံးသူတစ်ဦးထက်ပို၍ ဂုဏ်သိက္ခာရှိသောဘုရင်တစ်ဦးဖြစ်နေသည်ကို တွေ့ရပါ၏။ ကြင်နာသောနှလုံးသားရှိပြီး ရဲရင့်သောဘုရင်တစ်ပါးပင်ဖြစ်၏။ Rukhmarနတ်ဘုရားရဲ့နောက်လိုက်Adherentများသည်လည်း ထိုခေတ်ကာလအတွင်းက ကြီးကျယ်သောလေးစားမှုနဲ့ဆက်ဆံခံရသည်ကိုတွေ့ရပါ၏၊ သို့ရာတွင် သူတို့တွေက ပိုမိုများပြားသော အခွင့်ထူးအာဏာနဲ့ဂုဏ်ကျက်သရေအတွက် တမ်မက်နေကြ၏။
         ပြီးတော့ သူတို့ရဲ့လမ်းမှာပိတ်နေသည့်တစ်ဦးတည်းသောသူမှာ : Terokkပင်ဖြစ်ပါသတတ်။
         “နတ်ဘုရားရဲ့နောက်လိုက်တွေက သူတို့ရဲ့ပန်းတိုင်အတွက် ဘုရင်ကြီးကို ဖြုတ်ချလိုက်ကြတယ်။ သူတို့တွေက ၄င်းကို ဖမ်းဆီးလိုက်ကြတယ်၊ Lithicနဲ့ ဘုရင်ကြီးရဲ့အနီးကပ်မဟာမိတ်တွေကိုလည်းဖမ်းလိုက်ကြတယ်။ သူတို့တွေက သူ့ကို ကောင်းကင်ပေါ်ကနေပြီး Sethekk Hollow ကျိန်စာသင့်လျှိုတောရဲ့ရေအိုင်တွေထဲကိုပစ်ချလိုက်ကြတယ်. . .” Viryx ကျယ်ကျယ်ဖတ်ပြနေ၏။
          Sethekk Hollow? အဲ့ဒီနေရာအားIskar သိ၏။ အဲ့ဒါက တားမြစ်ပိတ်ပင်ထားသောတောဖြစ်၏။ Skyreachရဲ့အရှေ့ဘက်ရှိ ပြော့၍ရွှံ့ထူသောမြေကြီးရှိသည့် စိမ့်မြေဧရိယာတစ်ခုဖြစ်၏၊ Adherentတွေရဲ့စကားအရဆိုပါက အရိပ်မှောင်အတွင်းကြာမြင့်စွာနစ်မြုပ်နေခဲ့သည်ဆို၏။ ဒဏ္ဍာရီတွေကဆိုထားတာကတော့ ဒုစရိုက်ပြုလိုသောနတ်ဘုရား Sethe Rukhmarရဲ့ရန်သူတော်သည်၊ လွန်ခဲ့သောခေတ်များစွာအတွင်းက အဲ့ဒီနေရာမှာ သေဆုံးခဲ့သည်ဆို၏၊ နယ်မြေဒေသတစ်ခုလုံးအား ၄င်းရဲ့သွေးနဲ့အတူစွန်းထင်းပေကျံစေခဲ့သည်ဆို၏။
         “သူမကို လေထဲမှာပင့်မြှောက်ပေးထားနိုင်တဲ့ အတောင်ပံတွေမရှိတော့ခြင်းနဲ့အတူ၊ Lithicကတော့ မရှင်သန်ခဲ့ပါဘူး။ ပြုတ်ကျတဲ့အရှိန်က သူမရဲ့အရိုးတွေကိုကျိုးကျေစေခဲ့တယ်။ အဲ့ဒီလိုဖြစ်ပေမယ့် Terokkကတော့ ရှင်သန်ခဲ့တယ်၊” Viryxဆက်လက်ဖတ်ပြ၏။ “လျှိုတောရဲ့ကျိန်စာတိုက်ထားတဲ့ရေတွေကို ထိတွေ့မိခြင်းပေါ်မှာ သူက Setheရဲ့ကျိန်စာကို. . . မိသွားခဲ့တယ်။ ရေတွေက ̵ ̵̵ ̵ ̵  ရောဂါကပ်ဘေးရဲ့ရင်းမြစ်ပဲ။”
         “အဲ့ဒါက ရောဂါကပ်ဘေးရဲ့ရင်းမြစ်. . .” Iskarရဲ့ခန္ဓာကိုယ်မှ အားအင်တွေတဖြည်းဖြည်း စိမ့်ထွက်ကျကုန်၏။ အဖြစ်မှန်က အဲ့ဒါတဲ့လား? အဲ့ဒါ ဖြစ်နိုင်ပါ့မလား? လူကြီးသူမတွေက သူ့အားသင်ထားခဲ့သည်မှာ ကျိန်စာက Rukhmarရဲ့ကရုဏာတော်ကိုအမှားပြုမိခြင်းရဲ့ ရလဒ်တစ်ခုတဲ့ ̵ ̵ ̵̵ ̵ ̵  မနာခံမှုရဲ့ အကျိုးဖြစ်၏။ အဲ့ဒါက တစ်စုံတစ်ဦးရဲ့ကိုယ်ပိုင်ချို့ယွင်းမှုမှ သယ်ဆောင်လာသည့်တစ်ခုပင်ဖြစ်၏၊ ပြင်ပသက်ရောက်မှုကြောင့်မဟုတ်ပေ။ ဒါပေမယ့် ဒီအသေးစိတ်မှတ်တမ်းကဆိုထားသည်မှာ အဲ့ဒါရဲ့ရင်းမြစ်က Sethekk Hollowထဲရှိရေတွေဖြစ်၏။ လူကြီးသူမတွေသင်ခဲ့သည်ကဆိုလိုသည်မှာ သူတို့တွေရဲ့ကောင်းကျိုးပြုမှုတွေကို အမှုမထားသူတစ်စုံတစ်ယောက်သည် ဒုက္ခသည်အဖြစ်ကျရောက်လိမ့်မည်ဖြစ်၏။
         သို့ဖြစ်လျှင် Iskarသိထားသမျှသည် လိမ်ညာမှုတစ်ခုဟု ဒီဟာကဆိုလိုပါ၏။
         “ကျိန်စာကTerokkရဲ့စိတ်ကိုကြောင်တောင်တောင်ဖြစ်စေခဲ့တယ်၊ ပြီးနောက်မှာ သူ့ရဲ့ခန္ဓာကိုယ်လည်း စတင်ပျက်စီးလာခဲ့တယ်၊” Viryxပြောလိုက်၏။ “သူ့ရဲ့နောက်လိုက်တွေရဲ့ အများစုလည်း တူညီတဲ့အဖြစ်နဲ့ကြုံခဲ့ရတယ်၊ သူတို့တွေကို Adherentတွေက Skyreachကနေနှင်ထုတ်လိုက်ကြတယ်။ သူတို့တတွေက Outcastအကြဉ်ခံတွေဖြစ်လာခဲ့ကြတယ်။ Terokkမရှိတော့မှုနဲ့အတူ၊ နတ်ဘုရားရဲ့နောက်လိုက်Adherentတွေက arakkoaတွေအပေါ်မှာ လုံးဝထိန်းချုပ်နိုင်သွားခဲ့တယ်။”
         Viryx စာလိပ်အား စာကြည့်စားပွဲပေါ်သို့ချထားလိုက်၏။
         “ဒီတစ်ချိန်လုံးမှာ. . .” Iskarရဲ့ကိုယ်ထဲမှာ သွေးအေးငုပ်လျှိုးနေခဲ့တဲ့ဒေါသက အပေါ်သို့တက်လာနေပြီ။ သူ့ရဲ့ဘ၀တစ်ခုလုံးမှာ သူသည် ယုံကြည်မှုရဲ့အောက်မှာ သူ့ရဲ့သဒ္ဓါတရားကို မပြောင်းလဲအောင်ထိန်းသိမ်းရင်းနဲ့ နေခဲ့ပါ၏၊ အကယ်၍သူသည် ပညတ်ချက်တိုင်းကို သေသေချာချာလိုက်နာခဲ့ပါလျှင် ကျိန်စာမှသူကင်းလွတ်လိမ့်မည်ဟူ၍ဖြစ်၏။ သူ့ရဲ့နတ်ဘုရားသို့ကိုင်းရှိုင်းမှုကို သက်သေပြဖို့အတွက် ပြစ်ဒဏ်အားလုံးကိုလည်း သူအောင့်အည်းသည်းခံခဲ့ပါ၏၊ အားလုံးသောညှဉ်းဆဲမှုဒဏ်တွေနဲ့ အခက်အခဲတွေကို သူတွေ့ကြုံဆင်းရဲခဲ့ရ၏၊ သူက ဘာသာရေးသူရဲကောင်းလုပ်လိုခဲ့၏ . . . အခုတော့ သူလုပ်ခဲ့သမျှအားလုံး ဘာဖြစ်ကုန်ပါပြီနည်း?
         “ကျမတို့တွေ ဒီဥစ္စာမှန်မမှန်ဆိုတာကို မသိသေးပါဘူး၊” Viryxပြောလိုက်၏။ “ အစ်ကိုလည်း မနေ့တုန်းကတောင် အဲ့ဒီလိုပဲပြောခဲ့တာပဲလေ။ ဒီဥစ္စာက ကျမတို့ကို အကြဉ်ခံတွေက မရိုးသားတဲ့နည်းနဲ့ထိန်းချုပ်ဖို့ဇာတ်လမ်းဆင်ထားတာလားဆိုတာ ဘယ်သူသိမှာလဲ?”
         “ငါတို့မသိနိုင်ပါဘူး၊” Iskarပြောလိုက်၏။
         ဒါပေမယ့် သူဖော်ထုတ်လိမ့်မည်။ အကယ်၍ ဒီအသေးစိတ်မှတ်တမ်းတွေရှိခဲ့သည်ဆိုလျှင်၊ အကယ်၍ အဲ့ဒါကဆိုထားသည့်အတိုင်းသာ အမှန်တကယ်ဖြစ်ခဲ့သည်ဆိုပါလျှင်၊ ဒီနေရာမှာ အခြားမှတ်တမ်းတွေလည်း ရှိနေကြလိမ့်မည်။ အလင်းပြကျမ်း၊ အဲ့ဒါက ပင်မကြောင်လိမ်ရစ်အတွင်းရဲ့ အဝေးတစ်နေရာရာမှာ ပုံးကွယ်နေလိမ့်မည်။ အချိန်ကာလကို လက်လွတ်သွားတဲ့ စာလိပ်တွေနဲ့ သမိုင်းအချက်အလက်တွေ၊ လူကြီးသူမတွေက ဖုံးကွယ်ထားတဲ့ဟာတွေရှိလိမ့်မည်။ သဲလွန်စတွေ ပဟေဠိ မေးခွန်းတွေရှိမည်။ လျှို့ဝှက်ချက်တွေကို ထိန်းသိမ်းထားမည်။ အမှန်တရားတွေက နောက်ဆုံးမှာတော့ ပေါ်ပေါက်လာမည်ဖြစ်၏။
         “ဒါပေမယ့် အဲ့ဒါကသာမှန်ခဲ့ရင်၊” သူဆက်ပြောလိုက်၏၊ “အဲ့ဒီနောက်မှာ Skyreachကို အဲ့ဒါက ထာဝရပြောင်းလဲသွားစေလိမ့်မယ်။”
*      *      *
         Viryxသူမရဲ့ပြတင်းပေါက်ရှိရာသို့ သွားလိုက်ပြန်လိုက်လုပ်နေ၏။ အပြင်ဘက်ရှိ ညကောင်းကင်ယံမှာတော့ တစ်ဒါဇင်မျှလောက်သော kaliriတွေက အပေါ်သို့ပျံတက်သွားလိုက် ရုတ်တရက်အောက်သို့ထိုးဆင်းလာလိုက်လုပ်နေကြ၏။ သူတို့တွေကကျီးအာသံနဲ့ စူးရှသည့်အော်ဟစ်သံတွေပြုနေကြ၏၊ ကြောင်လိမ်ရစ်တစ်လျှောက်မှာရှိတဲ့ သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ ကျောက်သားနံရံကပ်စင်တွေပေါ်သို့ဆင်းသက်နားကြ၏။ ဟိုမှာဘက်ခြမ်းမှာတော့၊ Skyreachမိုးမြင့်အိပ်တန်းရဲ့ အခန်းရှည်တန်းတွေက နေစွမ်းအင်လုံးတွေရဲ့အလင်းရောင်ထဲမှာ ထိန်ထိန်ဝင်းနေ၏။ အဲ့ဒီအခိုက်အတန့် အတောအတွင်းမှာ Viryxအဲ့ဒါရဲ့ အလှအပကိုခံစားမိ၏။
         “ကျမတို့တွေ အဲ့ဒါကိုဖျက်ဆီးပစ်ရမယ်၊” Viryxပြောလိုက်၏၊ Iskarဘက်သို့လှည့်လိုက်၏။
         “အဲ့ဒါကို ဖျက်ဆီးမယ်တဲ့လား?” သူမရဲ့ဝပ်ကျင်းတူအစ်ကိုက သူမအားမယုံကြည်နိုင်စွာစိုက်ကြည့်နေ၏။ “ငါတို့တွေ အဲ့ဒါကို တစ်နေရာရာမှာဝှက်ထားရမယ်။”
         “ဒီဥစ္စာက အရာအားလုံးကိုပျက်ယွင်းစေလိမ့်မယ်။ အဲ့ဒါကို အနီးအပါးမှာထိန်းသိမ်းထားဖို့က အန္တရာယ်ကြီးလွန်းတယ်၊” စာလိပ်ရှိရာသို့ သူမလျှောက်လာသကဲ့သို့ Viryxတုံ့ပြန်လိုက်၏။
         Iskarလည်းအလားတူလုပ်လိုက်၏။ စာလိပ်ပေါ်သို့ လက်ဝါးနဲ့အရှိန်ပြင်းစွာအုပ်ထားလိုက်၏။ “အကယ်၍အဲ့ဒါသာအမှန်ဖြစ်ခဲ့ရင်၊ ငါတို့တွေလိမ်ညာဇာတ်တစ်ခုထဲမှာ နေထိုင်နေတယ်လို့ အဲ့ဒါကဆိုလိုတယ်။ အဲ့ဒါက နင့်အတွက်အရေးမကြီးဘူးလား? ဒီဥစ္စာကိုရဖို့အတွက် ဒီစိတ်ပူစရာတွေအကုန်လုံးကို နင်ဖြတ်ကျော်ခဲ့တယ်; အနာဂါတ်မှာအန္တရာယ်ဖြစ်နိုင်ချေတွေအားလုံးကို နင်ယူခဲ့တယ်လေ၊ ပြီးတော့ အခုကျတော့မှ အဲ့ဒါကို နင်ကဖျက်ဆီးပစ်ချင်တယ်တဲ့လား?”
         “ကျမလုပ်ခဲ့တာတွေက ရူးမိုက်မှုတွေပဲ။ လျှို့ဝှက်ဆန်းကြယ်မှု. . . အဲ့ဒါက ကျမကို ၀ါးမျိုးသွားရုံသက်သက်ပဲ။” သူမက စာလိပ်ရဲ့သစ်သားမျဉ်းလုံးတိုင်ရဲ့အစွန်းကိုဆုပ်ကိုင်လိုက်ပြီး ဆောင့်ဆွဲလိုက်၏။ Iskarက သူ့လက်နဲ့အောက်သို့အသေဖိထား၏၊ စာလိပ်အားနေရာမှာတင်ထိန်းထား၏။ “အဲ့ဒါကို မေ့ပစ်လိုက်ပါတော့။ ကျေးဇူးပြုပြီးတော့။”
         “အဲ့ဒါကို မေ့လိုက်ရမယ်တဲ့လား?” Iskarရဲ့အသံက မသာယာစွာကျယ်လောင်စူးရှနေ၏။ သူ့ရဲ့အားနေတဲ့လက်တစ်ဖက်နဲ့ သစ်သားမျဉ်းလုံးရဲ့နောက်တစ်ဖက်ကိုသူဆုပ်ကိုင်ထားလိုက်၏။ “အဲ့ဒါနဲ့ပတ်သက်ပြီး ငါဘယ်လိုလုပ်မေ့ပစ်နိုင်မလဲ?”
         “ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒါကအရေးမကြီးလို့ပဲ။” Viryxကသူမရဲ့ ဖမ်းဆုပ်ထားမှုကိုမြဲမြံစေလိုက်၏။  “အဲ့ဒါမှန်ခဲ့သည့်တိုင်အောင်၊ အဲ့ဒါက အရေးမကြီးတော့ဘူး. . .”
         ထို့နောက်မှာ Veil Akrazနဲ့ အကြဉ်ခံတွေအကြောင်းကို သူမတွေးမိလိုက်၏။ လွန်ကဲစွာစက်ဆုပ်ရွံ့ရှာဖွယ်ကောင်းပြီးတော့ ဆုတ်ယုတ်နေကြ၏။ လွန်စွာ မျှော်လင့်ချက်ကင်းမဲ့နေကြ၏။ သူမရဲ့အသွင်သူတွေနဲ့ ပိုမိုနိမ့်ပါးသော arakkoaတွေ တန်းတူရည်တူနေထိုင်ရမည့် ကမ္ဘာတစ်ခုကို စိတ်ကူးမှာသူမြင်ယောင်ကြည့်မိခဲ့ပါ၏။ သူမရဲ့စိတ်ထဲမှာ မြင်ယောင်မိသမျှအားလုံးက သူမအားပြင်းပြင်းထန်ထန်မနှစ်သက်သည့်ခံစားချက်ကိုသာ ချန်ရစ်ခဲ့၏။
         Skyreachသည် အင်အားကြီးပြီး ဂုဏ်ကျက်သရေတင့်တယ်၏။ အဲ့ဒါကိုပြောင်းလဲပစ်ဖို့က၊ အကြဉ်ခံတွေနဲ့အတူ တန်းတူပြန်လည်နေထိုင်ဖို့ဆိုတာက၊ သူမသိထားသမျှအားလုံးကို ပျက်ယွင်းစေလိမ့်မည်။ Adherentတစ်ယောက်အနေနဲ့ ရှည်လျားငြီးငွေ့ဖွယ်ကောင်းသော ပညတ်ချက်တွေအားလုံးကို သူမအလွန်ရွံ့မုန်းတီးသော်ငြား၊ အဓိပ္ပါယ်မဲ့လေ့လာသင်ယူမှုတွေနဲ့ ရိုးရာဓလေ့တွေအားလုံးကို သူမယုံကြည်မှုမရှိသော်ငြား၊ သူမရဲ့ခရီးလမ်းကိုတော့ ဆုံးရှုံးဖို့ သူမအလိုမရှိပေ။
         ကမ္ဘာထဲရှိဘယ်အရာကကော အဲ့ဒါနဲ့နှိုင်းယှဉ်လို့ဖြစ်ပါမည်နည်း?
         “ကျမလုပ်ခဲ့သလို အစ်ကို Outcastတွေအကြားမှာ လမ်းမလျှောက်ခဲ့ဖူးဘူး။” Viryxစာလိပ်ကိုအတင်းဆွဲ၏။ သူမက Iskarထက်ပိုပြီးသန်မာပါ၏၊ ပြီးတော့ သူမရဲ့ဝပ်ကျင်းတူအစ်ကို ၄င်းရဲ့အသေဆုပ်ကိုင်မှုကိုမြဲမြံဖို့ရန် ခက်ခက်ခဲခဲရုန်းကန်နေရသည်ကို သူမမြင်လိုက်ရ၏။ “တကယ်လို့ အစ်ကိုလုပ်ခဲ့ဖူးရင်၊ အဲ့ဒီအတွေးက အစ်ကို့ကို စိတ်ကျေနပ်စေမှာမဟုတ်ဘူး။ တကယ်လို့ Skyreachကို ဆက်ထိန်းထားချင်တယ်ဆိုရင် အဲ့ဒီလိမ်ညာမှုကို ပံ့ပိုးပေးရမယ်လို့ အဲ့ဒါကအဓိပ္ပါယ်ရတယ်၊ ပြီးတော့ အဲ့ဒီလိုလုပ်ဖို့လည်းထိုက်တန်တယ်။”
         နောက်ဆုံးတစ်ကြိမ်ဆွဲယူမှုနဲ့အတူ Iskarရဲ့လက်ထဲကစာလိပ်ကို Viryxရုတ်တရက်ကြမ်းတမ်းစွာဆုတ်ဖြဲလိုက်၏။ သူမရဲ့ဝပ်ကျင်းတူအစ်ကို ကြမ်းပေါ်သို့လဲကျသွား၏။ Rukhmarရဲ့ မီးငွေ့တန်းတစ်ခုကို သူမရဲ့လက်ဖ၀ါးအတွင်းViryxဆင့်ခေါ်လိုက်၏၊ စာလိပ်ကိုမီးမြှိုက်လိုက်၏။ အိုမင်းနေသော၊ ဆုတ်ပြဲနေသောစက္ကူရဲ့အနားစွန်းတစ်လျှောက်မီးတောက်ကအထက်သို့ဝါးမြိုသွား၏။
         “ဟရက်က်က်က်!  မလုပ်နဲ့!” Iskar အရှေ့သို့တိုးဝင်လာ၏၊ Viryxအားသူ့ရဲ့လက်နဲ့ဝှေ့ယမ်းလိုက်၏။ တိုက်ခိုက်မှုအား သူမရဲ့လက်ဖျံနဲ့ကာလိုက်ပြီး Iskarရဲ့ဦးခေါင်းနံဘေးသို့နာနာရိုက်ချလိုက်၏။ သူကြမ်းပေါ်သို့ ပြန်လဲကျသွား၏။
         စာလိပ်အားမီးတောက်က၀ါးမျိုသွားပြီဖြစ်သကဲ့သို့ မီးစမီးနလေးတွေနဲ့ ပြာတွေက Iskarရဲ့ပတ်ဝန်းကျင်သို့ကျရောက်လာ၏။ သူကဒူးထောက်လိုက်ပြီး ပြာတွေကို သူ့လက်ခုပ်အတွင်းသို့ ခပ်ယူလိုက်၏။ “နင်ဘယ်လိုလုပ်လိုက်တာလဲ?”
         “အဲ့ဒါက arakkoaတွေအတွက် ကောင်းဖို့ပဲ၊” Viryxပြောလိုက်၏၊ သူမအိပ်တန်းတက်သည့်နေရာရဲ့ပြတင်ပေါက်ရှိရာသို့ကိုယ်ကိုလှည့်လိုက်၏။ “အဲ့ဒါ ̵̵ ̵ ̵ ̵ ”
         သူမရဲ့အသက်ရှုမှုကလည်ချောင်းထဲမှာ ရပ်တန့်သွား၏။ လက်တစ်ဆုပ်စာလောက် kaliriတွေက ပြတင်းပေါက်နှစ်ခုလုံးရဲ့ပြင်ပမှာ နားနေကြ၏။ သူတို့တွေအဲ့ဒီနေရာမှာ ရှိနေခဲ့ကြ၏၊ လုံးဝငြိမ်သက်နေခဲ့၏၊ မှုန်မွှားမွှားမှန်ပြတင်းမှတစ်ဆင့် သူမကိုစောင့်ကြည့်နေ၏။
         ထူးဆန်း၏ ။ သူတို့တွေအဲ့ဒီလောက် အာရုံစိုက်နေသည်ကို သူမဘယ်တုန်းကမှမမြင်ဖူးပေ။ စိုးရိမ်ကြောင့်ကြမှုနဲ့အတူ Viryxရဲ့အစာအိမ်အေးခဲသွား၏။
         ကြီးမားသောတစ်စုံတစ်ခုက သူမအိပ်တန်းတက်သည့်နေရာရဲ့တံခါးကို ပြင်းပြင်းထန်ထန်ထုနှက်လိုက်၏။ တစ်ကြိမ်. . . နှစ်ကြိမ် . . .
         တတိယအကြိမ်ပေါ်တွင် တံခါးက ပတ္တာပြုတ်ပြီး ကြမ်းပေါ်သို့လဲကျသွား၏။ ခြေသည်းဓားသမားနှစ်ဦးအခန်းထဲသို့ဆက်တိုက်ဝင်လာ၏၊ တောင်ပံဓားသွားတွေကိုအသင့်ပြင်ထား၏၊ အနောက်မှာ အဆင့်မြင့်ပညာရှိပါလာ၏။
         “arakkoaတွေအတွက်ကောင်းဖို့လား? ” Rukhmarရဲ့အသံကပြောလိုက်၏။ “တကယ်မှန်တာပေါ့။”
         Viryxခြေတစ်လှမ်းနောက်ဆုတ်သွား၏၊ ခလုပ်တိုက်လဲလုမတတ်ဖြစ်သွား၏။ ထို့နောက်တွင်သူမဦးညွတ်လိုက်၏။ “အ. . .အဆင့်မြင့် ပညာရှိ. . .”
         “အမြဲတမ်းသိချင်စိတ်ပြင်းပြနေတဲ့သူတစ်ဦးက နင်မဟုတ်ဘူးလား?” Zelkyrပြောလိုက်၏။ သူက Iskarထံသို့လျှောက်သွား၏။ “ဒီကောင့်ကိုကြိုးနဲ့တုပ်ထားလိုက်။”
         ခြေသည်းဓားသမားတွေရဲ့တစ်ဦးကအရှေ့သို့တက်လာ၏။ ၄င်းက မျက်စိပိတ်ခေါင်းစွပ်တစ်လုံးအား Iskarပေါ်သို့စွပ်လိုက်ပြီးနောက် သတ္တုကွင်းတစ်ခုနဲ့ ယင်းရဲ့နှုတ်သီးအား ပိတ်ထားလိုက်၏။ Iskar အသံတစ်ချက်မှမထွက်သလို ပြန်လည်တိုက်ခိုက်တာမျိုးလည်း သူမပြုလုပ်ပေ။
         Viryxစကားပြောဖို့သတ္တိကိုဆင့်ခေါ်လိုက်၏။ “သူ့ကို အမျက်မထွက်ပါနဲ့။ သူက ̵ ̵ ̵ ̵ ”
         “သူဘာလုပ်ခဲ့တယ်ဆိုတာငါသိတယ်။ ပြီးတော့ နင်ဘာလုပ်ခဲ့တယ်ဆိုတာလည်း ငါသိတယ်။” Viryxရဲ့ပြတင်းအား Zelkyr၀ုန်းခနဲတွန်းဖွင့်လိုက်၏။ အပြင်ဘက်မှာနားနေတဲ့ kaliriတွေရဲ့တစ်အုပ်ဆီသို့ သူကလက်လှမ်းလိုက်၏။ အဆင့်မြင့်ပညာရှိက ငှက်တစ်ကောင်ရဲ့အမွေးတွေအား ပွတ်သပ်ပေးလိုက်၏။ အဲ့ဒါကညင်သာစွာခိုညည်းသံပြုလိုက်၏။
            “ငါစောင့်ကြည့်နေခဲ့တယ်၊” Zelkyr ဆက်ပြော၏။ “Kaliriရဲ့မျက်လုံးတွေကနေတစ်ဆင့် ကြည့်ဖို့ဆိုတာကတော့ မလွယ်တဲ့ကျွမ်းကျင်မှုတစ်ခုပေါ့၊ ဒါပေမယ့်လို့ အဲ့ဒါက အချိန်နဲ့အမျှအလွန်အသုံးဝင်လာတာကို ငါရှာတွေ့ခဲ့တယ်။ ငါတို့နဲ့အသွင်တူတွေရဲ့အချို့တွေက သူတို့တစ်ဦးတည်းဖြစ်နေပြီလို့တွေးမိတဲ့အချိန်မှာ ဘာတွေပြောပြီးဘာတွေလုပ်တယ်ဆိုတာကို နင်အံ့အားသင့်မိလိမ့်မယ်။”
            “ပြီးတော့ ရှင်ကကျမတို့ကို အဲ့ဒီလိုသွားစေချင်တယ်ပေါ့?” Viryxမေးလိုက်၏၊ တောက်လိုက်မှိန်လိုက်ဒေါသတစ်ခုက သူမရဲ့ကြောက်ရွံ့မှုကိုလောင်မြှိုက်ပစ်လိုက်၏။
            “လျှို့ဝှက်ဆန်းကြယ်မှုတစ်ခုနောက် လိုက်လံတတ်တာက သဘာဝတစ်ခုပါပဲ။ မေးစရာက မင်းရှာဖွေတွေ့ရှိထားတဲ့ ဗဟုသုတနဲ့ပတ်သက်လို့ မင်းဘာလုပ်မယ်ဆိုတာပဲ။ အဲ့ဒါက မင်းဘာဆိုတာကိုသတ်မှတ်ပေးလိမ့်မယ်။ ငါတို့လိုမျိုး Adherentတွေရဲ့ရာထူးအဆင့်တွေမြင့်တက်လာတဲ့သူတွေက များပြားလှတဲ့အဖြစ်မှန်တွေရဲ့ ၀န်ချိန်ဖိစီးမှုကိုခံကြရတယ်။ များပြားလှတဲ့ လျှို့ဝှက်ချက်တွေရဲ့ဝန်လေးမှုကိုခံကြရတယ်။ ပညာရှိသူကသာပဲ သူတို့တွေကို arakkoaတွေရဲ့ကောင်းကျိုးအတွက် ဖုံးကွယ်ထားနိုင်ကြတယ်လေ။”
            Kaliriတွေကို Zelkyrအဝေးသို့မောင်းထုတ်လိုက်၏။ သူတို့တွေညကောင်းကင်ထဲပျောက်ကွယ်သွားကြ၏။ “မင်းမှာလည်း တူညီတဲ့ဉာဏ်ပညာရှိလိမ့်မယ်လို့ ငါယုံကြည်ပါတယ်။ ငါတို့ရဲ့အဖွဲ့အစည်းရဲ့ ကြီးကျယ်မြင့်မြတ်တဲ့တစ်စုံတစ်ခုဖြစ်လာဖို့ မင်းမှာစွမ်းရည်ရှိတယ်။”
            Viryxဘယ်လိုခံစားရမည်ကိုပင်မသေချာအောင်ဖြစ်နေ၏။ သူမ ကျေးဇူးတင်ရမယ့်အဓိပ္ပါယ်လား? ဒီလိုမျိုးအချိန်တစ်ခုမှာလား?
            “ဒါပေမယ့် ဒီနေရာမှာ မင်းရဲ့ကမူးရှုးထိုးဆန်မှုရဲ့ ကိစ္စတစ်ခုလည်းရှိသေးတယ်။ တော်လှန်ပုန်ကန်မှုအတွက် မင်းရဲ့ခုံမင်မှုပဲ။” အဆင့်မြင့်ပညာရှိက လက်တစ်ဖက်အား သူမရဲ့ပခုံးပေါ်တင်လိုက်၏။ “ကံကောင်းစွာနဲ့ပဲ၊ ဒီနေရာမှာ. . .အဲ့ဒီလိုအပြစ်အနာအဆာတွေကို ပြုပြင်ဖို့အတွက် နည်းလမ်းတွေရှိတယ်။”
            အခြား ခြေသည်းဓားသမားက Viryxရဲ့လက်မောင်းကို အနောက်ဘက်မှချုပ်ကိုင်လိုက်၏။ နာကျင်မှုက သူမရဲ့အရေပြားထဲမှလည်မျိုသို့တက်သွား၏။ သဘာဝဉာဉ်အရ သူမရုန်းကန်လိုက်၏၊ ဒါပေမယ့် အဲ့ဒါမအောင်မြင်ခဲ့ပေ။
            “ငါက နင်နဲ့ပတ်သက်ပြီး အမြဲတမ်းသက်ညှာမှုပြုလွန်းခဲ့တယ်၊ ပြီးတော့ အဲ့ဒီအတွက် ငါတောင်းပန်ပါတယ်။ ဖြစ်တန်ရာကတော့ တကယ်လို့ငါသာ ပိုပြီးစည်းကမ်းတင်းကြပ်ခဲ့ရင်၊ ဒီလိုကိစ္စမျိုးဖြစ်မလာလောက်ဘူး။ ဒါပေမယ့်လို့ ငါအခုသိထားသမျှအရာအားလုံးကို ငါမင်းကိုသိစေချင်တယ်၊ ငါအဲ့ဒီလိုဘာလို့လုပ်သလဲဆိုတော့ ငါမင်းကိုအထင်ကြီးလေးစားလို့ပဲ. . .ဘာလို့အထင်ကြီးတာလဲဆိုတော့ တစ်နေ့မှာမင်းဘာဖြစ်လာမယ်ဆိုတဲ့ ယုံကြည်ချက်ငါ့မှာရှိထားလို့ပဲ။”
            ခြေသည်းဓားသမားက မျက်စိပိတ်ခေါင်းစွပ်တစ်လုံးအား သူမရဲ့မျက်လုံးတွေပေါ် လျှောစွပ်လိုက်သကဲ့သို့ Viryxစူးစူးဝါးဝါးအော်ဟစ်လိုက်၏။
            အမိုက်မှောင်က သူမရဲ့ကမ္ဘာကိုဝါးမျိုသွား၏။
*      *      *
What difference would it make to be living a day more or less?
Offline forhorde
  • Special Jounin
  • *****
  • Posts: 574
  • Influence: +3/-0
  • xiaolongnu of ancient tomb
    • View Profile
Re: Apocrypha Part Two
« Reply #3 on: March 26, 2019, 11:25:03 pm »
အမှောင်ထုထဲမှာ အချိန်ဘယ်လောက်များများကြာအောင်ဖြုန်းတီးခဲ့ရလဲဆိုတာ Viryx အမှန်တကယ်မသိပေ။ ရက်များစွာလား. . .သီတင်းပါတ်များစွာလား. . .ဒါမှမဟုတ် ဘ၀တစ်ခုစာများလား။
            အမှန်တရားကို သူမ ဂရုမစိုက်ပေ။ သူမက အဲ့ဒါအဆုံးသတ်ဖို့ကိုသာ အလိုရှိပါ၏။
            သနားကြင်နာစွာဖြင့် အဲ့ဒါဖြစ်ခဲ့ပါ၏။ တစ်စုံတစ်ဦးက သူမဦးခေါင်းမှ မျက်ကန်းခေါင်းစွပ်ကိုဆွဲချွတ်လိုက်၏။ သူမကိုယ်သူမ အဆင့်မြင့်ပညာရှိနဲ့ မျက်နှာချင်းဆိုင်အနေအထားတွေ့လိုက်ရ၏။ သူက သူမအားမတ်တပ်ထနိုင်ဖို့ ညင်ညင်သာသာကူညီပေးပြီး ပင်မကြောင်လိမ်ရစ်ကြီးအောက်ရှိ အကောက်အကွေ့တွေနဲ့ နံရံလိုဏ်ခေါင်းသင်္ချိုင်းသုဿာန်တစ်ခုသို့ ဦးဆောင်သွားနေသကဲ့သို့ သူမဘာမှမပြောပေ။
            “Iskarကို ဘာလို့ နင့်ရဲ့ ၀ပ်ကျင်းတူအစ်ကို ငါလုပ်ခိုင်းခဲ့လဲဆိုတာကို သိရဲ့လား?” အဆင့်မြင့်ပညာရှိကမေးလိုက်၏။
            Viryxရဲ့အမှောင်ထုတွင်းအချိန်က သူမရဲ့အာရုံခံစားသိရှိမှုတွေကို ဖရိုဖရဲနဲ့ ကမောက်ကမတွေဖြစ်စေကုန်၏။ စကားလုံးတွေကိုသူမခေါင်းထဲကနားလည်ဖို့အတွက် အချိန်ခဏတာယူလိုက်ရ၏။ သူမကြိုးစားပြီးတော့ဖြေကြားလိုက်ပါ၏၊ သို့ရာတွင် သူမရဲ့နှုတ်သီးကနေထွက်လာသမျှအားလုံးမှာ တိုးညင်းသော ငြီးတွားသံတစ်ခုမျှသာဖြစ်နေ၏။
            “နင့်ဆီကနေ သူဘယ်တော့မှ သင်ခန်းစာရမယ့်သူမဟုတ်ဘူးဆိုတာ ငါသိနေလို့ပဲ၊” အဆင့်မြင့်ပညာရှိစကားဆက်လိုက်၏။ “ငါထင်တာက သူ့ကိုစောင့်ကြည့်မှုကနေပြီး နင်လုပ်နေတာရဲ့ဖြစ်ပေါ်လာမယ့်အကျိုးဆက်တွေကနေ အခြားသူတွေဘယ်လိုခံစားရစေတယ်ဆိုတာကို နင်သင်ယူနိုင်ကောင်းရဲ့လို့ပေါ့။ ဖြစ်တန်ရာကတော့ အဲ့ဒါအလုပ်ဖြစ်ခဲ့ပါတယ်၊ သွယ်ဝိုက်တဲ့နည်းလမ်းတစ်ခုထဲမှာပေါ့။ စာလိပ်ကိုဖုံးကွယ်ပစ်လိုက်ဖို့ နင့်ရဲ့ဆုံးဖြတ်ချက်က ပညာရှိပါတယ်။ တာဝန်ယူမှု ဆိုတာအဲ့ဒါပဲကွယ့်။”
            အဆင့်မြင့်ပညာရှိနဲ့အနောက်ကနေ ပင်မကြောင်လိမ်ရစ်ရဲ့ ပင်မခန်းမကြီးအတွင်းသို့ သူမလိုက်လာခဲ့၏။ အမိုးအတွင်းရှိ သလင်းကျောက်အမိုးခုံးကြီးကို ဖြတ်သန်းလျက် အလင်းတန်းတွေကလွှမ်းမိုးထား၏။ Viryxသူမရဲ့ကျောကိုခုံးကြွလိုက်ပြီး သူမအပေါ်သို့အလင်းရောင်တွေက ဆေးကြောလိုက်သကဲ့သို့သက်ပြင်းချလိုက်၏၊ သူမရဲ့ခန္ဓာကိုယ်နွေးထွေးသွား၏။
            အစားအသောက်နဲ့သောက်ရေထက်ပိုမိုပြီး သူမဒီဥစ္စာကိုလိုချင်နေခဲ့၏။ အလင်းရောင်ကိုပင်ဖြစ်၏။
            သူမကိုယ်သူမ အလင်းရောင်ဆီသို့ လက်လှမ်းလိုက်သည်ကို သတိထားလိုက်မိ၏၊၊ အဲ့ဒါကိုထိတွေ့ဖို့၊ အဲ့ဒါကို ဆုပ်ကိုင်ဖို့ ထက်ပိုပြီး တခြားဘာကိုမှအလိုမရှိပေ။ အခန်းထဲမှာရှိတဲ့အလင်းလောက်နဲ့သူမကို မနှစ်သိမ့်စေနိုင်ပေ။ ဒီနေရာမှာ ဘယ်တုန်းကမှမစွမ်းနိုင်ခဲ့ပေ၊ သူမဘ၀ရဲ့နေ့အချိန်တွေအားလုံးနဲ့ပင် နှစ်သိမ့်နိုင်ဖို့ မလုံလောက်ပေ။
            “ဒါပေမယ့် အဲ့ဒီတာဝန်ယူမှုက နင်သင်ယူဖို့လိုအပ်နေတဲ့အရာမဟုတ်ဘူးဆိုတာ ငါအခုတော့သဘောပေါက်သွားခဲ့ပါပြီ၊” အဆင့်မြင့်ပညာရှိဆိုလိုက်၏။ “နင်သဘောပေါက်ဖို့အမှန်တကယ်လိုအပ်ခဲ့တဲ့အရာက အကျိုးဆက်တွေရဲ့ အနက်အဓိပ္ပါယ်ကိုပေါ့။”
            စကားလုံးတွေက Viryxအား သူမရဲ့ ပြင်းထန်သောခံစားချက်နဲ့ သတိလစ်လုမတတ်ဖြစ်နေခြင်းမှ ပြန်လည်ဆွဲခေါ်လိုက်၏။ ထိုအခါကျတော့မှ ခန်းမကြီးရဲ့အလယ်ဗဟိုထဲမှာ မတ်တပ်ရပ်နေတဲ့ arakkoaသုံးဦးကိုသူမသတိထားမိသွား၏။ ခြေသည်းဓားသမားနှစ်ဦးက Iskarကိုခြံရံထားကြ၏၊ သူ့ရဲ့လက်ကောက်ဝတ်တွေကိုတွဲခတ်ထားတဲ့ သံကြိုးမှတစ်ဆင့်သူ့အားထိန်းချုပ်ထား၏။ သူ့ရဲ့နှုတ်သီးအားယခုချိန်ထိသတ္တုကွင်းတစ်ခုနဲ့သေချာစည်းထားဆဲဖြစ်၏၊ ဒါပေမယ့် စစ်သည်တော်တွေက သူ့ရဲ့မျက်ကန်းခေါင်းစွပ်ကိုချွတ်လိုက်ကြ၏၊ Viryxအား သူ့ကိုမြင်ခွင့်ပြုလိုက်၏ ̵ ̵ ̵ ̵ ပြီးတော့  သူ့အားလည်း သူမကိုမြင်တွေ့စေလိုက်၏။
            အဆင့်မြင့်ပညာရှိက Rukhmarရဲ့ခြေသည်းအား Viryxသို့လက်လွှဲပေးလိုက်ပြီးတော့ နောက်သို့ဆုတ်သွား၏။ မြင့်မြတ်သောရှေးခေတ်အသုံးအဆောင်ကို သူမရဲ့လက်တွေထဲဆွဲကိုင်ထားလိုက်ပြီးနောက် အခန်းထဲလှည့်ပတ်ကြည့်ရှုလိုက်၏။
            စောင့်ကြည့်မယ့်အခြားမည်သူတစ်ဦးမှဒီနေရာမှာရှိမနေကြပေ။ ဒီဥစ္စာက အခြားပြည်နှင်ဒဏ်ပေးခြင်းအခမ်းအနားတွေလိုမဟုတ်ပေ။ ဒီဥစ္စာက များစွာပိုပြီး ကိုယ်ပိုင်ဆန်၏၊ များစွာပိုပြီး လျှို့ဝှက်၏။
            “နင် အလင်းထဲမှာနေမှာလား အရိပ်တွေထဲမှာနေမှာလား?” အဆင့်မြင့်ပညာရှိက သူမရဲ့အနောက်ဘက်မှနေ၍ပျော့ပြောင်းစွာဆိုလိုက်၏။
            Viryx အရှေ့သို့တစ်လှမ်းချင်းခြေလှမ်းလာ၏၊ လက်ထဲမှာလည်း တောင်ဝှေးကိုကိုင်စွဲထား၏။ Iskarက သူမထံ စူးစူးရဲရဲပြန်စိုက်ကြည့်လိုက်၏။ သူက ယခုထိတိုင် ဇွဲမလျှော့ ငုတ်တုတ်ခံ၏၊ ထိုမျှမက လှုပ်လည်းမလှုပ်ပေ။ သူက အသံလည်းတစ်ချက်မှထွက်မလာဘဲ တုဏှီဘာဝဆိတ်ဆိတ်ရှိနေ၏။ သူ့ရဲ့မျက်လုံးတွေကလည်း အချစ်သူရဲကောင်းလိုလိုဘာလိုလိုနဲ့ ကြောက်ရွံ့မှုရဲ့လက္ခဏာတစ်စွန်းတစ်စကိုတောင်မှပဲ ကိုင်စွဲမထားပေ။
            Iskarကား ရွေးချယ်ခဲ့ပြီးဖြစ်၏။ သူမလည်း နောက်ဆုံးမတတ်သာတော့၍ ဓားသွားအား ၄င်းရဲ့ဆန့်ထုတ်ထားသော လက်က်ျာလက်အောက်သို့ထားလိုက်၏။
            ပြီးနောက် သူမလည်း သူမရဲ့ရွေးချယ်မှုကိုပြုလိုက်၏။
*      *      *
Reshadသူ့ရဲ့ပုံပြင်ကို အဆုံးသတ်လိုက်ပြီးနောက် ခဏတာမျှတိတ်ဆိတ်မှုကိုဖြတ်ကျော်လိုက်၏။
အခြား အကြဉ်ခံက သစ်ငုတ်တိုငယ်လေးပေါ်မှမတ်တပ်ထရပ်လိုက်၏၊ သူ့ရဲ့ကုန်းကွကွကျောကုန်းကို သူတတ်နိုင်သမျှအကောင်းဆုံးဆန့်လိုက်၏။ “ကျွန်တော် Iskarအကြောင်းဒီပုံပြင်ကို ဘယ်တုန်းကမှမကြားဖူးဘူးဗျ။ သူအမြဲတမ်းပြောခဲ့တာက လှုမှုအဖွဲ့အစည်းရဲ့အောက်ဆုံးအဆင့်ထဲမှာ သူ့ကိုမွေးလာခဲ့တယ်ဆိုတာပဲ။”
“ငါမြင်ယောင်ကြည့်တာတော့ အဲ့ဒါက သူပြောပြဖို့မပျော်ရွှင်တဲ့ ပုံပြင်တစ်ပုဒ်ပဲ။ ပြီးတော့၊ မင်းသိတဲ့အတိုင်းပဲ၊ သူက တချို့အပိုင်းတွေကို တော်တော်ကလေးလိမ်ထားတာကိုး၊” Reshadပြောလိုက်၏။ သူလည်းကောင်းစွာမတ်တပ်ထရပ်လိုက်၏။ ကြာရှည်စွာမလှုပ်မယှက်ထိုင်နေခဲ့မှုအတွက် အထမှာ သူ့ရဲ့အရိုးအဆစ်တွေကအသံမြည်သွား၏။
            ဒီအိုမင်းအသုံးမကျတော့တဲ့ အရိုးတွေ. .  .
အဆင့်မြင့်arakkoaကတော့ လဲကျနေသောသစ်ပင်လုံးတစ်လုံးပေါ်မှာနားလျက်သားကျန်ရစ်နေခဲ့၏။ Reshad ယင်းအား အကြောင်းကိစ္စတွေပေါ် ပြန်လည်ဆင်ခြင်ဖို့ခွင့်ပြုထားလိုက်၏ ̵ ̵ ̵ ̵  သူ့ဘ၀ရဲ့နောက်ဆုံးနေ့ရက်ထိတိုင် တာဝန်ထမ်းရွက်ပါမည်ဟု တစ်ခါက သူကတိပြုခဲ့သော ခေါင်းဆောင်ရဲ့ပုံပြင်တစ်ပုဒ်ပေါ်မှာဖြစ်၏။
Reshadရဲ့အတွေးက Veil Akrazအတွင်း သူနဲ့Viryxတွေ့ဆုံခဲ့သည့်အချိန်ပေါ်ပြန်ရောက်သွား၏။
သူမဘာဖြစ်လာမယ်ဆိုတာကို အဲ့အချိန်တုန်းကသာငါသိခဲ့လို့ကတော့ကွာ။ ငါ့ရဲ့ဓားမြှောင်တစ်ချက်တွတ်လိုက်ရုံနဲ့တင်၊ အသက်ပေါင်းများစွာကို ငါကယ်တင်ခဲ့လိုက်နိုင်မှာ. . .
ဟုတ်တာပေါ့၊ တကယ်တော့ဒီလိုအတွေးတွေက မနှိပ်ပေ။ ဒီViryxက Skyreachရဲ့ အဆင့်မြင့်ပညာရှိဖြစ်လာမည်ကိုမှ သူမှမသိခဲ့ပဲ။ Apexisနည်းပညာပေါ်မှာ သူမရဲ့ စိတ်စွဲလန်းနေမှုက အဆင့်မြင့်arakkoaတွေကို သူတို့မြို့ကြီးရဲ့ထိပ်ဆုံးမှာ မမှန်တဲ့နေကဲ့သို့သော လက်နက်တွေကိုတည်ဆောက်ဖို့ မောင်းနှင်လိမ့်မည်ဟု သူကဘယ်လိုလုပ်ပြီးသိခဲ့ပါမည်နည်း။ ပြီးတော့ ထိုမျှသာမကပဲ Viryx သည် ထိုအရာကို Outcast တွေအပေါ်သို့လှည့်ချိန်ပြီး ၄င်းတို့အားကမ္ဘာ့မြေမျက်နှာပြင်ပေါ်မှ မီးရှို့ဖျောက်ဖျက်ပစ်ဖို့ အမိန့်ပေးမှာကိုလည်း သူမသိခဲ့ပေ။
Viryx နဲ့ သူမရဲ့အနီးကပ်ဆုံးနောက်လိုက်တွေကတော့ အခုအချိန်မှာသေဆုံးသွားခဲ့ပါပြီ၊ ဒါပေမယ့်လို့ ကမ္ဘာအတွင်းရှိအမှားမှားအယွင်းယွင်းတွေအားလုံးရဲ့ ကိုယ်စားပြုအဖြစ်နဲ့တော့သူတို့တွေရှိနေတုန်းပင်ဖြစ်ပါ၏။ အဆင့်မြင့် arakkoaတွေက နေရဲ့အလင်းရောင်ကိုစိတ်မှာစွဲထင်မှုပြင်းထန်နေတုန်းပင်ဖြစ်၏၊ အယူသည်းတုန်းပင်ဖြစ်၏။
အကြဉ်ခံတွေကလည်း ဒေါသကင်းသူများမဟုတ်ကြသည်ကို Reshad သူ့ဟာသူပြန်လည်သတိပေးနေရ၏။ သူတို့တွေက တစ်ဖက်စွန်းရောက်သော ခိုလှုံရေးစခန်းတွေကို မတူညီတဲ့နေရာတွေမှာ တည်ထောင်ထားကြပြီ။ သူတို့တွေ အရိပ်တွေနဲ့ပတ်သက်ပြီး သဘောကျစွဲလန်းမှုတွေစတင်ပြင်းထန်လာနေ၏၊ ရှက်ရွံ့မှုနဲ့ မိမိကိုယ်ကိုစက်ဆုပ်မှုထဲမှာ မြေမြှုပ်ရင်းနဲ့ဖြစ်၏။
ကျီးနက်တွေက နေမင်းကြီးကို ဖုံးအုပ်လိုက်တဲ့အခါ အရိပ်တွေစုစည်းခဲ့တယ်။ အတောင်ပံနက်တွေက ကောင်းကင်ဘုံကို သိမ်မွေ့စွာပိတ်ဖုံးလိုက်တဲ့အခါ တောက်လောင်နေတဲ့ကောင်းကင်က မီးငြိမ်းသွားခဲ့တယ်။ အိပ်ပါတော့ ကလေးရယ်၊ အိပ်စက်တော့။ နေမင်းကြီးတောင်မှ အိပ်စက်သွားမှပဲ။
ရှေးခေတ်arakkoaတွေက အလင်းနဲ့အမှောင်တို့သည် တိုင်းတာမှုစံနှုန်းအားဖြင့်တူညီသည်မှာ သဘာဝဖြစ်သည်ဟုသိခဲ့ကြ၏။ သူတို့တွေအတူတကွဖြစ်ခြင်းတစ်ခုတည်းနဲ့သာ အကြဉ်ခံတွေနဲ့ သူတို့တွေရဲ့ တောင်ပံပါဝမ်းကွဲတွေသည် အောင်မြင်နိုင်လိမ့်မည်။
အခုတော့၊ နောက်ဆုံးမှာ Reshad ရဲ့အသွင်တူတွေသည် အဲ့ဒါကိုနားလည်သဘောပေါက်လောက်ပြီ။
အနည်းဆုံးတော့ သူတို့တွေရဲ့အများစုဖြစ်၏။ အချို့တွေအတွက်ကိုတော့ သူမသေချာပေ ̵̵ ̵ ̵ ̵ Iskar ကဲ့သို့သူတွေဖြစ်၏ ̵̵ ̵ ̵ ̵ ဆင်ခြင်သုံးသပ်စရာတွေရှိနေသည်ဟုမြင်ရ၏။
Iskar ရဲ့ဘ၀သည်၊ Viryx ရဲ့ဘ၀နဲ့များစွာဆင်တူခဲ့၏၊  Terokk အကြောင်းအမှန်တရားကို ရှာဖွေတွေ့ရှိပြီးနောက်ပိုင်းမှာ ပြောင်းလဲသွားခဲ့၏။ ခြေထောက်မသန်ပြီး နယ်နှင်ဒဏ်ခံထားရသော်ငြား သူသည်  Outcast တွေရဲ့ရာထူးအဆင့်တွေမှာအထက်တက်လာခဲ့ကာ သူတို့တွေရဲ့ခေါင်းဆောင်ဖြစ်လာခဲ့၏။ မကြာသေးမီကနှစ်များအတွင်းမှာ၊ Iskar ရဲ့ကိုယ်တွင်းမှာမကောင်းတဲ့တစ်စုံတစ်ခု တိုးပွါးလာနေသည်ကို Reshad အာရုံခံစားမိခဲ့၏။ ကလဲ့စားချေလိုမှုနဲ့ စွမ်းအားအတွက် တိတ်ဆိတ်သောတောင့်တမှုတစ်ခုဖြစ်၏။ ဖြစ်တန်ရာကတော့ အဲ့ဒါသည် Skyreach အတွင်းရှိနောက်ဆုံးနေ့ရက်များအတွင်းမှာ မွေးဖွားလာခဲ့ခြင်းဖြစ်နိုင်၏။
Reshad ရဲ့မျက်စိရှေ့မှာတော့ Iskar သည် အိပ်ပျော်ရာမှနိုးထလာတဲ့ arakkoaနှစ်ဦးကဲ့သို့ ဆင်တူနေပါသလော? သူက အနာဂါတ်သစ်တစ်ခုရဲ့ တွေ့နေကျထက်ပိုတဲ့ကြင်နာမှုထဲမှာ အတိတ်ကိုအနားယူစေမည့်သူပဲလား? ဒါမှမဟုတ် သူက ယခုချိန်ထိတိုင် အတိတ်ထဲမှာ ပိတ်မိနေတုန်းလား၊ ယခုချိန်ထိတိုင် ခလုပ်တိုက်၍ လဲလုမတတ်နဲ့ အရိပ်ကို ဂျွမ်းထိုးမှောက်ခုံ ဖြတ်ကျော်နေသူပဲလား?
Reshad! ” အဆင့်မြင့်arakkoaတစ်ဦးက ပုံပြင်ပြောသူရဲ့ အနီးသို့အလောတကြီးဆင်းသက်နားလိုက်၏၊ သူ့ရဲ့မျက်လုံးတွေထဲမှာ မထိန်းနိုင်အောင်ကြောက်ရွံ့တုန်ရီမှုတစ်ခုကို ကိုင်စွဲထား၏။ “ Iskar ကို ရှာဖို့ လွှတ်လိုက်တဲ့ကင်းထောက်တွေကို ကျုပ်တို့တွေ့ပြီ။ သူတို့တွေ သေနေကြတယ်။”
“သေနေကြတယ်?” အသက်အရွယ်ကြီးရင့်နေသည့် arakkoaကမေးလိုက်၏။
“အသတ်ခံရတာ။
ရက်က်က်က်။   Iskar ရဲ့လက်ချက်ပဲ။ အခြားသူတွေကတော့ သူ့ကိုဆက်ရှာနေကြပြီ၊” ဆက်သားကပြောလိုက်၏။
ပုံပြင်ပြောသူက လောင်ကျွမ်းတူးခြစ်နေတဲ့ ပင်စည်ပေါ်သို့ပြန်ထိုင်ချလိုက်၏။ သူက ဘာရည်ရွယ်ချက်မှမရှိပါဘဲနဲ့ အကြောင်းမဲ့သက်သက် မေ့ကာငုတ်တုတ်ထင်ရာလုပ်သည့်သဘောဖြင့် သူ့ရဲ့ခါးပတ်မှာတပ်ထားသည့် သားရေအိတ်ထဲမှ အစေ့တွေနဲ့ အခွံမာသီးတွေကို မြေကြီးပေါ်သို့ အကုန်ဖြန့်ကျဲသွန်ချပစ်လိုက်၏။
Percy ပါစီက မရေရာမှုအတွင်း သူ့ရဲ့ဦးခေါင်းအားဆတ်ခနဲထောင်လိုက်၏။ သူက Reshad အားမော့်ကြည့်နေပြီး သူ့သခင်ရဲ့အန္တရာယ်ပြုလိုမည့် လှည့်စားမှုအချို့ကို မျှော်လင့်ထား၏။
“အကုန်စား၊ အကုန်စားဟေ့။” Reshad  အစာတွေသို့ လက်ဟန်ခြေဟန်ပြလိုက်၏။ သူ့ရဲ့လူထုအတွက် ခမ်းနားကြီးကျယ်သောကိစ္စတွေရောက်လာခဲ့ပါ၏၊ ဒါပေမယ့် အဲ့ဒါက အောင်ပွဲကျင်းပဖို့အချိန်တော့ မဟုတ်သေးပေ။ ဒီနေရာမှာ ပြီးဆုံးအောင်လုပ်ရမည့်အလုပ်ရှိနေသေး၏၊ အတိတ်ကကြွင်းကျန်ခဲ့သည့်အရာတွေကို ကျော်လွှားရပေဦးမည်။ “အရှေ့မှာရှိတဲ့နေ့ရက်တွေထဲမှာ မင်းရဲ့ခွန်အားကို မင်းလိုအပ်လိမ့်မယ်ကွယ့်။ ငါတို့တွေအားလုံးလည်း လိုအပ်လိမ့်ဦးမယ်. . .”
ဖတ်ရှုပေးသည့်အတွက် ကျေးဇူးတင်ပါသည်။ ဤတွင် Warlords of Draenorရဲ့ပုံပြင်ဝတ္ထုများ ပြီး၏။
What difference would it make to be living a day more or less?