Author Topic: The Untold Story  (Read 7 times)

Offline forhorde

  • Special Jounin
  • *****
  • Posts: 574
  • Influence: +3/-0
  • xiaolongnu of ancient tomb
    • View Profile
The Untold Story
« on: April 17, 2019, 04:32:41 pm »

World of Warcraftရဲ့ နေရာဒေသအတော်များများမှာ Time travelအချိန်ခရီးသွားခြင်းက ပေါ်ထွက်လာလေ့ရှိ၏။ WoWအတွင်း စွမ်းအားအပြည့်ဆုံး ဇာတ်ကြောင်း-questlineတွေအနက် တစ်ခုဖြစ်သည့် The battle for Darrowshireကို နောက်ခံထားပြီး ဤပုံပြင်ကို မှီငြမ်းခံစားရေးဖွဲ့ ဘာသာပြန်ဆိုထားခြင်းဖြစ်၏။ quest-lineကတော့ နောက်ဆုံးမှာ Eastern Plaguelands အတွင်း တစ္ဆေဖြစ်နေသည့် ကလေးမကိုကြည့်ရှုစောင့်ရှောက်ပေးမယ့် တစ်စုံတစ်ဦးရောက်လာပြီး ပုံပြင်ဇာတ်ကြောင်းတစ်ခုလုံးဖွဲ့စည်းမိသည်အထိ ဇာတ်လမ်းဆန်ဆန် ပေါင်းစုထားခြင်းဖြစ်ပေသည်။ အဲ့ဒါရဲ့ quest-lineနဲ့ပတ်သက်ပြီး Darrowshireခေါင်းစဉ်နဲ့ သီချင်းတစ်ပုဒ်လဲရှိပါ၏။ ရုပ်လွန်သဘောဆောင်သော လောကတစ်ခုနှင့် အချိန်တို့ရဲ့ နှစ်ခုအကြား ပုန်းကွယ်နေသည့် ဆက်နွှယ်မှုဖြစ်စဉ် ၊ အချိန်ချည်းသက်သက်နှင့် သပွတ်အူလိုက်နေသော ၀မ်းနည်းဖွယ်ရာနှင့် အံ့မခန်းဖွယ်ရာ လူ့ဘ၀၏သဘာဝကို ခက်ခဲကြမ်းတမ်းသောရှာဖွေမှု-quest တစ်ခု ဖြစ်သည်၊ အဲ့ဒါရဲ့နောက်ဆုံးraid questအခန်းမှာတော့ လူသားဖြစ်တည်မှုရဲ့ နုနယ်ခြင်းတို့ကို လှစ်ဟပြထားပေသည်။



The Untold Story
ဇာတ်လမ်းမပြောတဲ့ ပုံပြင်




CHAPTER
1



Pamelaသေဆုံးခဲ့သည်မှာ သူမအား မမွေးဖွားမီကတည်းကဖြစ်ပါသည်။ အဲ့ဒါ လူမဆန်အောင်ပူအိုက်လှသော မိုးနှောင်းလတစ်လပင်ဖြစ်၏၊ လှပသော နွေဦးပန်းပွင့်တွေပွင့်တတ်ပြီး ရောင်စုံတောက်ပသော သစ်ရွက်တွေကြွေကျလေ့ရှိသည့် ဒဲရိုးရှိုင်းယားရဲ့သစ်ပင်တွေမှာ မိုးမရှိ၍ အလွန်ခြောက်သွေ့နေ၏။ အဲ့ဒါရဲ့ အဖြူရောင်ပွင့်ဖတ်ပွင့်ချပ်တွေက မိုးရေမထိရဘဲ နွမ်းလျကာ ညိုသွား၏။ သူနာပြု အမျိုးသမီးများက ဒီအတွက် သနားကရုဏာသက်မိ၏။ အမှန်အားဖြင့်တော့၊ အဲ့ဒါက Pamelaရဲ့အမေကို ဘယ်လိုရှာဖွေတွေ့ရှိခဲ့သလဲဆိုတာဖြစ်၏။ သူနာပြုတစ်ဦးက တံခါးစောင့်ရဲ့လက်ဆွဲပုံးအား ရေဖြည့်လိုက်၏၊ ပြီးတော့ သူမသည် သစ်ပင်ကို ရေလောင်းရန်အပြင်ထွက်လာခဲ့လိုက်၏၊ အဲ့ဒါ လုပ်နေကျတော့မဟုတ်ပေ။

ရေလောင်းရမည့်အစား၊ လက်ဆွဲပုံးမှာ သူမရဲ့ခြေထောက်၌ပြုတ်ကျသွားခဲ့၏၊ ပြီးတော့ ရေတွေအားလုံးမှာ ဘေးပတ်ဝန်းကျင်သို့ဖိတ်စင်ထွက်ကျကုန်၏၊ သစ်ပင်ရှိရာ မြက်ထူသောကုန်းငယ်လေးသို့ ဘယ်တော့မှမရောက်ရှိနိုင်ခဲ့ရှာပေ။ အဲဒီမှာ အမျိုးသမီးတစ်ဦး တွဲလွဲချိတ်ဆွဲနေခဲ့ပြီး အဲ့ဒီအကိုင်းက သူမရဲ့အလေးချိန်ကို ထောက်ခံထားဖို့လုံလောက်အောင် တောင့်တင်းသန်မာပုံရ၏။ အကယ်၍သူမရဲ့ကိုယ်ဝန်သာလွယ်မထားခဲ့လျှင် သူမမှာ အမျိုးသမီးတစ်ဦး အဟုတ်ဖြစ်ပုံမပေါ်ပေ။

နောက်ခဏချင်းထဲမှာပင်၊ ဥယျာဉ်ခြံသုံး ကပ်ကြေးကြီးများဖြင့် ကြိုးကိုကိုက်ဖြတ်ကြ၏၊ သူမကို ကယ်ဆယ်နိုင်လိမ့်မည်ဟုတွေးထားကြသကဲ့သို့ လက်တွေက သတိကြီးစွာထားခြင်းဖြင့် အမျိုးသမီးအား သက်တောင့်သက်သာအောက်သို့ချစေကြ၏။ သေဆုံးနေပြီဖြစ်၏၊ Pamelaက သူမရဲ့အထဲမှာဖြစ်ပါ၏။ သို့ရာတွင် ကုသသူများက သေဆုံးမှုအားဖြင့် အပြီးသတ်လက်မလျော့လိုက်ပေ။ အကယ်၍ သူတို့တွေ မှန်ကန်သည့်အချိန်၌ မှန်ကန်စွာညှပ်ယူအပြင်ဆွဲထုတ်နိုင်ပါက သေနှင့်ပြီးသားအရာများကို နောက်တစ်ဖန်အသက်ပြန်ရှုလာအောင် သူတို့လုပ်နိုင်လိမ့်မည်ဟု ယုံကြည်ကြ၏။ ထို့အတွက်ကြောင့်ပင် နောက်ဆုံး၌ Pamelaအသက်ရှင်နိုင်ခဲ့ပါ၏။

Pamelaမှာ သူမရဲ့ဘ၀အစမှာပင်မိဘမဲ့ဖြစ်သွားခဲ့၏၊ အဒေါ်နှင့် ဦးလေးတို့မှ သူမကိုစောင့်ရှောက်ထားခဲ့ကြ၏။ Pamelaအား သူမရဲ့မွေးဖွားမှုပုံပြင်အား မပြောပြခဲ့ပေ။ ဒါပေမယ့် အလွန်ငယ်ရွယ်သောမိန်းကလေးတစ်ယောက်အဖြစ်နဲ့တောင်မှ၊ သူမရဲ့ရင်ဘတ်ထဲနက်နက်ရှိုင်းရှိုင်းမှနေ၍ သေခြင်းနှင့်ရှင်ခြင်းကို သူမတစ်ပြိုင်နက်တည်းမှာခံစားသိရှိနေ၏။

သူတို့တတွေက သူမအား အမိုးအောက်ထပ်ခိုးအတွင်း အိပ်ခန်းတစ်ခုပေးထား၏။ အဲ့ဒီနေရာက ရေအိုင်လေးတစ်အိုင်ကိုအပေါ်စီးမှမိုးကြည့်နေပြီး သူမရဲ့မိခင်အသက်ရှင်စဉ်က အဲ့ဒီရေအိုင်လေးမှာ ရေကူးရသည်ကိုကြိုက်နှစ်သက်ခဲ့၏၊ ပြီးတော့ ၀တ်ဆံပါ၍ ပွင့်ချပ်ဖြူသော ပန်းတမာရဲ့ တောက်ပသောနံရံကပ်ပန်းပြောက်စက္ကူလည်းရှိ၏၊ ဦးထုပ်နဲ့ ဖုန်ကာဆွယ်တာအင်္ကျီတွေဝတ်ဆင်ထားသည့် ကစားစရာ ကလေးအရုပ်တွေနဲ့ နူးညံ့သည့် သားမွေးဝက်ဝံရုပ်တွေလည်းရှိပါ၏။ မုန့်လှည်းမှ အတွင်းမှာစတော်ဘယ်ရီညှပ်ကိတ်မုန့်ပိုင်းများအား ၀ယ်ကျွေးဖို့ သူမမကြာခဏတောင်းဆိုလေ့ရှိ၏။ သူတို့တွေက သူမအား အပေခံ အပေါ်ဝတ် သိုးမွှေးစ အင်္ကျီတစ်ထည်ကိုပေးခဲ့၏၊ ဒေါ်လေးMarleneမှ အထည်အစတွင်ထပ်တွန့်များအားသံမီးသွေးမီးပူထိုးနေစဉ် ဦးလေးCarlinမှ အဲ့ဒီအောက်မှာခံဝတ်ရမည့် အင်္ကျီအဖြူအားသပ်သပ်ရပ်ရပ်သန့်သန့်ပြန့်ပြန့်ဖြစ်အောင်ပြုလုပ်ပေးနေ၏။ သူတို့တွေက သူမရဲ့သားရေပျော့ဖိနပ်အား ပြောင်လက်အောင်တိုက်ပေးကြ၏၊ ပြီးတော့ သူတို့တွေက သူမဖတ်ရန် စာအုပ်တွေတစ်ထပ်ကြီးကိုပေးကြ၏။ ရံဖန်ရံခါမှာတော့ စာအုပ်တွေကအဖုံးပျောက်နေပြီး အဘယ့်ကြောင့်ဆိုသော် သူများကိုင်ပြီးသားစာအုပ်အဟောင်းတွေဖြစ်သောကြောင့်ပင်။ အဲ့ဒါကမြို့ငယ်လေးတစ်မြို့သာဖြစ်ပြီး လူတိုင်းကတော့ Pamelaစာဖတ်ရတာနှစ်သက်သည်ကို သိကြ၏။

ဒေါ်လေးMarleneနဲ့ ဦးလေးCarlinတို့ပြုလုပ်ခဲ့သည့် ထိုစာဖတ်ခိုင်းခြင်းအားလုံးတို့က Pamelaရဲ့အများနှင့်မတူ တစ်မူထူးဆန်းနေမှုကို သူတို့အားအမြင်ရှန်းသွားစေခဲ့၏။ သူမယခု စိတ်ကူးမှာမြင်ယောင်နေခြင်းသက်သက်မျှသာဖြစ်သည်ဟု သူတို့တွေကယုံထားကြ၏။ ထပ်ပေါင်း၍ သူမကလည်း လူကြီးတွေကို ကောင်းကောင်းဖြေဖျော်နိုင်ခဲ့သည်ကိုး။ သူမရဲ့ပင်ကို အစွမ်းအစတစ်ခုနဲ့အတူ
သူတို့အား ပြဇာတ်တို့ဖြင့် ဖျော်ဖြေခဲ့၏၊ လူကြီးတွေကလည်း သူမအား တယုတယပွတ်သပ်စရာ အိမ်မွေးတိရစ္ဆာန်တစ်ကောင်လိုပြုမူခဲ့၏၊ သူတို့နဲ့အတူထိုင်ခိုင်းပြီး ဟန်ပါသည့် အသွင်နဲ့ စာဖတ်ပြခိုင်း၏၊ သူမရဲ့ဆံပင်တို့အားပွတ်သပ်ပေး၏(အဲ့ဒါက သူတို့တတွေ ချစ်စနိုးပြုဖို့ အနီးကပ်ဆုံးအရာဖြစ်နေသည်ကိုး)။ သူတို့တွေကလည်းသူတို့ရဲ့ ပန်းချီဆွဲသည့်ရေဆေးတွေကို သူမရဲ့အနုပညာနဲ့လက်မှုအတတ်အချိန်အတွင်း သုံးစွဲခွင့်ပေးပါ၏၊ ပြီးတော့ သူမက သူမရဲ့ပရစိတ်ပညာပန်းချီပုံတွေကို သူတို့ရဲ့အိပ်ခန်းနံရံတွေပေါ်မှာ ကပ်ထားပေးဖို့ပူဆာခဲ့၏။

အနီးပတ်ဝန်းကျင်သို့ကောင်လေးတစ်ယောက်ရောက်လာခဲ့တဲ့ အဲ့ဒါအချိန်ထိတိုင်အောင် ဒေါ်လေးMarlene တစ်ခုခုတော့မှားနေပြီကို စတင်ကာသံသယမ၀င်ခဲ့သေး။

Pamelaက ကောင်လေးအကြောင်းကို ပထမဆုံးစပြောခဲ့တုန်းက ညနေခင်းရေချိုးပေးချိန်မှာဖြစ်၏။ အဲ့အချိန်တုန်းက သူမအသက်၅နှစ်ဖြစ်၏။ “ကျွန်မသူငယ်ချင်းတစ်ယောက်ရခဲ့တယ်၊” Pamelaပြောခဲ့၏။ “Fennukဆိုတဲ့ ကောင်လေးတစ်ယောက်။”

“သူငယ်ချင်းရပြီလား?” ဒေါ်လေးMarleneပြောလိုက်၏၊ Pamelaရဲ့ဆံပင်အား Pamelaကြိုက်နှစ်သက်ရုံထက် ပိုမိုကြမ်းတမ်းစွာ ဆပ်ပြာမြုပ်တို့ဖြင့် လိမ်းကျံနေ၏။ “ဘယ်သူ့ရဲ့ကလေးလဲ?”

“သမီးကတော့ သူ့မှာမိဘတွေရှိလိမ့်မယ်လို့ မထင်ဘူး?” Pamelaပြောလိုက်၏။

“သူက ဘယ်မှာနေတာတဲ့လဲ?” ဒေါ်လေးMarleneမေးလိုက်၏။

“ရေအိုင်ထဲမှာ၊” Pamelaပြောလိုက်၏။

“ရေအိုင်ထဲမှာ?”

“အစတုန်းကတော့ လေတစ်ချက်မြန်လာပြီးတော့ ရေပေါ်ကအလင်းရောင်ကပြောင်းသွားတယ်၊ ပြီးတော့ သူအဲ့ဒီကနေထွက်လာခဲ့တာပဲ။”

“အဲ့ဒါက နင့်ရဲ့စာအုပ်တွေထဲက တစ်အုပ်မှာ နင်ဖတ်ခဲ့ရတဲ့အကြောင်းအရာမဟုတ်လား?” ဒေါ်လေးMarleneမေးလိုက်၏။

“မဟုတ်ဘူး၊” Pamelaပြောလိုက်၏၊ သူမရဲ့ဆံပင်အား သူမရဲ့ဒေါ်လေးမှ ဆပ်ပြာနှင့်ရေသုံး၍ လက်ဖြင့် စင်ကြယ်အောင်ဖိ၍ပွတ်တိုက်နေသကဲ့သို့ စိတ်ဆိုးသောအကြည့်ဖြင့်ကြည့်လိုက်၏။ သူမရဲ့ဒေါ်လေးအား ဘယ်လိုပြောပြော ယုံကြည်မှုမရှိမည်ကို သူမခံစားမိလိုက်၏။

“သူဘယ်သူလဲဘယ်ကလဲတော့ ငါမသိဘူး၊ တကယ်လို့အဲ့ကောင်လေးကို နင်ထပ်တွေ့လို့ရှိရင်၊” ဒေါ်လေးMarleneပြောနေ၏။ “အဲ့ဒီအိုင်က ရေကူးဖို့မဟုတ်ဘူးလို့ သူ့ကိုပြောလိုက်။”

“ဘာဖြစ်လို့လဲ?” Pamelaပြောလိုက်၏။

“တော်ပြီ။ ခေါင်းလျှော်ပြီးသွားပြီ။ အဲ့ဒါ အိပ်ယာဝင်ဖို့အချိန်ရောက်ပြီ။”

Pamelaဆောင်ရွက်စရာရှိတာတွေဆောင်ရွက်ပြီးနောက် အိပ်ယာဆီသို့တွယ်တက်လာလိုက်၏။

အမိုးအောက်ထပ်ခိုးခန်းမှာ ပြတင်းတံခါးတစ်ခုရှိပြီး အဲ့ဒါက ရာသီဥတုသာယာတဲ့ညတွေမှာဆို လမင်းကို မျဉ်းပြိုင်အနေအထားတွေ့မြင်နိုင်စေ၏။ သူမရဲ့ နံရံကပ်ပန်းပြောက်စက္ကူပေါ်မှ အဖြူရောင်ပန်းတမာတွေ ငွေရောင်တောက်ပသွား၏ ; သစ်ပင်ရဲ့အရိပ်တွေက သူတို့အပေါ်သို့ ဖြတ်သန်းသွားသလို သူမရဲ့ ၀က်ဝံတွေနဲ့ ကစားစရာအရုပ်တွေမှ ကြယ်သီးမျက်လုံးတွေကလည်း အလွန်အံ့သြခြင်းနဲ့အတူ စိုက်ကြည့်နေကြပါ၏။

ဒီနေရာမှာ Pamelaဘာ့ကြောင့်မှန်းမသိသော်ငြား သစ်ပင်တွေတိုင်းမှာသူမကို ထူးထူးခြားခြား ၀မ်းနဲအောင်ပြုလုပ်သည့် အကြောင်းတစ်ခုတော့ ရှိနေခဲ့ပါ၏။                               







CHAPTER
2





Sister Pamela

“ဘယ့်နှယ်လဲရှင့်၊ သွားမယ်ပြောထားတာ ကြာလှပြီမဟုတ်လား၊ စာလဲမလာ၊ လူလဲမရောက်၊ သတင်းလဲမကြားရ၊ လိုက်ပါဦးမှပေါ့ ရှင့်”

သူမကရင်နင့်နင့်ဖြင့် ရန်တွေ့ပြော-ပြောသောအခါမှ trollကောင်က တစ်နေ့တစ်နေ့ပေပေါ်တူတစ်လက်နဲ့ထုနေသော သူ့အလုပ်ကို လက်မှချ၍ ခေါင်းထောင်ထလာ၏၊ မျက်စိမျက်နှာတို့ကို ပွတ်သပ်နေ၏၊ ပြီးမှ - “အိမ်း. . . ဟုတ်ပေသားပဲ၊ အတော်တောင် ကြာသွားပြီမှကိုး၊ ” ဟူ၍ နှုတ်က ရွတ်ဆိုထောက်ခံရင်းမှ နောက် ပြန်စဉ်းစား၍ ငေးမောနေ၏၊

သူမဆိုသည်မှာ Jessica Redpath ဖြစ်၏၊ သူမ ချာတိတ်အရွယ်က မိခင်ဖခင်တို့ရဲ့ ပန်ကြားမှုဖြင့် အနောက်ဘက်ခြမ်း Kalimdorသို့ ထွက်ပြေးလာခဲ့၏၊ သွားခါနီးမှာ ဖခင်က မှာလိုက်သေး၏ ̵  “Kul Tirasမှာ အနောက်ဘက်ကိုရွက်လွှင့်ရှောင်တိမ်းမယ့်ထဲမှာ ဖေဖေ့သူငယ်ချင်း မှော်ဆရာမလေး ရှိတာပဲကွ၊ သူမဆီသွားချေ” ။ ထည့်ပေးလိုက်တဲ့ခရီးကြုံတွေနဲ့အတူ Kul Tirasတိုင်းပြည်၊ မှော်ဆရာမလေးထံ ချောမောစွာ ရောက်သွားပါ၏၊ အကျိုး အကြောင်း ပြောပြ၍ မှော်ဆရာမလေးက သူငယ်ချင်း၏ သမီးမှန်း သိလေပြီ၊ အနောက်ဘက်သို့ရွက်လွှင့်ခဲ့ကြ၏၊ ဆိုက်ရောက်ပြီး တစ်နေ့- တစ်နေ့လျှင် များစွာ များစွာ ခရီးနှင်ခဲ့ရ၏၊

Scourgeမှ သူမရဲ့မွေးရပ်မြေကို မြေလှန်သုတ်သင်ပစ်ပြီး အဲ့ဒါကို ပလိပ်ရောဂါညဉ့်အိပ်မက်ဆိုးအဖြစ် ပြောင်းလဲမပစ်မီမှာပင် အဲ့ဒါဖြစ်ပွါးမည်ကိုယုံကြည်ပြီး ကြိုတင်ပြင်ဆင်သူအနည်းစုနဲ့အတူ ကံကောင်းစွာနဲ့လွတ်မြောက်လာခဲ့ပါ၏။ သူမကကံကောင်းခဲ့ပေမယ့်လို့ သူမရဲ့မိသားစုကတော့ မဟုတ်ခဲ့ပေ။ ဒဲရိုးရှိုင်းယားမြို့ငယ်လေးသည် ယခုအခါ အရှေ့ဘက်ပလိပ်ရောဂါနယ်များဟုသိကြသောဒေသရဲ့ တောင်ဘက်ကုန်းမြင့်တွေအကြားတိုးဝှေ့တည်ရှိနေပါ၏။ အသက်ဘေးမို့သာ မသွားချင်ဘဲ အတင်းလိုက်လာခဲ့ရသည်၊ လွမ်းရလွန်းလို့ ရင်ထဲမှာနာရ ကျင်ရတဲ့ဒဏ်ရာဒဏ်ချက်တွေပင် ပြည့်နှက်နေလေပြီ။

ယခုဆိုလျှင် ထွက်ပြေးလာခဲ့သည့် နှစ်တွေပင် ကြာညောင်းလာခဲ့ပြီ၊ ဒေသတွေလည်း များလှပြီ၊ သို့သော် နေရပ်ဒေသမှ စာလဲမလာ၊ လူလဲမရောက်၊ သတင်းလဲမကြားရနိုင်အောင် ဖြစ်နေတော့၏။ တစ်ရွာမှ တစ်ရွာ၊ တစ်နယ်မှ တစ်နယ်လှည့်လည် ပြောင်းရွှေ့ရင်း နောက်ဆုံးမှာတော့ ဖူးစာရေးနတ်မှင်စာမျိုးGoblinတွေရဲ့ မြို့ကလေးတစ်ခုသို့ ရောက်လာခဲ့၏။ အားလုံးက ကြိုဆိုကြသည်၊ ကြာသော် ရင်းနှီးလာ၏၊ တဖြည်းဖြည်းနှင့် နေထိုင်ရင်း ဖြစ်လာသည်။ “ဘယ်မှမသွားပါနဲ့၊ ဒီမြို့ကလေးမှာပဲ အမြဲနေပြီး ခရီးသွားတွေကိုတည်းစရာနေရာပေးတဲ့ အဆောက်အဦးကို လည်ပတ်အောင်ထိန်းသိမ်းပေးပါ”ဟူ၍ပင် ၀ိုင်း၍ တောင်းပန်ကြ၏။ ဤဒေသ ဤနှင်းတောင်တန်းတွေသည်လည်း အေးချမ်းတိတ်ဆိတ်လှပေ၏၊ သင့်လည်း သင့်မြတ်လှပေသည်၊ သို့နှင့်ဤနေရာဒေသလေးမှာပင် နေထိုင်ခဲ့တော့၏။သို့ဖြင့် တစ်နေ့တွင်ကား မအောင့်နိုင်၍ မိတ်ဆွေရင်းချာကြီးဖြစ်သည့် trollအား ပူဆာမိ၏ - “ရှင် အဲ့ဒီကိုသွားပြီး ကျွန်မရဲ့မိသားစုကိုရှာပေးနိုင်မလားရှင်? အထူးသဖြင့်တော့ ကျွန်မရဲ့ညီမလေး Pamelaကိုပဲ။ ကျေးဇူးပြုပြီး၊ ကျွန်မအတွက် သူ့ကိုသွားရှာပေးပါ!” အဲ့ဒီတုန်းက ၄င်းက “အခုတော့ မသွားနိုင်သေးပါ၊ နောက်တော့  အကြောင်းသင့်ရင် သွားတာပေါ့”ဟု ငြင်းလိုက်ပါသတဲ့။သူမက သူ့ရဲ့ရက်အတော်များများကို နေရာစီစဉ်ပေးခဲ့ပြီးပြီ။ သူမတောင်းသလောက် အစားအစာဖိုးကိုလည်း သူက ကျေကျေနပ်နပ်ကြီး ပေးချေခဲ့သည်။ သူက စကားနည်း၏။ သို့ပေမဲ့ တစ်ခါတလေတော့လည်း အရွှန်းဖောက်တတ်ပေသည်။ ခရီးသွားတွေကိုတည်းစရာပေးတဲ့နေရာinnထဲမှာ နေစရာမရသူတွေကတော့ အနီးရှိ ထင်းရှုးပင်ကြီးများအောက်တွင် ဖြစ်သလို အိပ်ကြရသော ဟူ၏။ သူတို့တွေကခရီးသွားစဉ်အတွင်းမှာ innထဲအိပ်စက်ခဲ့သူနဲ့ ကြီးမားတဲ့ခြားနားချက်ကိုဖြစ်စေလိမ့်မည်။

အခုတော့ trollကောင်က Everlookရဲ့ အုတ်တံတိုင်းပုပုတစ်ခုထက်ကိုကျော်၍ တိတ်ဆိတ်အေးချမ်းလှတဲ့ နှင်းဖွေးဖွေးလှုပ်တောင်တန်းကြီးတစ်ခုကို လှမ်း၍ ကြည့်ရင်း စကားတုံ့ မပြန်ဘဲ ခပ်မဆိတ်ပင် နေနေ၏။ဤသို့သော လက္ခဏာကို ကြည့်၍ “ငါ့ တောင်းပန်ထားချက်ကို လက်ခံလိုက်ပြီ” ဟု သိလိုက်လေသည်။









CHAPTER
3



နှစ်တစ်နှစ်ရဲ့နှောင်းပိုင်းရောက်ခါနီးလတိုင်းမှာ အိမ်ရှေ့တံခါးကိုခေါက်သံတစ်ချက်ပေါ်လာမည်ဖြစ်ပြီး အဲ့ဒါက တိကျသေချာသောအမိန့်သြဇာတစ်ခုကိုပါသယ်ဆောင်လာမည်ဖြစ်၏။ အဲ့ဒါ ဘာဆိုတာကို Pamelaသိ၏။ ပြီးတော့ အဲ့ဒါအတွက် ထမင်းစားခန်းရဲ့စားပွဲက သူမပုန်းဖို့တော့ လုံလောက်ပါ၏။

ဒေါ်လေးMarleneဆင်းလာပြီးတံခါးဖွင့်ပေးလိုက်၏။ အေးစက်စက်နိုင်သည့်လေတစ်ချက်က ဝှေ့ဝင်လာ၏။ သစ်ရွက်သုံးရွက်က ̵ ̵ ̵̵ ̵  နီရော်ရော်၊ ညိုမဲမဲ၊ ပြီးတော့ အ၀ါရောက်အစက်အပေါက်တွေနဲ့ကတစ်ရွက် ̵ ̵ ̵̵ ̵  ပွန်းရာတွေနဲ့ကြမ်းခင်းသစ်သားတွေကိုဖြတ်သန်းပြီး ပတ်ခြာလှည့်လည်လာ၏။ ကျောင်းအုပ်ဆရာမကြီးရဲ့ ပြောင်လက်အောင်ပွတ်တိုက်ထားတဲ့ အနက်ရောင်ရှုးဖိနပ်တွေကလည်း အိမ်အတွင်းသို့ပထမခြေလှမ်းနဲ့အတူ သူတို့အားလုံးကို ဖိချေပစ်လိုက်၏။ Pamalaအသက်ပင်ဝအောင်မရှုရဲပေ။

“ကျွန်တော်တို့ လက်ဖက်ရည်နဲ့ဧည့်ခံပါရစေဗျာ?” ဦးလေးCarlinပြောလိုက်၏။

“ဆရာမကြီးရဲ့ ဆွဲခြင်းကျွန်မသယ်ပေးပါရစေ၊” ဒေါ်လေးMarleneဆိုလိုက်၏။

ကျောင်းအုပ်ဆရာမကြီးက တုံ့ပြန်မှုအတွင်းချောင်းဟန့်လိုက်၏။ များလှစွာသောကလေးတွေကို သင်ကြားပေးနေသည့် အမျိုးသမီးကြီးတစ်ဦးအတွက် ထိုကဲ့သို့ သင့်လျော်သော ခရီးဦးကြိုပြုခြင်းဖြင့် အလေးထားမှုဖော်ထုတ်ကြသည်၊ သူမကစကားအလွန်နည်းပါးစွာပြော၏။ ဒေါ်လေးMarlene ဇာချဲ့ပြီး ခလုပ်တိုက်လဲလုမတတ်အနေအထားနဲ့ ဧည့်ခန်းစားပွဲသို့ဦးဆောင်သွား၏။

“ကျမတို့တတွေအခုလေးတင်ပဲ Pamela ရဲ့မနက်ခင်းသင်ခန်းစာအတွက် သူနဲ့အတူထိုင်တော့မလို့လုပ်နေတာ၊” ဒေါ်လေးMarleneဆိုလိုက်၏။

“မင်းတို့တွေက သူ့ကိုမနက်ပိုင်းမှာပဲ သင်ခန်းစာပေးတာလား?” ကျောင်းအုပ်ဆရာမကြီးကဆိုလိုက်၏။

“မဟုတ်ဘူး၊ မဟုတ်ပါဘူးရှင့်၊ တစ်နေ့လုံးမှာ သင်ခန်းစာပေးပါတယ်၊” ဒေါ်လေးMarleneဆိုလိုက်၏။

အဲ့ဒါလိမ်ပြောနေခြင်းဖြစ်၏။ သူမ မကြာခဏဆိုသလို သူမရဲ့ကျောင်းစာတွေကို ရေအိုင်ငယ်နံဘေးမှာ တစ်ဦးတည်းလုပ်လေ့ရှိ၏။ တစ်ခါတစ်လေမှာတော့ သူမစာတွေအကုန်လုပ်လေ့မရှိပေ ; သူမလုပ်ရမည့်စာရင်းမှာမပါသည့် အကြောင်းအရာတွေကိုလျှောက်ဖတ်နေလေ့ရှိ၏၊ အချို့အကြောင်းအရာတွေကတော့ ငယ်ရွယ်သောမိန်းကလေးတစ်ဦးအတွက် မရည်ရွယ်ထားသောအရာများဖြစ်၏။

Pamela ၊ ကောင်မလေး၊” ဒေါ်လေးMarleneခေါ်နေ၏။ “ဆရာမကြီး ဒီမှာရောက်နေတယ်လေ။”

Pamelaသူမရဲ့နှလုံးသားကို သူမရဲ့နားတွေထဲမှာခံစားမိ၏။ သူမရဲ့ နှလုံးသားကို သူမရဲ့ကွယ်လွန်ခဲ့ပြီးသောမိခင်ပိုင်ဆိုင်သည်ဟု သူမ မကြာခဏတွေးမိ၏။ သေဆုံးသွားသူတွေက သူတို့ကိုယ်သူတို့ အစိတ်အပိုင်းတွေအဖြစ်နဲ့ ကမ္ဘာထဲမှာပုံးအောင်းနေသည်ကို သူမသိထား၏။ သူတို့တွေက အသက်ရှုင်နေသူတွေရဲ့ကိုယ်ထဲမှာ သူတို့ရဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို မြှုပ်နှံကြ၏။ သူတို့တွေက သူတို့ရဲ့မှတ်ဉာဏ်တွေကို သစ်ပင်တွေ တိမ်တိုက်တွေနဲ့ အန္တရာယ်မရှိသော အခြားအရာများထဲ သိပ်ထည့်ကြ၏။ ဒဲရိုးရှိင်းယားမြို့ထဲသို့ သူမရဲ့အဒေါ်ဦးလေးတွေနဲ့အတူ Pamelaအတူလိုက်ပါတတ်သည်မှာ မကြခဏဆိုသလိုပင်ဖြစ်ပါ၏၊ ဒါပေမယ့် သူမလိုက်သွားသည့်အချိန်တွင်၊ ထိုအရာအမျိုးအစားတွေကို သူမအာရုံခံစားသိရှိနိုင်ပေ၏။ အိမ်မှန်ပြတင်းတွေထဲမှာ သေဆုံးသွားသူတွေရဲ့ မှန်ထဲရောင်ပြန်ဟပ်နေသည့် ရယ်မောပုံကို သူမတွေ့ရလိမ့်မည်။ တီးတိုးစကားသံတွေကို ကြားရလိမ့်မည်။ သူမဘယ်တော့မှတော့ ဒီမှတ်ဉာဏ်တွေကို ရှင်းရှင်းလင်းလင်းမမြင်တွေ့ရပေ၊ ပြီးတော့ သူမမျက်တောင်ခတ်လိုက်တိုင်းမှာ သူတို့တွေကပျောက်ကွယ်ကုန်ကြ၏၊ ဒါပေမယ့်လို့ သူတို့တွေရဲ့တည်ရှိမှုကတော့ သူမအား ကြောက်လန့်မှုမဖြစ်စေဘဲ သက်တောင့်သက်သာဖြစ်စေပါ၏။ သေခြင်းသည်အဆုံးသတ်မဟုတ်သည်ကို သူမသိထားပြီး အဲ့ဒီနေရာမှာ တစ်ခုခုကတော့ အမြဲတမ်းကျန်ရှိနေဆဲပင်ဖြစ်ပါ၏။

Pamelaရေ!” ဒေါ်လေးMarleneအော်ခေါ်နေ၏၊ ထိန်းချုပ်၍မရသောစိတ်မရှည်သံကအနည်းငယ်ပါလာ၏။ သူမ သူမရဲ့လည်ချောင်းကိုတံတွေးမျိုချပြီးရှင်းလိုက်၏။ “လာလာ အခုရှက်မနေနဲ့တော့။”

“ရှက်နေတာလား?” ကျောင်းအုပ်ဆရာမကြီးပြောလိုက်၏။ “အကယ်၍ သူမဧည့်သည်တွေနဲ့ကျင့်သားမရလို့ရှိရင် စာသင်ခန်းထဲမှာ ထူးထူးဆန်းဆန်းတွေလျှောက်လုပ်လိမ့်မယ်နော်။”

ဦးလေးနဲ့အဒေါ်က အချင်းချင်းအပြစ်ဖို့စကားများငြင်းခုံကြ၏။ အပြစ်ရှိခြင်းနဲ့ သနားခြင်းတို့က Pamelaအားလူမမြင်အောင်ပုန်းအောင်းနေရာမှ ထွက်လာစေခဲ့၏။ သူမရဲ့သိုးမွှေးသားအပေခံအပေါ်အင်္ကျီ အထည်အစတွင်ထပ်တွန့်လေးတွေကို သူမညီညာအောင်ပြုလိုက်ပြီး သူမရဲ့နံနက်ခင်းဆံပင်တွေကို သပ်သပ်ရပ်ရပ်ညီညာသွားအောင်ပြုပြင်ဖို့ရန်အတွက် ခြေတစ်ဖောင်ကျိုးခုန်လိုက်၏။

ကျောင်းအုပ်ဆရာမကြီးရဲ့ဆံပင်တွေက ယင်းရဲ့ဂါဝန်ကဲ့သို့ပင် ဆံပင်ဖြူရှိနေသောမီးခိုးရောင်ဖြစ်ပြီး အရောင်မသွင်းရသေးသော ခဲခြစ်ရုပ်ပုံကားတစ်ချပ်နဲ့ဆင်တူ၏။

“မင်္ဂလာပါကွယ်၊ Pamela ၊” ကျောင်းအုပ်ဆရာမကြီးကနှုတ်ဆက်လိုက်၏။

“ဆယ့်နှစ်ခုနှစ်လီ ရှစ်ဆယ့်လေး၊” Pamelaနှုတ်မှလွှတ်ခနဲထွက်သွား၏။ “သမီး အလီရွတ်ပြနိုင်တယ်၊ အဲ့ဒါ ဆရာမကြီး နားထောင်မလား?”


What difference would it make to be living a day more or less?

Offline forhorde

  • Special Jounin
  • *****
  • Posts: 574
  • Influence: +3/-0
  • xiaolongnu of ancient tomb
    • View Profile
Re: The Untold Story
« Reply #1 on: April 17, 2019, 04:37:11 pm »
“အဲ့ဒါအခုမလိုသေးပါဘူးကွယ်၊” ဆရာမကြီးပြောလိုက်၏။ “မင်းရဲ့သင်ခန်းစာတွေအကြောင်းကြားရတာ ငါစိတ်ဝင်စားလို့ပဲဟေ့။ စာသင်ရတာကို မင်းပျော်ရဲ့လား?”

ဒီမေးခွန်းက လိမ်ညာစေမှုတစ်ခုကဲ့သို့ခံစားမိစေ၏၊ ပြီးတော့ Pamelaဘယ်လိုဖြေရမလဲမသေချာပေ။ “ရံဖန်ရံခါပေါ့၊” သူမပြောလိုက်၏။ “အဲ့ဒီထဲမှာ သမီးစိတ်ဝင်စားတဲ့အကြောင်းပါရင်ပေါ့။”

“သူက အရမ်းဉာဏ်ကောင်းပါတယ်၊” ဒေါ်လေးMarleneပြောလိုက်၏။ “သူက ပြဇာတ်တွေရဲ့ သရုပ်ဆောင်ခန်းတွေကို အလွတ်ရွတ်ဆိုပြနိုင်တယ်။”

အလီဇယားအားလုံးကိုပါ သူမရပြီးဖြစ်ကြောင်း Pamelaထပ်ပေါင်းထည့်လိမ့်မည်၊ သို့ရာတွင် အဲ့ဒါမလိုတော့မှန်း သူမမြင်လိုက်ရ၏။ ဆရာမကြီးသည် သူမအား အခြားသူတွေကအတိတ်မှာကြည့်ရှုခဲ့သည့်နည်းလမ်းအတိုင်း ကြည့်ရှုနေ၏၊ သူမသည်သိပ်ပြီးပုံမှန်မဟုတ်မှန်း သူတို့တွေနားလည်သွားသည့်အချိန်မှာဖြစ်၏။

“မင်းအခုအသက်ဘယ်နှနှစ်ရှိပြီလဲကွယ့်၊ ကောင်မလေး?”

“ဆယ့်တစ်နှစ်ရှိပါပြီရှင့်၊” Pamelaပြောလိုက်၏။

“ကျေးဇူးပါပဲကွယ်၊” ကျောင်းအုပ်ဆရာမကြီးပြောလိုက်၏။ “မင်းသွားပြီးတော့ မင်းရဲ့အိမ်မှုဝေယျာဝစ္စတွေကိုလုပ်လို့ရပါပြီ။”

Pamelaမှာ ဘာအိမ်မှုဝေယျာဝစ္စမှမရှိပေ၊ သို့ပေမယ့် သူမသွား၍ နံနက်စာပန်းကန်တွေကိုသိမ်းဆည်းလိုက်ပြီး သူတို့အား ဆေးကြောရန် ရေစိမ်ထားလိုက်၏။

သူမရဲ့လူကြီးသူမတွေက ကျောင်းအုပ်ဆရာမကြီးနဲ့အတူ ကြာရှည်စွာဆွေးနွေးနေကြ၏၊ ပြီးတော့ အိမ်ရှေ့တံခါးကို ဖွင့်ပြီးပိတ်သံကိုသူမမကြားရမီ ပန်းကန်တွေကိုPamalaနှစ်ခါပြန်ဆေးကြောနေလိုက်၏။

သူမရဲ့လက်တွေမှရေစက်တွေတစက်စက်ယိုကျနေ၏၊ အိမ်ရှေ့ဧည့်ခန်းသို့သွားလိုက်ပြီး သူမရဲ့လက်သီးဆုပ်တွေကို ဖွင့်လိုက်ဖြည်လိုက်လုပ်ပြီး နံရံအားရေစက်တွေနဲ့တောက်လိုက်၏။

“သမီးကျောင်းသွားရတော့မယ်တဲ့လား?” Pamelaမေးလိုက်၏။

“နောက်တောင်ကျနေပြီ၊” ဒေါ်လေးMarleneပြောလိုက်၏။

Pamelaဖျားနာချင်သလိုခံစားမိ၏။ “ဘာဖြစ်လို့လဲ?” သူမမေးလိုက်၏။

“နင်အခုအရွယ်ရောက်လာပြီလေ၊” ဒေါ်လေးMarleneပြောလိုက်၏။ “ကျောင်းအုပ်ဆရာမကြီးက နင့်လိုဉာဏ်ကောင်းတဲ့ကလေးတစ်ယောက်ကို ငါတို့လိုမျိုးတွေသင်ပေးနေတာက မသင့်ဘူးလို့တွေးမိတယ်။”

“ဒေါ်လေးတို့ကထူးချွန်တဲ့ဆရာတွေပါ၊” Pamelaပြောလိုက်၏၊ သူမရဲ့အဒေါ်နဲ့ဦးလေးတို့မှာ သူမရဲ့ကျောင်းစာတွေအားပုံမှန်သွားအောင်ထိန်းထားပေးရုံမျှသာဖြစ်ပြီး သူတို့တွေက များစွာသောစာလုံးတွေရဲ့ ပင်ကိုယ်သဘောကို Pamelaသိသလိုပင်မသိကြပေ။

ဒေါ်လေးMarleneက Pamelaထံသို့ကိုယ်ကိုညွတ်လိုက်ပြီး စာနာစွာ သူမရဲ့ပါးကို လက်နှင့်အသာအယာပွတ်သပ်ပေးလိုက်၏။ “ကျောင်းအုပ်ဆရာမကြီးက နင့်ကို ပညာရေးကောင်းကောင်းရစေချင်လို့ပါ။ နင်သိတဲ့အတိုင်းအဲ့ဒါသူ့ရဲ့အလုပ်ပဲလေ : ကလေးတွေကို ကောင်းမွန်တဲ့ပညာရေးတစ်ခုရအောင် သေချာစေဖို့ပေါ့။ တနင်္လာနေ့ကျ နင်ကျောင်းစတက်ရလိမ့်မယ်၊ ပြီးတော့ အဲ့ဒါဘယ်လိုဖြစ်မလဲ ငါတို့ကြည့်ကြတာပေါ့။”

“သမီးအခုအပြင်ထွက်ကစားလိုက်ဦးမယ်၊” သူမပြောလိုက်၏။

“နင့်ရဲ့ဆံပင်တွေကို အရင်သွားဖြီးလိုက်ဦး၊”ဒေါ်လေးMarleneပြောလိုက်၏။

“ပြီးတော့ နင့်ရဲ့သွားကိုတိုက်လိုက်ဦး၊” ဦးလေးCarlinပြောလိုက်၏။

Pamelaအပေါ်ထပ်လှေကားတွေကို မလှမ်းချင့်လှမ်းချင်လှမ်းလိုက်သည်၊ သူမရဲ့ခြေလှမ်းတွေက နှစ်ဆလေးလံသွားသလိုခံစားရ၏။ သူမပြန်ဆင်းလာတဲ့အချိန်ကျတော့ လူကြီးတွေက ပေါင်မုန့်ကင်နဲ့ ယိုကို ခါတိုင်းထက်ပို၍ထားပေးထား၏။

သူမဗိုက်မဆာပေ၊ ဒါပေမယ့် အမူအယာကိုသူမသဘောပေါက်ပြီး  တစ်ချပ်လုံးကုန်အောင်စားလိုက်ရ၏။

အပြင်ဘက်ကိုရောက်တော့၊ Pamelaသူမ မြန်နိုင်သမျှမြန်မြန်ပြေး၍ သစ်ရွက်ကြွေတွေကိုဖြတ်ကျော်သွားလိုက်၏။ ရေအိုင်လေးသို့သူမရောက်သည်အထိပြေးသွားလိုက်၏ ; သူမကရေအိုင်လေးရဲ့အစွန်းမှာထိုင်လိုက်ပြီး သူမရဲ့မျက်လုံးတွေ မျက်ရည်တွေနဲ့အတူ လေးလံလာသလိုခံစားရသည်ထိ စိမ်းလဲ့သောရေတွေကို စိုက်ကြည့်နေလိုက်၏။

“တခြားသူတွေက ငါ့ကိုရယ်စရာဖြစ်အောင်လုပ်ကြလိမ့်မယ်၊” သူမပြောလိုက်၏။

တိမ်တစ်အုပ်က နေရောင်ကိုကွယ်လိုက်၏၊ ပြီးနောက် အဲ့ဒါမှအဝေးသို့ထွက်ခွါသွား၏၊ အလင်းရောင်နဲ့အတူကစားနေသလိုပင်ဖြစ်တော့သည်။ အဲ့ဒါ သူတို့ရဲ့ ကစားနည်းပင်ဖြစ်ပါ၏။

“တခြားဘယ်သူတွေကလဲ?”

Pamelaနှာရည်တွေထွက်ကျနေသောသူမရဲ့နှာခေါင်းကိုသုတ်လိုက်၏။ “Fennuk” သူမပြောလိုက်သကဲ့သို့ ကောင်လေးကသူမဘေးနားမှာလာထိုင်၏။ “နင်ငါ့ကိုလန့်အောင်တမင်လုပ်တာမလား။”

“နင်ဘာလို့ငိုနေတာလဲ?” သူကပြောလိုက်၏။

“ငါမငိုပါဘူး။”

“နင်ငိုနေသလိုပဲထင်ရတယ်။” သူကသူ့ရဲ့ဦးခေါင်းကို ရေအိုင်သို့လှည့်လိုက်ပြီး လေနဲ့မှုတ်လိုက်၏၊ ပြီးတော့ ရေအိုင်မှာထင်ဟပ်နေတဲ့သစ်ရွက်တွေရဲ့ပုံရိပ်ကရွှေရောင်ပြောင်းလဲသွားကြ၏။ Pamelaမျက်တောင်ခတ်လိုက်၏၊ ပြီးတော့ သူတို့တွေပုံမှန်သို့ပြန်ပြောင်းသွား၏။ သူမကတခစ်ခစ်ရယ်မောလိုက်၏၊  ပြီးတော့ Fennukက အပြုံးနဲ့အတူ အောင်ပွဲခံနေ၏။

“သူတို့တွေငါ့ကိုကျောင်းသွားခိုင်းမလို့လုပ်နေကြတယ်၊” Pamelaပြောလိုက်၏။ “အဲ့ဒါ သိပ်ကောင်းတဲ့အကြံလို့ငါမထင်ဘူး။ ငါရက်စက်တဲ့ကလေးတွေအကြောင်း ဖတ်ဖူးတယ်။ နင်ကော ကျောင်းသွားဖူးလား?”

“မသွားဖူးဘူး၊” ပြောလိုက်၏။ “ဒါပေမယ့် ငါအမြဲတမ်းတွေးမိတာက အဲ့ဒါပျော်ဖို့ကောင်းလိမ့်မယ်။”

“အဲ့လိုဖြစ်မှာမဟုတ်ဘူး၊” သူမပြောလိုက်၏။ Pamelaရေအိုင်အား သူမရဲ့ဖနောင့်နဲ့ထိလိုက်၏ “အခြားကလေးတွေက ငါထူးဆန်းနေတာကိုနားလည်လိုက်ဖို့ အချိန်သိပ်ကြာလိုက်မှာမဟုတ်ဘူး။”

“ငါကတော့ နင်ကထူးဆန်းတယ်လို့မထင်ပါဘူး၊” ပြောလိုက်၏။

Pamelaမြက်ခင်းပေါ်သို့နောက်ပြန်လှဲချလိုက်၏၊ သက်ပြင်းကိုချလိုက်၏။ “နင်ကတစ္ဆေတစ်ကောင်ပဲလေ၊” သူမပြောလိုက်၏။ “နင်လဲထူးဆန်းတာပဲ။”

 “တော်တော်လေးကို ရိုင်းပျတဲ့အသုံးအနှုန်းပဲ” ပြောလိုက်၏၊ သူမနံဘေးမှာလှဲလိုက်၏။ “ငါ့မှာအခုထက်ထိ ခံစားချက်တွေရှိနေတုန်းပါပဲဟ။”

“ငါကအဲ့ဒီလိုပြောတာမဟုတ်ပါဘူး၊” Pamelaပြောလိုက်၏။ “ငါတောင်းပန်ပါတယ်။ ဒါပေမယ့် နင်မတွေ့ဘူးလား?  တခြားကလေးတွေက ငါ့တစ်ယောက်တည်းစကားပြောနေတာကို ဖမ်းမိပြီး ငါ့ကိုရယ်စရာလုပ်လိမ့်မယ်ဆိုတာကို။”

“နင်က နင့်တစ်ယောက်တည်းစကားပြောနေတာမဟုတ်ပါဘူး၊” ပြောလိုက်၏၊ သူ့ရဲ့လက်တွေကိုလှမ်းလိုက်ပြီးတော့ သူ့ရဲ့လက်ချောင်းတွေကို ရုပ်ပုံကားချပ်ဘောင်တစ်ခုပုံစံမျိုးဖြစ်အောင်လုပ်လိုက်၏။ တိမ်တွေက ကချေသည်တွေရဲ့အသွင်အပြင်ယူလိုက်၏; တိမ်တွေပုံမှန်ပြန်မဖြစ်သွားမီမှာ အဝေးတစ်နေရာဆီမှဂီတသံကို Pamelaကြားလိုက်ရ၏။

“ဒါပေမယ့်လို့ သူတို့ကအဲ့လိုမြင်ကြမှာပဲလေ၊” သူမပြောလိုက်၏။

Fennukပခုံးကိုတွန့်ပြလိုက်၏။ “နင်က ပါးနပ်တော့ ဖမ်းမိနိုင်မှာမဟုတ်ပါဘူး။”

Pamelaမှာ ဘယ်သူမှမဖမ်းမိနိုင်အောင် အမှန်တကယ်ပင်အလွန်ပါးနပ်သည့်ကလေးဖြစ်ပါ၏။ အထည်ဆိုင်တွင်ဖြစ်၏၊ အဲ့ဒီမှာ ဒေါ်လေးMarleneက သူတို့ရဲ့အ၀တ်တွေကို ပြုပြင်ဖို့ယူလာခဲ့၏၊ အဲ့ဒီမှာ တစ္ဆေမလေးတစ်ဦးလည်းရှိ၏ ; သူမက ၀ိုင်အရက်နီအရောင်ဝတ်စုံကိုဝတ်ထားပြီးတော့ ငှက်မွေးတောင်တပ်ဦးထုပ်ကိုဆောင်းထားသေး၏။ သူမက ကိုယ့်ဟာကိုရှင်လျက်ရှိသူမဟုတ်မှန်းတော့သိပါ၏၊ ဒါပေမယ့် သူမကဟန်ဆောင်ရတာကိုနှစ်သက်ပုံရ၏၊ ဆိုင်ကိုလှည့်လည်ပြီးတော့ Pamelaအား ပိတ်လိပ်တွေရောင်းဖို့ကြိုးစားနေ၏။

ဒေါ်လေးMarleneက အပ်ချုပ်ဆရာမနဲ့အတူစကားကောင်းနေစဉ်၊ Pamelaသည် ဖျင်လိပ်တွေရဲ့နောက်မှာပုန်းကွယ်၍သူမနဲ့အတူကစားနေလိမ့်မည်ဖြစ်သည်၊ ပိုးထည်တွေကိုကြည့်ရအောင်ဟု မေးလိမ့်မည်ဖြစ်ပြီး သူတို့ဘာသာဘယ်လောက်ဟုလျှောက်ဈေးသတ်မှတ်ကြမည်ဖြစ်၏။ ဒါပေမယ့် Pamelaက အလွန်သတိထားပါ၏၊ ပြီးတော့ သူမကဘယ်တော့မှ သူမတစ်ယောက်တည်းစကားပြောနေတာကိုမဖမ်းမိစေပေ။ ပြီးတော့ တစ္ဆေမလေးက ပရိယာယ်သုံး၍နှောင့်ယှက်ရသည်ကိုသဘောကျသူဖြစ်၏၊ သူမက Pamelaကို ဖမ်းမိစေချင်နေ၏၊ သူမကိုသူမအပျင်းပြေစေရုံသဘောမျှသာဖြစ်၏။ ယင်းသို့ဖြစ်သည့်တိုင်အောင် Pamelaမှာ အဖမ်းမခံရအောင် စွမ်းနိုင်သူပင်ဖြစ်ပါ၏။

Fennukကသာ Pamelaနေ့တိုင်းမြင်တွေ့နေရသည့် တစ်ဦးတည်းသော တစ္ဆေဖြစ်၏၊ ထို့အတွက်ကြောင့်ပင် ၄င်းအားလျှို့ဝှက်ချက်အဖြစ်ဖုံးဖိထားဖို့ရန်မှာ Pamelaအတွက်လှည့်ကွက်သုံးဖို့လိုအပ်ခဲ့၏။ အဲ့ဒီလှည့်ကွက်ကလည်း သူမရဲ့လူကြီးတွေက သူမအား သူမရဲ့စိတ်မှာမြင်ယောင်နေခြင်းအဖြစ်အတွေးပေါက်အောင် ကူညီခဲ့ပါ၏; သူတို့အတွက်တော့ သူမက သူမရဲ့စိတ်ကူးမြင်ယောင်ထားမှုတွေနဲ့အတူတကွ ကြီးပြင်းလာသည့် ကလေးငယ်တစ်ဦးသာဖြစ်ပါ၏။

“နင့်ရဲ့ပထမဆုံးနေ့ကကြောက်စရာကောင်းလောက်မှာမဟုတ်ပါဘူး၊” သူပြောလိုက်၏။ “ငါ့ရဲ့ တစ္ဆေတစ်ကောင်အဖြစ် ပထမဆုံးနေ့ကကြောက်စရာမကောင်းသလိုပေါ့။ အနည်းဆုံးတော့၊ အဲ့ဒါကိုငါမမှတ်မိတော့ဘူး။”

Pamelaသူ့ဘက်သို့ဦးခေါင်းလှည့်လိုက်၏။ “ နင်ငါ့ကိုအမြဲတမ်းပြောတာက နင်သေတဲ့နေ့ကို နင်မမှတ်မိဘူးဆို။”

“ ငါမမှတ်မိတော့ဘူး။ အဲ့ဒါဘယ်လောက်ကြောက်စရာကောင်းခဲ့မလဲဆိုတာငါမသိဘူး?”

Pamelaရယ်လိုက်၏။ “ငါသိချင်နေတာက နင်အသက်ရှင်နေတုန်းကလည်း အခုလိုမျိုးစိတ်ဝင်စားစရာကောင်းမလားမသိဘူး ဆိုတာပဲ။”

“မသိပါဘူးဟာ၊” ပြောလိုက်၏။ “ဒါပေမယ့် တစ္ဆေလောကက ငါ့ကိုပြောင်းလဲစေခဲ့တယ်။အဲ့ဒါက တော်တော်လေးမတူဖြစ်စေလိမ့်မယ်။”

“ဘယ်လိုမျိုးမတူတာလဲ?” Pamelaမေးလိုက်၏။

“အဲ့ဒါကို ဘယ်လိုရှင်းပြရမလဲတော့ငါမသိဘူး။ မတူရုံပဲ။ ဘယ်နေရာမှာ မတူတာလဲငါမမှတ်မိတော့ဘူး။ နင်ကပုံမှန်ရှင်သန်နေထိုင်သူတွေထက်ပိုပြီးမြင်နိုင်တယ် ̵ ̵ ̵  ငါ့ကိုပေါ့။ ဒါပေမယ့် ဒီနေရာမှာ မြင်ရဖို့အတွက် နင်သေပေးမှရမယ့် တခြားအရာတွေလည်းရှိသေးတယ်။”

“ငါအသက်ကြီးပြီးသေသွားတော့မှပဲ ငါ့ဘာသာငါသွားကြည့်တော့မယ်၊” Pamelaပြောလိုက်၏။

“ဘာကိုမှအရင်မလိုပါနဲ့၊” ပြောလိုက်၏။ “နင်အသက်ရှင်နေတာကိုပဲ ငါကြိုက်တယ်။ အရာဝတ္ထုတွေကို နင်မြင်တဲ့နည်းအတိုင်း မြင်ရတာကိုငါကြိုက်တယ်။”

“ငါလည်းနင့်ကိုကြိုက်ပါတယ်၊” Pamelaပြောလိုက်၏။

သူမတို့တတွေ မိုးတိမ်တွေကို တစ်ခဏတာမျှငေးကြည့်နေလိုက်ကြ၏၊ ထို့နောက်မှာ ရဲရင့်လာသလို ခံစားမိ၏၊ Fennukရဲ့လက်ကို Pamelaဆုပ်ကိုင်လိုက်၏။ သူ့အားထိတွေ့ရသည်မှာ နေသာသောနေ့ရဲ့မြေပြင်အား ထိတွေ့ရတာနဲ့တူ၏ ̵ ̵ ̵ အလင်းရောင်က သူ့အားထိတွေ့တဲ့နေရာမှာ နွေးထွေးမှုကိုသူမခံစားသိရှိနိုင်ပေ၏၊ ဒါပေမယ့် အဲ့ဒါရဲ့အောက်ဘက်မှာကတော့သေဆုံးခြင်းကိုသူမခံစားလိုက်မိ၏၊ မြေကြီးနဲ့ဆိုင်သောအအေးဓာတ်လိုမျိုးဖြစ်၏။ သူအသက်ရှင်ဖို့ကိုသာ သူမမျှော်လင့်မိပါ၏။

မြက်ခင်းလွင်ပြင်လေးများကိုဖြတ်သန်းလျက် သက်တမ်းရင့်အိမ်လေးအတွင်း ဒေါ်လေးMarleneပြတင်းပေါက်မှာ မတ်တပ်ရပ်နေ၏၊ Pamelaကိုစောင့်ကြည့်နေ၏၊ သူမကရေအိုင်လေးနံဘေးမှာ တစ်ဦးတည်းလဲလျောင်းနေတတ်၏။

အသက်ရှင်နေသူတွေကြားပိုမိုရှိနေခြင်းက ကလေးမကို ကောင်းကျိုးအချို့ဖြစ်စေလိမ့်မည်ဟု တွေးနေမိလေသည်။





CHAPTER
4


ပလိပ်ရောဂါဖြစ်ပွါးရာဒေသတွေက ၄င်းရဲ့သက်ရောက်မှုကို လူသူမရှိမှု၊ ဘာမျှမရှိမှု၊ အထီးကျန်၍ ကြေကွဲဖွယ်ဖြစ်မှုတို့ဖြင့် စတင် ဖွင့်ဟပြသလိုက်ပါ၏။ Trollသည် ပတ်ဝန်းကျင်အနေအထားကိုလေ့လာရန်နဲ့ ဖြစ်နိုင်လျှင် သူ့ရဲ့လက်ရှိတည်နေရာပျောက်မှု အခက်အခဲကိုလွတ်မြောက်စေရန် ကူညီပေးမည့် ထင်ရှားသောကုန်းမြေအမှတ်အသားအချို့ကို ခေါင်းထဲပြန်လည်အမှတ်ရဖို့ရန်အတွက်  ကုတ်ကုတ်ကလေး ဆောင့်ကြောင့်ထိုင်လိုက်ပြီး ရှေ့သို့အချိန်အတော်ကြာအောင်ငေးစိုက်ကြည့်နေ၏။ အကယ်၍သူသည် မြေပုံပေါ်ပါအမှတ်အသားတစ်ခုခုကို နောက်တစ်ကြိမ်ရှာတွေ့ပါက အားလုံးမှာရှင်းလင်းသွားလိမ့်မည်။

Jessica၏ မျက်ရည်စမ်းစမ်းဖြင့် အရေးဆိုမှုကြောင့်သာ ထွက်လာခဲ့ရ၏၊တစ်ရွာဝင် တစ်ရွာထွက်၊ တစ်တောဝင် တစ်တောင်တက်နဲ့ ပင်လည်းပင်ပန်းခဲ့လှလေပြီ၊ မောလည်း မောခဲ့လှပြီ၊ ရက်တွေလည်း ကြာညောင်းလှပြီ၊ “အို. . .တစ်နေ့ တွေ့ရမှာပေါ့”ဟု ကိုယ့်ကိုယ်ကို အားပေးပြီး ဆက်လက်၍ လူပျောက်ရှာပုံတော်ဖွင့် ခရီးဆက်ခဲ့သည်၊ ပထမ Orgrimmarသို့သွားခဲ့ရ၏၊ လေသင်္ဘောဆိပ်ထံ ၀င်သောအခါ လေသင်္ဘောကို မတွေ့ရ၊ “ဟိုက်”ခနဲ မောသွားရ၏၊ အကျိုးအကြောင်းမေးသောအခါ ဆိုက်ရောက်ဖို့ရန်သုံးရက်ခန့်လိုမည်ဟုဆို၏၊ သို့နှင့် လေသင်္ဘောဆိပ်မှာပင် ဖြစ်သလိုတည်းရင်းစောင့်နေလိုက်ရပြန်သည်။ ပြီးနောက်တွင် သမုဒ္ဒရာကို လေသင်္ဘောနဲ့သီတင်းနှစ်ပတ်ကြာဖြတ်ခဲ့ရ၏။

အဲ့ဒါနေ၀င်ဖို့တောင်မှတဖြည်းဖြည်းနီးကပ်လာပြီ။ မိုးကုပ်စက်ဝိုင်းသို့တိုင် ရှည်လျားကျယ်ပြန့်နေသည့် ၀မ်းနည်းညှိုးငယ်နေသော မြေရိုင်းကွင်းတွေနဲ့ ဖုန်းဆိုးကုန်းတွေအနက် သူယခုသူ့ရဲ့လမ်းကိုပျောက်ရှသွားခဲ့ပေပြီ၊ ပြီးတော့ ထိုသို့ဖြစ်ပေမယ့်လို့ အဲ့ဒါ အကွာအဝေးရဲ့လှည့်စားမှုတစ်ခုမှန်းသူသိပါ၏၊ အနောက်ဘက်ပလိပ်ရောဂါဒေသမှာ ပန်းပွင့်ငယ်များပွင့်သည့်ချုံပင်တစ်မျိုးနဲ့ မြက်ရိုင်းတောများတွင်ပေါက်လေ့ရှိသော ခရမ်းရောင်အပွင့်ပွင့်သည့်အပင်ငယ်တစ်မျိုးတို့နဲ့အတူ ဖုံးအုပ်ထား၏၊ ပြီးတော့ နေရာအနှံ့အပြားတွင် သစ်ငုတ်ကြီးများကို မြင်တွေ့ရသည်။

“အဲ့ဒါ သူစိမ်းတစ်ဦးအတွက် ဆိုးဝါးတဲ့နေရာတစ်ခုပဲ၊” အသက်အရွယ်အိုမင်းသော Orcခရီးသွားတစ်ဦးမှပြောလိုက်၏ ; “မင်း လမ်းပြတစ်ဦးဦးနဲ့သွားတာ အဆင်ပြေလိမ့်မယ်ကွ;” ပြီးတော့ trollကပြန်ပြောလိုက်၏၊ “ကျွန်တော် လမ်းပျောက်မှာမဟုတ်ပါဘူး။” အခုကိုပဲ သူမျက်စိလည်လမ်းပျောက်နေပြီကို  သူသိပါ၏၊ သူထိုနေရာမှာထိုင်နေခဲ့သလို ညနေခင်းရဲ့လေပြေကသူ့ရဲ့မျက်နှာကိုဖြတ်သန်းတိုက်ခတ်နေ၏။ အဖက်ဖက်တိုင်းမှာ မြေရိုင်းကွင်းတွေကသာ ဖြန့်ကျက်ထား၏။ ဒီနေရာမှာ မြင်ကွင်းအတွင်း အိမ်ငယ်တစ်လုံးမှမမြင်ရပေ။ တစ်ခဏတာနားပြီးနောက် သူကခရီးဆောင်အိတ်ကိုပြန်လွယ်လိုက်ပြီး နေလုံးကြီးကိုကျောပေးလိုက်၏။

မောပန်းနွမ်းနယ်မှုကို သူစတင်ခံစားလာရ၏၊ ပြီးတော့ ထိခိုက်မှုမှကာကွယ်ရန်နုဖပ်သောပစ္စည်းတို့ဖြင့်နှစ်ဆခံထားသော်ငြား စစ်ပွဲသုံးတူရဲ့အလေးချိန်ကသူ့ရဲ့ပခုံးကိုအောင့်သက်သက်ဖြစ်စေ၏။ နေကတစ်ဆထက်တစ်ဆ ငုပ်လျှိုးပျောက်ကွယ်လာနေ၏၊ နေရောင်ကပါးလွှာသောရွက်ချွန်းများရှိသည့်အ၀ါရောင်ချုံပင်တစ်မျိုးနဲ့ မြေရိုင်းကွင်းတွေပေါ်မှိန်ဖျော့ဖျော့ထိုးကျနေ၏။

Trollကသူ့ရဲ့ရှည်လျားလာသောအရိပ်ရဲ့ဦးဆောင်မှုနဲ့လမ်းလျှောက်နေသကဲ့သို့ ခြေလှမ်းတိုင်းနဲ့အမျှသူ့ရဲ့အရိပ်ဆန့်ထွက်လာသလိုခံစားမိ၏။ ချုံပင်တွေကသူ့ရဲ့ခြေထောက်တွေကိုကုတ်ခြစ်၏၊ မြက်ဖုတ်တွေမှနေ၍ မြက်ရိုင်းတောကြွက်တွေ စော်ကားမော်ကားနဲ့ဖြတ်ပြေးသွားကြ၏။ တစ်ခါမှာတော့ ၀ံပုလွေတစ်ကောင် သူ့ရဲ့လမ်းကိုခိုးကြောင်ခိုးဝှက်ဝင်လာ၏၊ သူနောက်တစ်ဖန်မတ်တပ်ရပ်နေလိုက်၏၊  ငဟစ်ငှက်တစ်ကောင်က သူ့ဘေးကချုံပင်ထဲမှ တောင်ပံတဖတ်ဖတ်ခပ်လိုက်၏။ နေလုံးကြီးကို သူနောက်ပြန်လှည့်ကြည့်လိုက်၏။ အဲ့ဒါကမြေရိုင်းကွင်းပြင်ရဲ့အစွန်းအဖျားကို ထိလုထိခင်ဖြစ်၏။ အနည်းဆုံးတော့ ဒီအချိန်သည် ခရီးဆက်သွားလို့ အသုံးမ၀င်တော့မှန်း သူဆုံးဖြတ်ချက်ချလိုက်နိုင်၏။ ပြီးတော့ ဖုန်းဆိုးကုန်းတွေပေါ်မှာ တစ်ညလောက်တော့အချိန်ဖြုန်းဖို့ သူ့ရဲ့စိတ်ကိုပြင်ဆင်ထားလိုက်၏၊ သူကကုန်းတစ်ခုပေါ်မှာခြေပစ်လက်ပစ်ထိုင်ချလိုက်၏။ ညနေရဲ့စွေစောင်းစောင်းနေရောင်ခြည်က သူ့ရဲ့ခန္ဓာကိုယ်အနှံ့ကိုနွေးထွေးစေပါ၏၊ ဒါပေမယ့် ညချမ်းရဲ့အအေးဓာတ်ကစတင်မြင့်တက်လာနေ၏၊ ပြီးတော့ သူ့ရဲ့ချွေးနဲ့စိုစွတ်နေတဲ့သံချပ်ဝတ်ဖိနပ်တွေစတင်အေးစက်လာသည်ကိုခံစားမိ၏။ ဦးခေါင်းထက်ဟိုးအမြင့်မှာတော့ အိပ်တန်းတက်ငှက်တွေက စာရွက်ဖြူလေးတွေလိုလူးလွန့်ပြီး ရွေ့လျားနေကြ၏ ; ထိုကဲ့သို့သောအမြင့်ရဲ့မြင်ကွင်းမှဆိုလျှင် အနောက်ဘက် ပလိပ်ရောဂါဒေသအား အဖော်မဲ့နေသော ခရုစုတ်ငှက်တစ်ကောင်ဟုခေါ်ရမလိုဖြစ်နေသည်။ နေလုံးက ကွင်းပြင်တွေထဲတဖြည်းဖြည်းနစ်ဝင်သွားခဲ့၏၊ ပြီးနောက်မှာတော့ အမြင့်ဆုံးကုန်းမှာ နေ၀င်ဆည်းဆာရဲ့ နောက်ဆွယ် အလင်းနဲ့နီရဲသွားခဲ့၏။ သူသည် မိုးကောင်းကင်ရဲ့ ပြောင်းလဲမှုအား အဖြူရော်ဆုံးရွှေရောင်မျှင်းမျှင်းမှ ပန်းရောင်သို့၊ ထို့နောက်မှာတော့ မီးလျှံမထွက်ဘဲတဖြည်းဖြည်းလောင်နေသည့်မီးကြွင်းရောင်သို့ဖြစ်သွားသည်ထိစောင့်ကြည့်နေ၏။ ခြင်တွေရဲ့အုပ်တွေက သူ့ရဲ့ဦးခေါင်းထက်မှာ ကခုန်မြူးတူးနေ၏၊ ပြီးတော့ ဒီ့ထက်အမြင့်မှာတော့ ငြိမ်နေသောလေထုထဲ လင်းနို့တစ်ကောင် အောက်စိုက်လာလိုက် ပျံတက်လိုက်နဲ့ပတ်နေ၏။ သူ့ရဲ့မျက်ခွံတွေကတော့ စတင်လေးလံလာ၏။






CHAPTER
5


တစ္ဆေအများစုက ခင်မင်တတ်ပါ၏၊ ဒါမှမဟုတ် အနည်းဆုံးတော့ စကားများကြ၏။ အထည်ဆိုင်က ကောင်မလေးလိုပေါ့၊ ပြီးတော့ မြို့ထဲကိုသွားသည့် လမ်းပေါ်မှာ လျှောက်သွားနေသည့် သေပြီးသားလူကြီးလိုဖြစ်ပါ၏၊ ၄င်းက သူသေသွားပြီဆိုတာကို မကြာခဏမေ့လျှော့နေတတ်၏။

Pamelaကျောင်းကိုရောက်တော့ ခုံတန်းနဲ့အခန်းနံရံအကြား လမ်းလျှောက်လာလိုက်ပြီး ထိုင်ခုံလွတ်တစ်ခုကိုတွေ့လိုက်ရ၏။ အခန်းရဲ့နောက်ဘက်ကလွတ်နေသောခုံက အေးစက်သောလက်တွေနဲ့ပွေ့ဖက်မှုတစ်ခုလို ခံစားမိစေ၏။ အဲ့ဒါက ကြင်နာမှုတော့မဟုတ်ပေ၊ သို့သော် မကြင်နာတာလည်းမဟုတ်ပေ၊ နှစ်ခုလုံးမဟုတ်ပေ။ အဲ့ဒါကသူမကိုလုံခြုံစေပြီး လူအများမမြင်တွေ့ရအောင် ပြုလုပ်ပေးပါ၏။ ။ အဲ့ဒီဘေးမှာ ပြတင်းပေါက်တစ်ခုရှိပြီး အရှေ့မှာတော့ကလေးတွေက သူတို့ရဲ့ထမင်းဘူးတွေကိုဆုပ်ကိုင်ထားကြ၏။

“နင် ငါ့နေရာမှာထိုင်နေတယ်၊” ကောင်လေးတစ်ယောက်ကပြောလိုက်၏။

သူ့ရဲ့မျက်လုံးတွေက အပြာရောင်ဖြစ်၏၊ ပြီးတော့ သူတို့တွေက စွပ်စွဲပြစ်တင်နေသကဲ့သို့ တောက်ပလွန်းနေ၏။

What difference would it make to be living a day more or less?

Offline forhorde

  • Special Jounin
  • *****
  • Posts: 574
  • Influence: +3/-0
  • xiaolongnu of ancient tomb
    • View Profile
Re: The Untold Story
« Reply #2 on: April 17, 2019, 04:41:17 pm »
“ဒီပေါ်မှာ နင့်ရဲ့နာမည်ရေးထားတာမဟုတ်ဘူးလေ၊” Pamelaသူမစုစည်းနိုင်သမျှ ကိုယ့်ကိုယ်ကိုယုံကြည်မှုနဲ့ ပြောလိုက်၏။ သူမကိုယ်သူမပိုမိုရဲရဲတင်းတင်းဖြစ်စေရန်၊ သူမရဲ့မေးစေ့ကိုသူမမြှင့်လိုက်၏။

မျက်လုံးအပြာရောင်နဲ့ကောင်လေးက ကိုယ့်ကိုယ်ကို ကျေနပ်သည့်အပြုံးကိုပြုံးလိုက်၏၊ ပြီးတော့ အဲ့ဒါက ကြင်နာသည့်အပြုံးတစ်ခုလား ဒါမှမဟုတ် ရက်စက်သည့်တစ်ခုလား Pamelaမသေချာပေ။ “ငါ့နာမည်အဲ့ဒီမှာ ရှိပါတယ်၊” သူပြောလိုက်၏။ “နင့်လက်အောက်မှာ။”

သူက သူမရဲ့လက်ကိုမေးငေါ့ပြလိုက်၏၊ ပြီးတော့ စာရေးစားပွဲမှသူမရဲ့လက်ကို သူမဖယ်လိုက်သည့်အချိန်တွင် အမည်၏ အစအက္ခရာတွေကို သူမရဲ့လက်နဲ့ကွယ်နေခဲ့သည်ကို နားလည်လိုက်၏။

Cranius Blueရဲ့အတိုကောက် C.B ဆိုတာ၊” သူပြောလိုက်၏။

“ဒီအက္ခရာတွေက ဘာမဆို ဖြစ်နိုင်တာပဲလေ၊” Pamelaပြောလိုက်၏။ “Curious Beastတို့ဘာတို့ပေါ့၊”

“သူတို့တွေက Cranius Blueအတွက် ရပ်တည်နေကြတာပါ၊” သူပြောလိုက်၏။ “ငါက သူတို့ကို ရေးထွင်းထားတဲ့ တစ်ယောက်ပဲ။”

Pamelaသူမရဲ့လက်ညှိုးထိပ်နဲ့ C ရဲ့ စောင်းလျှောအတိုင်းလိုက်သွားလိုက်၏။ “နင့်မှာ လက်ရေးအတတ်ကောင်းကောင်းရှိတာပဲ၊” သူမပြောလိုက်၏။

“ကျေးဇူးပါပဲ၊” Cranius ပြောလိုက်၏။

ခေါင်းလောင်းသံမြည်သွား၏။ အဲ့ဒါက စူးစူးဝါးဝါးဖြစ်ပြီး Pamelaကိုတုန်လှုပ်သွားစေ၏။

“ထိုင်ကြပါကွယ်!” ဆရာမက အခန်းဝမှပြောလိုက်၏။

Pamelaနေရာမှနည်းနည်းမှမရွေ့ပေ။ သူမက သင့်တော်ပြီး ထောင့်ကျသည့်နေရာတစ်ခုကိုရှာတွေ့ထား၏၊ အခြားတစ်ဦးရဲ့နာမည်ကို အဲ့ဒီပေါ်မှာ ရေးထွင်းထားပြီးဖြစ်ရင်တောင်မှပေါ့။

Craniusက သူမရဲ့ဘေးမှထိုင်ခုံမှာထိုင်လိုက်၏၊ သူ့ရဲ့မျက်လုံးတွေက သူမပေါ်မှာ တစ်ချိန်လုံးရှိနေ၏။

မုန့်စားဆင်းချိန်အတွင်း၊ သူမရဲ့ထမင်းဘူးကို သူမဖွင့်လိုက်ပြီး နေ့လည်စာအတွက် သူမရဲ့ဒေါ်လေးထည့်ပေးလိုက်တဲ့ စတော်ဘယ်ရီကိတ်မုန့်ချပ်ကိုထုတ်လိုက်၏။

Cranius မျက်ခုံးပင့်လိုက်၏။ “နင့်ရဲ့အမေက နင့်ကိုနေ့လည်စာအတွက် ကိတ်မုန့်စားခွင့်ပြုတာလား?”

“ငါ့အမေက ငါ့ကိုဘာမှခွင့်မပြုပါဘူး၊” Pamelaပြောလိုက်၏။ “သူက ဆုံးသွားပြီလေ။”

Craniusကသူ့ရဲ့ဆန်းဒ၀စ်ခ်ျကို တွေတွေကြီးစိုက်ကြည့်နေ၏။ “အိုး”

သေဆုံးခြင်းက လူတွေကို မသက်မသာဖြစ်စေပါ၏ ; သူမရဲ့ဒေါ်လေးက အဲ့ဒါကိုသင်ထားခဲ့၏။ Pamelaကို မသက်မသာဖြစ်အောင်လုပ်နေတဲ့ တစ်ခုတည်းသောအရာကတော့ ရှင်နေသူတွေပင်ဖြစ်၏။

“ငါ့အမေလည်း ဆုံးသွားပြီ၊” Cranius ပြောလိုက်၏။

“အိုး” Pamelaပြောလိုက်၏။ “နင် ကိတ်မုန့်တချို့စားမလား?” အဲ့ဒါက သေးငယ်တဲ့ကောင်မလေးတစ်ဦးအတွက် များပြားလွန်းတဲ့ကိတ်ဖြစ်၏ ; သူမရဲ့လူကြီးတွေက (အထူးသဖြင့်တော့ ဒေါ်လေး Maleneဖြစ်၏) သူတို့ရဲ့ကြင်နာမှုကို အစားအစာနဲ့အတူပြသလေ့ရှိကြ၏။

“အင်း၊ ကျေးဇူးပြုပြီးတော့၊” Cranius ပြောလိုက်၏။

သူမရဲ့ကိတ်ကိုသူမဝေမျှပေးလိုက်သကဲ့သို့ Craniusသည် သူမပြုလုပ်သည့်နည်းအတိုင်း အရိပ်တွေကို ဘာကြောင့်ရှာဖွေနေသည်ကို သိချင်မိ၏။ အကယ်၍ သူသည်အလိုရှိပါက ဒါဇင်ပေါင်းများစွာသောသူငယ်ချင်းတွေကို ချက်ချင်းရရှိနိုင်သည့် ရုပ်ရည်တစ်ခုပိုင်ဆိုင်သူဖြစ်၏။ Pamelaအတွက် အသက်ရှင်နေသည့်ကမ္ဘာအတွင်းရှိလူအများစုသည် ကိုယ်ရောင်ကိုယ်ဝါအားဖြင့် မီးခိုးရောင်ဖြစ်၏၊ သို့ရာတွင် Craniusမှာ တောက်ပပြီး ကြည်လင်နေ၏။ အမှန်တကယ်တော့ ၄င်းသည် သူမမြင်ဖူးသမျှ အသက်ရှင်နေသူများတွင် အလှပဆုံးပင်ဖြစ်၏။ ထိုကဲ့သို့လူတစ်ယောက်က ဘာကြောင့်များ ပုန်းအောင်းချင်ရပါသနည်း?

ခေါင်းလောင်းမြည်သွား၏၊ သူမက သူမရဲ့ထမင်းဘူးကိုထုပ်ပိုးလိုက်ပြီး မတ်တပ်ထလိုက်၏။

“နေဦး၊” Cranius ပြောလိုက်၏။ “နင် ငါ့နာမည်ကိုသိသွားပြီ၊ ဒါပေမယ့် ငါအခုထိ နင့်နာမည်ကိုမသိသေးဘူး။”

Pamela၊” သူမပြောလိုက်၏။

“နင့်ရဲ့မျိုးနွယ်အမည်ကကော?” သူမေးလိုက်၏။

ဘယ်သူကမှ Pamelaအား သူမရဲ့နာမည်နောက်စာလုံးကိုမေးလေ့မရှိပေ။ သူမအဲ့ဒါကို မေ့လုနီးပါးပင်ဖြစ်နေ၏။ “Redpath။”

“နောက်စာလုံးကအရေးကြီးတယ်၊” သူပြောလိုက်၏။ “နောက်စာလုံးက ငါတို့တွေထက်ပိုပြီး အသက်ကြီးတယ်။ သူတို့တွေက ငါတို့ရဲ့သမိုင်းဆီနောက်ပြန်ရေးဆွဲထားတဲ့မျဉ်းတစ်ကြောင်းပဲ၊ အဲ့ဒီနောက်ကို ငါတို့ပြန်လိုက်နိုင်တာထက်တောင်မှပိုဝေးတဲ့ဆီကိုပေါ့။”

Pamelaအား သူမရဲ့မိခင် ကလေးမွေးဖွါးမှုအတွင်းမှာ သေဆုံးခဲ့သည်ဟုပြောပြထားပါ၏၊ ပြီးတော့ အဲ့ဒီအချိန်မှာ သူမရဲ့ဖခင်လည်း သူမအကြောင်းသိခဲ့ဟန်မတူပေ၊ ပြီးတော့ သူမရဲ့ဦးလေးနဲ့အဒေါ်လဲ သူ့ထံဘယ်လိုသွားရမည်မသိခဲ့ပေ။ သူမရဲ့ဖခင်က ပြည်သူ့စစ်တွေရဲ့ခေါင်းဆောင်တစ်ဦးဖြစ်၏။ အနည်းဆုံးတော့ သူမသည် သူမရဲ့ဖခင်ထံမှ တောင်းပန်မှုတစ်ခုကို ရဖို့အကြွေးရှိနေသည်ဟု ခံစားမိ၏။








CHAPTER
6


ချုံပုတ်ထဲမှ သစ်ကိုင်းခြောက်ကျိုးသံတစ်ခုက သူ့အား ရုတ်တရက်ကြမ်းတမ်းစွာနှိုးလိုက်သလို အိပ်ငိုက်နေမှုအား ခါယမ်းဖယ်ထုတ်ပစ်လိုက်၏။ သူ့ရဲ့မျက်လုံးတွေကိုဖွင့်ကြည့်လိုက်၏။ တစ်ခဏတာအတွက်တော့ သူငေးကြည့်နေ၏၊ လှုပ်ရှားလို့မရသေးပေ ; သူ့ရဲ့မျက်နှာရှေ့ရှိ အရုဏ်တက်လေထုအတွင်း ငှက်ကြီးတစ်ကောင် သူ့ကိုဖြတ်ကျော်ပြီး ချုံထဲ ကမူးရှုးထိုးဆင်းသွား၏။

သူတစ်ခဏချင်းမတ်တပ်ရပ်လိုက်ပြီး ချုံပင်ထဲသို့စိုက်ကြည့်လိုက်၏။ မြေရိုင်းတောများတွင်ပေါက်လေ့ရှိသည့်ချုံပုတစ်ခုမှ ခက်ခက်ခဲခဲရုန်းကန်သံတွေထွက်ပေါ်လာ၏၊ ပြီးတော့ အားလုံးတိတ်ဆိတ်သွား၏။ သူအရှေ့ကိုလမ်းလျှောက်သွားလိုက်၏၊ အလွန်အံ့အားသင့်မှုအတွင်းမှာ သူလှုပ်ရှားမှုကင်းမဲ့စွာရပ်တန့်သွား၏။ သေဆုံးနေတဲ့မြေရိုင်းကွင်းကြွက်တစ်ကောင်မြေပြင်ပေါ်လဲနေ၏၊ ပြီးတော့ ကြွက်ကြီးပေါ်မှာ အပေါ်နှုတ်သီးတွင်ပါသော စောင်းမာများဖြင့် အမဲကို ကိုက်ဖြတ်တတ်သော ခမ်းနားသောသိမ်းမျိုးတစ်ကောင်နားနေ၏၊ ခြေသည်းတစ်ဖက်က သတ္တ၀ါရဲ့လည်မျိုအတွင်းကုတ်ဝင်နေ၏၊ နောက်တစ်ဖက်ကတော့ အဲ့ဒါရဲ့နံဘေးဘက်ပေါ်သို့ ခိုင်မြဲစွာနင်းထား၏။ သို့ရာတွင် သူ့အား အံ့အားသင့်စေသည်မှာ ၄င်းရဲ့သားကောင်ပေါ်နားနေသော သိမ်းစွန်ရဲ့မြင်ကွင်းသက်သက်မဟုတ်ပေ။ အဲ့ဒါမျိုးကို သူတစ်ကြိမ်မကမြင်ဖူးပါ၏။ အံ့အားသင့်စေသည်မှာ သိမ်းစွန်ရဲ့ခြေထောက်နှစ်ဖက်ကို ချည်ကြိုးအမျိုးအစားတစ်ခုတပ်ဆင်ထား၏၊၊ ပြီးတော့ အဲ့ဒီမှာ စွတ်ဖားခေါင်းလောင်းပုံသတ္တုဝိုင်းပြားတစ်ခုဆွဲထား၏။ ငှက်ကကြမ်းကြုတ်ရက်စက်သောမျက်လုံးအစုံကို သူ့ပေါ်သို့လှည့်လိုက်၏၊ ပြီးတော့ သားကောင်ပေါ်သို့ ၄င်းရဲ့နှုတ်သီးကောက်ကောက်နဲ့ ထုနှက်စုတ်ဖြဲနေ၏။ တစ်ချိန်တည်းမှာ မြက်ရိုင်းတောထဲမှ အလျင်လိုသည့်ခြေသံအချို့ကိုကြားလိုက်ရ၏၊ ပြီးတော့ မိန်းကလေးတစ်ဦး အကာအကွယ်ထဲမှရှေ့သို့ပြေးထွက်လာ၏။ သူ့ကိုတစ်ချက်မှဝေ့မကြည့်ဘဲ သိမ်းစွန်ရှိရာသို့လမ်းလျှောက်သွား၏၊ ပြီးတော့ သူမရဲ့လက်အိတ်ဝတ်ထားတဲ့လက်ကိုငှက်ရဲ့ရင်အုံအောက်ထားလိုက်ပြီး ၄င်းကိုသားကောင်ထံမှချီမယူလိုက်၏။ ထို့နောက်တွင်သူမက သေးငယ်သောခေါင်းစွပ်တစ်ခုကို ငှက်ရဲ့ဦးခေါင်းပေါ် ကျွမ်းကျင်လျင်မြန်စွာစွပ်လိုက်ပြီး တိရစ္ဆာန်ရဲ့ခြေထောက်တွေမှကြိုးကိုဖြည်ကာ သူမရဲ့ ဗိုက်ချပ်ခါးစည်းမှာချည်ထားလိုက်၏။ ထို့နောက်မှာတော့ အကာအကွယ်ထဲမှထွက်လာခဲ့သော သူမရဲ့ခြေလှမ်းတွေကို စတင်ပြီး ပြန်လည်ခြေရာခံလိုက်၏။ သူမကသူ့အား ဖြတ်ကျော်သွားသကဲ့သို့ သူက သံခေါင်းစွပ်ကိုချွတ်လိုက်ပြီး သူ့ရဲ့တည်ရှိမှုကို မြင်လွယ်အောင် လိုအပ်သည်ထက်ပိုမိုသောဦးညွတ်ခြင်းနဲ့အတူ ဖော်ပြလိုက်၏။ သူ့မှာ အလွန်ပင်လျှင် အံ့အားသင့်မိပါ၏၊ သူ့မျက်လုံးရှေ့ရှိ သဘောကျရှုမောစရာ အဖြစ်အပျက်အတွင်းမှာ တော်တော်လေး ဘာလုပ်ရမှန်း ဘာကိုင်ရမှန်း မသိဖြစ်မိ၏။ ဒါပေမယ့်လို့ သူမက အဝေးသို့ရွေ့ရှားသွားနေသကဲ့သို့ သူကလေထန်သောမြေရိုင်းကွင်းထဲညကအိပ်ခဲ့သည်ကို ပြန်လည်မှတ်မိပြီး သူ့ရဲ့စကားပြောမှုကိုနှောင့်နှေးချင်းမရှိဘဲစတင်လိုက်၏။ သူ့ရဲ့အစပထမစကားလုံးတွေမှာ သူမတုံ့ဆိုင်းတွေဝေသွား၏၊ ပြီးတော့ သူက သူမရှေ့သို့ခြေလှမ်းလာသလို သူမရဲ့လှပသောမျက်လုံးတွေထဲ ကြောက်ရွံ့သောအကြည့်တစ်ချက်ဖြတ်သန်းသွား၏။ သို့ရာတွင် သူက သူ့ရဲ့မသာယာသောအတိဒုက္ခကို နှိမ့်ချစွာရှင်းပြနေသကဲ့သို့ သူမရဲ့မျက်နှာမှာ ရှက်သွေးဖြန်းသွားပြီး သူ့ထံစူးစမ်းသောအကြည့်နဲ့ကြည့်နေ၏။

“ရှင်ဒီဘက်ဒေသဘက်ခြမ်းက လာတာမဟုတ်မှန်းသေချာတယ်!” သူမကပြောလိုက်၏။

သူက trollတစ်ကောင်ဖြစ်ကြောင်းနဲ့ ဒီဘက်ဒေသတွေနဲ့ မရင်းနှီးမကျွမ်းဝင်ကြောင်းကိုရှင်းပြလိုက်၏။

“trollတစ်ကောင်၊” သူမပြောလိုက်၏။ “ကျွန်မ အရင်က trollတစ်ကောင်ကိုမမြင်ခဲ့ဖူးဘူး။”

သူမကခေတ္တမျှတိတ်ဆိတ်စွာရပ်တန့်နေ၏၊ ပြီးနောက်မှာ သူ့ကိုကြည့်ပြီးပြောလိုက်၏၊ “ရှင်တစ်နေကုန်လမ်းလျှောက်ရင်တောင်မှပဲ အရှေ့ဘက်ပလိပ်ရောဂါနယ်တွေကို ရောက်မှာမဟုတ်သေးဘူး၊ ရှင့်မှာလမ်းပြတစ်ယောက်ရှိမယ်ဆိုရင်တောင်မှပေါ့။”

အဲ့ဒါနှစ်လိုဖွယ်ရာသတင်းပင်ဖြစ်၏။

“ဒါပေမယ့်” သူအစချီလိုက်၏၊ “ကျွန်တော်စားစရာနဲ့ နားနေစရာရနိုင်မယ့် လယ်တဲလေးဘာလေးများ ရှာတွေ့နိုင်မလား။”

သူမရဲ့လက်ကောက်ဝတ်ပေါ်ရှိသိန်းစွန်က တောင်ပံတဖတ်ဖတ်ခတ်ပြီး ဦးခေါင်းကိုရမ်းနေ၏။ ကောင်မလေးက ငှက်ရဲ့ တောက်ပြောင်ချောမွတ်သောကျောပြင်ကိုသပ်လိုက်ပြီး သူ့ထံတစ်ချက်ကြည့်လိုက်၏။

“ပတ်ဝန်းကျင်လည်းကြည့်ပါဦးရှင်၊” သူမသိမ်မွေ့စွာပြောလိုက်၏။ “ဒီမြေရိုင်းကွင်းတွေရဲ့ အဆုံးသတ်ကိုရှင်တွေ့လို့လား? မြောက်ဘက်၊ တောင်ဘက်၊ အရှေ့ဘက်၊အနောက်ဘက်ကိုရှင်ကြည့်။ ရှင်တွေ့သမျှက ဖုန်းဆိုးတောနဲ့ ချုံပင်တွေပဲရှိလိမ့်မယ်မလား?”

“ဟင်. .အင်း၊” သူပြောလိုက်၏။

“မြေရိုင်းကွင်းတွေက ထိန်းချုပ်မယ့်လူသူမရှိဘဲနဲ့ အထီးကျန်ဆန်တယ်။ အဲ့ဒါက ၀င်ရောက်လာဖို့အတွက်လွယ်ကူတယ်၊ ဒါပေမယ့် တစ်ခါတစ်လေမှာတော့ အဲ့ဒီလိုဝင်ရောက်လာတဲ့သူတွေဟာ အဲ့ဒီကနေ ဘယ်တော့မှပြန်မထွက်နိုင်ကြတော့ဘူး။ ဒီနေရာမှာ ဘာလယ်တဲမှမရှိဘူးရှင့်။”

“ကောင်းပြီ၊” သူပြောလိုက်၏၊ “တကယ်လို့ အရှေ့ဘက်ပလိပ်ရောဂါနယ်က ဘယ်ဘက်မှာရှိတယ်ဆိုတာ ခင်ဗျားပြောလို့ရှိရင်၊ နောက်နေ့မှာ ကျွန်တော်သိပ်ပြီးသွားရတော့မှာမဟုတ်ဘူး။”

ဘာမှမသိနားမလည်သူတစ်ဦးအား သနားကြင်နာသည့်ခံစားချက်ကို ဖော်ပြသည့် မျက်နှာအနေအထားမျိုးနဲ့
သူမကသူ့အားနောက်တစ်ကြိမ်ထပ်ကြည့်လိုက်၏။

“အား၊ တယ်ခက်တဲ့သူပဲရှင့်၊” သူမပြောလိုက်၏၊ “ရှင်ဝင်သွားဖို့က လွယ်ကူပြီး ရက်အနည်းငယ်ပဲအချိန်ယူရပါတယ် ; ပြန်ထွက်ဖို့ကတော့ မတူဘူး ̵ ̵ ̵    ပြီးတော့ အဲ့ဒါက ရာစုနှစ်တွေတောင်မှချီပြီးကြာသွားနိုင်တယ်။”

သူကသူမအားမယုံနိုင်မှုအတွင်းစိုက်ကြည့်နေသော်ငြား သူမအားသူကနားလည်မှုလွဲနေတာဖြစ်လိမ့်မည်ဟု ဆုံးဖြတ်ချက်ချလိုက်၏။ထို့နောက်မှာတော့ သူဘာမှထပ်မပြောမီ သူမက ၀ီစီတစ်ခုကို ခါးပတ်ထဲမှထုတ်လိုက်ပြီး အဲ့ဒါကိုမှုတ်လိုက်၏။

“ထိုင်ပြီးတော့ နားပါဦး၊” သူမက သူ့အားပြောလိုက်၏ ; “ ရှင်အဝေးကြီးကနေလာခဲ့ရတာပဲ။”

သူမကနောက်မှလိုက်လာရန်လက်ဟန်ခြေဟန်ပြလိုက်ပြီး ပါးလွှာသောအ၀ါရောင်ရွက်ချွန်းများရှိသည့်ချုံပင်တွေအကြား ကျောက်ဖျာတစ်ချပ်စီ ယဉ်ကျေးသိမ်မွေ့စွာနဲ့ လျှောက်သွား၏။ သူမက အစွန်းတစ်ဖက်မှာထိုင်လိုက်ပြီး အခြားအစွန်းဖက်မှာထိုင်ဖို့ သူ့အားဖိတ်ခေါ်လိုက်၏။

“သူတို့တွေက တော်တော်လေးလှပတယ် ̵ ̵ ̵  ဒီမြေရိုင်းကွင်းမှာပေါက်တဲ့ ပန်းပင် ချုံပင်တွေပေါ့၊” သူမက တိတ်ဆိတ်စွာဆိုနေ၏။

“လှပတယ်ပြီးတော့ ရက်စက်တယ်၊” သူမအိပ်မက်မက်နေသလိုမျိုး ပြောနေ၏၊ “လှပပြီးတော့ ရက်စက်တယ်၊”

“မိန်းမတစ်ယောက်လိုမျိုးပေါ့ အဟင်းဟင်း၊”သူက အလိုက်ကမ်းဆိုးမသိပြောလိုက်၏။

“အို၊” သူမကရုတ်တရက်မို့အမ်းသွားပြီး သူ့အားကြည့်လိုက်၏။ သူမရဲ့မျက်ဝန်းနက်နက်တွေက သူနဲ့ဆုံသွား၏၊ ပြီးတော့ သူမဒေါသထွက်နေပုံ ဒါမှမဟုတ် ကြောက်ရွံ့နေပုံရသည်ဟု သူတွေးလိုက်မိ၏။

“မိန်းမတစ်ယောက်လိုမျိုး၊” သူမက သက်ပြင်းချရင်းပြောလိုက်၏။ “ တော်တော်လေးကို ရိုင်းပျတဲ့အသုံးအနှုန်းပဲ!”

သူ့ရဲ့မိုက်မဲမှုအတွက် မည်သို့တောင်းပန်မှုမျိုးနဲ့ တောင်းပန်ရမည်ကို သူ့မှာမသိတော့ပေ၊ အန္တရာယ်ကင်းသည့် စကားဟုတွေးထားခဲ့ပါ၏၊ ဒါပေမယ့်လို့ အဲ့ဒါနဲ့ပတ်သက်ပြီး သူမတော်တော်လေးအနှောင့်အယှက်ဖြစ်နေမှန်း သူသိလိုက်ပြီး အလွန်ဆိုးဝါးသောတစ်စုံတစ်ခုကို ဘာမှမသိဘဲ သူပြောခဲ့မိပြီဟု စတင်တွေးမိ၏။ ပြီးတော့ နယ်မြေရပ်ခြားမှရောက်လာသူတွေအတွက် ကြိုလင့်နေသောဘေးရန်တွေနဲ့ ထောင်ချောက်တွေကို သူ့ဘာသာသူဖြတ်ရတော့မည်ဟု ထိတ်လန့်မှုနဲ့အတူအမှတ်ရလိုက်၏။ သူဘာပြောသင့်သည်ကို ကြိုးစားပြီးမြင်ယောင်နေတုန်းမှာပဲ မြေရိုင်းကွင်းမှအသံတွေကြားရပြီး မိန်းကလေးက မတ်တပ်ထရပ်လိုက်၏။

“မဟုတ်ဘူး၊” သူမရဲ့ဖြူရော်သွားတဲ့မျက်နှာပေါ်မှာ တစ်စွန်းတစ်စကျန်ရှိနေသေးတဲ့ အပြုံးတစ်ခုနဲ့အတူ သူမပြောလိုက်၏၊ “ကျမ ရှင့်ရဲ့တောင်းပန်မှုကိုလက်ခံမှာမဟုတ်ဘူး၊ ဧည့်သည်၊ ဒါပေမယ့် ရှင်မှားနေမှန်း ကျမ သက်သေပြရလိမ့်မယ်၊ ပြီးတော့ အဲ့ဒါကကျမရဲ့ ကလဲ့စားချေမှုဖြစ်ပါလိမ့်မယ်။ ဟိုမှာကြည့်။ သူတို့လာနေကြပြီ။”

လူနှစ်ဦး လာနေ၏။ တစ်ဦးက သူ့ပခုံးပေါ်မှာ ပိတ်စခိုင်ခိုင်နဲ့ချုပ်ထားသည့်ဂျုံအိတ်တစ်လုံးကိုထမ်းထားပြီး နောက်တစ်ဦးကတော့ သတ္တုကွင်းကြီးတစ်ခုကိုသယ်လာ၏။ သတ္တုကွင်းကို သူ့ရဲ့ပခုံးတွေဆီကြိုးနဲ့တွဲချည်ထား၏၊ ကွင်းရဲ့အရစ်စွန်းတွေမှာ သုံးကောင်သော သိန်းမျိုးတွေ ခေါင်းစွပ်စွပ်လျက်သားနားနေ၏၊ တချွင်ချွင်မြည်သောခေါင်းလောင်းလေးတွေကိုတပ်ဆင်ပေးထား၏။ ကောင်မလေးက အမဲလိုက်ရန် သိန်းငှက်ကိုလေ့ကျင့်ပေးသူထံသို့ ခြေလှမ်းသွားလိုက်ပြီးတော့ သူမရဲ့သိမ်းငှက်အား ၄င်းရဲ့အဖော်တွေကြားထဲမှာပြန်တင်ထားလိုက်၏။ အခြားတစ်ဦးက သူမကို ရိုသေစွာဖြင့် ဦးညွတ်လိုက်၏။

“သူတို့တွေက ကျမအမဲလိုက်ရာမှာ လမ်းကြောင်းပြရတဲ့ ကျမရဲ့ အခြွေအရံတွေပဲ၊” မိန်းကလေးကပြောလိုက်၏၊ သူမကလေးစားလောက်သည့် တည်ငြိမ်လေးနက်သောအမူအယာနဲ့အတူ သူ့ဘက်သို့လှည့်လိုက်၏။

တိတ်ဆိတ်နေသည့်လူကြီးနှစ်ဦးက သူ့အားလည်းအရိုအသေပေးလိုက်ကြ၏။

“အဲ့ဒါကို ကျမရှင့်ကို မပြောခဲ့ဖူးလား၊ ဧည့်သည်၊ ရှင်မှားနေမှန်းကျမ သက်သေပြမယ်လို့?” သူမဆက်ပြောလိုက်၏။ “အဲ့ဒီနောက်မှာ အဲ့ဒီဥစ္စာကကျမရဲ့လက်စားချမှုပဲ၊ လောက၀တ်အရ ကျမရဲ့စံအိမ်မှာ စားစရာနဲ့ တည်းခိုဖို့အတွက် ကျမဖိတ်ခေါ်ပြီးတော့ အဲ့ဒါကို ရှင်လက်ခံရလိမ့်မယ်။”                                                                                                                                   







CHAPTER
7




Fennukသစ်ပင်ရဲ့အကွယ်မှခြေလှမ်းထွက်လာ၏။ “ကျောင်းသွားတာဘယ်လိုနေလဲ?”သူပြောလိုက်၏။

“အဆင်ပြေတယ်၊” Pamela ပြောလိုက်၏၊ သူမ ပျစားပိုးတစ်ကောင်မြင်လိုက်မိသည် ထင်သောကြောင့် မြက်ပင်တွေထဲမှာလိုက်ရှာနေ၏။ ဒီနှစ်ရဲ့အချိန်ကာလမှာ သူတို့တွေကို သူမများများစားစာမမြင်တွေ့မိပေ။ သူတို့တွေ ဘယ်ရောက်ကုန်တာလဲ?။

“အားလုံးအဆင်ပြေလို့လား?” Fennukပြောလိုက်၏။ “တခြားကလေးတွေကော နင်တွေးထားသလို ရက်စက်ကြသလား?”

Pamelaသူမရဲ့ဦးခေါင်းကိုခါလိုက်၏။ “ငါအဲ့ဒီမှာရှိနေတာကိုတောင် သူတို့မသိကြဘူး။”

“သူတို့တွေ မကြည့်မိလို့ပဲဖြစ်မှာပဲ၊” Fennukပြောလိုက်၏။ Pamelaကို သတိမထားမိမယ့် တစ်စုံတစ်ယောက်ကို သူမြင်ယောင်ကြည့်လို့မရပေ။

“ငါတော့အဲ့လိုဖြစ်တာကိုပိုကြိုက်တယ်၊” Pamelaပြောလိုက်၏။

“ငါကောပဲ၊” Fennukပြောလိုက်၏။ မြက်ပင်တွေမှာ သူငေးကြည့်နေ၏။ သူ့ရဲ့ပါးပြင်တွေက ပန်းရောင်သမ်းနေ၏။ သူက အသက်ရှင်နေသူတွေရဲ့ မူဟန်အတုလိုက်လုပ်ရာမှာ တော်တော်လေးစွမ်းရည်ရှိ၏။ “ကမ္ဘာထဲမှာ ငါတို့နှစ်ဦးထဲရှိဖို့ ငါဆုတောင်းမိတယ်၊” သူပြောလိုက်၏။

“နှစ်ဦးထဲတော့ မဖြစ်နိုင်လောက်ဘူး၊” Pamelaပြောလိုက်၏။ “ခြွင်းချက်အနေနဲ့တော့ သုံးဦးဖြစ်သင့်ပါတယ်။ အရင်ဆုံး ငါ့အဖေပေါ့။”

“နင်အခုထိ အဲ့အကြောင်းကိုပြောနေတုန်းလား?” Fennukပြောလိုက်၏။ “သူကနင့်ကိုအလိုမရှိဘူး၊ အဲ့ဒါက သူကတကယ့်အရူးတစ်ယောက်လို့ပြောတာပဲ။”

“သူပြန်လာလို့မရလို့ဖြစ်ပါလိမ့်မယ်၊” Pamelaပြောလိုက်၏။

Pamelaရဲ့မှုန်သုန်နေသောမျက်နှာကိုကြည့်ရင်းနဲ့ သူမျက်မှောင်ကြုပ်သွား၏။ သူက သူမရဲ့ဆံပင်မှာချည်ထားတဲ့ ဖဲကြိုးကိုဆုပ်ကိုင်လိုက်၏။ တစ်ချက်ဆွဲရုံနဲ့အဲ့ဒါပြေသွား၏၊ ပြီးတော့ ညနေခင်းနေလုံးရဲ့အရောင်လိုမျိုး Pamelaရဲ့ဆံပင်တွေက သူမရဲ့ကျစ်ဆံမြီးမှပြေကျသွား၏။

“ဟေး၊” သူမပြောလိုက်၏။

“ဒါကိုပြန်လိုချင်ကဲ့လား?” သူပြောလိုက်၏၊ ပြီးတော့ အဝေးကိုပြေးထွက်သွား၏။

Fennuk!” Pamelaသူ့အား ရေအိုင်တစ်လျှောက် နာရီလက်တံရစ်အတိုင်းလိုက်ဖမ်း၏၊ ဒေါသထွက်ဖို့ကြိုးစား၏၊ ဒါပေမယ့် အဲ့အစား ရယ်မောနေ၏။

သူက သူမအပေါ်မှာ မတရားသော အားသာချက်တစ်ခုရှိနေ၏၊ တစ္ဆေတစ်ကောင်ဖြစ်နေခြင်းပင်။ သူက ပျောက်ကွယ်သွားနိုင်၏။ ဒါပေမယ့် သူက သူမအားဖမ်းမိစေလိုက်ပါ၏။ သူမကသူ့အား အားစိုက်ပြီး မြေပေါ်ဆွဲလှဲချလိုက်သည့်အခါမှာ သူမရဲ့အလေးချိန်အပြည့်ကိုသူခံစားမိပါ၏။ သူမရဲ့ အရိုးများသော ဒူးခေါင်းတွေကို သူ့ရဲ့အစာအိမ်ပေါ်မှာခံစားမိပြီး သူမရဲ့လက်သီးဆုပ်တွေကိုတော့ သူ့ပခုံးတွေပေါ်မှာခံစားမိ၏။ သူမက သူ့အား အသက်ရှင်နေတုန်းကလိုခံစားချက်မျိုးကိုပြန်လည်အမှတ်ရမိစေပါ၏။

“နင့်ကိုမိပြီ၊” သူမပြောလိုက်၏၊ ပြီးတော့ သူမရဲ့ဖဲကြိုးကို သူ့လက်သီးဆုပ်ဆီမှဆတ်ခနဲယူငင်လိုက်၏။

သူမကခြေနှစ်ချောင်းပူး၍ရပ်နေပြီး သူမရဲ့ကျစ်ဆံမြီးကို ခိုင်အောင်ချည်နေစဉ် Fennukက မြက်ခင်းထဲမှာလဲလှောင်းနေ၏၊ သူမကိုစောင့်ကြည့်နေ၏။

Pamelaရေ!” ဒေါ်လေးMarleneအော်ခေါ်နေ၏။ “ဒီကိုလာပြီး ညစာအတွက်ပန်းကန်တွေဆေးပေးဦး။”

“ငါသွားရတော့မယ်၊” Fennukကို Pamelaပြောလိုက်၏။ သူ့အားနှုတ်ဆက်စကားပြောဖို့ အခွင့်အရေးတစ်ခုမှပင်မပေးပါဘဲနဲ့ သူမပြေးထွက်သွားခဲ့၏။

သူမပြေးထွက်သွားသည်ကို သူစောင့်ကြည့်နေလိုက်၏။ သူမရဲ့ ကျစ်ဆံမြီးတွေက နေရဲ့အစိတ်အပိုင်းနဲ့ပြုလုပ်ထားတဲ့ လေတံခွန်တွေလိုမျိုး သူမရဲ့နောက်ဘက်မှာ ၀ဲပျံလို့နေကြ၏။




ဖတ်ရှုပေးသည့်အတွက် ကျေးဇူးတင်ပါသည်။ ဆက်လက်ဖော်ပြပါမည်. . .


What difference would it make to be living a day more or less?